Thursday, June 19, 2014

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီးအမှုဖွင့်ထား



                 ပြည်သူသဘောကျလက်ခံသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို 
သိန်း ၁ဝဝ ခန့် အလွဲသုံးစားပြုမှုဖြင့် စသုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။နေပြည်တော် 
ဥတ္တရသီရိမြို့ ရုံးအမှတ် ၃၁ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁၃-၂ဝ၁၄ 
ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလအထိ သာသနာ့ဝန်ကြီးဌာန၏ စည်းကမ်းချက်တွင်ပါဝင်ခြင်း
မရှိသော လုပ်ငန်းရပ်ဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ
စေတီတော်ကို မိသားစုအလှူ တစ်ရပ်အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်ဝန်ထမ်းများ
အား ဌာနလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေ၊ စက်သုံးဆီအပါအဝင် ငွေကျပ် ၃၃ သိန်း
ကျော်ကို မိသားစုအနေဖြင့်လှူဒါန်းသော ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၃ဝ.၁၁.၂ဝ၁၃ တွင် ဌာနသို့ပြန်လည်
ပေးသွင်းခဲ့ကြောင်းသိရသည်။ ၂ဝ.၁၂.၂ဝ၁၃ တွင် ပြုလုပ်ခဲ့သည့် ယင်းစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်
ဘဏ္ဍာငွေ ကျပ်သိန်း ၁ဝဝ ကျော် ထုတ်ယူသုံးစွဲခဲ့ရာ ယင်းငွေများအနက် ငွေ ကျပ် ၂၈ သိန်းကျော်ကို ၆.၁၁.၂ဝ၁၃
 နေ့မှာ ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ကျန်ငွေ ၇၂ သိန်း ကျော်ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိသည့်
 မိသားစုအနေဖြင့်လှူဒါန်းကာ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီးနောက် ဝန်ကြီးဌာနငွေစာရင်းများတွင် မမှန်မကန် 
စာရင်းပြခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဆန်းဆင့်အပေါင်းအပါများအား ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉/ ၁ဝ၉ 
အရ ဥတ္တရသီရိမြို့ ဘုရားကုန်း မြို့မရဲစခန်းတွင် စ.စ.စ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က တရားလိုပြု အမှုဖွင့်
တိုင်ကြားခဲ့ကြောင်း သိရသည်။
           လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် 
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သာသနာရေးဝန်ကြီးအဖြစ် တာ
ဝန်မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
            ထို့အတူ ယခင်စစ်အစိုးရလက်ထက်ကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး(ဗိုလ်မှူးချုပ်)အဖြစ် 
တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးတိုးမြှင့်ခံရပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်
ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ၎င်း၏ တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက် အဂတိတရားနည်းပါးသူအ
ဖြစ်လည်း မှတ်ယူခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌရာထူးမှ သာသ
နာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရချိန်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများ က ၎င်းအား
 တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ရာထူးတွင်သာ ဆက်လက်တာဝန်ယူရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းခံရသူတစ်
ဦးလည်း ဖြစ်သည်။
           သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာ
တော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စ
ကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး
 ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်။
               ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းတွင် သံဃာတော်များကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်ကာလ၌ 
သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်ကို နိုင်ငံတော်သမ္မတ၏ သာသနာရေးအကြံပေးအဖွဲ့
