မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts
Friday, November 18, 2016
ဟစ်တလာ Adolf Hitler
Born ၁၈၈၉ ဧပြီ ၂၀
ဩစတြီးယား
Died ၁၉၄၅ ဧပြီ ၃၀
ဘာလင်၊ ဂျာမနီ
ကြင်ဖော် = Eva Braun
နာမည်အပြည့်အစုံမှာ"အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင် ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။ သူ၏မွေးရပ်မြေမှ ဂျာမဏီနိုင်ငံသို့ ကူးပြောင်းနေထိုင်ခဲ့ပြီး ဂျာမဏီနိုင်ငံရေးလှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသား ဆိုရှယ်လစ် အလုပ်သမားများ ပါတီ (NSDAP) ၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။
၁၉၃၃ ခုနှစ်မှစ၍ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည် ၁၉၄၅ ခုနှစ်အထိ သူ့ ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့  ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်းသိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့ တွင် သူနေထိုင်ရာ ဘာလင်မြို့ နန်းတော်တွင်း၌ သူ့ ကိုယ်သူပင်အဆုံးစီရင်ခဲ့သည်။
ဟစ်တလာနှင့် နာဇီဝါဒ
ဟစ်တလာ၏ ဦးဆောင်မှု အောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမဏီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ "တတိယ ဂျာမဏီ နိုင်ငံတော်" ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီး စေပြီး နာဇီ အကျဉ်း စခန်းများသို့ပို့ဆောင် ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက် သတ်ဖြတ်လိုက်ကြသည်။
ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော "ဂျူး" လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြားတိုင်းရင်းသားများ အပါအဝင် အခြားသော လူ့ အဖွဲ့ အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။
နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများအပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။ ထိုအထဲတွင် ဂျူးလူမျိုးခြောက်သန်းသည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။
အတ္ထုပ္ပတ္တိ
ဟစ်တလာ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကြည့်လျှင် အလွန်အမင်း ခြားနားကွာဟနေသော ဘဝအစိတ်အပိုင်းနှစ်ခုကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနေပေသည်။ သူ၏ အသက် ၃၀ အရွယ်ရောက်သည့်တိုင်အောင် ဟစ်တလာသည် အများနည်းတူ ဘဝအောင်မြင်မှုကို မရရှိနိုင်ခဲ့။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ တတ်ကျွမ်းထားခြင်းလည်းမရှိ၊ မည်သည့် လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းများကိုမှလည်း ထိထိရောက်ရောက် မရှိခဲ့သူ ဖြစ်ရာ သူ၏ဘဝတိုးတက်ကြီးပွားရေးသည်လည်း နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ဟစ်တလာ ငယ်စဉ်က
ထို့ နောက်တွင်တော့ ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းတွင်ပင် ဂျာမဏီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက ဥရောပနိုင်ငံအတော်များများကိုလည်း သူ၏လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။
နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် "ပဟေဠိ" တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် "ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး" လို့ ဟစ်တလာက သူ့  ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။
အားဒေါ့လ်ဖ်ဟစ်တလာ့ကို အကောက်ခွန်အရာရှိ အားလွိုက်စ် ဟစ်တလာ နှင့် ဇနီးဖြစ်သူ ကလာရာ တို့ မှ သြစတြီးယားပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နှုတ်ထွက်ခဲ့သည်။ ဗင်းန် မြို့ တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့  မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP)ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် အမျိုးသာ ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့သည်။
ပထမ ကမ္ဘာစစ်အတွင်းက ဟစ်တလာ
သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့ က သူ့ ကို စင်ပေါ်သို့ လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့ အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။
ဟစ်တလာ၏ လက်ရေးမူ
၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့ သည် မြူနစ်မြို့ တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့်  ချမှတ်ခဲ့သည်။ သို့ သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော "ကျွန်ုပ်၏စွန့် စားခန်းများ" (Mein Kampf) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် ဂျူးလူမျိုးသုတ်သင်ရေး နှင့် အရှေ့ ပိုင်းနိုင်ငံများသို့  နယ်မြေများ တိုးချဲ့ ရေးစသည်တို့ ပါဝင်သည်။
အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော် အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့် သူသည် ၁၉၃၃ ခု ဇန္နဝါရီလ ၃၀ ရက်နေ့ တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့တော့သည်။
ဟစ်တလာ အာဏာရလာပုံ
အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ဝင်ရောက်လာချိန် ကတည်းကပင် ဂျာမဏီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်းမရှိပေ။ သို့ သော် နိုင်ငံတော်အာဏာကို သူ့ ၏လက်ဝယ်သို့  လျှင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့် ရှည်ကြာစွာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက်ကိုမူ ဒီမိုကရေစီလမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့ လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။
အုပ်ချုပ်ရေးအာဏာကို အရယူခြင်း
၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တွင် ဂျာမဏီနိုင်ငံ ပြည်သူ့ လွတ်တော်အဆောက်အဦီကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိ နိုင်ငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။
"နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ" ဟုခေါ်သည့် ၄င်းဥပဒေကြောင့် တရားဝင်ထုပ်ပြန်ထားသည့် နိုင်ငံသားတို့ ၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့် အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။ ထိုအစည်းအဝေးကျင်းပသည် ၂၈ ရက်နေ့  ညနေတွင် ဟစ်တလာသည် သူ၏အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက် များကို သူ၏အမိန့် ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။
ဥပဒေပြုအာဏာကို အရယူခြင်း
၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့ တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုဥပဒေကို "နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ" ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့် ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုသလို မွှေနှောက်အသုံးချနိုင်သူ ဖြစ်သွားသည်။
ထို့ ထက်ဆိုးသည်မှာ အဆိုပါ အမိန့် အရ ပြည်သူ့ လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရ သွားလေ တော့သည်။ ဤနည်းဖြင့်ပင် ဂျာမဏီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့၏။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေးအတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများ ကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင် တည်ဆောက်လေတော့သည်။
တရားစီရင်မိန့် အာဏာကို အရယူခြင်း
နိုင်ငံရေးသမားများကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး တော်လှန်ပုန်ကန်သူများကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်ဖြင့် ကြိုးကိုင်ထိန်းချုပ်ထားနိုင်ခဲ့သည့်အချိန်တွင် အာဏာရှင်စနစ်ဆိုးကြီးသည်လည်း အရှိန်တဟုမ်းဟုမ်းဖြင့် လောင်ကြွမ်းနေလေပြီ။ ၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် "Roehm" ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ်တစ်ခုသို့ ထပ်မံ တွန်းပို့ လိုက်သည်နှင့် တူနေလေတော့သည်။
SS စစ်တပ်နှင့် ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် "Ernst Roehm" အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။ ၁၉၃၃ ဇူလိုင် ၃ ရက်နေ့ တွင် ထုတ်ပြန် သော ဥပဒေအသစ်မှ ၏လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ှSA စစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏တိုက်ရိုက်ဦးဆောင်မှု့ ဖြင့် အာဏာရှင်လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။
ဤသို့ သော တရားဝင်နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမဏီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့်အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့  ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။
Credit - Tin Maung Hlaing
https://www.facebook.com/maungsssk/posts/1112288638902218:0
မော်စီတုန်း
၁၈၉၃ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ မော်စီတုန်းဘ၀အကျဉ်း ….
မော်စီတုန်းကို ၁၈၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဟူနန်နယ် ရှောက်ရှန်း တောင်ကြားက ရွာလေးတစ်ရွာ
ဖြစ်သည့် ရှောက်ရှန်း ရွာကလေး၌ မွေးဖွားသည်။
မော်စီတုန်း နေအိမ်သည် ယနေ့ခေတ် တရုတ်ပြည်၏ ပြတိုက်
တစ်ခုဖြစ်သည်။
မော်၏ အဖေသည် ကျောင်းကောင်းကောင်း မနေခဲ့ရ။ အသက် (၁၆)နှစ် ရောက်သည့်အခါတွင်
သူ့အဖေ (မော် အဖိုး)၏ အကြွေးများကိုဆပ်ရန် တရုတ်ဘုရင် စစ်တပ်ထဲသို့ လိုက်သွားရသည်။
မော်၏ အဖေသည် လမ်းလျှောက်သော ကလေးအရွယ် ကျော်သည်နှင့် သားတွေကို လယ်ထဲဆင်း၍ အလုပ်လုပ်ခိုင်းသည်။ ကောက်ရိတ်ချိန်ကို တွေးပြီး အိပ်မပျော်တတ်သူ ဖြစ်သည်။
အသုံးအဖြုန်းကြီးလျှင်ပျင်းရိလျှင် အိမ်တွင် ဆူပူကြိမ်းမောင်းတတ်သည်။ မော်စီတုန်းသည်
ချမ်းသာသည့် လယ်သမားတစ်ယောက်၏ သားအဖြစ် ကြီးပြင်းလာရခြင်းမဟုတ်။
ငတ်ပြတ် ချို့တဲ့နေသည့် ဆင်းရဲသား လယ်သမားသားတစ်ယောက်အနေဖြင့် ကြီးပြင်းလာခြင်း ဖြစ်သည်။
အသက် (၁၆)နှစ်အရွယ်၌ မော်သည် တစ်လကို ကြက်ဥတစ်လုံးသာ စားရသည်။
အသားကို တစ်နှစ်မှ သုံးလေးကြိမ်သာ မြင်ရသည်။
အသက် (၇)နှစ်တွင် မော်သည် နန်အန် မူလတန်းကျောင်းတွင် ကျောင်းတက်ရသည်။
ကျောင်းဆရာမှာ ရှေးဆရာပုံစံဖြစ်သည်။ ကလေးတွေကိုအရိုက်ကြမ်းသဖြင့် တော်သည်ဟု
ရွာနီးချုပ်စပ်က ချီးမွမ်းခံရသူ ဖြစ်သည်။ ထိုခေတ်က ကျောင်းအပ်ထားသည့် ကလေးကို ပြင်းပြင်းထန်ထန်
ဆုံးမခြင်းမျိုး မရှိလျှင် ဆရာကောင်းပီသသည်ဟု မထင်ကြ။ ကျောင်းသားက စာအံလျှင် အတန်းထဲမှထွက်၍ ဆရာ့ရှေ့တွင် မတ်တတ်ထ လက်ပိုက်ပြီး စာအံရသည်။ မော်က ထိုသို့စာမအံနိုင်ဟု ညည်းသည်။
“ကျွန်တော်ထိုင်နေရင်း စာအံရင်လည်း ကြားရသားဘဲ၊ ဘာဖြစ်လို့ ထပြီးစာအံရမှာလဲ”
ဟုဆိုကာ မော်က ထိုင်ရင်း စာအံသည်။ ဆရာက မျက်နှာကြီး နီလာကာစိတ်ဆိုးသည်။
ဤထုံးစံကို တရုတ်ပြည်တွင် ကျင့်သုံးလာသည်မှာ အနှစ်တစ်ထောင်ရှိပြီ။ အနှစ်တစ်ထောင်အတွင်း
ဤထုံးစံကို အံတုသူဟူ၍တစ်ယောက်မျှ မပေါ်သေး။ ဆရာက (၇)နှစ်သား မော်ကို မတ်တတ်ရပ်
၍ စာအံရမည်ဟု အကျပ်ကိုင်သည်။
ထိုအခါတွင် မော်က သူ့ထိုင်ခုံကိုဆရာ့အနီးသို့ ရွေ့လာပြီး ထိုင်၍စာအံသည်။ ဆရာက မတ်တတ်ရပ်ရ
မည်ဟုဆိုသည်။ မော်သည် မတ်တတ်တော့ ထရပ်ပါသည်။ သို့ရာတွင်စာအံရန် ရပ်ခြင်းမဟုတ်။
ကျောင်းခန်းထဲမှ ထွက်သွားရန် ရပ်ခြင်းသာဖြစ်သည်။ မော်သည် တောင်ရိုးပေါ်သို့ တက်ကာ သုံးရက်လောက်
ပျောက်နေသည်။ မော်ကို ပြန်တွေ့သည့်အခါတွင် မိဘတွေ ၀မ်းသာမဆုံးဖြစ်ကြသည်။ ထိုကတည်းက
မ်ာသည် ကျောင်းတွင် အရိုက်မခံရတော့။ “ကျုပ် ကန့်ကွက်ချက် အောင်တော့ ကျုပ်သိပ်ဝမ်းသာ
တာဘဲ၊ အောင်မြင်တဲ့ သပိတ်လို့ ဆိုရမှာပေါ့” ဟု မော်က ပြောသည်။
မော်အမေသည် အဖေထက်အသက်ကြီးသည်။ မော့်အမေသည်၁၉၁၈ခုနှစ်၊ အောက်တိုဘာလထဲတွင်
ချောင်းဆိုးသွေးပါ ရောဂါဖြင့်ဆုံးခဲ့သည်။
