မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Sunday, June 8, 2014

အင်းစိန်အကျဉ်းထောင်မှ ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်



ရန်ကုန်၊ ဇွန် ၇

           မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ 
အောင်စာရင်းတွင် အင်းစိန် ဗဟိုအကျဉ်းထောင်တွင်းမှ ဝင်ရောက်ဖြေဆိုသည့် လူငယ်အကျဉ်းသား နှစ်ဦး ပါဝင် 
အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။
             ၂၀၁၃- ၁၄ ပညာသင်နှစ်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်၊ အလက ၁၃ ကျောင်းခွဲမှ တက္ကသိုလ်ဝင်
တန်း စာမေးပွဲကို အကျဉ်းသား ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ မောင်ဟိန်းထက် (ခုံအမှတ်- ဆအစ ၅၆၉၇) နှင့် 
မောင်မျိုးညွန့်ဦး (ခုံအမှတ်- ဆအစ ၅၇၀၆) တို့ နှစ်ဦး အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ခံအ
ရာရှိက ပြောကြားသည်။
            အဆိုပါ လူငယ်အကျဉ်းသား နှစ်ဦးသည် လုယက်မှုဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ငါးနှစ်စီ 
ကျခံနေရသူများ ဖြစ်ပြီး ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ “နှစ်ယောက်စ
လုံးက အမှုတွဲ တစ်ခုတည်း သူတွေပါပဲ။ မနှစ်တုန်းကလည်း ငါးယောက် ဖြေတယ်။ ဒါပေမဲ့ တစ်ယောက်မှ မအောင်ဘူး”
 ဟု အကျဉ်းထောင် တာဝန်ခံ ဦးကျော်ဌေးက ဆိုသည်။
                နိုင်ငံတော်သမ္မတ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လေးပုံတစ်ပုံ လျှော့ရက် အပါအဝင် အခြားခံစားခွင့် 
လျှော့ရက်များကြောင့် အကျဉ်းကျခံရန် တစ်နှစ်ကျော် ကျန်ရှိနေသေးသူများ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် တာ
ဝန်ရှိသူများက ဆိုသည်။ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်း အစီအစဉ်ဖြင့် အကျဉ်းထောင် 
အတွင်းတွင် စာသင်ကျောင်း ဖွင့်လှစ်ကာ အကျဉ်းကျ လူငယ်များကို စာသင်ကြားပေးခြင်းကို ၂၀၁၀ ပြည့်နှစ်ကတည်းက 
စတင်ခဲ့ပြီး ယခု တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
               ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် လက်ရှိ အင်းစိန် ဗဟိုအကျဉ်းထောင် အလက (၁၃) ကျောင်းခွဲတွင် သူငယ်
တန်းမှ ဒသမတန်း (တက္ကသိုလ်ဝင်တန်း) အထိ လူငယ်အကျဉ်းသား ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၁ ဦး ရှိပြီး 
အဆိုပါကျောင်းကို သီးခြား စာစစ်ဌာနအဖြစ် သတ်မှတ်ပေးထားကြောင်း ဦးကျော်ဌေးက ပြောကြားသည်။
               “ဒီနှစ်အတွက် ဆိုရင် အခုကျတဲ့ ငါးယောက်ရယ်၊ ဒီကျောင်းက ကိုးတန်း အောင်ထားတာ နှစ်ယောက်ရယ်၊
 ပြီးတော့ နောက်ထပ် အကျဉ်းကျ လူငယ် သုံးယောက်ရယ် အားလုံး ၁၀ ယောက် ရှိမယ်။ အောင်တဲ့ သူတွေကိုလည်း 
အဝေးသင် ဆက်တက်နိုင်ဖို့ ဆက်လုပ်ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။
                အဆိုပါ အကျဉ်းထောင်တွင်း စာပေသင်ကြားခြင်းကို အကျဉ်းကျ ပညာတတ်များက အဓိက သင်ကြားပေးခြင်း
 ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ ရက်များတွင် ပြင်ပ စာသင်ကျောင်းများမှ အစိုးရပညာရေး ဝန်ထမ်းများက လာရောက် သင်
ကြားပေးကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ရှိသူများထံမှ သိရသည်။

