မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Saturday, May 3, 2014
သွေးနဲ့ ရေးသည့် မြေ
Friday, November 22, 2013
ရင်ခွင်ဦးသို့တမ်းချင်း
အိပ်မက်...တစ်နေရာ နိုးမထချင်
နုညံ့တိတ်ဆိတ် နှုတ်ငုံပိတ်၍ သခင် ထွက်ခွါ။
ချစ်စိတ်သူပျိုး တိတ်တခို့နှင့် ငြိုးငြင်စိတ်ထား...
လှည်ဖျားတတ်သူ ......
ရင်ဝှက်သိမ်းပိုက် အချစ်စိတ်နဲ့ မျိုသိပ်တမ်းတ
လွမ်းထိရှလည်း ဘဝခက်ခက် မတွယ်မက်စေ
သည်းဦးပွင့်ဖူး အချစ်ဦးမို့ ညှိုးစိတ်ငြင်ငြို မထားလို ..။
ကြင်နာခဏ အိပ်မက်လေးမျှ ချစ်ခွင့်ရလည်း
ဘဝထင်ထင် မနိုးချင်ခဲ့ ...။
သခင်....စံဖူး ရင်ခွင်ဦးရဲ့အိပ်မက်...တစ်နေရာနိုးမထချင်
အိပ်မက်လှလှ မက်ချင်သေးသည်
တစ်ရေးအိပ်ခွင့်ရှိချင်သေးသည်...
အပြုံးနောက်ကွယ် အမုန်းများနဲ့
လှည့်ဖျားဖလယ် ခွန်းချိုစကား
နားစွန်ထင်လှ ကြားနေချင်သည်
မျက်စီစုံမှိတ် မအိပ်ငိုက်လည်း
သခင်....စံဖူး ရင်ခွင်ဦးရဲ့
အိပ်မက်...တစ်နေရာ နိုးမထချင်
Saturday, June 23, 2012
Saturday, January 21, 2012
ချစ်ထုံးဖြေပါ
အုံပုန်းအလွမ်း
Friday, December 30, 2011
သဇင်လွမ်းချင်း
သဇင်ဦးသို့လွမ်းချင်းတပုဒ်
Wednesday, January 5, 2011
ဝဋ်ကြွေးလား
ခရီးမပြိုင်ဘဲနဲ.
အပြီးအပိုင်ထွက်ခွာသွားပြီနော်
နှုတ်မဆက်ဘဲ ရုတ်တရက် ခွဲခွာခဲ.တော့.
ကျန်ခဲ.သူဝေဒနာမီးတွေနဲ.
ဆွေးနေရပြီမောင်........
မယုံချင်ဘူး
ဘယ်လိုမှ ယုံကြည်စရာမဟုတ်ဘူးလို.
ယုံကြည်နေတဲ.ကြားက
မောင်. နဲ. ဒို.
ဘ၀ချင်းခြားသွားခဲ.ပြီနော်
နေ၀င်ရင် မိုးချုပ်တယ် ဆိုပေမယ်.
လမင်းကို ထပ်ဆုံခွင်. ရှိသေးတဲ. အချိန်မှာ
မောင် နဲ. ဒို. ...........
ပြန်မဆုံနိုင်တော.တာ
ဝဋ်ကြွေးတစ်ခုလို. သတ်မှတ်ရင်
ဒီဘ၀ ဒီမျှနဲ.သာ ကျေပါစေတော.နော်..........
လ၀န်း
Saturday, January 1, 2011
လွမ်း………………….
လွမ်းရလွန်းလို. ရင်ထဲမှာ
အလွမ်းတွေလည်း ပြည်.နေပြီ
ငိုရလွန်းလို.လည်း ငါ.မျက်ရည်တွေ
ကုန်လုနီးပါးဖြစ်နေပြီ
တမ်းတရလွန်းလို.လည်း
ဖြေသိမ်.ရန်ခက်တဲ. ရင်ထဲက ဝေဒနာအစိုင်အခဲက
ထုထည်ကြီးမားလွန်းအား နေပြီ
အဆင်သင်.မဖြစ်သေးတဲ.အချိန်
အသဲကွဲနိယာမတစ်ခု ကျရောက်လာလိမ်.မယ်လို.
စိတ်ကူးထဲတောင် မတွေးတော့မိခဲ.ဘူး
မောင်........
တစ်ချိန်က မောင်ပေးတဲ. အနမ်းတစ်ပွင်.
ရင်ခုန်နှုန်း ၁၅၀၀ နဲ. င့ါ.ရင်ကို လှုပ်ခတ်
ငါ့.အသဲကို ကွဲကွာ သွားစေဖို.