မော်က သူ့သဘောတူညီချက်မပါဘဲ အိမ်ထောင်မပြုချင်။ သို့ရာတွင်အဖေက အတင်းစီစဉ်ကာ
၁၉၀၈ ခုနှစ်တွင် သူ့ကို အိမ်ထောင်ပြုလိုက်သည်။ မော်က ထိုမိန်းကလေးကို လက်မခံ။
အကြင်လင်မယားအဖြစ်နေထိုင်ခြင်းမပြု။ မိန်းကလေးဘက်မှ ကြည့်လျှင် ဤကိစ္စသည် ရှက်စရာ
ဖြစ်သည်။ ယောက်ျားလေးက မယူဟု အငြင်းခံရသဖြင့် မိန်းကလေးနာမည်ပျက်ရသည်။
ထို့ကြောင့် ယနေ့အထိ ထိုမိန်းကလေးသည်မည်သူမည်ဝါဖြစ်ကြောင်း ရှောက်ရှန်းကလူများက ထုတ်မပြောကြ။
သူက စာဖတ်တတ် ရေးတတ်သည်။ စစ်သားအများစုက သေစာရှင်စာကိုမျှ ရေးတတ်သည် မဟုတ်။
သူ့ကို သူ့အပေါင်းအဖော်များက လေးစားကြသည်။ သူတို့အတွက် စာရေးပေးသည်။ သတင်းစာဖတ်ပြသည်။
(မော်သည် တစ်လကို ၇ ဒေါ်လာရသည့်အနက် အစားအသောက်အတွက်
၂ ဒေါ်လာသာကုန်၍ ကျန်ငွေကိုမူ သတင်းစာဝယ်သည်။) မော်သည်
စစ်သားတွေကြားထဲ ရောက်သည့်အခါတွင် “လူတန်းစား” ခြားနားမှု၏ သဘောကို ပို၍ မြင်လာသည်။
သူ ဆယ်နှစ်မပြည့်မှီ တရုတ် ဂန္တ၀င်များကို ဖတ်ဘူးပြီ။ ၁၃ နှစ်သားတွင် လက်နက်ကိုင် ပုန်ကန်မှုကြီးနှစ်ခုနှင့်
အုံကြွမှုကြီး တစ်ခုကိုတွေ့ခဲ့ဘူးပြီ။ ၁၆ နှစ်သားတွင် ကျောင်းပြန်သွားရပြီး ၁၇ နှစ်သား
တွင် ငါးလလောက် စစ်သား လုပ်ခဲ့ဘူးသည်။ (၁၉၁၁ ခုနှစ်၊ အောက်
တိုဘာလမှ ၁၉၁၂ ခုနှစ်၊ ဖေဖ်ါဝါရီလ အထိ)
မော်သည် ၁၉၁၁ ခုနှစ် တော်လှန်ရေးထဲတွင် ပါဝင်ရင်း “ဆီယန်မြစ်နေ့စဉ်သတင်းစာ” ဆိုသည့်
သတင်းစာ တစ်စောင်တွင် “ဆိုရှယ်လစ်”ဆိုသည့် စကားလုံးကို ပထမဆုံးသွားတွေ့သည်။
မော်စီတုန်းသည် ချန်ရှား နော်မန် ဆရာဖြစ်သင်တန်းတွင် ငါးနှစ်ကြာသည်။
၁၉၁၃ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိဖြစ်သည်။ ထိုငါးနှစ်အတွင်း
မော်၏ နိုင်ငံရေး အယူအဆသည် ပီပြင်၍လာသည်။ မော်သည်
ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။
၁၉၁၇ ခုနှစ်၌ စစ်ဘုရင် ဆန့်ကျင်သည့် ကျောင်းသားကာကွယ်ရေးတပ်များ ဖွဲ့သောအခါတွင် မော်သည်
ဆရာဖြစ်သင်ကျောင်း တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့နောက်မကြာမှီ စစ်ဘုရင်ဖူလျှံဆို
၏ တပ်များက ဆရာဖြစ်သင်ကျောင်း အဆောင်များကို သိမ်းလိုက်သည်။
မော်သည် အနီးရှိ ပုလိပ်ဋ္ဌာနတစ်ခုသို့သွားကာ ပုလိပ်များနှင့် စကားပြောသည်။
ရင်းနှီးအောင်လုပ်သည်။ ၎င်းတို့၏ အကူအညီဖြင့် ပုလိပ်ဋ္ဌာနမှ ရိုင်ဖယ်အစစ်များနှင့် အတုများကို ဌားခဲ့သည်။
ညအချိန်၌ မော်နှင့် သူ့ရဲဘော် ကျောင်းသားများသည် ကျောင်းခန်းများပေါ်သို့တက်နေသည့် စစ်တပ်များကို ညာသံပေး၍ ၀ိုင်းသည်။လက်နက်အချခိုင်းသည်။ စစ်ဘုရင်၏ စစ်သားများသည် မြေမကိုင်မိလက်မကိုင်မိဖြစ်ကာ လက်နက်ချအညံ့ခံကြသည်။ ဤသို့ဖြင့် ကျောင်းသား ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်များရလိုက်ကြသည်။
ဤသည်မှာ မော်၏ ပထမဆုံးသော လျှပ်တပြက်ပြောက်ကျားတိုက်ပွဲအတွေ့အကြုံဖြစ်သည်။ ထိုကတည်းက မော်သည် စစ်သိပ္ပံပညာကိုလေ့လာခဲ့သည်။
၁၉၁၇ ခုနှစ် နွေရာသီတွင် မော်စီတုန်းသည် ဟိုရှုဟင်း (၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တစ်ဦးဖြစ်၍
၁၉၃၅ ခုနှစ်တွင် ချန်ကေရှိတ်၏ အသတ်ခံရသည်။) နှင့်အတူ ပြည်သူ့ဘ၀ လေ့လာရေးသစ်အဖွဲ့ကို
တည်ထောင်သည်။
၁၉၁၈ ခုနှစ်အလွန်တွင် လီတာချို (Li Dazhao) ခေါင်းဆောင်ဖွဲ့စည်းသည့် မတ်ဝါဒ (Marxism)
လေ့လာရေး အဖွဲ့ထဲသို့ ၀င်သည်။မော်သည် ပါမောက္ခ ယန်ချန်ချိ၏သမီး ယန်ခိုင်ဟွီးနှင့် ကြိုက်ကြသည်။
၁၉၁၉ ခုနှစ် ဧပြီလ၌ မော်စီတုန်းသည် ရှန်ဟဲဆိပ်ကမ်းတွင် ပြင်သစ်ပြည်သွား သူ့မိတ်ဆွေများကို သွားရောက် နှုတ်ဆက်ခဲ့ပြီးနောက် ချန်ရှားသို့ ပြန်လာခဲ့ကာ နိုင်ငံရေးကို ဇောက်ချလုပ်သည်။
န်ာမန်ကျောင်းနှင့်တွဲထားသည့် မူလတန်းကျောင်းတွင် ဆရာလုပ်ရသည်။ လခကနည်း
သည်။ ကျောင်းသားဘ၀မှ ကျောင်းဆရာဘ၀ ရောက်သည့်အထိစာအုပ်ဖိုး၊ သတင်းစာဖိုးများကြောင့် အစားအသောက်ချွေတာရသည်။
တနေ့လျှင် ထမင်းတစ်နပ်နှင့် ပဲပြားကိုသာ စားသည်။
၁၉၁၉ ခုနှစ်တွင် ဟူနန်ပြည်နယ် ပထမဆုံးသော မတ်ဝါဒအစုကို
ချန်ရှားတွင် တည်ထောင်သည်။
၁၉၂၀ ခုနှစ် မေလထဲတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အမြုတေတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းနှင့်အတူ ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့သည်။
၁၉၂၀ ခုနှစ် ဧပြီလတွင် ဆိုဗီယက်ယူနီယန် ကွန်မြူနစ် ပါတီဝင်
သုံးဦး ပီကင်းသို့ ရောက်လာကာ လီတာချိုနှင့် ဆွေးနွေးကြသည်။
၎င်းတို့မှာ ဗွိုင်တင်စကီး၊ ယန်မင်ချေးနှင့် စနီလီယက်(မာလင်း)
တို့ဖြစ်ကြသည်။ သူတို့ သုံးယောက်စလုံး ကွန်မြူနစ် အင်တာနေ
ရှင်နယ် အဖွဲ့ဝင်များ ဖြစ်ကြသည်။ ပီကင်းမှတဖန် ရှန်ဟဲသို့ သွား
ကာ ချန်တူရှူး စသူတို့နှင့် ဆွေးနွေးကြပြန်သည်။ ထိုနှစ်မေလတွင်
ချန်တူရှူးက ကွန်မြူနစ်ပါတီ အမြုတေကို စဖွဲ့ခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၃)
၁၉၂၀ ခုနှစ် ဆောင်းရာသီတွင် မော်သည် ယန်ခိုင်ဟွီးနှင့် လက်ထက်
လိုက်သည်။ ယန်ခိုင်ဟွီးသည် ၁၉၂၂ ခုနှစ်တင် ကွန်မြူနစ်ပါတီဝင်
တစ်ဦးဖြစ်လာကာ လူငယ်လှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်
လာသည်။ ၁၉၃၀ ခုနှစ်တွင် ချန်ကေရှိတ်၏ အဖမ်းကို ခံခဲ့ရသည်။
လင်ယောက်ျားနှင့် ယုံကြည်ချက်ကို စွန့်လွှတ်ရန် ငြင်းဆန်သဖြင့်
ညှင်းပန်းသတ်ဖြတ်ခြင်း ခံသွားရသည်။ သားနှစ်ယောက် မွေးသည်။
အကြီး မော်အန်ယန်းသည် ၁၉၂၉ ခုနှစ်တွင် မွေးပြီး ၁၉၅၀ ခုနှစ်
ကိုရီးယားစစ်ပွဲတွင် အပျော်တမ်း တပ်သားတစ်ဦးအဖြစ် ကျဆုံးသွား
ခဲ့သည်။ အငယ် မော်အန်ချင်းမှာ ဘုံအဖွဲ့တစ်ခုတွင် စာရင်းကိုင်း
လုပ်နေသည်။ မော်က သူ့ဆွေမျိုးသားချင်းများကို ချီးမြှောက်လေ့
မရှိ။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၄)
၁၉၂၀ ခုနှစ်တွင် မော်သည် ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ ဟူနန်
ပြည်နယ်ဌာနကို ဖွဲ့စည်းသည်။ ၁၉၂၂ ခုနှစ်တွင် အဖွဲ့ဝင်ပေါင်း
၂၀၀၀ ရှိ၍ တရုတ်ပြည်တွင် အကြီးဆုံး လူငယ်စု တစ်ခု ဖြစ်
လာသည်။ ထိုအစုထဲတွင် ထိုစဉ်က ချန်ရှား ဆရာဖြစ်သင်ကျောင်း
တက်နေသည့် လျူရှောက်ချီလည်း ပါသည်။ နောင်တွင် လျူရှောက်
ချီသည် မော်၏ အစီအစဉ်ဖြင့် ရုရှားပြည်သို့ သွားရောက်လေ့လာ
သည့် ကျောင်းသားအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၂၀ ခုနှစ်
ဆောင်းရာသီတွင် လျူရှောက်ချီသည် ဗလာဒီဗော့စတော့သို့
ထွက်ခွာသွားသည်။ ၁၉၂၁ ခုနှစ်တွင် မော်စကိုသို့ ရောက်သည့်
အခါ၌ မော်စကိုတွင်ရှိသည့် ရုရှားပြည်က တရုတ်ပါတီအစုနှင့်
ဆက်သွယ်မိသည်။
မော်သည် ချန်ရှားတွင် “ယဉ်ကျေးမှု စာအုပ်ဆိုင်” အမည်ဖြင့်
စာအုပ်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်သည်။
(ဘာသာပြန်သူမှာ ကွယ်လွန်သူ ဆရာ
မြသန်းတင့် ဖြစ်၍ မူရင်း စာရေးသူမှာ Han Suyin ဖြစ်သည်။)
https://www.facebook.com/maungsssk/posts/1112301572234258:0
Tuesday, July 8, 2014
မန္တလေးမြို့ ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း
 (၇.၇.၂၀၁၄)
             မန္တလေးမြို့ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက အရေးပေါ်မိန့်ခွန်းတစ်ရပ်ကို ဇူလိုင်လ ၇ ရက်နေ့ည
 ၈ နာရီက နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုများမှ တဆင့်ပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် ပဋိပက္ခဖြစ်စေရန် ဖန်တီးသူ
များကို ပြတ်ပြတ်သားသား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
 သတိပေးလိုက်သည်။ သမ္မတပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
မိဘပြည်သူများခင်ဗျား -
         ကျွန်တော့်အနေနဲ့ အခုလို မိန့်ခွန်းပြောကြားရတဲ့ အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာ့ယဉ်
ကျေးမှု မြို့တော်လို့ဆိုရမယ့် မန္တလေးမြို့မှာ အမှုအခင်းကိစ္စတစ်ခုကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ ချဲ့ကားသွေးထိုး
လှုံ့ဆော်မှုတွေကြောင့် ပြည်သူများ စိတ်မချမ်းသာဖွယ်ရာ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်
ချက်ကို ပြောကြားလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။
           တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့ အဆိုပါ ဆူပူရမ်းကားမှုများကြောင့် အပြစ်မဲ့ ထိခိုက်ဒဏ်ရာရကြသူများနဲ့ 
သေဆုံးသူ နှစ်ဦးအတွက်လည်း မိသားစုများနဲ့ထပ်တူ ၀မ်းနည်းမိပါကြောင်းလည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုး
ရ စတင်တာဝန်ယူစဉ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အဓိက
ရည်မှန်းချက်ဟာ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအလေ့အထများ ထွန်းကားရှင်သန်တဲ့ လူ့အဖွဲ့အစည်း
တစ်ရပ် တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။
            ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် 
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး 
နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်
စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်
စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်။
           ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်ဆောက်
ရာမှာ အဓိကလိုအပ်ချက်ကတော့ လူ့အသိုက်အ၀န်းကြားမှာ ဒီမိုကရေစီ အလေ့အထများ ရှင်သန်ထွန်းကားရေးပွဲဖြစ်ပါတယ်။
 ဒီအတွက် ကျွန်တော်တို့ နိုင်ငံသားများဟာ ဒီမိုကရေစီရဲ့ အနှစ်သာရများဖြစ်တဲ့ မတူကွဲပြားမှုများကို နားလည်လက်ခံခြင်း၊ 
လူအများစုရဲ့ ဆန္ဒနှင့်ဆုံးဖြတ်ခြင်းဖြစ်သော်လည်း လူနည်းစုရဲ့ အခွင့်အရေးများကိုလည်း လေးစားခြင်းနဲ့ မတူညီတဲ့ ရပ်တည်
ချက်များအပေါ်မှာ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းစတဲ့ အလေ့အကျင့်များကို မွေးမြူကြရမှာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နိုင်ငံသားများဟာ မိမိတို့ ယုံကြည်ရာဘာသာတရားများကို လွတ်လပ်စွာ
 ကိုးကွယ်ခွင့် အပြည့်အ၀ပေးအပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာပဲ ကျွန်တော်တို့ နိုင်ငံ
အနေနဲ့လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အချို့သော ပဋိပက္ခများဟာ ဆင်းရဲမွဲတေမှု၊ 
ပညာချို့တဲ့မှု၊ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျမှုစတဲ့ နက်နဲတဲ့ အကြောင်းတရားများစွာကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။
             သို့သော်လည်း အချို့သော ပဋိပက္ခများကတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီအ
လေ့အထများ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို တမင်နှောင့်ယှက်ဖျက်ဆီးလိုတဲ့ သဘောနဲ့ ရည်ရွယ်
ချက်ရှိရီ လှုံ့ဆော်လုပ်ဆောင်ခြင်းဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။
             မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အတ္တကိုရှေ့တန်းတင် လုပ်ဆောင်ကြသူများရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့် 
အပြစ်မဲ့ပြည်သူများ နာကျင်ခံစားခဲ့ရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် 
ရည်ရွယ်ချက်ရှိရှိနဲ့ လူ့အသိုက်အ၀န်းများ ကြားမှာ အမုန်းတရားများ ပြန့်ပွားပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော် ဖန်တီး
မှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးပြုလုပ်တာပဲဖြစ်ပြီး လူမျိုး၊ ဘာသာမရွေးသော မိမိတို့လူအဖွဲ့အစည်းတစ်ခုလုံးကို 
အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်
သွားမှာဖြစ်ပါတယ်။
          မန္တလေးသူ၊ မန္တလေးသားများဟာ လူမျိုးမရွေး ဘာသာမရွေးဘဲ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွ နေ
ထိုင်လာခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ကြပါတယ်။ တစ်ဦးရဲ့ ပွဲလမ်းသဘင်မှာ လူမှုရေးကိစ္စရပ်များမှာ တစ်ဦးက ကူညီဆင်နွှဲရင်းနဲ့ 
ကိုးကွယ်ရာဘာသာချင်း မတူညီသော်လည်း အသွင်တူတဲ့ မန္တလေးသူ မန္တလေးသားဆိုတဲ့ ဒေသစွဲစိတ်နဲ့ ငြိမ်းချမ်းစွာ အတူနေ