The Voice Weekly

တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


မော်လမြိုင်၊ ဇွန် ၇
           မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်
အသီးသီးရှိ ပညာရေးမှူး ရုံးများ၌ ဇွန်လ ၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ မွန်ပြည်နယ်အနေနှင့် 
တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးတွင် ခြောက်နှစ်ဆက်တိုက် ပထမ ရရှိခဲ့
ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဝေက ပြောကြားသည်။
       မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၆,၈၇၃ ဦး ရှိသည့်အနက် ၇၄၂၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၆ 
ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အောင်ချက် အမြင့်မားဆုံး ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။“မွန်ပြည်နယ်
ကတော့ ခြောက်နှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံး ရရှိလာခဲ့တယ်။ ဒါကတော့ ဆရာ ဆရာမတွေရဲ့
 ကြိုးစားအားထုတ်မှု၊ ကျောင်းသူ ကျောင်းသားတွေရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ရရှိလာခဲ့တာ ဖြစ်
တယ်။ ဝမ်းလည်းသာတယ်၊ ဂုဏ်လည်း ယူပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပဲ အောင်မြင်မှုတွေ ရရှိနေ
မှာပဲလို့ မျှော်လင့်တယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ပြုံးပြုံးအေးက
 ပြောကြားသည်။
           မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် 
၃၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၈၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၁၁ 
ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၂၆ ဦး ရရှိကြသည်။ မွန်ပြည်နယ်သည် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် 
၄၂ ဒသမ ၅၀ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ၄၂ ဒသမ ၀၈ ရာနှုန်းဖြင့် လည်း
ကောင်း၊ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒသမ ၃၃ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂-
၂၀၁၃ ပညာသင်နှစ်တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်း
ဆုံး ရရှိလာခဲ့သည်။
           မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည် အောင်ချက် အကောင်းဆုံး ဖြစ်ပြီး အောင်ချက် 
၆၀ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဒုတိယအောင်ချက် အကောင်းဆုံးအဖြစ် မုဒုံမြို့နယ် အောင်ချက် ၆၀ ဒသမ ၀၈ ရာခိုင်
နှုန်းနှင့် တတိယအောင်ချက် အကောင်းဆုံးအဖြစ် မော်လမြိုင်မြို့နယ် အောင်ချက် ၅၄ ဒသမ ၅၁ ရာခိုင်နှုန်း အသီး
သီး ရရှိကြသည်။
             “မြို့နယ်တွေ အနေနဲ့က ဒီနှစ် ထူးခြားတာက သံဖြူဇရပ်မြို့နယ် ပထမ ရသွားတယ်။ ခါတိုင်း နှစ်တွေကျ
တော့ မုဒုံက ပထမ ဖြစ်နေတယ်။ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် သုံးမြို့နယ်ထဲကပဲ လည်နေတာ” ဟု ဒေါ်ပြုံးပြုံးအေး
က ပြောသည်။၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ်တွင် ဝင်
ရောက်ဖြေဆိုသူ ၈၇၂၁ ဦးတွင် ၇၀၄ ဦး အောင်မြင်သဖြင့် အောင်ချက် ၈ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိကြောင်း ချင်း
ပြည်နယ် ပညာရေးမှူး ရုံးထံမှ သိရသည်။
The Voice Weekly

Saturday, March 29, 2014

voa special english learning ဟာအရမ်းကို လူကြည့်များပါတယ်

 နိုင်ငံတကာ ကျောင်းသူသူကျောင်း သားတွေ တော်တော်များများလေ့လာကြတာတွေ့ 
ရပါတယ်။

shwe myanmarm ediagroup movies

Tuesday, March 18, 2014

Mobile Network Generation ပြောင်းလဲလာပုံ

မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်။ Mobile Network Generation ပြောင်းလဲလာပုံပါ။
1G- အသံစနစ်တစ်မျိုးနဲ့ပဲဖုန်းပြောဆိုရုံ function တစ်မျိုးတည်းသာရ
2.5G => ဖုန်း call တွေတစ်ပြိုင်တည်းလက်ခံလို့ရ ၊ Mobile Data အသုံးပြုလာနိုင် (Speed အားဖြင့် 144Kbps အထိမြန်နှုန်းရနိင် )
 ၊ Message ပို့နိုင် ၊ Email ပို့နိုင် ၊ 1G Network ထက်ဖုန်းပြောရတာ အသံစနစ်ပိုမိုကောင်းလာ
3G => Mobile Data အင်တာနက် speed ပိုကောင်းလာ (2.4 Mbps အထိ speed ရ) ၊ Broadband Internet စနစ်ဖြစ် ၊
 MultiMedia Message တွေလည်းပေးပို့နိုင် ( Photo , Music , Video etc)
4G => 4G ကိုတော့ LTE လို့လည်းခေါ်ပါတယ်။ LTE ဆိုတာကတော့ Long Term Evolution ဆိုတဲ့ဝေါဟာရကနေဆင်းသက်
လာပါတယ်။ သူ့ရဲ့ Mobile Data အင်တာနက် speed က 3G Network က အင်တာနက် speed ထက်ပိုမိုမြန်ဆန်ပါတယ်
( 100Mbps ကနေ 1Gbps အတွင်း မြန်နှုန်းရရှိမှာပါ)
မြန်မာနိုင်ငံမှာတော့ Ooredoo က 3G Network Sim Card များကိုစတင်ဖြန့်ဖြူးမည်ဟု သိရပြီး ၊ Telenor က 2.5 G Sim Card
များကိုစတင်ဖြန့်ဖြူးမည်ဟုသိရပါတယ်။