မုန်တိုင်းတစ်စင်းကျရောက်လာတဲ.
September 10ရက် 2008ခုနှစ်က
ဒို.နှစ်ယောက် ဘ၀တွေ အပြီးတိုင် ဝေးကွာစေဖို.
အဆိုးရွားဆုံး မုန်တိုင်းတစ်စင်းတဲ.လားကွာ.
ဘယ်တော့မှ ဆုံဆည်းဖို့မဖြစ်နိုင်တော့တဲ့
ဘ၀မှာ မေ့မရစွာနဲ့ မနက်ဖြန်တိုင်
လွမ်းရအုံးမှာပေါ့မောင်……
လ၀န်း
Sunday, December 19, 2010
ပန်းကောက်သူ
ညအမှောင်အောက် ငါတစ်ယောက်တော့
ပန်းကောက်ထွက်ခဲ့သည်..။
ဝိုးတ၀ါးလရိပ် ဖျော့လိုက်ပါဘိ
ဖြောက်ဖြောက် ခြေသံပန်းကြွေသံလား
သံပျံ ရနံမွှေကြိုင်ပါရဲ့ ၊ ပန်းခရေ ရယ်….
အနှောင် အဖွဲသံယောဇဉ်နွယ်နဲ့
ငါဟာ..ပန်းကုံးခဲ့တယ်…..
ခရေအလှ ၊ ခရေရနံမှာ ငါ
အိပ်မောကျခဲ့တယ်..။
ရုတ်တရတ် လှန့်နှိုးလိုက်သူ
ဘယ်သူပါလည်း ၊ စိတ်အထင်လား
အရိတ်လား ၊ ၀ိညဉ်လား…
နင်ဟာပန်း သခင်မဟုတ်ဘူးတဲ့
ဒီလို့ဆို…ငါဟာ…..
မပန်ထိုက်တဲ့ ပန်းကောက်သူလား…
ပေးဆက်ဖို့အတွက် ပန်းကုံးခဲ့သလား
အော်..ကိုယ်ချစ်တဲ့ ခရေ..ရယ်…
နမ်းဖို့မဆုံ ပန်ဖို့မထိုက်တဲ့
ပန်းကောက်သူအဖို့ အလွမ်းကြိုးညှိုရုံနဲ့သာ
ကျေညတ်နှိုတ်သိမ့်ရတော့မှာလားဟင်….
ကို R.J
Saturday, November 27, 2010
.သက်ဆိုင်သူသို့
ဧရာမမုန်းတိုင်းကြီးတစ်လုံး ငါ့နှလုံးသားကို
အစိပ်စိပ်ဖြစ်အော် ကြောက်လန့်ခဲ့သည်။
ဇဝေဇဝါ ဖြေရှာမရတဲ့
လူတွေကတော ပြေးကြပုန်းကြ
သွားကြလာကြ ခိုဝင်ကြနဲ့
ရုံးရင်းကြမ်းတမ်း ဖြစ်နေချိန်
ရင်တထိပ်ထိပ်နဲ့ ငါလှန့်နိုးလာ။
ငါနှလုံးသားကတော ခံစားမှုတွေပြင်းထံနေဆဲ
တိုနှစ်ယောက်ရဲ့ အချစ်ခရီးမှာ
မင်းရဲအတ္တ မာယာတွေနဲ့
အေးချမ်းတဲ့ ငါနှလုံးသားကို
မုန်းတိုင်းကြီးလို့ တိုက်ခိုက်ခဲ့ရင်
ငါ့အသဲတွေ ကွဲအပ်မှာကို
စိုးရိမ်တကြီး လွမ်းဆွဲလို့ပေါ။
တကယ်တမ်း ငါ့ပေါ်မှာ
ငါချစ်တာထက် မြတ်နိုးပေးပါ
ငါတမ်းဖိုးထားတာထက် အမြဲသတိရပေးပါ
မင်းလှည့်စားပြီး ထွက်သွားမယ်ဆိုရင်တောင်မှ
ငါ့နှလုံးသားကို မင်းအပြုံနဲ့
နူတ်ဆက်ပြီး ထွက်သွားပေးပါ။
နှလုံးသားအရှုံသမား တစ်ယောက်အနေနဲ့တော
မင်းအပြုံတွေကို အမြဲတမ်းသတိရနေမှာပါ(ချစ်သူ)
မြတ်ခိုင်
.
တောင်တန်းကြားက အမေတို့ရွှာသို့
သီတင်ကျွှတ်ညမှာ မီပုံးပျံတွေ
ပျံဝေးနေသလိုပါဘဲ တောင်တန်းကြားက
အမေတို့ရွှာကလေး
တီဗွီတွေ မရှိဘူး
အနီဝတ်မတွေလည်း မရှိဘူး
ကျောင်းဆရာမတွေလည်း မရှိဘူး။
.