ကြတဲ့ အခြားသောဒေသများအတွက်ပါ အတုယူစရာ စံပြလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ဂုဏ်သတင်း ကျော်ဇော်ပါတယ်။
ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မတည်မငြိမ်ြဖစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို အားလုံးလက်တွဲပြီး 
အသိရှိရှိ၊ သတိရှိရှိနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့သေဆုံးရမှုနဲ့ ပျက်စီးဆုံးရှုံးမှုအချို့ကြောင့် 
ဝမ်းနည်းစရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရသည့်တိုင် စိတ်ဖြေသာစရာတစ်ခုအနေနဲ့ မန္တလေးသူ မန္တလေးသားများဟာ လူတစ်စုရဲ့
 မတရားဖန်တီးမှုကို လက်မခံဘဲ အတူလက်တွဲပြီး ဟန့်တားခဲ့ကြတာဖြစ်ပါတယ်။
          သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ နှစ်ဖက်ဘာသာဝင်များက လူမှုရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖ
များဟာ ဖြစ်ပေါ်လာတဲ့အခြေအနေများကို အတူလက်တွဲရင်ဆိုင်ခဲ့ကြပြီး ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထူး
လိုအပ်နေတဲ့ တစ်ဦးနဲ့တစ်သီး အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ တန်ဖိုးများကို မန္တလေးမြို့မှာ အထင်
အရှား တွေ့မြင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။
             ကျွန်တော်တို့အစိုးရအနေနဲ့လည်း မန္တလေးမြို့ တည်ငြိမ်အေးချမ်းသာယာရေးအတွက် အခုလို ညီညီညွတ်ညွတ် 
လက်တွဲလုပ်ဆောင်မှုများကို အားပေးကြိုဆိုပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများပြုလုပ်ရာမှာ အားလုံးနဲ့အတူ လက်တွဲလုပ်ဆောင်
သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လုံလောက်တဲ့ လုံခြုံရေးအဖွဲ့အစည်းများရဲ့ 
အကူအညီကိုရယူပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါတယ်။
              အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူများကိုလည်း စုံစမ်း
ဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်း
ဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ
ဖြစ်တဲ့အကြောင်းလည်း ထပ်လောင်းပြောကြားအပ်ပါတယ်။
              တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးကို မရှေးရှုဘဲ ကိုယ်ကျိုးအတ္တကိုရှေ့တန်းတင်ပြီး နိုင်ငံကို ဖျက်ဆီးလိုသူများ
ဟာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ လူ့အဖွဲ့အစည်းတိုင်းမှာရှိနေတာဖြစ်ပါတယ်။ အခု မန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ 
ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာမြင်
တွေ့ရမှာဖြစ်ပါတယ်။ အခုလိုသွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနဲ့ ရန်ပြုမှုများကို ထောက်ခံအားပေးခြင်း၊ ဥပဒေ
မဲ့တုန့်ပြန်ခြင်းမပြုဘဲ တရားဥပဒေအတိုင်းဖြစ်စေဖို့အတွက် နိုင်ငံသားအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်
တွန်းပြောကြား အပ်ပါတယ်။ နိုင်ငံသားအချင်းချင်း အမုန်းတရားကြီးထွားစေမယ့် အပြောအဆိုများ၊ ရေးသားမှုများနဲ့ ပြုမူဆောင်
ရွက်မှုများကို အားမပေးဘဲ ရှောင်ရှားကြဖို့၊ ပါဝင်လုပ်ဆောင်မှုမပြုကြဖို့နဲ့ အဆိုပါအပြုအမူများကို ပြတ်သားစွာအရေးယူဆောင်
ရွက်နိုင်ဖို့ အတွက် နိုင်ငံသားအားလုံးက အသိရှိရှိ၊ ဥာဏ်အမြော်အမြင်ကြီးကြီးထားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်
ပါကြောင်း ပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ လက်ရှိမန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့
အခြား မည်သည့်နေရာဒေသမှာမှ ထပ်မံမဖြစ်ပွားဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့်သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း 
တရားဥပဒေနဲ့အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း
ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
Saturday, May 3, 2014
အွန်လိုင်းမှာအပျိုစင်ဘ၀ကိုလေလံတင်ရောင်းချထားတဲ့ ဆေးကျောင်းသူလေး ပထမဆုံးအကြိမ် မျက်နှာ လှစ်ဟပြ
          သူမရဲ့ အပျိုစင်ဘ၀ကို လေလံတင်ရောင်းချ ထားတဲ့ ဆေးကျောင်းသူလေး Elizabeth Raine
ဟာ လေလံတင်မှု မှာ ပိုမိုစိတ်ဝင်စားကြစေဖို့  သူမရဲ့ မျက်နှာကို ပထမဆုံးအကြိမ် လှစ်ဟပြဖို့ ဆုံးဖြတ်
ချက်ချခဲ့ပါတယ်။အသက် ၂၇ နှစ်အရွယ် လှပချောမွေ့ တဲ့ ဆေးကျောင်းသူလေးဟာ သူမရဲ့ နာမည်အမှန်
ကို အသုံးမပြုဘဲ အွန်လိုင်းကတဆင့် လေလံဈေးအများဆုံးပေးနိုင်တဲ့သူကို သူမရဲ့အပျိုစင်ဘ၀ အပ်နှင်း
မှာဖြစ်ပါတယ်။ လက်ရှိ ဈေးအများဆုံးကမ်းလှမ်းထားတာကတော့ ပေါင် တစ်သိန်းရှစ်သောင်း ၀န်းကျင်ပါ။
         သူမဟာ ပေါင် နှစ်သိန်းခွဲအထိ ရဖို့ မျှော်မှန်းထားပြီး ဘယ်လို လိင်ဆက်ဆံမှုပုံစံမျိုးကိုမှ သူမဘ၀မှာ
 မရှိခဲ့ဘူးလို့ ဝန်ခံထားပါတယ်။ ဒါ့အပြင် ကိုယ်လုံးတီးယောင်္ကျားတစ်ယောက်ကို တစ်ခါမှ မျက်ဝါးထင်ထင် 
မတွေ့ ဖူးသလို ဘယ်သူမှလည်း သူမရဲ့ အ၀တ်အစားမပါတဲ့ခန္ဓာကိုယ်ကို မမြင်ဖူးဘူးလို့ ဝန်ခံထားပါတယ်။
၁၂ နာရီ ချိန်းတွေ့ မှုမှာ သူမရဲ့အပျိုစင်ဘ၀ ပထမဆုံးလိင်အတွေ့ အကြုံပါ ပါဝင်မှာဖြစ်တယ်လို့ လေလံမှာ
 ဖော်ပြထားပါတယ်။
              လေလံတင်တင်ချင်းအစမှာ သူမဟာ လိင်စိတ်ဆွဲဆောင်တဲ့အနေအထားနဲ့ ဓာတ်ပုံတွေ တင်ထားခဲ့
ပေမယ့် သူမရဲ့ မျက်နှာကိုတော့ ဖုံးထားခဲ့တာပါ။ သူမရဲ့ ဆေးတက္ကသိုလ်ကနေ အထုတ်ခံရနိုင်ပေမယ့် လူသိရှင်
ကြား မျက်နှာဖော်ပြဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
Treand Myanmar
Saturday, April 26, 2014
သမ္မတ၏အမျိုးသမီးကိုယ်ရံတော်
 7Day News Journal ရေးသားသူ- အေးသူစံ
         ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် 
ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် 
တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။
 လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်
ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့
နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာ
ဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။
         ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတ
အနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။
နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအစဉ်အ
ဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။
             ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်း
ကပင် အသစ်အဆန်းဖြစ်နေသည်။ အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေး
အရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ 
လုံခြုံရေးအရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
         သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်
ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလို
လို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။
         ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်
များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ 
ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး 
အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်
နိုင်သည့် ဒေါ်ဇာဇာအောင်၏အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြ
သည်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသော
 နားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်
လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ
 ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သား
များ ပြန်လည်ခေါ်ယူသည့်အခါ ၀င်လျှောက်ဖြစ်သည်။
တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး 
အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်
ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ 
တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။
               ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး
 ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာ
ချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု 
၎င်းကယုံကြည်သည်။
             “မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာရင်တော့ သေဖို့အဆင်
သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။ နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀
 ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အ
ဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။
              “နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ်ရ
မယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း 
ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ်လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။
             “သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်
ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်း
တက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်းလည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြော
ကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။
               အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် 
အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက်လာသော သတင်း
ထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။
                  “ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်း
ထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး 
သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီးမားမား အသက်အန္တရာယ်ဘေး နီးကပ်
တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။
                မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည် အနီးကပ်အန္တရာယ်ပြုမည့်သူများ ပေါ်ပေါက်နိုင်ခြေနည်း
သော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။“မသင်္ကာစရာဆိုလည်း
 ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမ
ှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက
 ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
            ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်
သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း
တို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသ
ဖွယ် နွေးထွေးစွာ ဆက်ဆံခံရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်က
ပြောသည်။ လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်း
ထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်
အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ
 တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။
                     “သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ 
မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်း
မ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။
            လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ်တဲ့နှလုံးသား 
၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက
 မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသ
လောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။
                လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့
ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့်အတွက် ပျော်ရာမှာမနေရ 
တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင်ထားသည်။ 
              အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်
သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင်ကိုမ
ူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများ
မှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်
သက်ပါသည်။ သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင်
 ဖြေကြားပါသည်။ “သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”
ဓာတ်ပုံ- အေးသူစံ
Thursday, April 24, 2014
ကမ္ဘာပေါ်တွင် မိမိနှင့် တူသော လူ ၆ ယောက်ရှိ
                  အမေရိကန်က ရုပ်ဗေဒ လေ့လာသူများ ရရှိထားတဲ့ အဖြေ တစ်ခု ဖြစ်ပါတယ်။ ယင်း အဖြေ အရ 
ကမ္ဘာပေါ်မှာ မိမိနဲ့ ရုပ်တူသော လူ နောက်ထပ် ၆ ဦး ရှိကြောင်း ဆိုပါတယ်။ရုပ်ရည် အားဖြင့် တစ်ထေရာတည်း 
တူညီပြီး အချို့ ဆိုရင် အရပ် အမောင်း ကော၊ အသံကော တူညီ တဲ့အထိတောင် ရှိပါတယ်။ အခြေခံ အားဖြင့် က
တော့ မျက်နှာပေါက် တူညီခြင်း ဖြစ်ပါတယ်။ ယင်းသို့ တူညီမှု အပြင် နောက်ထပ် ထူခြားချက် တစ်ခုက မိမိနဲ့ ရုပ်
ရည် အားဖြင့် တူတဲ့ သူ ကို အသက်ရှင်သန်တုန်း ဘဝမှာ မြင်တွေ့ နိုင်ချေ ၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။
            အာရှ ရုပ်ရည် ဆိုရင် အာရှတိုက် အတွင်းမှာ ရှိဖို့ ပို အလားအလာ များပြီး အနောက်တိုင်း မျက်နှာပေါက်
ကိုတော့ ဥရောပတိုက်၊ အမေရိက တိုက်များ၊ သြစတေးလျ တိုက်တို့မှာ ပိုမို မြင်တွေ့ နိုင်ချေ အလားအလာ ရှိကြောင်း 
သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
Thursday, April 3, 2014
ရုရှား ဘာဘီမ အစားမစာပဲ နေလို့ အသက်ရှင်နိုင်ကြောင်း သက်သေပြ
   လူသား ဘာဘီမလေး (Human Barbie) လို့ တင်စား ခေါ်ဝေါ်တဲ့ Valeria Lukyanova ဆိုတဲ့
ယူကရိန်းက အမျိုးသမီးကို သိကြမှာပါ။ ယခု သူဟာ အစာမစားပဲ အသက်ရှင်နိုင်ကြောင်း သက်
သေပြမလို့ ပြုလုပ် နေပါတယ်။အစားအစာနဲ့ ရေ ဟာ လူသားတွေ အသက်ရှင်ဖို့ အတွက် မလိုအပ်
ကြောင်း သက်သေ ပြဖို့ အတွက် သူမဟာ လေပဲ ရှူမှာ ဖြစ်ပါတယ်။ လေရှူပြီး အလင်းရောင် အောက်
မှာ နေရုံနဲ့ အသက်ရှင်တယ်လို့ ဆိုပြီး ယင်း ကျင့်စဉ်ကို စတင် ပြလုပ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ပရော်
ဖက်ရှင် နယ် မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလို ကျင့်စဉ်နဲ့ သက်သေ ပြရန် ပြုလုပ်မှုကိုတော့
 အများက ကန့်ကွက် ဝေဖန် ရှုံ့ချ ထားပါတယ်။သူမ အနေနဲ့ ကတော့ အခန်းထဲမှာ အလင်းရောင်နဲ့
လေဓာတ် ရရုံနဲ့ အသက်ရှင်နိုင်တယ်လို့ ဆိုတဲ့ Breatharianism ကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း
 သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
Wednesday, March 26, 2014
သမ္မတ ဦးသိန်းစိန်ရဲ့ ပ်ြည်ထောင်စု လွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်း
Wednesday, March 26, 2014
         သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မှာတော့ တာဝန်ထမ်းဆောင်မှု ၃ နှစ်ပြည့်အနေနဲ့ ပြည်ထောင်စ
ုလွှတ်တော် မှာ မိန့်ခွန်းရှည် ကြီး တခုကို ပြောပါတယ်။ အပြည့်အစုံကိုတော့ သမ္မတရုံး ၀က်ဆိုက်မှာ ဖော်
ပြထားတာ ကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။
             နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ မတ်လ  ၂၆ ရက်
ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း
ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်
သမ္မတအဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘော
ထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့
တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။
      လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းတွေ အားလုံးကို တိုင်းပြည်ရဲ့အကျိုးစီးပွား အတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့
ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး လက်ကမ်း ကြိုဆိုခဲ့ပါတယ်။ သုံးနှစ်ပြည့်မြောက်ချိန်မှာ ဒီသဘောထားကို ဘယ်လောက်အထိ
ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီလဲဆိုတာ ပြန်လည်သုံးသပ်ရင် ကျေနပ် အားရဖွယ် ကောင်းတဲ့ အမျိုးသား ပြန်
လည်စည်းလုံးညီညွတ်ရေးကို အတိုင်းအတာ တစ်ခု အထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာကို တွေ့ရှိနိုင်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြား
ဒေသ တွင်း အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်
ဝါဝါ ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ သုံးနှစ် ပြည့်မြောက် ပြီဖြစ်တဲ့ ဒီကနေ့
ဒီအချိန်မှာ ဆီးဂိမ်းအိမ်ရှင်၊ အာဆီယံဥက္ကဋ္ဌ၊ ဘင်းမ်စတက် အိမ်ရှင်၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အစရှိတဲ့ သမိုင်းဝင်မှတ်တိုင်တွေနဲ့
 အတူ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဂုဏ်သိက္ခာရှိစွာဖြင့် ပေါင်းစည်းနေပြီဆိုတာ တွေ့မြင် နေကြ
ရပြီ ဖြစ်ပါတယ်။
         အလားတူပါပဲ မြန်မာပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တာကို မြင်လိုပါတယ် ဆိုတဲ့ နိုင်ငံများအနေနဲ့
အစိုးရအဖွဲ့ သစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ပြုပြင်ပြောင်းလဲမှု လေးရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ကာလ သုံးနှစ်ပြည့်မြောက်ပြီဖြစ်တဲ့
ဒီအချိန် မှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန် ကောင်းနေပြီဆိုတာ အားလုံးပဲ အထင်
အရှား တွေ့ မြင်နိုင်ပြီ ဖြစ်ပါတယ်။
       လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာမှာ ပြည်ထောင်စုအစိုးရက တင်သွင်းမယ့် ဥပဒေပြုရေး အစီအစဉ်(၁ဝ)ရပ်ကို ထုတ်ဖော်
ပြောကြား ခဲ့ပါတယ်။ ဒီအစီအစဉ်တွေကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆီလျော်တဲ့အချက်တွေကို ပြန်လည်ပြင်
ဆင်ခြင်း၊ (၂) နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ဖော်ဆောင်ပေးနိုင်မယ့် ဥပဒေကြမ်းတွေ တင်သွင်း
ခြင်း၊ (၃) ဝန်ထမ်းများနဲ့ အငြိမ်းစား ဝန်ထမ်းလစာတွေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်သတ်မှတ်ခြင်း၊ (၄) တောင်
သူ လယ်သမားတွေရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေပြုစုနိုင်ဖို့ လေ့လာခြင်း၊ ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့
ပြန်လည် သုံးသပ်ခြင်း၊ (၅) အလုပ်သမားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနဲ့ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ
တွေကို ခေတ်နဲ့ အညီ ပြန်လည်သုံးသပ်ခြင်း၊ (၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဥပဒေကို ခေတ်နဲ့အညီ
 ပြန်လည် ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခြင်း၊ (၇) ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးအတွက် ဥပဒေ
ကြမ်းများ တင်သွင်းခြင်း၊ (၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်
များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ခြင်း၊ (၉) သဘာဝ ပတ်ဝန်းကျင် ထိန်း
သိမ်းရေး ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှုလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို
 သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ခြင်း၊ (၁ဝ) ရာသီဥတု ပြောင်းလဲမှု
ကြောင့် ဖြစ်ပေါ်လာတဲ့ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်
ရေးနဲ့ သဘာဝဘေးအန္တရာယ် ရေရှည် ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်တဲ့ အစီအမံတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်
ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းလိုခြင်းတို့ပဲ ဖြစ်ပါတယ်။ သုံးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လောက်
ဖော်ဆောင်နိုင်ခဲ့ပြီလဲ ဆိုတာ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေက သက်သေပဲ ဖြစ်ပါတယ်။
           လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော်တို့ ဖော်ဆောင်သွားမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံနဲ့
 ပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမယ်
 ဆိုတာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ ရရှိ
စေဖို့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆွဲဆောင်ပြီး၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ကာ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း
နဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား
ခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ဈေးကွက်ယန္တရား ခိုင်မာ အားကောင်းခြင်း မရှိသေးသော်လည်း လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ
ထူထောင်ခဲ့ပြီးတဲ့ နောက် စီးပွားရေး စနစ်အခြေခံတွေ ပြောင်းလဲသွားပြီ ဖြစ်သလို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဈေးကွက်
နဲ့ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီ ဖြစ်ပါတယ်။
        အလားတူ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား
အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။
သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင်
ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။
        နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ ပါဝင်သင့်သူ နိုင်ငံသားအားလုံး ပါဝင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့
လွတ်ငြိမ်းချမ်းသာခွင့် (၄၉) ကြိမ် ပေးခဲ့ပြီး အကျဉ်းသား (၆၈ဝဝဝ) ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ ဒီ့ပြင် အကြောင်း အမျိုးမျိုးနဲ့ ပြည်ပ
နိုင်ငံများသို့ ရောက်ရှိပြီး ပြန်လာဖို့ခက်ခဲနေတဲ့ မိမိနိုင်ငံသားများ မိခင် နိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်ရေး အတွက်ကိုလည်း အဆင့်
ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အကျိုးရလဒ် အနေနဲ့ အကျဉ်းကျခံရာမှ လွတ်မြောက်သူ ပုဂ္ဂိုလ်အချို့၊ နိုင်ငံအတွင်း ပြန်ဝင်
လာတဲ့ နိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ ကိုယ်တိုင် နိုင်ငံ တည်ဆောက်ရေးတွေ မှာ ကောင်းမွန်စွာ ရှင်သန်နေတာကို
တွေ့မြင်နေကြပြီ ဖြစ်ပါတယ်။
         လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ်
အပြု သဘော မမြင်နိုင်သေးတဲ့ နိုင်ငံအချို့ ကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် အနှစ်သာရ
 ရှိရှိ ကျင့်သုံးဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာ ပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်လိုအခြေအနေ၊ ဘယ်ခရီးအထိ ရောက်ရှိနေပြီ ဆိုတာ
ကို ထုတ်ဖော်ပြောကြားစရာ မလိုအောင် မြင်တွေ့နေကြပြီ ဖြစ်ပါတယ်။
         နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ရန် ကမ်း
လှမ်းလာမှုများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာမှ ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး
ခရီးများ မကြာခဏလာ ရောက်လျက် ရှိကြပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ထားရှိသော နိုင်ငံပေါင်း
၁၀၃ နိုင်ငံရှိခဲ့ရာမှ ယခုအချိန်တွင် ၁၁၅ နိုင်ငံ ထိ တိုးမြှင့် ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
      နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ပြုခဲ့တဲ့ ကတိကဝတ်တွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီအချိန်မှာ ဘယ်လောက် အတိုင်းအတာအထိ
 ပြည့်မြောက်ခဲ့ပြီလဲ ဆိုတဲ့ ပကတိ အခြေအနေမှန်အဖြစ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ခရီးက ပြသနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီ
 အသွင်ကူးပြောင်းရေးမှာ ပြိုလဲခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ ဒီမိုကရေစီ ကူးပြောင်း ပြီးသော်လည်း မတည်မငြိမ်မှုတွေ ကြုံတွေ့နေရတဲ့
 နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော်တို့ နိုင်ငံအပေါ် အကဲဖြတ်ခဲ့ကြပါတယ်။ ဒီသမိုင်းမှတ်တမ်းမှာ တက်တက်ကြွကြွ ပါဝင်
ခဲ့ကြတဲ့ နာယကကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လွှတ်တော်ကိုယ်
စားလှယ်များ အားလုံးနဲ့ ရဟန်းရှင်လူ ပြည်သူအားလုံးတို့ကို နိုင်ငံတော်ရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီနေရာ ကနေ ချီး
ကျူး ဂုဏ်ပြုလိုက်ပါတယ်။
       ကျွန်တော်တို့ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ အဓိကဆန္ဒကြီး နှစ်ရပ်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို
အလေးထား ဖော်ဆောင်ဖို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုနဲ့
ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မှုတို့ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်တဲ့ အခါမှာ ဈေး
ကွက်စီးပွားရေးကို သွားနိုင်ဖို့ မက်ခရို စီးပွားရေး တည်ငြိမ်မှုအတွက် အခက်အခဲဖြစ်စေတဲ့ ကြွေးမြီဟောင်းတွေ၊ ပိတ်ဆို့မှု အဟန့်အတား
တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ မြီရှင်နိုင်ငံတွေက လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲ
ရေး အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ရေးဆွဲခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွား ပြုပြင် ပြောင်း
လဲရေး မူဘောင် (Framework of  Economic Social Reform-FESR) ကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတကာ
အဖွဲ့အစည်းတွေနဲ့ ပြည်ပအစိုးရ တွေကို ရှင်းလင်းနိုင်ဖို့ မြန်မာ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက
နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မိမိနိုင်ငံဆိုင်ရာ ရှင်းလင်း တင်ပြချက်များ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအများ
စုကလည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။
             ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု ထောက်ခံ ကြိုဆိုခဲ့ကြပြီး တတ်နိုင်တဲ့
ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ
တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ ဒီလို စာနာနားလည်မှုနဲ့ ထောက်ပံ့ ကူညီခဲ့ကြတဲ့ နိုင်ငံတကာ အသိုက်
အဝန်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
    အရင်တုန်းက အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲလှယ်မှုနှုန်းထားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီး အတက်အကျ မများ
အောင်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဥပဒေသစ် ပြဋ္ဌာန်းပြီး
 ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလို မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ
၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံပြီး နော်ဝေ၊ ဂျပန်၊ ဂျာမနီနဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံ
တွေက ကြွေးမြီ အမေရိကန်ဒေါ်လာ (၆၀၀၉) သန်းကို လျှော်ပစ်ပေးခဲ့ပါတယ်။ ဒီ့ပြင် ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ
အားလုံးနီးပါး ဖယ်ရှားပေးခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့အရေးယူမှုတွေ ကို ဖြေလျှော့ပေးခဲ့ပါတယ်။
          ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်အားဖြင့် ကုန်သွယ်မှု အထူး အခွင့်အရေး (Generalized System
Preferences-GSP) တွေ ပြန်လည်ရရှိလာခဲ့ပြီး ဈေးကွက်ကြီးတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အထည်ချုပ်
လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုး လာပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့
ပူးပေါင်းပြီး စီမံချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် ၂ဝ၁၁ ခုနှစ်က စတင်ပြီး ခရီးသွားဧည့်သည် အရေ အတွက် စံချိန်တင် မြင့်မား
လာခဲ့တာ ၂ဝ၁၃ ခုနှစ်မှာ (၂) သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ ခရီးသွားလာရေးဆိုင်ရာ အဖွဲ့
အစည်းတွေရဲ့ အသွားသင့်ဆုံး ကမ္ဘာ့နေရာတွေ ထဲက ထိပ်ဆုံးအဆင့်မှာ (၃) နှစ် ဆက်တိုက်ပါရှိခဲ့ပါတယ်။ လာမယ့်နှစ်မှာ ခရီးသွား
 (၃) သန်းကျော်နဲ့ ၂ဝ၁၅ ခုနှစ်မှာ (၅) သန်းအထိ ဝင်လာမယ် လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဟိုတယ်လုပ်ငန်းတွေ၊
ခရီးသွားလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြား လိုက်ပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
ပြင်ပကမ္ဘာကို တံခါးဖွင့် ဖိတ်ခေါ်ခြင်းနဲ့အတူ စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ် ခွင့်ပြုရာမှာလည်း အချိန်တိုတိုအတွင်း စက်ရုံ၊
 အလုပ်ရုံတွေ တည်ဆောက်နိုင်အောင်၊ အလုပ် အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ရရှိနိုင်အောင် အစိုးရနဲ့ ပုဂ္ဂလိက ကျွမ်းကျင်
သူတွေ ပူးပေါင်း ပါဝင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလေးထား ဆောင်ရွက်ခဲ့ရာမှာ အချိန်ကြာကြာယူဖို့ မလိုအပ်တဲ့
လုပ်သားအရင်းပြု စက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ စံချိန်စံညွှန်းနဲ့ အရည်အသွေးများစွာ မြင့်မားတဲ့ ဂျပန်၊
တောင်ကိုရီးယား ဈေးကွက်တွေကို တင်ပို့ လာနိုင်တဲ့အတွက် လုပ်သားအရင်းပြု ကုန်ထုတ်လုပ်မှုအဆင့်ကနေ နည်းပညာအခြေပြု
ကုန်ထုတ်လုပ်မှုကို စတင်ကူးပြောင်းလာပါတယ်။ ဒါ့ကြောင့် နိုင်ငံသား အထည်ချုပ် လုပ်ငန်းရှင်တွေ၊ အထည်ချုပ်လုပ်သားတွေကို
လည်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
       တစ်ဆက်တည်းမှာပဲ အလုပ်ရှင်-အလုပ်သမားပြဿနာတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းတဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်း
အဆင့်ဆင့်ဖြင့် စီမံ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးရှိစေဖို့ အလုပ်ရှင်
-အစိုးရ-အလုပ်သမား သုံးပွင့်ဆိုင် စိတ်ရှည်စွာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ် ပါတယ်။ စီးပွားရေး အသွင်ကူးပြောင်းမှုနဲ့ ဒီမိုကရေစီ ကူး
ပြောင်းရေးအတွက် ဒီကိစ္စတွေကို မဖြစ်မနေ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များ အကျိုးစီးပွား ရရှိပြီး ရေရှည် လုပ်ဆောင်နိုင်
ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများမှာဖြစ်သလို အလုပ်သမား အခွင့်အရေးများ ကိုလည်း အပြည့်အဝရရှိအောင် ဆောင်
ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေဖို့နဲ့ ထပ်မံဝင်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကိုပါ ဆွဲဆောင်
နိုင်ဖို့အတွက် ရေရှည်အကျိုး မျှော်မှန်းဆောင်ရွက်ရမယ်ဆိုတာ ကျွန်တော် တို့ နားလည်ကြဖို့ လိုပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်များ
 ရေရှည်အကျိုးအတွက် ပြဋ္ဌာန်းရန် ကျန်ရှိနေသေးတဲ့ ဥပဒေများ ပြဋ္ဌာန်းရေး အတွက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရနဲ့
အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။
       နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် အခွင့်အလမ်းနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ သလို နိုင်ငံတကာ
 ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်အောင်လည်း အဆင့်ဆင့် ဆောင်ရွက်ပေး
ခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို လေ့လာကြည့်ရင် ပထမဆုံး လေ့လာရေးအဖြစ် လာရောက်ကြပါတယ်။ ဒုတိယအနေနဲ့ ဖြစ်နိုင်
ခြေ နယ်ပယ်တွေ သုတေသန ပြုကြပါတယ်။ တတိယအဆင့်ရောက်မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြု
လုပ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစီးပွားရေး အခင်း အကျင်းတွေ ပြောင်းလဲလာအောင် စဉ်တိုက်ဆက်တိုက် အလေးပေး ဆောင်ရွက်
 ခဲ့ရပါတယ်။ ပိတ်ဆို့ အရေးယူ မှုတွေ ဖြေလျှော့ပေးလာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက် စူးစမ်းလေ့လာကြတာတွေ အ
မြောက်အမြား လာရောက်ခဲ့ကြပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြီး ဝင်ရောက်လာခဲ့ပါပြီ။ အရင်တုန်းက ပိတ်ဆို့မှု
 တွေကြောင့် သယံဇာတ ထုတ်ယူရေး နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ အများစုတည်ရှိခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ အခုဆိုရင် ရင်းနှီး
မြှုပ်နှံမှု အချိုးအစား ပြောင်းလဲလာခဲ့ပါပြီ။ ၂ဝ၁၂ ခုနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ ဝင်ရောက်
ခဲ့ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံအထိ တိုးတက် ဝင်ရောက်လာပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ကုန်ထုတ်လုပ်မှု၊
ဟိုတယ် လုပ်ငန်းတွေမှာ အလုံးအရင်းနဲ့ လာရောက် ရင်းနှီး မြှုပ်နှံလာခဲ့ပြီးတော့ ဒီနှစ်ဆိုရင် တယ်လီကွန်းကဏ္ဍ၊ လေဆိပ် စီမံကိန်း
တွေနဲ့ အထူးစီးပွား ရေးဇုန်တွေ၊ အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြီး စီးဝင်လာဖို့ ရှိလာပြီ ဖြစ်ပါတယ်။
       သယံဇာတ ထုတ်ယူရေးနယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ အနေအထားကနေ ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်
ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အနေ
အထား ပြောင်းလဲသွားစေခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာတွေနဲ့ ပတ်သက်လို့
သဘာဝပတ်ဝန်းကျင်နဲ့ လူမှု စီးပွားရေးအပေါ် သက်ရောက်နိုင်တာတွေ အတွက်လည်း တာဝန်သိ၊ တာဝန်ခံတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်
လာစေဖို့ ဆောင်ရွက်သွားမယ့် ကျွန်တော်တို့အစိုးရရဲ့ ကတိကဝတ်ကို EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင်
 နိုင်ငံဖြစ်လာအောင် ကြိုးပမ်းမှုဖြင့် သက်သေပြလျက် ရှိပါတယ်။
             ဘဏ်လုပ်ငန်းတွေ၊ အခွန်အကောက်စနစ်တွေ၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့် အခြေအနေတွေ၊ အခြေခံအဆောက်အအုံတွေ
အစရှိတဲ့ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖြစ်ဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ရတာရှိသလို ပြည်သူ လူထု
အလွယ်တကူ မမြင်နိုင်တဲ့ Soft Infrastructure တွေ တည်ဆောက်ရတာမျိုးတွေ ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင် ခဲ့ရတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှေးကွေးနေတဲ့အချိန်မှာ ထွန်းသစ်စ ဈေးကွက်တစ်ခု အနေနဲ့ ရင်းနှီး မြှုပ်နှံမှု နယ်ပယ်
ကောင်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုး
လာအောင်၊ စိတ်ကူးစိတ်သန်း သာရှိပြီး ငွေကြေး အရင်းအနှီးမရှိလို့ အခက်အခဲ ဖြစ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ အစွမ်းရှိသမျှ လုပ်နိုင်
ကိုင်နိုင်အောင် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးရေး အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားရှိပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်မဟာဗျူဟာရဲ့ အချက်အခြာဖြစ်တဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်
တွေ၊ လယ်သမား အခြေပြုလူမှု အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ နားလည်မှုရှိရှိ ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ
 Farmer Center တွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လယ်သမားတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ တိုးမြှင့်ဖို့
အစီအစဉ်များ ပါရှိပါတယ်။
      လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့လည်း ဒီလွှတ်တော်ကြီးက တိုက်တွန်းတဲ့အတိုင်း ဒုတိယသမ္မတတစ်ဦး ဦးဆောင်ပြီး
ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို လွှတ်တော်သို့ ပေးပို့တင်ပြလျက်ရှိပါတယ်။ ယခင်အစိုးရခေတ် ကာ
လများမှာ အခြေအနေ၊ အချိန်အခါအရ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပေမယ့်လည်း ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေတွေ ပြောင်းလဲ
ခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ လက်ထက်မှာ တရားမျှတမှုအတွက် အသင့်လျော်ဆုံး နည်းလမ်းတွေကို ရှာဖွေ ဖြေရှင်း ပေးလျက်ရှိပါတယ်။
 ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ ကိုယ်ကျိုး စီးပွား ပုံဖော်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြတာတွေကို
လည်း အားလုံး တွေ့မြင် နေရပါတယ်။ ကျွန်တော်တို့မှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်။ သိမ်းဆည်း လယ်ယာမြေတွေ
ကို မူလသိမ်းဆည်းခံ ပြည်သူတွေဆီကို ပြန်လည် လွှဲပြောင်း ပေးရာမှာ ပိုင်ဆိုင်မှု ခိုင်မာစေဖို့အတွက် တည်ဆဲဥပဒေများနဲ့အညီ  အချိန်ယူ
ဆောင်ရွက် ပေးရပါတယ်။ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့  မြို့နယ် အလိုက် မြေအသုံးချမှု စီမံခန့်ခွဲရေး
ကော်မတီရုံးတွေ ဖွင့်လှစ်ပြီး ဖြေရှင်းပေးနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရားမျှတမှု
အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း အလျဉ်းသင့်တုန်း တိုက်တွန်းပြောကြား လိုပါတယ်။
         ပြည်သူများရဲ့ နောက်ထပ်လိုအင်ဆန္ဒ တစ်ရပ်ကတော့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့  ပြည်တွင်း
 ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ပြည်ထောင်စုအဆင့်မှာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့
စည်းခဲ့ပါတယ်။
      ဒီကော်မတီတွေရဲ့အောက်မှာ Myanmar Peace Center ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ၊ အကြိုဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး
အသိပညာပေးမှုတွေ ဖြစ်ပေါ်လာအောင် နည်းပညာနဲ့ အတွေ့ အကြုံကောင်းတွေကို မျှဝေဖော်ဆောင်ပေးလျက် ရှိပါတယ်။ မကြာခင်အချိန်မှာ
 တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးကြဖို့အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်း သား ခေါင်းဆောင်တွေအကြား
သဘော တူညီချက်တွေ ရရှိထားပြီ ဖြစ်ပါတယ်။
      နယ်မြေဒေသ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက် အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ ဘိန်းစိုက်ပျိုးမှုတွေ၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေ
ဆဲပဲဖြစ်ပါတယ်။ လူငယ်အချို့ အနာဂတ်ပျောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူနိုင်မယ့် အကောင်း
ဆုံးအချိန်ကို ကျွန်တော်တို့ ရောက်ရှိ နေပါပြီ။ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အေးချမ်းတည်ငြိမ်ပြီး မျှော်လင့်ချက် ပြည့်ဝတဲ့ လူနေမှု
ဝန်းကျင်သစ်ကို ပူးပေါင်းဖော်ဆောင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။
       ငြိမ်းချမ်းသွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘိန်းအစားထိုး ဝင်ငွေရရှိမယ့် လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း
ဆောင်ရွက်ကြပြီး စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ ပေါ်ထွန်းလာအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဆက်လက်
 ပြီးတော့လည်း ဒီဒေသတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး အခြေခံတွေရရှိစေဖို့ အင်တိုက်
အားတိုက် ဆောင်ရွက်ပေးကြရ မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်
ဟာ မျှော်လင့်ချက် မဲ့သွားနိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့ လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို
မကြာမီကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
    ကျွန်တော်တို့အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုကို လက်တွေ့ကျကျ ကြိုးပမ်းဖော်ဆောင်နိုင် ဖို့ ကြိုးစား
နေပါတယ်။ ဒီနေရာမှာ မရှိမဖြစ် အဓိက လိုအပ်လျက်ရှိတဲ့ အမျိုးသား ပညာရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက် စေတနာ ထက်သန်စွာဖြင့် ပူး
ပေါင်းဆောင်ရွက်ပေးသော ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဝင်များ၊  ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ ပညာရေးနယ်
ပယ်ရှိ ကျွမ်းကျင် ပညာရှင်များနဲ့ ပါဝင်ကူညီကြတဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့
ဒီကနေ့ အစပြုဖော်ဆောင်နေတဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို လွှဲပြောင်းတာဝန် ထမ်းဆောင်မယ့် လူငယ်တွေအနေနဲ့ ဗလငါးတန်ပြည့်စုံစွာနဲ့
နိုင်ငံ့သားကောင်းတွေ ဖြစ်လာရေးဟာ အလွန်ပဲအရေးကြီးပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ယုံယုံကြည်ကြည် လွှဲအပ်နိုင်တဲ့
ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြရမှာ  ဖြစ်ပါတယ်။
           မကြာမီက ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေဟာ
 ဆုတံဆိပ်ပေါင်း (၂၃၃) ခု ရယူ ပေးခဲ့ ပါတယ်။ အလားတူ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း ဆုတံဆိပ် (၉၆) ခု ရယူပေးခဲ့
ပါတယ်။ ဒီလူငယ်တွေ လျှောက်သင့်တဲ့ ချောမွေ့တဲ့ လမ်းကြောင်းအမှန်ကို ကျွန်တော်တို့ ခင်းပေးကြရ ပါမယ်။ ကျောင်းသားတွေရဲ့ အရေး
အရာကိစ္စတွေကို ကျောင်းသားတွေ ကိုယ်တိုင် မြှင့်တင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ စီမံလေ့ကျင့် ပေးကြရပါမယ်။
        ကျွန်တော်တို့ ကျောင်းသားလူငယ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမှာ ဖြစ်ပါတယ်။ အာဆီယံလူငယ်တွေနဲ့ ကူးလူးဆက်
သွယ် နှီးနှောဖလှယ်ပြီး အာဆီယံ လူငယ် ဖိုရမ်တွေကို ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။ Youth Center ကိုလည်း ရန်ကုန်မှာ ဖွဲ့စည်း တည်
ထောင်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
    ကျွန်တော်တို့ ဒီကနေ့ ဖော်ဆောင်နေတဲ့ ပြည်သူလူထုဗဟိုပြု စီမံခန့်ခွဲမှုတွေဟာ ဒီကနေ့ဆိုရင် အသီးအပွင့်တွေ စတင် ခံစားနေကြရပါပြီ။
 ဒီလွှတ်တော်ကြီးမှာ ဆွေးနွေး ညှိနှိုင်း ခွင့်ပြုပေးခဲ့လို့ နှစ်စဉ် (၂) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်တွေဟာ ဒီကနေ့ ဒီ
အချိန်မှာ ပြည်သူတွေအကြားကို ပျံ့နှံ့သွားခဲ့ပြီး ထိထိရောက်ရောက် အကျိုးပြု နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု
လက်လှမ်းမမီတဲ့ ဒေသတွေကို အလေးထားပြီး စောင့်ရှောက်မှု မြှင့်တင်သွားကြဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဝေးလံတဲ့ ကျေးလက်ဒေသများနဲ့
မြို့ပြဆင်ခြေဖုံးဒေသများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေဖို့ ရည်ရွယ်ပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိတဲ့ နိုင်ငံ့
ဝန်ထမ်းဟောင်းများ၊ အရပ်သား ပညာရှင်များဖြင့် ပါဝင် ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့
စည်း တာဝန်ပေးဆောင်ရွက်လျက် ရှိပါတယ်။
       ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အမှန်တကယ် စေတနာပါပါနဲ့ ဆောင်ရွက်တဲ့အခါမှာ ထိရောက်အောင်မြင်တာ
တွေ့ရှိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာကို တိုင်းတာတဲ့ တစ်မျိုးသားလုံး ဂျီဒီပီ တိုးတက်မှု နှုန်းထားကို
 ပြန်ကြည့်ရင် (၅) ရာခိုင်နှုန်းအောက်မကျဘဲ ထပ်ဆင့်တိုးတက်နေအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လမ်းကြောင်းမှန်ပေါ်
ရောက်ရှိနေတဲ့ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်တဲ့ အနေနဲ့ ဒုတိယဝန်ကြီးတွေကို ဆပ်ကော်မတီ (၂၇) ခု ဖွဲ့စည်းပေးပြီး လပေါင်း
 (၃ဝ) ရည်မှန်းချက်တွေအတွက် တာဝန်တွေ တိတိကျကျ ပေးအပ်ထားပြီး အောက်ခြေ ပြည်သူတွေကြားအထိ ဆင်းပြီး ဆောင်ရွက်စေလျက်
ရှိပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာလည်း ဗဟိုကနေ စီမံကိန်းရေးဆွဲပြီး လျာထားတဲ့ စနစ်အစား ပြည်သူလူထုဗဟိုပြု ဘတ်
ဂျက်ရေးဆွဲတဲ့စနစ် ဖြစ်လာအောင် ဒီကနေ့ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပါပြီ။ မြို့နယ်အလိုက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ အထောက်အကူပြု
ကော်မတီတွေ၊ မြို့မိမြို့ဖတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြို့နယ်အတွက် လိုအပ်ချက်တွေကို
ဦးစားပေးအလိုက် ခွဲခြား သတ်မှတ်ပြီး ဆောင်ရွက်တဲ့ ဘတ်ဂျက်ရေးဆွဲမှုစနစ်သစ်ကို စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေလိုလား
တဲ့ မြို့နယ်စီမံကိန်းတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ဆောင် ရွက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
              ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ ကျွန်တော်တို့နိုင်ငံကို လုပ်နိုင်ပါ့မလား၊ နောက်ကြောင်း ပြန်လှည့်မှာလားဆိုတဲ့ သံသယ မျက်လုံး
တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စောင့်ကြည့်ခဲ့ကြပါတယ်။ သုံးနှစ်တာခရီးမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ၊ အကျပ်
အတည်းတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းပေါ်က ချော်ထွက် မသွားခဲ့ပါဘူး။ လမ်းကြောင်း
မှန်ပေါ်မှာ ရှေ့သို့ ခရီး ပေါက်အောင် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို လေ့
လာကြည့်ရင် လမ်းကြောင်း သွေဖည်သွားလိုက်တာနဲ့ ပန်းတိုင်နဲ့ အလှမ်း ဝေးကွာခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရှိနိုင်ပါတယ်။ နောက်
ကြောင်း ပြန်မလှည့်ဘဲ ရှေ့သို့ ဆက်လျှောက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကြိုးပမ်းအားထုတ် လျှောက်လှမ်းခဲ့တဲ့ ရလဒ်ကို မြင်တွေ့နေရပြီ
ဖြစ်ပါတယ်။
        ဒီကနေ့ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေသစ်တစ်ရပ်ကို ကျွန်တော်တို့ အားလုံး
ဝိုင်းဝန်းဖန်တီးနိုင်ခဲ့ပါပြီ။ အမြင် မတူမှုတွေ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကြီးမားတဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေး ကျင့်စဉ်ကောင်းတွေ
ကို အရင်းတည်ပြီးတော့ ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း ပုံဖော်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ကို ကျွန်တော်တို့ စတင်နိုင်ခဲ့ပါပြီ။ နိုင်ငံ့
သမိုင်းစဉ် တစ်လျှောက် ပဋိပက္ခများအကြား သံသရာလည်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုဟောင်း ကို ဒီယဉ်ကျေးမှု အသစ်နဲ့ အစားထိုး နေရာယူ
နိုင်အောင် ကျွန်တော်တို့တစ်တွေ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
       ကျွန်တော်တို့နိုင်ငံမှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ အတိတ်က ပါလီမန်အုပ်ချုပ်ရေး စနစ်မျိုးကို ပြန်လည် အသက်သွင်းဖို့ဆိုတာ လိုက်လျော
ညီထွေ မဖြစ်နိုင်တော့ပါဘူး။ အတိတ် သမိုင်းမှာ ဂိုဏ်းဂဏအစွဲတွေ၊ အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပဋိပက္ခတွေကြောင့် ရှည်ကြာတဲ့
 ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နိုင်ငံမတိုးတက်ခဲ့ရတာကို ကျွန်တော်တို့ သင်ခန်းစာ ယူကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ရှင်းလင်း ပြတ်သားစွာနဲ့ လက်တွေ့ကျတဲ့ အဖြေတွေ ရရှိလာအောင် ကျွန်တော်တို့
ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလဆိုတဲ့ သဘောသဘာဝကို နားလည်ထား မယ်ဆိုရင် တင်းပြည့်ကျပ်
ပြည့် ဒီမိုကရေစီစံနှုန်းတွေ ရရှိဖို့ဆိုတာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းမှ ရနိုင်မှာ ဖြစ်တာကို သဘောပေါက်နိုင်ပါတယ်။    
            ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ (၂) နှစ်တာကာလမှာ ကျွန်တော်တို့ လုပ်နိုင်ရင် လုပ်နိုင် သလောက်၊ ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်