သက်နိုင်စိုး (Myanmar Mobile App Store)


Sunday, March 9, 2014

အခြေခံပညာ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်မည်

ပညာရေးဝန်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်းများအားလုံး အသစ်ပြင်ဆင်ရေးအတွက် အမျိုးသားအဆင့်
အခြေခံပညာကဏ္ဍ အကြံပြုချက်များကို မူတည်၍ လာမည့် နှစ်များတွင် ပြုလုပ်သွားရန် လျာထားကြောင်း ပညာရေး
သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး The Voice သို့ ပြောကြားသည်။
မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲရေး အမျိုးသားအဆင့်
ဆွေးနွေးပွဲမှ အမျိုးသား ပညာရေး ဥပဒေနှင့် အခြေခံပညာရေးကဏ္ဍ အကြံပြုချက် များကိုယူပြီး ဆက်လက် အကောင်
အထည် ဖော်မည် ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
       လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့်၌ ၂၀ ရာခိုင်နှုန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်၌
 ၁၀ ရာခိုင်နှုန်းစီ အဆင့်လျှော့ထားပြီး ဖြစ်သော်လည်း လိုအပ်ပါက သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရေးကိုပါ ဆက်လက်
လုပ်သွားရန် ရှိကြောင်း၊ အကောင်အထည် ဖော်မည့်ကာလကိုမူမထုတ်ပြန်နိုင်သေးကြောင်း ဒေါက်တာမျိုးသိမ်းကြီးက
 ပြောဆိုသည်။
      “ကလေးရဲ့ဦးနှောက်နဲ့ ဝိတ်မမျှတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ ခေတ်နဲ့စနစ်နဲ့ မလိုတာတွေ ဖြုတ်တာပါပဲ။ ကျန်တာ ဘာမှ
 မပြောင်းထားဘူး” ဟု ၎င်းကဆိုသည်။ အခြေခံပညာ သင်ရိုးညွှန်းတမ်း အားလုံးပြင်ဆင်ရေးအတွက် သင်ရိုးညွှန်းတမ်း
မူဘောင်ကို ကနဦး ရေးဆွဲရန် လိုအပ်သောကြောင့် ပညာရေး ဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်း မူဘောင် (မူကြမ်း) ကို
 ၂၀၁၃ ခုနှစ်ကုန်ခန့်က ရေးဆွဲခဲ့ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်းတို့တွင် နေရာဒေသနှင့် မကိုက်ညီသော သင်ရိုးညွှန်းတမ်းနှင့် ခေတ်ကာ
လနှင့် လျော်ညီမှု မရှိသော သင်ရိုး မာတိကာများ ပါဝင်နေသောကြောင့် ပြန်လည် ပြင်ဆင်ပေးရန်အပြင် သင်ကြားနည်းနှင့်
တတ်မြောက်မှု စစ်ဆေးနည်း များကို ပြောင်းလဲရန် ပြည်တွင်း ပညာရေးအဖွဲ့ အစည်းများက တောင်းဆိုထားသည်။
“ဆရာမတွေရဲ့သင်ကြားမှု မပြောင်းလဲဘူး ဆိုရင်တော့ ဘာမှမထူးဘူးလေ” ဟု ပုဂ္ဂလိက ပညာရေး အသိုင်းအဝိုင်းမှ
ဆရာဦးတင်မောင်ဝင်း (ILBC) က အကြံပြုသည်။ ယင်းကြောင့် အနှစ် ၂၀ ကျော်တွင် ပထမဆုံးအကြိမ် အကြီးစား သင်ရိုး
ညွှန်းတမ်း ပြင်ဆင်မှုကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ရန် စီစဉ်ခဲ့သည်။

Credit: The Voice Weekly

Tuesday, November 12, 2013

ဦးအောင်ဟိန်းကျော် ဆရာလွတ်အင်္ဂလိပ်စာရေးနည်း

ဤစာအုပ်သည်... ကျောင်းသား ကျောင်းသူ လူငယ်များနှင့် အင်္ဂလိပ်စာကို လေ့လာလိုစိတ်ရှိသူများ
အတွက် ရယ်ရွယ်ပြီး တင်ပေးလိုက်ပါသည်.. စာဖတ်ပရိတ်သက်များအနေဖြင့် လေ့လာလို့စိတ်ရှိပါက
အောက်မှာ ဒေါင်းနိုင်ပါပြီ

                                              DOWNLOAD

Twitter Delicious Facebook Digg Stumbleupon Favorites More