မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Friday, November 18, 2016

ဟစ်တလာ Adolf Hitler


Born ၁၈၈၉ ဧပြီ ၂၀
ဩစတြီးယား
Died ၁၉၄၅ ဧပြီ ၃၀
ဘာလင်၊ ဂျာမနီ
ကြင်ဖော် = Eva Braun
နာမည်အပြည့်အစုံမှာ"အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင် ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။ သူ၏မွေးရပ်မြေမှ ဂျာမဏီနိုင်ငံသို့ ကူးပြောင်းနေထိုင်ခဲ့ပြီး ဂျာမဏီနိုင်ငံရေးလှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသား ဆိုရှယ်လစ် အလုပ်သမားများ ပါတီ (NSDAP) ၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။
၁၉၃၃ ခုနှစ်မှစ၍ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည် ၁၉၄၅ ခုနှစ်အထိ သူ့ ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့  ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်းသိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့ တွင် သူနေထိုင်ရာ ဘာလင်မြို့ နန်းတော်တွင်း၌ သူ့ ကိုယ်သူပင်အဆုံးစီရင်ခဲ့သည်။
ဟစ်တလာနှင့် နာဇီဝါဒ
ဟစ်တလာ၏ ဦးဆောင်မှု အောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမဏီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ "တတိယ ဂျာမဏီ နိုင်ငံတော်" ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီး စေပြီး နာဇီ အကျဉ်း စခန်းများသို့ပို့ဆောင် ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက် သတ်ဖြတ်လိုက်ကြသည်။
ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော "ဂျူး" လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြားတိုင်းရင်းသားများ အပါအဝင် အခြားသော လူ့ အဖွဲ့ အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။
နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများအပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။ ထိုအထဲတွင် ဂျူးလူမျိုးခြောက်သန်းသည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။
အတ္ထုပ္ပတ္တိ
ဟစ်တလာ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကြည့်လျှင် အလွန်အမင်း ခြားနားကွာဟနေသော ဘဝအစိတ်အပိုင်းနှစ်ခုကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနေပေသည်။ သူ၏ အသက် ၃၀ အရွယ်ရောက်သည့်တိုင်အောင် ဟစ်တလာသည် အများနည်းတူ ဘဝအောင်မြင်မှုကို မရရှိနိုင်ခဲ့။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ တတ်ကျွမ်းထားခြင်းလည်းမရှိ၊ မည်သည့် လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းများကိုမှလည်း ထိထိရောက်ရောက် မရှိခဲ့သူ ဖြစ်ရာ သူ၏ဘဝတိုးတက်ကြီးပွားရေးသည်လည်း နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ဟစ်တလာ ငယ်စဉ်က
ထို့ နောက်တွင်တော့ ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းတွင်ပင် ဂျာမဏီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက ဥရောပနိုင်ငံအတော်များများကိုလည်း သူ၏လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။
နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် "ပဟေဠိ" တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် "ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး" လို့ ဟစ်တလာက သူ့  ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။
အားဒေါ့လ်ဖ်ဟစ်တလာ့ကို အကောက်ခွန်အရာရှိ အားလွိုက်စ် ဟစ်တလာ နှင့် ဇနီးဖြစ်သူ ကလာရာ တို့ မှ သြစတြီးယားပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နှုတ်ထွက်ခဲ့သည်။ ဗင်းန် မြို့ တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့  မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP)ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် အမျိုးသာ ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့သည်။
ပထမ ကမ္ဘာစစ်အတွင်းက ဟစ်တလာ
သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့ က သူ့ ကို စင်ပေါ်သို့ လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့ အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။
ဟစ်တလာ၏ လက်ရေးမူ
၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့ သည် မြူနစ်မြို့ တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့်  ချမှတ်ခဲ့သည်။ သို့ သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော "ကျွန်ုပ်၏စွန့် စားခန်းများ" (Mein Kampf) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် ဂျူးလူမျိုးသုတ်သင်ရေး နှင့် အရှေ့ ပိုင်းနိုင်ငံများသို့  နယ်မြေများ တိုးချဲ့ ရေးစသည်တို့ ပါဝင်သည်။
အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော် အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့် သူသည် ၁၉၃၃ ခု ဇန္နဝါရီလ ၃၀ ရက်နေ့ တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့တော့သည်။
ဟစ်တလာ အာဏာရလာပုံ
အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ဝင်ရောက်လာချိန် ကတည်းကပင် ဂျာမဏီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်းမရှိပေ။ သို့ သော် နိုင်ငံတော်အာဏာကို သူ့ ၏လက်ဝယ်သို့  လျှင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့် ရှည်ကြာစွာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက်ကိုမူ ဒီမိုကရေစီလမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့ လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။
အုပ်ချုပ်ရေးအာဏာကို အရယူခြင်း
၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တွင် ဂျာမဏီနိုင်ငံ ပြည်သူ့ လွတ်တော်အဆောက်အဦီကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိ နိုင်ငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။
"နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ" ဟုခေါ်သည့် ၄င်းဥပဒေကြောင့် တရားဝင်ထုပ်ပြန်ထားသည့် နိုင်ငံသားတို့ ၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့် အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။ ထိုအစည်းအဝေးကျင်းပသည် ၂၈ ရက်နေ့  ညနေတွင် ဟစ်တလာသည် သူ၏အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက် များကို သူ၏အမိန့် ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။
ဥပဒေပြုအာဏာကို အရယူခြင်း
၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့ တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုဥပဒေကို "နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ" ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့် ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုသလို မွှေနှောက်အသုံးချနိုင်သူ ဖြစ်သွားသည်။
ထို့ ထက်ဆိုးသည်မှာ အဆိုပါ အမိန့် အရ ပြည်သူ့ လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရ သွားလေ တော့သည်။ ဤနည်းဖြင့်ပင် ဂျာမဏီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့၏။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေးအတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများ ကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင် တည်ဆောက်လေတော့သည်။
တရားစီရင်မိန့် အာဏာကို အရယူခြင်း
နိုင်ငံရေးသမားများကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး တော်လှန်ပုန်ကန်သူများကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်ဖြင့် ကြိုးကိုင်ထိန်းချုပ်ထားနိုင်ခဲ့သည့်အချိန်တွင် အာဏာရှင်စနစ်ဆိုးကြီးသည်လည်း အရှိန်တဟုမ်းဟုမ်းဖြင့် လောင်ကြွမ်းနေလေပြီ။ ၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် "Roehm" ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ်တစ်ခုသို့ ထပ်မံ တွန်းပို့ လိုက်သည်နှင့် တူနေလေတော့သည်။
SS စစ်တပ်နှင့် ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် "Ernst Roehm" အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။ ၁၉၃၃ ဇူလိုင် ၃ ရက်နေ့ တွင် ထုတ်ပြန် သော ဥပဒေအသစ်မှ ၏လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ှSA စစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏တိုက်ရိုက်ဦးဆောင်မှု့ ဖြင့် အာဏာရှင်လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။
ဤသို့ သော တရားဝင်နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမဏီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့်အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့  ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။
Credit - Tin Maung Hlaing