ခေါင်းဆောင်အဖြစ် ဇွန် ၁၉ ရက်တွင် ခန့်အပ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ယနေ့ညနေသတင်း၌ ပြည်ထောင်စုဝန်ကြီး 
အပြောင်းအလဲအချို့ ရှိမည်ဖြစ်ပြီး ပြည်သူလူထုနှင့်နီးစပ်သော သဘောထားပျော့ပျောင်းသည့်ဝန်ကြီးများ အနားပေး 
(သို့မဟုတ်) အထုတ်ခံရဖွယ်ရှိသည်ဟု သိရသည်။
            ယမန်နေ့ကလည်း ပညာရေးလောက၌ သမာသမတ်ကျသည်ဟု လူကြိုက်များသည့် ယခင်နိုင်ငံခြားဘာသာသင်
တက္ကသိုလ်ပါ မောက္ခခဟောင်း ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး
 ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ၊ နုတ်ထွက်မှုများ ရှိလာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။
သို့ရာတွင် လာဘ်ပေးလာဘ်ယူမှုများ၊ စကားကျွံမှုများနှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ပြည်ထောင်စုဝန်ကြီးအချို့ ပါဝင်
ဖွယ်မရှိဟု ခန့်မှန်းနေကြသည်။
           “တပ်မတော်ဖက်က ငြိမ်းချမ်းရေးကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူနဲ့ နာမည်ပျက်တဲ့လူတွေ၊ မီဒီယာအပေါ်မှာ စကား
အမျိုးအမျိုးပြောတဲ့ သူတွေနဲ့ပတ်သက်ပြီး သမ္မတကိုတင်ပြထားလို့ သိရတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကိုတော့ လက်ကျန်သက်
တမ်း တစ်နှစ်ကျော်အတွင်းမှာတော့ ဖယ်ရှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ နောက်တက်လာမယ့်အစိုးရအဖွဲ့ ဘယ်သူဖြစ်ဖြစ် 
သူတို့မချောင်ဘူး” ဟု ဝါရင့် ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။
            ၂ဝဝ၄ ခုနှစ်ကလည်း တပ်မတော်၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာ
ရှိကြီးများအား လာဘ်စားမှုဖြင့် အနှစ် ၁ဝဝ ကျော် အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့အပြီး ဦးဆန်းဆင့်အား လာဘ်ပေး
လာဘ်ယူမှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ယခင် နရက အစိုးရလက်
ထက်၌ လာဘ်ပေးလာဘ်ယူမှုနှင့် နာမည်ပျက်အနည်းဆုံးဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးအငြိမ်းစား ဦးဆန်းဆင့်မှာလည်း ၎င်း
ကိစ္စ၌ နာမည်ပျက်နည်းသူ ဖြစ်သည်။
            ယခု ဦးဆန်းဆင့်အား အရေးယူသောကိစ္စမှာ အံ့ဩဖွယ်ရာကိစ္စဖြစ်ပြီး သိန်းသောင်းနှင့်ချီ၍ အလွဲသုံးမှု သတင်းထွက်
ပေါ်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးအား အလုပ်မှနုတ်ထွက်ခွင့်သာပြုခဲ့ပြီး အရေးယူမှု မပြုခဲ့ချေ။ ယခင် တော်လှန်ရေးကော်စီမှ
စ၍ မဆလနှင့် စစ်အစိုးရအစဉ်အဆက် ထိပ်တန်းအရာရှိကြီးများ လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူမှုအများစုမှာ နိုင်ငံရေးနှင့်
ဆက်စပ်မှု အများစုသာဖြစ်ခဲ့သည်။
          “အခု လာဘ်ပေးရတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာ ပြည်ထောင်စုဝန်ကြီးအဆင့် မပြောနဲ့ DG ၊ MD အဆင့်မှာတောင် 
သိန်း ရာဂဏန်းမရပါဘူး။ တချို့ဆိုရင် ဒေါ်လာ သန်းရာချီ ချမ်းသာတယ်လို့တောင် သိရပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်
ဦးက ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ရသော သမ္မတ
ဦးသိန်းစိန်အတွက် ပထမဆုံးအရေးယူမှုမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။
               ဘာပဲဖြစ်ဖြစ် လက်ကျန် တစ်နှစ်ခွဲအတွင်းမှာတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ သူတို့ သားသမီး မိသားစုတွေရဲ့ပိုင်ဆိုင်မှုနဲ့ 
အလွဲသုံးမှုအစစ်အမှန်တွေကို ပြည်သူတွေနဲ့ တာဝန်သိ ဝန်ထမ်းအဆင့်ဆင့်တွေက ဖော်ထုတ်ကြပါလိမ့်မယ်။ သမ္မတအနေနဲ့ ကျန်
တဲ့ဝန်ကြီးတွေနဲ့ ဝန်ထမ်းအကြီးအကဲတွေကို အတိအကျတိုင်ရင် အရေးယူမလား စိတ်ဝင်စားပါတယ်” ဟု The Daily Eleven သ
တင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဆိုပါသည်။

_Ref; Eleven Media Group

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More