ဘုရားကျောင်ဟာ စမ်းချောင်းရှင်မတွေလောက်
အစွမ်းမထက်ဘူးရယ်လို့ ယုံကြည်ထားတဲ့
အမေတို့ရွှာလေးကို
နအဖစစ်သားတွေက လာလည်ကြတယ်
ကြက်တွေတောင်းတယ် အရက်တွေချက်ပေးရတယ်
ညညကျရင် ထင်းပုံကြီးတွေနဲ့အတူ
အဟီဟီ တဟားဟားနဲ့
ရွှာထဲက အပျိုစစ်လေးတွေကိုပါ
အရက်တွေနဲ့အတူ စုပုံပေးရတယ်
မယုံနိုင်စရာ အဖြစ်ပျကလေးတွေကို
ခံစားနေရတဲ့ အမေတိုရွှာလေးဟာ
စည်းရုံးမှုတွေ ပျက်လာပြီတော
လူတွေကွဲပြီ ၀ါးတွေမျိုသွားခဲ့တယ်
တနေ့တော ရွှာသူလေးတွေဟာ
ပျက်စီသွာတဲ့ အမေတို့ရွှာလေးကို
မျက်နှာမှုပြီးတော အမေရယ်
ကျွှန်တော်တို့ မသေသေးသရွှေ့
ဝါးတွေမျိုသွားတဲ့ အမေတို့ရွှာလေးကို
ကျွှန်တော်တို့ ပြန်လည်တည်ဆောက်ပါရစေတဲ့။
Monday, November 15, 2010
“သစ္စာမဲ့သူ”
ဖြေးဖြေးမှပေါ့ ၊ အကိုရယ်တဲ့
ပွင့်ချိန်တန်လို့ ၊ ပင်ယံနံဘေး
မောင်ပြေးအလာ
ရောက်ချိန်ခါဝယ် ၊ စပါယ်လှလှ
ဖြူလွှလွှသည် ၊ နွမ်းလျှ
ပြုတ်ကြွေနေလေသတည်း..။
ကိုထွန်းလင်း ( ရမ္မာဝတီ )
ပန်းနှင့် ဝေးရသော လိပ်ပြာငယ်”
ပန်းနှင့်လိပ်ပြာ၊
ကြည်ဖြူပါလည်း
ကြမ္မာဆိုးသင့်
မုန်တိုင်းပင့်၍
ပန်းနှင့် လိပ်ပြာ
ဝေးရပြီ..။
သန်စင်သူ
ရေပြာမမင်တဲ့
ပင်မြင်တော်ဝင်
ပန်းသဇင်းများလား
တံချူးမရှိတဲ့ ကိုယ်ဘဝမှာ
တုန်းခု မလှမ်းတောပါ
မြေနဲ့ဖွား ဖက်နေလေရာ
မြေလွှာထ်ာမှ ၊ ကြည့်ခွင့်ရရင်
ဘဝကိုတော ကျေညက်တယ်
အချစ်ကိုလည်းလေးနက်တယ်
ကိုယ့်နှလုံးသားဟာ
အဖြူရောင်ပါကွယ်...၊
ကို R.J
ပန်းခရေ
အညှာလွယ်မို့
လေအမွှေ့မှာ
ကြွေခဲ့ရတယ်။
မြေခ မှတော့
နင်းလိုက နင်း
ခြွေလိုက ခြွေ
သခင့် အလိုကျလေ
မြတ်နိုးသူကောက်
ခေါင်းပေါ် ရောက်မှ
ရင်ထဲ တိုးဝှေ့
မွှေးနေလိုက်တာ။.......။
နိုင် (ရမ္မာမြေ )
ရွာသွန်ဖြိုးပါဆွယ်မိုးညို
Sunday, November 14, 2010
ဖုန်းသရဲ
မီးမှိတ်တဲ့ည ၊ အကာလမှာ
တန်းလျားဆောင်ထောင့်
အမှောင်အောက်က
ဆံပင်ရှည်လျှား ၊ တဖါးဖါးနဲ့
ထိုသူတစ်ယောက်
ခြေသံပျောက်သည်..။
လေသံမကွဲ
သဲ့သဲ့ရယ်သံကြားရပြန်သည်..။
ဝိုးတဝါးအရိပ်
ရင်ထဲလှိုက်သွား
အတွေးပွားသည်..။
လူပင်လေလား
ဝိညဉ်လား........
မောင်လူပျို



