https://www.facebook.com/maungsssk/posts/1112288638902218:0

မော်စီတုန်း


၁၈၉၃ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ မော်စီတုန်းဘ၀အကျဉ်း ….
မော်စီတုန်းကို ၁၈၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဟူနန်နယ် ရှောက်ရှန်း တောင်ကြားက ရွာလေးတစ်ရွာ
ဖြစ်သည့် ရှောက်ရှန်း ရွာကလေး၌ မွေးဖွားသည်။
မော်စီတုန်း နေအိမ်သည် ယနေ့ခေတ် တရုတ်ပြည်၏ ပြတိုက်
တစ်ခုဖြစ်သည်။
မော်၏ အဖေသည် ကျောင်းကောင်းကောင်း မနေခဲ့ရ။ အသက် (၁၆)နှစ် ရောက်သည့်အခါတွင်
သူ့အဖေ (မော် အဖိုး)၏ အကြွေးများကိုဆပ်ရန် တရုတ်ဘုရင် စစ်တပ်ထဲသို့ လိုက်သွားရသည်။
မော်၏ အဖေသည် လမ်းလျှောက်သော ကလေးအရွယ် ကျော်သည်နှင့် သားတွေကို လယ်ထဲဆင်း၍ အလုပ်လုပ်ခိုင်းသည်။ ကောက်ရိတ်ချိန်ကို တွေးပြီး အိပ်မပျော်တတ်သူ ဖြစ်သည်။
အသုံးအဖြုန်းကြီးလျှင်ပျင်းရိလျှင် အိမ်တွင် ဆူပူကြိမ်းမောင်းတတ်သည်။ မော်စီတုန်းသည်
ချမ်းသာသည့် လယ်သမားတစ်ယောက်၏ သားအဖြစ် ကြီးပြင်းလာရခြင်းမဟုတ်။
ငတ်ပြတ် ချို့တဲ့နေသည့် ဆင်းရဲသား လယ်သမားသားတစ်ယောက်အနေဖြင့် ကြီးပြင်းလာခြင်း ဖြစ်သည်။
အသက် (၁၆)နှစ်အရွယ်၌ မော်သည် တစ်လကို ကြက်ဥတစ်လုံးသာ စားရသည်။
အသားကို တစ်နှစ်မှ သုံးလေးကြိမ်သာ မြင်ရသည်။
အသက် (၇)နှစ်တွင် မော်သည် နန်အန် မူလတန်းကျောင်းတွင် ကျောင်းတက်ရသည်။
ကျောင်းဆရာမှာ ရှေးဆရာပုံစံဖြစ်သည်။ ကလေးတွေကိုအရိုက်ကြမ်းသဖြင့် တော်သည်ဟု
ရွာနီးချုပ်စပ်က ချီးမွမ်းခံရသူ ဖြစ်သည်။ ထိုခေတ်က ကျောင်းအပ်ထားသည့် ကလေးကို ပြင်းပြင်းထန်ထန်
ဆုံးမခြင်းမျိုး မရှိလျှင် ဆရာကောင်းပီသသည်ဟု မထင်ကြ။ ကျောင်းသားက စာအံလျှင် အတန်းထဲမှထွက်၍ ဆရာ့ရှေ့တွင် မတ်တတ်ထ လက်ပိုက်ပြီး စာအံရသည်။ မော်က ထိုသို့စာမအံနိုင်ဟု ညည်းသည်။
“ကျွန်တော်ထိုင်နေရင်း စာအံရင်လည်း ကြားရသားဘဲ၊ ဘာဖြစ်လို့ ထပြီးစာအံရမှာလဲ”
ဟုဆိုကာ မော်က ထိုင်ရင်း စာအံသည်။ ဆရာက မျက်နှာကြီး နီလာကာစိတ်ဆိုးသည်။
ဤထုံးစံကို တရုတ်ပြည်တွင် ကျင့်သုံးလာသည်မှာ အနှစ်တစ်ထောင်ရှိပြီ။ အနှစ်တစ်ထောင်အတွင်း
ဤထုံးစံကို အံတုသူဟူ၍တစ်ယောက်မျှ မပေါ်သေး။ ဆရာက (၇)နှစ်သား မော်ကို မတ်တတ်ရပ်
၍ စာအံရမည်ဟု အကျပ်ကိုင်သည်။
ထိုအခါတွင် မော်က သူ့ထိုင်ခုံကိုဆရာ့အနီးသို့ ရွေ့လာပြီး ထိုင်၍စာအံသည်။ ဆရာက မတ်တတ်ရပ်ရ
မည်ဟုဆိုသည်။ မော်သည် မတ်တတ်တော့ ထရပ်ပါသည်။ သို့ရာတွင်စာအံရန် ရပ်ခြင်းမဟုတ်။
ကျောင်းခန်းထဲမှ ထွက်သွားရန် ရပ်ခြင်းသာဖြစ်သည်။ မော်သည် တောင်ရိုးပေါ်သို့ တက်ကာ သုံးရက်လောက်
ပျောက်နေသည်။ မော်ကို ပြန်တွေ့သည့်အခါတွင် မိဘတွေ ၀မ်းသာမဆုံးဖြစ်ကြသည်။ ထိုကတည်းက
မ်ာသည် ကျောင်းတွင် အရိုက်မခံရတော့။ “ကျုပ် ကန့်ကွက်ချက် အောင်တော့ ကျုပ်သိပ်ဝမ်းသာ
တာဘဲ၊ အောင်မြင်တဲ့ သပိတ်လို့ ဆိုရမှာပေါ့” ဟု မော်က ပြောသည်။
မော်အမေသည် အဖေထက်အသက်ကြီးသည်။ မော့်အမေသည်၁၉၁၈ခုနှစ်၊ အောက်တိုဘာလထဲတွင်
ချောင်းဆိုးသွေးပါ ရောဂါဖြင့်ဆုံးခဲ့သည်။
မော်က သူ့သဘောတူညီချက်မပါဘဲ အိမ်ထောင်မပြုချင်။ သို့ရာတွင်အဖေက အတင်းစီစဉ်ကာ
၁၉၀၈ ခုနှစ်တွင် သူ့ကို အိမ်ထောင်ပြုလိုက်သည်။ မော်က ထိုမိန်းကလေးကို လက်မခံ။
အကြင်လင်မယားအဖြစ်နေထိုင်ခြင်းမပြု။ မိန်းကလေးဘက်မှ ကြည့်လျှင် ဤကိစ္စသည် ရှက်စရာ