သလောက် ပြည်သူတွေ အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရွေးချယ်ရတာဖြစ်သလို ဖြစ်နိုင်ခြေတွေကို လက်
တွေ့လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။
         ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့ နိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်တယ်။ သို့သော်လည်း
ဒီမိုကရေစီ ကျင့်စဉ် ရင့်သန် လာတာနဲ့အမျှ ဒီမိုကရေစီစံနှုန်းနဲ့ တန်ဖိုးများ ပြည့်မီလာစေဖို့အတွက် ရှိပြီး အခြေခံ ဥပဒေ ကို ညှိနှိုင်း ပြင်ဆင်ရေး
ဆွဲကြရမယ်ဆိုတာကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြရာမှာ ပါဝင်သူ များရဲ့ အမျှော်အမြင်ကြီးမားမှု၊ အတွေ့အကြုံ
အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သို့မှသာ
 နိုင်ငံရေး အကျပ်အတည်း တစ်ခုကို ဦးတည်မသွားစေဘဲ မှန်ကန်သော ရွေးချယ်နိုင်မှုနဲ့ အမွေခံ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာ
ဖြစ်ပါတယ်။
            ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် အချုပ်အခြာ အာ
ဏာပိုင်ဆိုင်မှု ခိုင်မြဲပြီး ကိုယ့်စွမ်းအားနဲ့ ရပ်တည်နိုင်ဖို့ ကိစ္စဟာ အထူးပဲအရေးကြီးကြောင်း လတ်တလောဖြစ်စဉ်တွေ၊ သမိုင်း ဖြစ်ရပ်တွေနဲ့ နှိုင်း
ယှဉ်လေ့လာ သိရှိနိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့ အရေးကြီးပါတယ်။
ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်း
အဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို တဖြည်းဖြည်း
ချင်း လျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာ
ဖြစ်ပါတယ်။အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ခွဲဝေအပ်နှင်းထားတဲ့ ဥပဒေပြု စာရင်း
တွေကို မဖြစ်မနေ ပြင်ဆင်ရွှေ့ပြောင်း ပေးရမှာ ဖြစ်သလို တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ တိုးမြင့် ရရှိလာ အောင်လည်း
စီမံပေးကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ
ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာလေ့လာပြီး ရှုထောင့်
စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း (၁၂) မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ
 ဖြစ်ပါတယ်။ ဒီ့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့
နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှုတွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက
 ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း
 စဉ်းစားကြဖို့ အရေးကြီးပါတယ်။
      ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဥပဒေပြု လွှတ်တော်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့နဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး နဲ့ နိုင်ငံဖွံ့ဖြိုး
တိုးတက်ရေးအတွက် ရည်မှန်းချက် အဆင့်ဆင့် ထားရှိ အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အောင်မြင် ခဲ့တာတွေရှိသလို၊ မအောင်မြင်
ခဲ့တာတွေလည်း ရှိပါတယ်။ လုပ်နိုင်တာတွေ ရှိသလို မလုပ်နိုင်တာတွေကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင်ရာမှာ
ပြီးခဲ့တဲ့ အားသာချက် အားနည်းချက်များ အပေါ် သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များရရှိအောင် ဆောင်ရွက်
သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
နိဂုံးချုပ်အနေနဲ့ -
နိုင်ငံတကာက အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံဆိုပြီး ခေါ်ဆိုခဲ့ရာကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံ အဖြစ်
ပြောင်းလဲလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျွန်တော်တို့ အား
လုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းဆိုတာ ရေးပြီးရင် ပြင်လို့မရသလို အတုယူဖွယ် သို့မဟုတ် ဆင်ခြင် သုံးသပ်ဖွယ် မှတ်တမ်းအဖြစ်
ကျန်နေမှာကို သတိပြုရမှာ ဖြစ်ပါတယ်။ သမိုင်းကို လေ့လာပြီး ဒီမိုကရေစီ ထွန်းကားဖို့နဲ့ နိုင်ငံကြီးပွား တိုးတက်ဖို့ အတွက် ဆင်ခြင်
တုံတရားနဲ့ အမြော်အမြင်ကို လက်ကိုင်ပြုလျက် တာဝန်ထမ်းဆောင် ကြရမှာဖြစ်ပါတယ်။
      ကျွန်တော်တို့ နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိ နေပြီဖြစ်တဲ့အတွက်  ဒါကို ကျွန်တော်တို့
တန်ဖိုးထားကြရပါမယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့် အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။
အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိ အတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်ပြီး သင်ခန်း
စာယူကြရပါမယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်တဲ့  ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ညီညွတ်မှန်ကန်စေဖို့ သတိပြု ကြရပါ
မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာ စေလျက် အပြန်အလှန် ထိန်းညှိနိုင်တဲ့အခြေအနေ ရောက်ရှိအောင်
 ဖော်ဆောင်ကြရပါမယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မပျက်စီးစေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။
ဒီလွှတ်တော်ကြီးထဲမှာ ကိုယ်စားလှယ်တွေ ငါးနှစ်တစ်ကြိမ် ပြောင်းလဲသွားမှာ ဖြစ်သလို ကျွန်တော်တို့ အစိုးရဟာလည်း ငါးနှစ်တစ်ကြိမ်
တာဝန်ကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကတော့ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့
တာဝန်ထမ်းဆောင်စဉ် တိုင်းကျိုးပြည်ပြု ဘယ်လောက် စွမ်းဆောင် နိုင်ခဲ့တယ်ဆိုတာ သမိုင်းတင်ခဲ့မှာ ဖြစ်ပါတယ်။ ညင်သာချောမွေ့တဲ့
 ဒီမိုကရေစီ အပြောင်း အလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ဖော်ဆောင်ခဲ့ကြတယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုး နိုင်ဖို့ ကျွန်တော်တို့အားလုံး
 ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
Saturday, March 22, 2014
သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား နိုင်ငံသား မဟုတ်ဟု ပြော
     ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင်
Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို။ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်
 ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့
တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်ထ...င်ပါတယ်။
သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။
ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း
ရောက်မှသာ ဒါကို အသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
             အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး
ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်
ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ် ဆိုတဲ့ မူစလင်တွေကို မေးကြည့်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့က ရခိုင်ပြည်က
လာတဲ့ ရိုဟင်ဂျာလား.. လို့။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ
 နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ်။
Q: Are the So-called Rohingya an ethnic group of Burma?
A: My answer is that So-called Rohingya is not an ethnic concept. Okay, they can stand up and say we are an
ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have
been living in Rakhine for several generations, nobody can deny it. For me, So-called Rohingya is the term, which
is an old word that has been claimed as above all as a political label after the independence of Myanmar. For the
moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh,
 people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when
you ask them, “are you So-called Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine,
we do not take for us the label So-called Rohingya.”
(သမိုင်းလိမ်)ရိုဟင်ဟူသည်မှာ (China ကို တရုတ်ဟု မြန်မာတို့က ခေါ်သကဲ့သို့) ရခိုင်ပြည်ကို ရိုဟင် ဟု ဘင်္ဂလီများက ဘင်္ဂလီဘာ
သာဖြင့် ရှေးခေတ်က ခေါ်ဆိုကြခြင်းသာ ဖြစ်ပြီး ဆင့်ပွား ဝေါဟာရဖြစ်သော ရိုဟင်ဂျာမှာ ရခိုင်ပြည်သားဟု အဓိပ္ပါယ်ရကြောင်း
သိရသည်။ အဆိုပါ ဝေါဟာရမှာ ရခိုင်ပြည်သား သို့မဟုတ် ရခိုင်များနှင့်သာ သက်ဆိုင်ပြီး၊ နောက်ပိုင်းကာလမှသာ ရခိုင်ပြည်သို့
ဘင်္ဂလားမှ ရွှေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂလီများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။ ၁၉၅၀ နောက်ပိုင်းတွင်မှ အဆိုပါ
လူမသိ သူမသိသော ရှေးဟောင်း ဘင်္ဂလီ ဝေါဟာရကို ရခိုင်ပြည်နယ်မှ ဘင်္ဂလီ ပညာတတ်များက နှစ်ပေါက်တစ်ပေါက်ရိုက်ကာ
လှည့်စား အသုံးပြုလိုက်ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျင်လူမျိုးဟူသည့် တိုင်းရင်းသား လူမျိုးသစ် နိုင်ငံရေး ကစားကွက် တစ်ခု ပေါ်ပေါက်
လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Saturday, March 15, 2014
914 နံဘေးတွင် ရိုဟင်ဂျာ ဟု ရေးခွင့်မပြုရန် ကန့်ကွက်ကြဖို့ ဘာကြောင့် လိုအပ်သနည်း ?
● သန်းခေါင်စာရင်း ကောက်ခံကြမည့် လုပ်ထုံးလုပ်နည်းများအတွက် စာရင်းစစ် စာရင်းကောက်လက်စွဲ၏
အပိုဒ်နံပါတ် ၁၅၇ တွင် အောက်ပါအတိုင်း ညွှန်ကြားထားသည်။“ဂဏန်းသင်္ကေတ စာရင်းတွင်မပါသော အခြား
လူမျိုးများအတွက် “914” ကို ရေးသွင်း၍ ဖြေဆိုသည့် လူမျိုးကို ပေးထားသောကွက်လပ်တွင် ရေးသွင်းပါ။
စာရင်းကောက်သည် ဖြေဆိုသူ ပေးသည့် အဖြေအတိုင်း ရေးရန် အရေးကြီးပါသည်။”
● သန်းခေါင်စာရင်းတွင် ရခိုင်လူမျိုးအတွက် ကုဒ်နံပါတ်သည် (701) ဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်(လူမျိုး)အတွက်
ကုဒ်နံပါတ်သည် (910) ဖြစ်သည်။
● 9 ဂဏန်းဖြင့်စသော ကုဒ်နံပါတ် များသည် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတွင် မပါဝင်သည့် လူမျိုးများအတွက်
 ဖြစ်ပြီး၊ 901 (ထိုင်းလူမျိုး) မှ 913 (ဖိလစ်ပိုင်လူမျိုး)အထိ စဉ်ထားသော ထပ်ဆင့်စာရင်းတွင် မပါဝင်သေးသော
လူမျိုးများ (တစ်နည်းအားဖြင့် ဆိုသော် ကျန် “အခြား” လူမျိုးများ) အတွက် ကုဒ်နံပါတ်ကို 914 ဟု သတ်မှတ်ပေး
ထားသည်။ ထို 914 တွင် ရေးသွင်းရမည့် သူများအတွက် ထို 914 ဂဏန်း သုံးလုံး ကုဒ်နံပါတ် နံဘေးတွင် မိမိထည့်
ချင်သည့် လူမျိုးနာမည်ကို ထည့်သွင်းခွင့်ပြုထားသည်။
● သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၂(ခ)တွင် ပြဌာန်းထားသည်မှာ အချက်အလက်များကို မှန်မှန်ကန်ကန် ဖြေဆိုဖြည့်
သွင်းရမည် ဟု ပြဌာန်းထားပါသည်။ ထိုကဲ့သို့ မှန်မှန်ကန်ကန် ဖြည့်သွင်းမည်ဆိုပါက ဘင်္ဂါလီ လူမျိုးများသည် ကုဒ်နံပါတ်
914 နံဘေးတွင် ဘင်္ဂါလီ ဟုသာ ရေးသွင်းရမည် ဖြစ်ပါသည်။
● သို့ရာတွင် စာရင်းစစ် စာရင်းကောက် လက်စွဲ စာအုပ်တွင် ညွှန်ကြားထားသည့်အတိုင်းဆိုပါက ကျူးကျော်ဘင်္ဂါလီများ
အနေဖြင့် လူမျိုး နာမည်လိမ် အား မှတ်တမ်းဝင်စေရန် ရိုဟင်ဂျာ ဟု ထည့်သွင်းလိုပါက ၄င်းတို့၏ သဘောအတိုင်း ထည့်
သွင်းခွင့် ပြုထားပါသည်။
● ယခု ဆန္ဒထုတ်ဖော်ရခြင်းမှာ ကုဒ်နံပါတ် 914 နံဘေးတွင် ၄င်းတို့က ရိုဟင်ဂျာ ဟု ပြောလာလျှင်လည်း လူ့အခွင့်အရေး
အရ ရိုဟင်ဂျာ ဟုပင် ရေးသွင်းခွင့် ရှိသည် ဟု စီစဉ်ထားခြင်းကို ကန့်ကွက် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ပါသည်။
● သန်းခေါင်စာရင်းတွင် ဘင်္ဂါလီဟု ရေးသည်ဖြစ်စေ ရိုဟင်ဂျာ ဟုရေးသည်ဖြစ်စေ တိုင်းရင်းသား/ နိုင်ငံသား ဖြစ်သွားမည်
မဟုတ်သည်ကို ရခိုင်လူမျိုးများက ရှင်းလင်းစွာ သိရှိသည်။ သို့သော်လည်း ရိုဟင်ဂျာ ဟု မှတ်တမ်းဝင်သွားသည်ကို
အကြောင့်ပြုကာ မအပ်မရာ အခွင့်အရေးများ တစ်ဆင့်ပြီး တစ်ဆင့်တက် တောင်းဆိုခြင်း ရယူခြင်း ပြုလာမည်ကို ပြည်
