Saturday, January 21, 2012

ချစ်ထုံးဖြေပါ

ရင်မှာတိုးတိတ် ချစ်နှောင်ဖွဲ့ခဲ့
ချစ်ထုံးမပြေ လွမ်းအားပိုဆဲ
မိုးသည်းညထဲ တယောက်တည်း။
မျှော်တမ်းလွမ်းပါသော်လည်း
စိမ်းကားရက်စက်သူရယ်
အတွေ့မခံချင်သော်လည်း
ခိုးကြည့်နေဦးမယ်ကွယ်။
ဖွင့်ပြောခဲ့တာ ချိန်ခါမနှောင်း
ဝေးလွင့်ရမှာ စိုးပါသောကြောင့်
သနားပါဦး ငဲ့ပါဦးကွယ်
မင်းလက်ကလေး နွေးနွေးလေးနဲ့
စကားနှတ်ချို တေးသီကြွေးရင်း
ကိုယ့်ရင်ထဲက ချစ်ထုံးလေးကို
ဖြေပေးခဲ့ပေါ့ချစ်သူရယ်...။
 
                                              ပုဏ္ဏာကျွန်းဇူးဝေ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More