ဖြစ်သည်။ ယောက်ျားလေးက မယူဟု အငြင်းခံရသဖြင့် မိန်းကလေးနာမည်ပျက်ရသည်။
ထို့ကြောင့် ယနေ့အထိ ထိုမိန်းကလေးသည်မည်သူမည်ဝါဖြစ်ကြောင်း ရှောက်ရှန်းကလူများက ထုတ်မပြောကြ။
သူက စာဖတ်တတ် ရေးတတ်သည်။ စစ်သားအများစုက သေစာရှင်စာကိုမျှ ရေးတတ်သည် မဟုတ်။
သူ့ကို သူ့အပေါင်းအဖော်များက လေးစားကြသည်။ သူတို့အတွက် စာရေးပေးသည်။ သတင်းစာဖတ်ပြသည်။
(မော်သည် တစ်လကို ၇ ဒေါ်လာရသည့်အနက် အစားအသောက်အတွက်
၂ ဒေါ်လာသာကုန်၍ ကျန်ငွေကိုမူ သတင်းစာဝယ်သည်။) မော်သည်
စစ်သားတွေကြားထဲ ရောက်သည့်အခါတွင် “လူတန်းစား” ခြားနားမှု၏ သဘောကို ပို၍ မြင်လာသည်။
သူ ဆယ်နှစ်မပြည့်မှီ တရုတ် ဂန္တ၀င်များကို ဖတ်ဘူးပြီ။ ၁၃ နှစ်သားတွင် လက်နက်ကိုင် ပုန်ကန်မှုကြီးနှစ်ခုနှင့်
အုံကြွမှုကြီး တစ်ခုကိုတွေ့ခဲ့ဘူးပြီ။ ၁၆ နှစ်သားတွင် ကျောင်းပြန်သွားရပြီး ၁၇ နှစ်သား
တွင် ငါးလလောက် စစ်သား လုပ်ခဲ့ဘူးသည်။ (၁၉၁၁ ခုနှစ်၊ အောက်
တိုဘာလမှ ၁၉၁၂ ခုနှစ်၊ ဖေဖ်ါဝါရီလ အထိ)
မော်သည် ၁၉၁၁ ခုနှစ် တော်လှန်ရေးထဲတွင် ပါဝင်ရင်း “ဆီယန်မြစ်နေ့စဉ်သတင်းစာ” ဆိုသည့်
သတင်းစာ တစ်စောင်တွင် “ဆိုရှယ်လစ်”ဆိုသည့် စကားလုံးကို ပထမဆုံးသွားတွေ့သည်။
မော်စီတုန်းသည် ချန်ရှား နော်မန် ဆရာဖြစ်သင်တန်းတွင် ငါးနှစ်ကြာသည်။
၁၉၁၃ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိဖြစ်သည်။ ထိုငါးနှစ်အတွင်း
မော်၏ နိုင်ငံရေး အယူအဆသည် ပီပြင်၍လာသည်။ မော်သည်
ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။
၁၉၁၇ ခုနှစ်၌ စစ်ဘုရင် ဆန့်ကျင်သည့် ကျောင်းသားကာကွယ်ရေးတပ်များ ဖွဲ့သောအခါတွင် မော်သည်
ဆရာဖြစ်သင်ကျောင်း တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့နောက်မကြာမှီ စစ်ဘုရင်ဖူလျှံဆို
၏ တပ်များက ဆရာဖြစ်သင်ကျောင်း အဆောင်များကို သိမ်းလိုက်သည်။
မော်သည် အနီးရှိ ပုလိပ်ဋ္ဌာနတစ်ခုသို့သွားကာ ပုလိပ်များနှင့် စကားပြောသည်။
ရင်းနှီးအောင်လုပ်သည်။ ၎င်းတို့၏ အကူအညီဖြင့် ပုလိပ်ဋ္ဌာနမှ ရိုင်ဖယ်အစစ်များနှင့် အတုများကို ဌားခဲ့သည်။
ညအချိန်၌ မော်နှင့် သူ့ရဲဘော် ကျောင်းသားများသည် ကျောင်းခန်းများပေါ်သို့တက်နေသည့် စစ်တပ်များကို ညာသံပေး၍ ၀ိုင်းသည်။လက်နက်အချခိုင်းသည်။ စစ်ဘုရင်၏ စစ်သားများသည် မြေမကိုင်မိလက်မကိုင်မိဖြစ်ကာ လက်နက်ချအညံ့ခံကြသည်။ ဤသို့ဖြင့် ကျောင်းသား ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်များရလိုက်ကြသည်။
ဤသည်မှာ မော်၏ ပထမဆုံးသော လျှပ်တပြက်ပြောက်ကျားတိုက်ပွဲအတွေ့အကြုံဖြစ်သည်။ ထိုကတည်းက မော်သည် စစ်သိပ္ပံပညာကိုလေ့လာခဲ့သည်။
၁၉၁၇ ခုနှစ် နွေရာသီတွင် မော်စီတုန်းသည် ဟိုရှုဟင်း (၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တစ်ဦးဖြစ်၍
၁၉၃၅ ခုနှစ်တွင် ချန်ကေရှိတ်၏ အသတ်ခံရသည်။) နှင့်အတူ ပြည်သူ့ဘ၀ လေ့လာရေးသစ်အဖွဲ့ကို
တည်ထောင်သည်။
၁၉၁၈ ခုနှစ်အလွန်တွင် လီတာချို (Li Dazhao) ခေါင်းဆောင်ဖွဲ့စည်းသည့် မတ်ဝါဒ (Marxism)
လေ့လာရေး အဖွဲ့ထဲသို့ ၀င်သည်။မော်သည် ပါမောက္ခ ယန်ချန်ချိ၏သမီး ယန်ခိုင်ဟွီးနှင့် ကြိုက်ကြသည်။
