Thursday, June 12, 2014

ပြည်ပရောက် မြန်မာလုပ်သားများ အကာအကွယ်ပေးရေး ဥပဒေရေးဆွဲရန် အဆိုရှုံးနိမ့်



          ပြည်ပသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားအလုပ်သမားများအား ခွဲခြားဆက်ဆံမှုမရှိစေရန် 
ဘ၀လုံခြုံမှုကို အကာအကွယ်ပေးသော အထူးဥပဒေတစ်ရပ် အလျင်အမြန်ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား 
တိုက်တွန်းကြောင်းအဆိုကို  မဲခွဲဆုံးဖြတ်ရာတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။
               ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၄၄ ဦး တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် နိုင်ငံ
ဖြတ်ကျော် သွားရောက်နေသော အိမ်ဖော်၊ အိမ်အကူများအပါအ၀င် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် ဘ၀လုံခြုံ
မှုကို အကာအကွယ်ပေးနိုင်သော နိုင်ငံခြားရောက် အလုပ်သမားများဆိုင်ရာ အထူးဥပဒေတစ်ရပ် အလျင်အမြန် ပြဋ္ဌာန်းပေး
ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် ငါးဦးကသာ ထောက်ခံမဲပေး
ခဲ့ကြသည်။ အိမ်အကူ၊ အိမ်ဖော်အလုပ်သမားများအပါအ၀င် မြန်မာနိုင်ငံသား သုံးသန်းခန့်သည် နိုင်ငံခြားတွင် သွားရောက်၍ 
အလုပ်လုပ်နေရကြောင်း၊ ကာယအား၊  ဉာ ဏအားကို အသုံးပြုလုပ်ကိုင်၍ ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းပြုနေ
ရသော နိုင်ငံသားအချို့မှာ ဖိနှိပ်ညှဉ်းပန်းခံရမှု၊ လုပ်ခလစာအခွင့်အရေး တန်းတူညီမျှမရှိမှု စသည့် ခွဲခြားဆက်ဆံခံနေရသည့်
အတွက် ဥပဒေတစ်ရပ်  အလျင်အမြန် ပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးသိန်းညွှန့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
                 သို့သော် အဆိုတင်သွင်းသည့် ဥပဒေသည် ပြည်တွင်းသာမက ပြည်ပနိုင်ငံများနှင့်ပါ သက်ဆိုင်နေကြောင်း၊ ယင်း
 ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အားလုံးအတွက် အဆင်ပြေချောမွေ့ပါက ကိစ္စမ
ရှိနိုင်သော်လည်း ယင်းဥပဒေကြောင့် အလုပ်အကိုင်ရရှိမှု အခက်အခဲများဖြစ်နိုင်ခြင်း၊ ဥပဒေတစ်ရပ်ကို အလျင်အမြန်ပြဋ္ဌာန်းခြင်း
ထက် ဥပဒေ ပြဋ္ဌာန်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမည်ဖြစ်ကြောင်း ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းပြခဲ့သည်။
                  ‘‘ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ပိုင်ရှင်တွေက ကြိုက်ကြတယ်။ သူတို့နိုင်ငံသားတွေဆို သူတို့ဆီမှာရှိတဲ့ 
ဥပဒေတွေအတိုင်း အခွင့်အရေးတွေတောင်းတယ်။ အဲဒါတွေ မရရင် သူတို့က ကွန်ပလိန်းတက်ကြတယ်။ မြန်မာတွေကတော့ အဲဒါ
တွေ မလုပ်ကြဘူး။ အဲဒီတော့ သူတို့နိုင်ငံသားနဲ့ အလုပ်အတူတူလျှောက်ရင်တောင်  ကျွန်တော်တို့ကိုရွေးတာ များပါတယ်။ တစ်ခု
ခုဖြစ်ရင်တော့ ကျွန်တော်တို့အတွက်တော့ အကာအကွယ်ပေးမှု အခွင့်အရေးတော့ ရှားတယ်’’ ဟု စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ
လုပ်ငန်းဖြင့် အလုပ်လုပ်နေသော လူငယ်တစ်ဦးကပြောသည်။
From /  7dayd

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More