Sunday, June 22, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်အမျိုးသားမဟုတ်သည့်အတွက်လစ်လပ်နေသော ဝန်ကြီးချုပ်နေရာ၌ အစားထိုးပါက ကန့်ကွက်မည်



                  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသော 
ဝန်ကြီးချုပ်နေရာတွင်နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား အစားထိုးခန့်အပ်သွားရန်ရခိုင်
ပြည်နယ်လွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်အဖြစ် နေရာယူလိုက်ပြီဖြစ်သည် ။
                  ဝန်ကြီးချုပ်ရာထူးကို အာဏာရပါတီမှ သမ္မတအဖြစ်တင်မြောက်ခွင့်ရသူကိုယ်တိုင် ခန့်ထားပိုင်
ခွင့်ရှိသော်လည်းရခိုင်ပြည်သူများအနေဖြင့် မိမိတို့ ရခိုင်လူမျိုးထဲကသာ ဖြစ်နိုင်မည်ဟုသို့မဟုတ်ပါက ရခိုင်လူ
မှုအဖွဲ့အစည်းများက ကန့်ကွက်သွားကြမည်ဟု ကြားသိရသည် ။
              နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအနေဖြင့် ယခင်ကပင်သူစကားထဲထည့်ပြောရာ၌ 
တိုင်းရင်းသားဖြစ်သယောင်ယောင် မပွင့်တပွင့်ထည့်ပြောတတ်သည် ။ ယခုမူကား ဗမာလူမျိုးဟု ပြောင်ပြောင်
တင်းတင်းဖွင့်ဟပြောဆိုလာတော့သည် ။ 21 . 6 . 2014 စနေနေ့ နေ့လည်က စစ်တွေမြို့ ပညာလင်္ကာရကျောင်း
တိုက်အတွင်း ဆရာတော်များနှင့်လူပုဂ္ဂိုလ်အချို့တို့ အစည်းအဝေးပြုလုပ်ရာတွင်လည်း ဗိုလ်ချုပ်မောင်မောင်အုန်း
သည်ရခိုင်အမျိုးသားမဟုတ်သည့်အတွက်ရခိုင်ဝန်ကြီးချုပ်ခန့်အပ်မည်ဆိုပါက ဆရာတော်တို့အနေဖြင့် ကန့်ကွက်
သွားမည်ဖြစ်ကြောင်း ပညာလင်္ကာရကျောင်းဆရာတော်ဘုရားကြီးက မိန့်ကြားသည်။
                  ရခိုင်လူမှုကွန်ရက် ( စစ်တွေ ) အဖွဲ့နဲ့ စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်း
တော်များအဖွဲ့အနေဖြင့် 22 . 6 . 2014 ယနေ့ လည်တွင် စစ်တွေမြို့ မြို့မကျောင်းတိုက်၌အစည်းအဝေးတစ်ရပ် 
ပြုလုပ်ကြမည်ဖြစ်သည် ။ 
              အဆိုပါ အစည်းအဝေးပွဲ၌လည်းလစ်လပ်နေသော ရခိုင်ဝန်ကြီးချုပ်နေရာကိစ္စရပ်အား ထည့်သွင်းဆွေး
နွေးသွားမည်ဖြစ်ကြောင်း သိရှိရသည် ။ တစ်ခြားသော လူမှုအဖွဲ့အစည်းများကလည်းဝန်ကြီးချုပ်သည် ရခိုင်အမျိုး
သားထဲကမဟုတ်ခဲ့လျှင့် ကန့်ကွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည် ။
နန်းတွင်းမိညို

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More