၁၉၁၉ ခုနှစ် ဧပြီလ၌ မော်စီတုန်းသည် ရှန်ဟဲဆိပ်ကမ်းတွင် ပြင်သစ်ပြည်သွား သူ့မိတ်ဆွေများကို သွားရောက် နှုတ်ဆက်ခဲ့ပြီးနောက် ချန်ရှားသို့ ပြန်လာခဲ့ကာ နိုင်ငံရေးကို ဇောက်ချလုပ်သည်။
န်ာမန်ကျောင်းနှင့်တွဲထားသည့် မူလတန်းကျောင်းတွင် ဆရာလုပ်ရသည်။ လခကနည်း
သည်။ ကျောင်းသားဘ၀မှ ကျောင်းဆရာဘ၀ ရောက်သည့်အထိစာအုပ်ဖိုး၊ သတင်းစာဖိုးများကြောင့် အစားအသောက်ချွေတာရသည်။
တနေ့လျှင် ထမင်းတစ်နပ်နှင့် ပဲပြားကိုသာ စားသည်။
၁၉၁၉ ခုနှစ်တွင် ဟူနန်ပြည်နယ် ပထမဆုံးသော မတ်ဝါဒအစုကို
ချန်ရှားတွင် တည်ထောင်သည်။
၁၉၂၀ ခုနှစ် မေလထဲတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အမြုတေတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းနှင့်အတူ ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့သည်။
၁၉၂၀ ခုနှစ် ဧပြီလတွင် ဆိုဗီယက်ယူနီယန် ကွန်မြူနစ် ပါတီဝင်
သုံးဦး ပီကင်းသို့ ရောက်လာကာ လီတာချိုနှင့် ဆွေးနွေးကြသည်။
၎င်းတို့မှာ ဗွိုင်တင်စကီး၊ ယန်မင်ချေးနှင့် စနီလီယက်(မာလင်း)
တို့ဖြစ်ကြသည်။ သူတို့ သုံးယောက်စလုံး ကွန်မြူနစ် အင်တာနေ
ရှင်နယ် အဖွဲ့ဝင်များ ဖြစ်ကြသည်။ ပီကင်းမှတဖန် ရှန်ဟဲသို့ သွား
ကာ ချန်တူရှူး စသူတို့နှင့် ဆွေးနွေးကြပြန်သည်။ ထိုနှစ်မေလတွင်
ချန်တူရှူးက ကွန်မြူနစ်ပါတီ အမြုတေကို စဖွဲ့ခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၃)
၁၉၂၀ ခုနှစ် ဆောင်းရာသီတွင် မော်သည် ယန်ခိုင်ဟွီးနှင့် လက်ထက်
လိုက်သည်။ ယန်ခိုင်ဟွီးသည် ၁၉၂၂ ခုနှစ်တင် ကွန်မြူနစ်ပါတီဝင်
တစ်ဦးဖြစ်လာကာ လူငယ်လှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်
လာသည်။ ၁၉၃၀ ခုနှစ်တွင် ချန်ကေရှိတ်၏ အဖမ်းကို ခံခဲ့ရသည်။
လင်ယောက်ျားနှင့် ယုံကြည်ချက်ကို စွန့်လွှတ်ရန် ငြင်းဆန်သဖြင့်
ညှင်းပန်းသတ်ဖြတ်ခြင်း ခံသွားရသည်။ သားနှစ်ယောက် မွေးသည်။
အကြီး မော်အန်ယန်းသည် ၁၉၂၉ ခုနှစ်တွင် မွေးပြီး ၁၉၅၀ ခုနှစ်
ကိုရီးယားစစ်ပွဲတွင် အပျော်တမ်း တပ်သားတစ်ဦးအဖြစ် ကျဆုံးသွား
ခဲ့သည်။ အငယ် မော်အန်ချင်းမှာ ဘုံအဖွဲ့တစ်ခုတွင် စာရင်းကိုင်း
လုပ်နေသည်။ မော်က သူ့ဆွေမျိုးသားချင်းများကို ချီးမြှောက်လေ့
မရှိ။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၄)
၁၉၂၀ ခုနှစ်တွင် မော်သည် ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ ဟူနန်
ပြည်နယ်ဌာနကို ဖွဲ့စည်းသည်။ ၁၉၂၂ ခုနှစ်တွင် အဖွဲ့ဝင်ပေါင်း
၂၀၀၀ ရှိ၍ တရုတ်ပြည်တွင် အကြီးဆုံး လူငယ်စု တစ်ခု ဖြစ်
လာသည်။ ထိုအစုထဲတွင် ထိုစဉ်က ချန်ရှား ဆရာဖြစ်သင်ကျောင်း
တက်နေသည့် လျူရှောက်ချီလည်း ပါသည်။ နောင်တွင် လျူရှောက်
ချီသည် မော်၏ အစီအစဉ်ဖြင့် ရုရှားပြည်သို့ သွားရောက်လေ့လာ
သည့် ကျောင်းသားအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၂၀ ခုနှစ်
ဆောင်းရာသီတွင် လျူရှောက်ချီသည် ဗလာဒီဗော့စတော့သို့
ထွက်ခွာသွားသည်။ ၁၉၂၁ ခုနှစ်တွင် မော်စကိုသို့ ရောက်သည့်
အခါ၌ မော်စကိုတွင်ရှိသည့် ရုရှားပြည်က တရုတ်ပါတီအစုနှင့်
ဆက်သွယ်မိသည်။
မော်သည် ချန်ရှားတွင် “ယဉ်ကျေးမှု စာအုပ်ဆိုင်” အမည်ဖြင့်
စာအုပ်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်သည်။
(ဘာသာပြန်သူမှာ ကွယ်လွန်သူ ဆရာ
မြသန်းတင့် ဖြစ်၍ မူရင်း စာရေးသူမှာ Han Suyin ဖြစ်သည်။)

