Tuesday, June 24, 2014

သံသယများကို ချေဖျက်ပြခဲ့သည့် မက္ကဆီကို အသင်းခေါင်းဆောင် မားကွတ်ဇ်ကို ဟာနန်ဒက်ဇ်ချီးကျူး


           သံသယများကို တုံ့ပြန်ချေဖျက်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်ပြခဲ့သည့် မက္ကဆီကို အသင်းခေါင်း
ဆောင် ရာဖေးလ် မားကွတ်ဇ်ကို အသင်းဖော် ဂျာဗီးယား ဟာနန်ဒက်ဇ်က ချီးကျူးစကား ပြောဆိုခဲ့သည်။အသက်(၃၅)
နှစ် ရှိပြီဖြစ်သော ခံစစ်မှူးကို မက္ကဆီကိုနည်းပြ မီဂွယ်ဟာရဲရာက ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအတွက် ရွေးချယ်ခဲ့
စဉ်က ၎င်း၏ အသက်အရွယ်ကြောင့် အကောင်းဆုံး စွမ်းဆောင်ရည် မရှိနိုင်တော့ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း မက္ကဆီကိုကလပ် လီယွန်တွင် ကစားနေသည့် ဗဟိုနောက်ခံလူသည် ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ လွတ်
မြောက်ရေးအတွက် အရေးပါသည့် ခရိုအေးရှားနှင့် ပွဲစဉ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မက္ကဆီကို
က (၃-၁)ဖြင့် အနိုင်ရရှိခဲ့သည်။
             “မားကွတ်ဇ်က စိတ်ဓာတ် အရမ်းခိုင်မာတဲ့သူပါ။ သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းကလည်း သိပ်ကို ကောင်း
မွန်ခန့်ညားတယ်။ ခုဆိုရင် သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ (၃)ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်သူ ဖြစ်လာပြီ။ သူ့ရဲ့ အ
သက်အရွယ်နဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မားကွတ်ဇ်ဟာ 
မက္ကဆီကိုအတွက် သိပ်ကို အရေးပါတဲ့သူပါ။ မားကွတ်ဇ်ဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ တိုက်စစ်ထိ လိုက်
ပါပြီး ဂိုးတွေသွင်းယူနိုင်သလို ကျွန်တော်တို့ကိုလည်း ကွင်းတွင်းမှာဖြစ်စေ၊ ကွင်းပြင် လူမှုဘဝမှာဖြစ်စေ အကောင်းဆုံး 
အားပေး ထောက်ပံ့နေသူ ဖြစ်ပါတယ်”ဟု မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ချီးကျူးပြောကြားခဲ့
သည်။ မက္ကဆီကိုသည် ယခုအခါ (၁၆)သင်း ရှုံးထွက်အဆင့်တွင် နယ်သာလန်နှင့် တွေ့ဆုံနေပြီး ဟာနန်ဒက်ဇ် အနေဖြင့်
လည်း လာမည့်ရာသီ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်မည့် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်
ရတော့မည် ဖြစ်သည်။
           ဟာနန်ဒက်ဇ်က “ခရိုအေးရှားကို နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်နေဆဲပါ။ ဒါပေမဲ့ မနက်ဖြန်ဟာ နေ့သစ်
တစ်ခု ဖြစ်ပါတယ်။ အဲဒီအခါကျရင် စာမျက်နှာဟောင်းကို လှန်ပြီး နယ်သာလန်နဲ့ ပွဲစဉ်အတွက် ကျွန်တော်တို့ ပြင်ဆင်ပါမယ်”
ဟုလည်း ပြောကြားသွားသည်။

_Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More