ထောင်စုသားများအားလုံး ကိုယ်စား ရခိုင်လူမျိုးများက ကြီးစွာ စိုးရိမ်ကြခြင်း ဖြစ်ပါသည်။
● ၁၉၅၂-ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတစ်ခု၌ ထိုခိုးဝင်ဘင်္ဂါလီများကို ရိုဟင်ဂျာ ဟု လွယ်လင့်တကူ ခေါ်ဝေါ်
သုံးစွဲခဲ့သည်ကို ခိုးဝင်ဘင်္ဂါလီများက ယနေ့ထက်တိုင် ရည်ညွှန်းကိုးကား တောင်းဆိုနေသည်ကို သင်ခန်းစာ အဖြစ်
မှတ်ယူသင့်ပါသည်။
● ရခိုင်ပြည်နယ်ထဲတွင် တရားမ၀င် ဘင်္ဂါလီများ များစွာဖောင်းပွလျက်ရှိသည်။ နိုင်ငံတကာတွင်လည်း အခွင့်ရလျှင်
ရိုဟင်ဂျာ ဟု အမည်ခံကာ မြန်မာနိုင်ငံထဲသို့ တိုးဝင်လာရန် စောင့်နေကြသော ဘင်္ဂါလီများရှိနေသည်။
● သို့ရာတွင် ရခိုင်ပြည်တွင် ရိုဟင်ဂျာ ဟူ၍ မရှိ။ သန်းခေါင်စာရင်းသည် ရခိုင်ပြည်တွင် ရိုဟင်ဂျာလူမျိုး ရှိသည် ဆိုသော
 သက်သေခံ လုံးဝ (လုံးဝ) မဖြစ်စေရ။
● ရခိုင်ပြည်တွင် ရိုဟင်ဂျာ မရှိဟု ပြောခြင်းသည် ရခိုင့် လူ့အခွင့်အရေး ဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မီတီ
(စစ်တွေ)
Wednesday, March 12, 2014
ထူးဆန်းလေသောကြောက်မက်ဖွယ်ရာ.. Bermuda Triangle ( ဘာမြူဒါ တြိဂံ)
  MH370 ထူးဆန်းစွာ ပျောက်ဆုံးနေမှူအပေါ် ဦးတည်ပြီး စိတ်ဝင်စားဖွယ်ရာ  Bermuda Triangle ( ဘာမြူဒါ တြိဂံ)
အကြောင်းနှင် ပုံရိပ်များကို စာဖတ်ပရိတ်သတ်များသို့ ပို့ပေးလိုက်ပါတယ်
Bermuda Triangle တည်နေရာ
 1 ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက်
Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ
ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြား
တဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic
သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ
 အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး
လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ
ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean
ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။
 History
2 ။ ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်
ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
 နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့
ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်း
ပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများ
တဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida
ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်
ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း
 ၁၃ယောက် ပါဝင်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွား
ခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အ
လိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်
ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။
Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)
Compass variations
3 ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ လူတွေထင်မြင်ချက်နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။
ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက်အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်းဆိုတဲ့ ဖော်ပြချက်ပါ။ ဒီသံလိုက်အိမ်မြောင်နဲ့
ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ သံလိုက်ဓာတ်တွေဟာ
သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေစပြီး ပြောင်းလဲတတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိ
သေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝအားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။
 တခါတလေ တြိဂံကြီးတစ်ခုအဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။
Deliberate acts of destruction
4 Deliberate acts of destruction ဆိုတဲ့ ဖော်ပြချက်မှာတော့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက စစ်မက်တွေကြောင့် ဖြစ်ပွားမူနဲ့
ပင်လယ်ဓားပြ တိုက်ခိုက်ခံရခြင်း ဆိုတာတွေပါ။ မြောက်များစွာသော ရေတပ်သဘောင်္တွေ နစ်မြုပ်သွားမှု ဖြစ်စဉ်တွေကို စစ်မက်ဖြစ်ပွားနေစဉ်
မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ မကျန်ခဲ့တဲ့ ထူးခြားစွာနစ်မြုပ် ပျောက်ကွယ်သွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါ
တယ်။ ဥပမာ ၁၉၁၈ ခုနှစ်မှာ USS Cyclops လို့ ခေါ်တဲ့ စစ်သဘောင်္နဲ့ သူရဲ့ အမျိုးအစားတူတဲ့ သဘောင်္တွေဖြစ်တဲ့ Proteus နဲ့ Nereus သဘောင်္
တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ ပင်လယ်ရေအောက်ကို နစ်မြုပ်ခဲ့တယ်လို့သာ သိခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက်တွေတော့
 ဘယ်မှတ်တမ်းတွေမှာမှ မတွေ့ရ နိုင်ပါဘူး။
      နောက်တစ်ချက်က ပင်လယ်ဓားပြ တိုက်ခိုက်ခြင်းပါ်။ ဒီနေ့ဒီအချိန်ထိ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သဘောင်္တွေကို တားဆီး လုယှက်
မှုတွေဟာ ဖြစ်ပေါ်နေတုန်းပါ။ များသောအားဖြင့် ကုန်တင်သဘောင်္တွေကို ဓားမြတိုက်မှုဟာ များပါတယ်။ ဇိမ်ခံသဘောင်္တွေကိုလည်း တိုက်ခိုက်
လေ့ရှိတယ်။ အများအားဖြစ်တော့ မူးယစ်ဆေး မှောင်ခိုထုတ်လုပ်တဲ့ သူတွေက မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းဖို့အတွက် ဇိမ်ခံသဘောင်္တွေကို
 ဓားမြတိုက်လေ့ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲ့ဒီ Bermuda Triangle မှာ နစ်မြုပ်သွားတဲ့ သဘောင်္တွေ ပင်လယ်ဓားမြတွေကြောင့်လည်း ဖြစ်နိုင်
ပါတယ်။
 Gulf Stream
နောက်ထပ် အချက်လေးတစ်ချက်ကတော့ ပင်လယ်ရေစီးကြောင်းလို့ ပြောနိုင်ပါတယ်။ များသောအားဖြစ် Mexico ပင်လယ်ကွေ့ကနေ Straits of
Florida ကို ဖြတ်ပြီး North Atlantic ထိ စီးဆင်းလေ့ရှိတဲ့ ပင်လယ်ရေစီးကြောင်း တွေကြောင့်လည်း နစ်မြုပ်မှူဖြစ်စဉ်တွေဟာ ဖြစ်ပေါ်လေ့ရှိပါတယ်။
ဘာကြောင့်လည်းဆိုတော့ သမုဒ္ဒရာထဲမှာပဲ စီးဆင်းနေတဲ့ ပင်လယ်တွေလည်း ရှိတယ်လေ။ ပင်လယ်လိုမျိုး သူ့ရေစီးကြောင်းနဲ့သူ စီးနေကြတာ။
 အဲဒီ ပင်လယ်တွေက ရေပေါ်မှာ မျှောနေတဲ့အရာတွေကို ဆွဲခေါ်သွားလေ့ရှိတယ်။ ပုံမုန်အားဖြင့်က တစ်စက္ကန့် ကို ၂.၅ မီတာ လောက်ကို အရှိန်
နှူန်းမြန်မြန်နဲ့ စီးဆင်းနေလေ့ ရှိတယ်လေ။ ဒါကြောင့်လည်း ရေပေါ်မှာ ခဏ ရပ်နားတတ်တဲ့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် စက်ချွတ်ယွင်းမှုရှိတဲ့
သဘောင်္တွေ အတွက်ကတော့ အဲဒီ ရေစီးကြောင်းတွေက အလွယ်တကူ ဆွဲယူနစ်မြုပ်လိုက်နိုင်ပါတယ်။
 Human Error
5 နောက်တစ်ချက်ကတော့ အဖြစ်အများဆုံး လူသားတွေနဲ့ ပတ်သတ်တဲ့ အမှားအယွင်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမှားနဲ့ မကင်းဘူးဆိုတဲ့
လူသားတွေရဲ့ ချွတ်ယွင်းချက်တွေကြောင့် ဆုံးရူံးမူတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၇၂ မှာ ဖြစ်ပွားခဲ့တဲ့ Tanker SS VA
Fogg နစ်မြုပ်မှူမှာ Benezne လို့ခေါ်တဲ့ ဓာတုအနည်တွေကို ကောင်းမွန်စွာ မသန့်စင်နိုင်တဲ့အတွက်ကြောင့်၊ ကောင်းမွန်စွာ သန့်စင်ဖို့ လေ့လာမူ
အားနည်းချက်တွေကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ခေါင်းမာ အရဲစွန့်မူတွေကြောင့် စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Harvey
Conover ဟာ သူ့ရဲ့ အပျော်စီး ရွက်လှေကို ဆုံးရူံးလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၁၉၅၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ Florida တောင်
ပိုင်းမှာ မုန်တိုင်းဖြစ်နေတဲ့ ကြားကခေါင်းမာပြီး အရဲစွန့် ရွက်လွင့်ခဲ့ရာကနေ အခုလို ဆုံးရူံးမှုတွေနဲ့ ကြုံရတာပါ။
Hurricanes
6 ဟာရီကိန်းလို့ ဆိုတာနဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းဆိုတာ လူတွေသိပြီးသား ဖြစ်မှာပါ။ အပူပိုင်း ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဟာရီကိန်းတွေ
ကြောင့် မြောက်များစွာသော လူ့အသက်တွေနဲ့ ဆုံးရုံးမှုတွေဟာ ဖြစ်ပွားလေ့ရှိပါတယ်။ အတိတ်မှာကော ခုချိန်ထိပါ မလွန်ဆန်နိုင်တဲ့ သဘာဝတရားရဲ့
ကြောက်မက်ဖွယ် ပြောင်းလဲမှုတွေဟာ လူသားတွေရဲ့ ဘ၀များစွာကို တခဏအတွင်းမှာ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ ၁၅၀၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့
စပိန်သဘောင်္ Francisco de Bobadilla ရဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် နစ်မြုပ်မှုဟာ ပထမဦးဆုံး Bermuda ဒေသမှာ မှတ်တမ်းတင်ရတဲ့ မုန်တိုင်း
ကြောင့် နစ်မြုပ်မှုပါ။
Methane Hydrates
7 နောက်တစ်ချက်က မြောက်များလှစွာသော နစ်မြုပ် ပျောက်ကွယ်မှုတွေ အဓိကကျ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ Methane
Hydrates တွေ တည်ရှိနေမှုပါ။ Australia နိုင်ငံက သုတေသန ပြုချက်အရ Methane ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မြောက်များလှစွာသော
ရေပွက် ( bubbles ) တွေဟာ ရေရဲ့ သိပ်သည်းဆကို လျော့နဲစေခြင်းအားဖြင့် သဘောင်္တွေကို နစ်မြုပ်နိုင်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဖြစ်ပေါ်ရတဲ့ အကြောင်းအရာက mud volcanoes လို့ ခေါ်လေ့ရှိတဲ့ Methane Eruptions တွေဟာ ရေမျက်နှာပြင် ကို အမြုပ်တွေထ ရေပွက်တွေ
 ဖြစ်ပေါ်လာစေနိုင်ပြီ သဘောင်္တွေအတွက် ရေပြင်ပေါ်နိုင် စွမ်းအားကို လျော့နဲလာစေနိုင်ပြီး နစ်မြုပ်သွားစေနိုင်တာပါ။ USGS လို့ခေါ်တဲ့ United
States Geological Survey Agency က ဖော်ပြချက် တစ်ခုမှာတော့ ကမ္ဘာရေပြင်ရဲ့ အောက်ခြေမှာ မြောက်များလှစွာတဲ့ Methane ဓာတ်ငွေ့တွေ
 ရှိနေပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ထပ်ဖော်ပြချက် တစ်ခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စပြီးကြီး
မားတဲ့ ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ Bermuda ဒေသမှာ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
Rogue Waves
7 နောက်ဆုံး အချက်ကတော့  Rogue Waves လို့ခေါ်ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းတွေကြောင့်ပါတဲ့။ အများကလည်း Killer Waves,
 monster waves, Extrem waves, abnormal waves စသဖြင့် ခေါ်လေ့ရှိတဲ့ လှိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောက်ဆို Bermuda Triangle
 မှာ ဘာကြောင့် ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေလည်းဆိုတာ အကြမ်းပျင်းအားဖြင့် သိရှိသွားပြီလို့ ထင်ပါတယ်.။
မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များ
Flight 19
8 Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ
 ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
USS Cyclops
8 ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။
၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့ Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး
တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။
Star Tiger and Star Ariel
9ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE
Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁
ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည်
၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ်
 ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။
Douglas DC-3
10 / 1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို
ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့
လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့်
လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။
MYMC မှ.. တဆင့် ကူးယူဖော်ပြပါသည်...
Twitter Delicious Facebook Digg Stumbleupon Favorites More