https://www.facebook.com/maungsssk/posts/1112301572234258:0

Friday, January 9, 2015

သေနတ်သမား ၂ ဦးကို ပြင်သစ်ရဲ ၀ိုင်းထား



ဗွီအိုအေ (မြန်မာပိုင်း)
      ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Charlie Hebdo မဂ္ဂဇင်းရုံးချုပ်မှာ လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ 
တိုက်ခိုက်မှုအပြီး ၂ ရက်အကြာမှာတော့ တိုက်ခိုက်သူတွေ လို့ သံသယရှိသူ နှစ်ဦး ပုန်းအောင်းနေတဲ့ 
အဆောက်အဦးကို ရဲက ၀ိုင်းထားပြီး သူတို့နဲ့ ဆက်သွယ် စကားပြောနေတယ်လို့ ပြင်သစ် လုံခြုံရေး
တပ်ဖွဲ့တွေက ပြောပါတယ်။
           သံသယဖြစ်ခံထားရသူတွေက သူတို့ကိုယ်သူတို့ အာဇာနည်တွေအဖြစ်နဲ့ သတ်သေဖို့ ပြင်ဆင်
ထားတဲ့ အကြောင်းကို ညှိနှိုင်းပေးနေတဲ့ ရဲအရာရှိက ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က လူ တယောက်
ကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ရဲက အတည်ပြု ပြောဆိုပါတယ်။
            သံသယဖြစ်နေသူတွေကို ၂ ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးတဲ့နောက် ပါရီမြို့ အရှေ့မြောက်ဘက် 
၂၄ မိုင်ကျော်အကွာ ဒီမာတွန့်(သ်) ဂွယ်(လ်) Dammartin-en-Goele မြို့က စက်မှုဇုံတခုမှာ သူတို့နှစ်ဦး
 ပုန်းအောင်းနေတဲ့ နေရာကို ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တွေ၊ ကားတွေ၊ မီးသတ်ကားတွေနဲ့ ၀န်းရံထားတာ
ဖြစ်ပါတယ်။
          မြို့က ဒေသခံတွေကိုလည်း နေအိမ်တွေထဲမှာပဲ နေကြဖို့ မြို့တော်ဝန်က သတိပေးထားပါတယ်။ 
သံသယဖြစ်နေသူတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတုန်းပဲလို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘနာ့ ကာဇင်နာ့
 (ဖ်) Bernard Cazeneuve က ပြောပါတယ်။ သမ္မတ၊ ၀န်ကြီးချုပ်၊ ရဲအရာရှိတွေနဲ့ အရေးပေါ် အစည်း
အဝေး လုပ်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ၀န်ကြီးက ပြောသွားတာပါ။
             သံသယဖြစ်နေတဲ့ ညီအစ်ကိုနှစ်ဦး ဖမ်းဆီးနိုင်ဖို့အတွက် ရဲ နဲ့ လုံခြုံရေးအင်အား ၈ သောင်း ၈ 
ထောင်ကျော်နဲ့ ကြိုးပမ်းနေကြတာပါ။

