Friday, June 6, 2014

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ မြန်မာနိုင်ငံ တွင်မသုံးစွဲရင် ဟောပြောမှုတွေ ပြုလုပ် လာနေ


               မြန်မာနိုင်ငံမှာ မကြာခင် ဖြန့်ချိတော့မယ့် အိုရီဒူး Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ ရဲ့ မိုဘိုင်း 
တယ်လီဖုန်း ဆင်းမ်ကတ်တွေ မသုံးစွဲရေးကို မျိုးချစ် သံဃာတော်တွေနဲ့ မျိုးချစ်ပြည်သူများ အဖွဲ့ အမည်နဲ့ 
ဟောပြောမှုတွေ ပြုလုပ် လာနေပါတယ်။ အဆိုပါ ကုမ္ပဏီဟာ ကာတာနိုင်ငံ အခြေစိုက် အစ္စလာမ်ဘာသာဝင် 
တို့ရဲ့ စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်တဲ့ အချက်အပေါ် အခြေခံပြီး အခုလို Ooredoo ကုန်ပစ္စည်း အမှတ်တံ
ဆိပ်နဲ့ ထုတ်ကုန်အပေါ် သပိတ်မှောက်ဖို့ အမျိုးသားရေး လှုပ်ရှားမှု အသွင် ဆော်ဩ လုပ်ဆောင်လာကြတာပါ။
Ooredoo ဖုန်း ကတ်တွေ မသုံးဖို့အပြင် Ooredoo ဆင်းမ်ကတ်ကို အသုံးပြု ခေါ်ဆိုလာမယ် ဆိုရင်လည်း ပြန်
လည် မဖြေကြားဖို့နဲ့ Ooredoo ကုမ္မဏီမှာ ဝန်ထမ်းလုပ်တာမျိုးတွေလို ပတ်သက်မှုမျိုးတွေ မလုပ်ကြဖို့ ဟော
ပြောနေတာလို့ အဲဒီလှုပ်ရှားမှုရဲ့ ဦးဆောင် သံဃာတော် တစ်ပါးဖြစ်တဲ့ မြောက်ဒဂုံ မကွေးပရိယတ္တိ စာသင်
တိုက်ရဲ့ ပဓာန ဆရာတော် ဦးပါမောက္ခက ပြောပါတယ်။
               Ooredoo ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုက
တော့ Ooredoo ဟာ အများပိုင် နိုင်ငံတကာ ကုမ္ပဏီ တစ်ခု ဖြစ်သလို မြန်မာပြည်က ရုံးဝန်ထမ်း အရေအတွက်
ကို ကြည့်ရင်လည်း မြန်မာနိုင်ငံသား ၇၄ % ရှိပြီး ကျန် ၂၆% ကလည်း နိုင်ငံပေါင်း ၄၀ ကျော်က ကျွမ်းကျင်သူ
တွေနဲ့ စုဖွဲ့ထားတာဖြစ်တယ်လို့ ရှင်းပြပါတယ်။  နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်တွေက ဒေသခံ ဝန်ထမ်းတွေ 
ကို လေ့ကျင့်ပေးပြီးတဲ့ အခါ Ooredoo ဟာ မြန်မာနိုင်ငံသား ရာနှုန်းပြည့်နဲ့ လည်ပတ်မယ်လို့လည်း ဒေါ်သီရိကြာ
ညိုက ပြောတဲ့အပြင် ဒေသခံတို့ရဲ့ လူမှု အကျိုးပြု လုပ်ငန်းတွေမှာလည်း ပါဝင်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ 
ဆိုပါတယ်။

BBC မြန်မာ...

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More