Sunday, June 8, 2014

မောင်တောနယ်စပ်လုံခြုံရေး တပ်မတော်က ကာကွယ်မည်ဟုဆို


Sunday, June 8, 2014
            ရန်ကုန်၊ နယ်စပ်ဒေသတွင် နေထိုင်သော တိုင်းရင်းသားများ၏ စိုးရိမ်ကြောင့်ကြမှု များအရ တစ်ဖက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသား အိမ်ထောင်စုများ ရေရှည်တည်တံ့ရေးအ တွက်
 လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နယ် ခြားစောင့် ရဲတပ်ဖွဲ့များအပြင် လိုအပ်ပါ က တပ်မတော်မှ အားဖြည့်ကာကွယ်
သွား မည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ကပြောသည်။
''နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်း ရင်းသားများရဲ့ စိုးရိမ်ကြောင့်ကြစိတ်များ အရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို 
နယ် ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနဲ့ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ လိုအပ်လာလို့ရှိရင်လဲ တပ်မတော်မှ ပါဝင်အားဖြည့်
 ဆောင်ရွက် ပေးနိုင်ရေးကိုလဲ စီမံဆောင်ရွက်သွားပါမယ်'' ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုသည်။
              မေ ၃ဝ ရက်က ကျင်းပသော အမျိုး သားလွှတ်တော်အစည်းအဝေး၌ ရခိုင်ပြည် နယ် မောင်တောမဲဆန္ဒနယ်မှ 
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သာခင် က နယ်စပ်ဒေသတွင်နေထိုင်သော နတလ ကျေးရွာသားများနှင့် 
တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော ရခိုင် မျိုးနွယ်စုများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ရေ ရှည်အ
သက်မွေးဝမ်းကျောင်းပြု အလုပ်အ ကိုင်အခွင့်အလမ်းများ ရရှိလာအောင် ဖန် တီးပေးရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင် 
ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းခဲ့ရာ ဗိုလ်ချုပ်မောင်မောင်အုန်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
 ဖြစ်သည်။
         ''ကျွန်တော်တို့ တောင်းဆိုချင်တာက တပ်မတော်က ဝင်ရောက်ကူညီမယ်ဆိုတာ ထက် ရခိုင်တပ်မတော်ကိုပဲ နယ်
ခြားစောင့် တပ်အဖြစ်ထားဖို့ တောင်းဆိုချင်တယ်။ ရခိုင်တပ်မတော်ဆိုရင် နယ်မြေလဲ ကျွမ်း ကျင်တယ်။ ဘင်္ဂါလီစကားတွေ
ကိုလဲ အ ထိုက်အလျောက် နားလည်တယ်''ဟု ရခိုင် အမျိုးသားပါတီမှ မောင်တောမြို့နယ် တာ ဝန်ခံ ဦးခင်မောင်သန်းက
 ဆိုသည်။
          အယူဝါဒမတူ ကွဲပြားသော ဘာသာ ခြားတို့၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အခြေချနေထိုင်သော 
ရခိုင်မျိုး နွယ်စု တိုင်းရင်းသားများဖြစ်ကြသော မိ သားစု ၃၃၉ စု၊ လူဦးရေ ၁၄၆၁ ဦးတို့ အ သက်အန္တရာယ်လွတ်မြောက်ပြီး
 မောင်တော နယ်စပ်ကျေးရွာများသို့ ရောက်ရှိနေကြောင်း သိရသည်။

မင်းအောင်ခိုင် ( ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ် (၂၁)
Yangon Media Group

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More