Wednesday, December 31, 2014

၂၀၁၅ နိုဝင်ဘာ လဆန်းပိုင်မှာ အထွေထွေရွေးကောက်ပွဲကျင့်ပမည်


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ရက်အတိအကျ မပါဘဲ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆန်းတွင် ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

မဲပေးရမယ့် မဲဆန္ဒရှင် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြုစုနေပြီး နိုင်ငံသားတိုင်း မဲပေးရွေးကောက် တင်မြှောက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီ အခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းမှာ ပါဝင်လိုကြောင်းနဲ့ မဲပေးနိုင်ရေးအတွက် မဲစာရင်း ကြေညာတဲ့အခါ သွားရောက်ကြည့်ရှုဖို့လည်း တိုက်တွန်းထားပါတယ်။
BY: DVB

Tuesday, December 30, 2014

ပျောက်ဆုံး အဲအေးရှား လေယာဉ်မှ ရုပ်အလောင်း ၄၀ ကျော် ပင်လယ်ပြင်တွင် တွေ့ရှိ


BY: ဧရာဝတီ
        ပျောက်ဆုံးနေသော အဲအေးရှား လေကြောင်းလိုင်း (Air Asia QZ 8501 – A 300 / 200)
 လေယာဉ်ပေါ် ပါသွားသူများထဲမှ ရုပ်အလောင်း ၄၀ ကျော်နှင့် လေယာဉ် အစိတ်အပိုင်းများကို 
အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း၊ ကာလီမန်တန် အနောက်ဘက် ပင်လယ်ပြင်တွင် တွေ့ရှိရပြီဟု 
အင်ဒိုနီးရှားရေတပ်က အတည်ပြု ကြေညာကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။
        “ကျနော်တို့ရေတပ် ရေဒီယို အခြေစိုက် စခန်းကို Bung Tomo စစ်သင်္ဘောဆီကို ပင်လယ်ပြင်မှာ 
ရုပ်အလောင်း ၄၀ ကျော် တွေ့ထားပြီး အရေအတွက် ပိုများလာနေတယ်ဆိုတဲ့ သတင်း လက်ခံရရှိတယ် ”
 ဟု အင်ဒိုနီးရှား ရေတပ် ပြောခွင့်ရသူ၏ စကားကို ကိုးကားပြီး Jakarta Globe သတင်းတွင် ဖော်ပြထားသည်။
အဲအေးရှားလေယာဉ် ရှာဖွေရေး လုပ်ဆောင်နေသည့် ပင်လယ်ပြင် တနေရာတွင် လေယာဉ်၏ 
အရေးပေါ် ထွက်ပေါက် တံခါးတချပ်၊ လေယာဉ်တခါး တခုတို့ကို တွေ့ရကြောင်း၊ အသက်ကယ် 
ဝတ်စုံများ၊ ခရီးဆောင် အိတ်များလည်း တွေ့ရှိရပြီး ပျောက်ဆုံး အဲအေးရှား လေယာဉ်၏ အစိတ်
အပိုင်းများ ဖြစ်မည်ဟု ၉၅ ရာခိုင်နှုန်း ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံ လေယာဉ်ရှာဖွေရေး 
အေဂျင်စီ အကြီးအကဲက ပြောဆိုသည်။
         ပင်လယ်ကြမ်းပြင်တွင် ပျောက်ဆုံး အဲအေးရှား ဂျက်လေယာဉ်ဟု ယူဆရသည့် လေယာဉ်ကိုယ်
ထည် အရိပ်ကိုလည်း အင်ဒိုနီးရှားလေတပ် လေယာဉ်တစီးက တွေ့ရှိထားသည်ဟု အဆိုပါ သတင်းတွင် 
ဆက်ဖော်ပြထားသည်။ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီများက အဆိုးဆုံး အခြေအနေကို ပြင်
ဆင်သည့် အနေဖြင့် လူသေအလောင်း သယ်ယူ ထုပ်ပိုးသည့် အိပ်များကိုပါ အဆိုပါ နေရာသို့ ယူ
ဆောင်သွားရန် စီစဉ်နေဟု ဆိုသည်။
            ပျောက်ဆုံးအဲအေးရှား လေယာဉ် အပိုင်းအစများ တွေ့ရှိရာ ကာလီမန်တန် အနောက်ဘက်ကမ်း
 ပင်လယ်ပြင်သို့ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လေယာဉ်၊ သင်္ဘောများကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း 
အင်ဒိုနီးရှား အရာရှိက ပြောဆိုကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။
          နောက်ဆုံး ရရှိသော သတင်းများအရ လေယာဉ်အပျက်အစီး အပိုင်းအစများသည် ဖန်ကလန်ဘန်းကျွန်း၊
 ကာလီမန်တန် အနောက်ဘက်ကမ်း ပင်လယ်ပြင်တွင် ပျံ့ကျဲနေသည်ကို တွေ့ရသည်ဟု အင်ဒိုနီးရှား တာဝန်ရှိ
သူများက ပြောဆိုထားသည်။ပျောက်ဆုံးလေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ အတွက် အင်ဒိုနီးရှားနိုင်ငံ
 အသက်အာမခံ ဥပဒေ စည်းမျည်းများ အရ လျော်ကြေးငွေပေးရန် ပြင်ဆင်နေကြောင်း အဲအေးရှား လေကြောင်း
လိုင်း အင်ဒိုနီးရှားနိုင်ငံ ဌာနခွဲ CEO က ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို
ထားသည်။
           အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုသည် ယနေ့ ညနေပိုင်းတွင် ပျောက်ဆုံးလေယာဉ် စတင်ထွက်ခွာခဲ့ရာ 
ဆုရာဗယာကျွန်းသို့ သွားရောက်ပြီး မိန့်ခွန်း ပြောကြားရန် ရှိကြောင်း သတင်းများက ဆိုသည်။
အဲအေးရှား (Air Asia- QZ 8501) ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၁၅၅ ဦး၊ လေယာဉ် အမှုထမ်း ၇ ဦး 
တင်ဆောင်လာပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်မှ စင်ကာပူနိုင်ငံ 
ချန်ဂီလေဆိပ်သို့ ဦးတည် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
              လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အင်ဒိုနီးရှား၊ စင်ကာပူ၊
 သြစတြေးလျ အပါအ၀င် အမေရိကန်၊ ဗြိတိန်စသည့် နိုင်ငံပေါင်းစုံတို့မှ အားဖြည့် ရှာဖွေနေခြင်း ဖြစ်သည်။

Monday, December 29, 2014

အဲအေးရှားလေယာဉ် ပျောက်ဆုံးမှုကို MH370 ဖြစ်ရပ်နှင့် မနှိုင်းယှဉ်သင့်ဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား



            အဲအေးရှားလေယာဉ် ပျောက်ဆုံးနေသော အခြေအနေသည် မလေးရှား လေကြောင်းလိုင်းပိုင် MH370 
ပျောက်ဆုံးမှုကဲ့သို့ ပဟေဠိဆန်ဆန် အခြေအနေမျိုး မဟုတ်နိုင်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်
က ပြောကြားခဲ့သည်။
        ဩစတြေးလျသည် ယခုနှစ် မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်း
မသိရဘဲ ပျောက်ကွယ်သွားသည့် MH370 လေယာဉ်ကို လိုက်လံရှာဖွေရာတွင် ဦးဆောင်ဦးရွက် ပြုနေသည့် နိုင်ငံဖြစ်
သည်။ MH370 လေယာဉ်သည် လူပေါင်း (၂၃၈)ဦးနှင့်အတူ အဆက်အသွယ် ပြတ်တောက်သွားပြီး ယနေ့အချိန်ထိ 
ယင်း၏ ကံကြမ္မာကို တိတိကျကျ မသိရချေ။
           ဒီဇင်ဘာ ၂၈ ရက်က စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဂျာဗားပင်လယ်ပြင်ထက် အဆက်အသွယ်ပြတ်တောက် 
ပျောက်ဆုံးသွားသည့် အဲအေးရှား လေယာဉ်မှာမူ MH370 ကဲ့သို့ ပဟေဠိဆန်သော ကိစ္စများကို ဖြစ်လာစေနိုင်မည် 
မဟုတ်ဟု အက်ဘော့တ်က ယူဆထားသည်။
           “တချို့က ဒီဖြစ်ရပ်ကို MH370နဲ့ ချိန်ထိုးခိုင်းနှိုင်း ပြောဆိုနေကြတယ်။ ဒါကတော့ တကယ့် အမှားကြီးတစ်ခုပဲလို့ 
ကျွန်တော် ထင်ပါတယ်”ဟု ဩစတြေးလျ ဝန်ကြီးချုပ်က 2GB ရေဒီယိုသို့ ပြောကြားခဲ့သည်။ ၎င်းက “MH370 ဟာ
 ကျွန်တော်တို့ ကြုံဖူးသမျှ အကြီးကျယ်ဆုံး ပဟေဠိကြီးတစ်ခု ဖြစ်နေခဲ့တယ်။ အဲအေးရှား လေယာဉ်ပျောက်ဆုံးမှုက
တော့ ဒီလို လျှို့ဝှက်ဆန်းကျယ် မဆန်နိုင်ပါဘူး။ လေယာဉ်က ပုံမှန် သတ်မှတ်လမ်းကြောင်းအတိုင်း၊ ပုံမှန် အစီအစဉ်
အတိုင်း ပျံသန်းနေရာကနေ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံသွားတာပါ။ MH370 ဖြစ်ရပ်လို ဆန်းကျယ်နက်နဲ
တာမျိုး မရှိပါဘူး”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
             အဲအေးရှား၏ ခရီးစဉ်အမှတ် QZ8601၊ Airbus A320-200 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် 
လူပေါင်း (၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဆိုးရွားသော ရာသီဥတုကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ပြုရန် 
လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် အကြောင်းကြားခဲ့ပြီး မကြာမီတွင် အဆက်အသွယ် ပြတ်တောက် 
ပျောက်ဆုံးသွားခဲ့သည်။

_Ref: Asiaone News

Wednesday, December 17, 2014

လိပ်ကျွန်းအမှု သက်သေထွက်ဆိုမည့် မြန်မာများ လုံခြုံရေးကြောင့် အခက်တွေ့နေ



        ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်းတောင်ပိုင်း စူရဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံအဖြစ် 
စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးဖက်မှသက်သေထွက်ဆိုမည့် အခြားသော မြန်မာနိုင်ငံသား ၈ ဦးက 
၎င်းတို့၏ လုံခြုံရေးအာမခံချက် မရှိ၍ အခက်တွေ့နေသည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အ
ထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။
        "သူတို့ဆီက ပြောပြချက်တွေ အားလုံးကြားပြီးသွားပြီဆိုပေမယ့် တရားရုံးမှာ ထွက်ဆိုဖို့ကို
 မလိုက်ရဲကြဘူး ဖြစ်နေတယ်။ ဘယ်သူကကျည်ဆံထဲ ခေါင်းဝင်တိုးရဲမလဲ။ အဲဒီကိစ္စအတွက် 
သံအမတ်ကြီးနဲ့ တိုင်ပင်ပြီး အစိုးရချင်း လုပ်ပေးဖို့ ပြောမယ်"ဟု ၎င်းကဆိုသည်။
           ကော့တောင် (ခိုတောင်) ကျွန်းနေ သက်သေ ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်
မှုများရှိနေခြင်း၊ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက် လုပ်ကိုင်နေရခြင်းတို့ကြောင့် တရားရုံးတွင် သက်
သေအဖြစ် လိုက်ပါထွက်ဆိုရန် ခက်ခဲနေခြင်းဖြစ်သည် ဟုပြောသည်။
         လူသတ်မှုအတွက် ချေပနိုင်ရန် ကော့တောင်မှ မြန်မာ ၈ဦးနှင့် ထားဝယ်သို့ ပြန်လည်ရောက်ရှိနေ
သည့် မြန်မာ ၇ဦးတို့၏ ထွက်ဆိုချက်များကိုစုဆောင်းထားပြီး ယင်းတို့၏ အမည်များကိုမူ အတိအကျ 
ထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ဟု ဦးအောင်မျိုးသန့်က ဆိုသည်။ လူသက်သေအပြင်အခြား ပစ္စည်း
သက်သေများကိုလည်း မြန်မာသံရုံးအဖွဲ့က စုဆောင်းထားပြီးဖြစ်သည်ဟု မဇ္ဈိမကို အသိပေးသည်။
ထိုသို့သော အခက်အခဲများကို နှစ်နိုင်ငံ အစိုးရအချင်းချင်း ဆက်သွယ်မှုမှတစ်ဆင့် သက်သေများ၏ 
လုံခြုံရေးကို အာမခံနိုင်သည်အထိဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ဦးအောင်မျိုးသန့်က သုံးသပ်သည်။
ကော့တောင်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ဒေးဗစ်နှင့် ဟန်နာတို့၏ မိသားစုင်များကလည်း 
လူသတ်မှုနှင့် ပက်သက်ပြီး ကျူးလွန်ခဲ့သည့် အထောက်အထားများကို အခိုင်အမာရရှိထားသည်ဟု 
ထုတ်ပြန်ထားသည်။
           အဆိုပါ လူသတ်မှုကို ကျူးလွန်သူများအဖြစ် ကြေညာကာ ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုခံထားရသော
 ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ကတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ 
ဒေါ်အောင်ဆန်းစုကြည်သို့ စာပေးပို့အကူအညီတောင်းထားသော်လည်း သက်သေ အထောက်အထား အချက်
အလက်များ ပါဝင်ခြင်းမရှိသည့်အတွက် ကူညီဆောင်ရွက်ပေးရန် အခက်အခဲရှိသည်ဟု ကော်မတီ အတွင်း
ရေးမှူး ဦးဝင်းမြင့်က ပြောသည်။
            "အဲဒီကို အထောက်အထားတွေ ပို့တာတို့ ဘာတို့တော့ လုပ်ဦးမှာ မဟုတ်ပါဘူး။ ဒီဖက်ကနေပဲ လုပ်
သင့်တာတွေကို ဆက်လုပ်မှာပါ" ဟု ဦးအောင်မျိုးသန့် က ဆိုသည်။ ကော့တောင်ကျွန်း လူသတ်မှုကို စစ်ဆေးရန် 
ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းတရားရုံးက လက်ခံခဲ့ပြီး ပထမဆုံး အမှုရုံးချိန်းကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ခဲ့ကာ
 ဒုတိယရုံးချိန်း အဖြစ် တရားလိုပြသက်သေများ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

Saturday, December 13, 2014

ဗုဒ္ဓဘား ဖမ်းဆီးခံ နယူးဇီလန်နိုင်ငံသားအမှုလိုက်ရန် ရှေ့နေများ ငြင်းပယ်



         ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, 
Buddha.bar ပါတီပွဲကြော်ငြာကြောင့် သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား
 Mr. Philip အတွက် ကမ်းလှမ်းခဲ့တဲ့ ရှေ့နေ ၄ ဦး အမှုလိုက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
          ဒီအမှုဟာ အရမ်းကို ထိခိုက်မခံတဲ့ ကိစ္စဖြစ်တာကြောင့် အခုလို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ် 
မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ထင်ရှားတဲ့ ရှေ့နေတဦးကို ချဉ်းကပ်ခဲ့ရာမှာ ကနဦး
လက်ခံထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမှုကို လိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူက ပြောပါတယ်။
         “ကြာသပတေးနေ့ ညမှာ အမှုလိုက်ဖို့ ရှေ့နေက သဘောတူခဲ့ပါတယ်၊ ဒါပေမယ့် သောကြာနေ့ မနက်မှာ
တော့ အရေးပေါ် တွေ့ဖို့ ခေါ်ပါတယ်။ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက် မပါသင့်ဘူးလို့ ရဲက ပြောတဲ့
အတွက် အမှုကို မလိုက်နိုင်တဲ့အကြောင်း သူက ပြောပါတယ်” လို့ ဖိလစ်မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
         ဒီမတိုင်ခင်ကလည်း ရှေ့နေ ၃ ဦးက အမှုလိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသက် 
၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တခြား ထိန်းသိမ်းထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ 
ထွဋ်ကိုကိုလွင်တို့နဲ့ သီးသန့် ထားထားသလို တဦးတယောက်နဲ့မှတွေ့ခွင့်မပေးဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက 
ပြောပါတယ်။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာ
မှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့သဏ္ဌာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတဲ့အတွက်  
သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။

By ဒီဗွီဘီ

Twitter Delicious Facebook Digg Stumbleupon Favorites More