မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Showing posts with label ရုပ်သံ သတင်း. Show all posts
Showing posts with label ရုပ်သံ သတင်း. Show all posts

Sunday, June 1, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာဖြေရှင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် (RSO)အဖွဲ့မှ ၀င်ရောက်လှုပ်ရှားလျက်ရှိကြောင်း 
သတင်းရရှိသည့် အတွက် မိမိနယ်မြေခံလုံခြုံရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ
 (၂၀၁၄)ခုနှစ် မေလ(၂၈)ရက် နံနက်(၉)နာရီ(၅)မိနစ်တွင် (RSO)သောင်းကျန်းသူအဖွဲ့မှဟုယူဆရသော
 လက်နက်ကိုင်ဆောင်ထားသူနှစ်ဦးသည် မိမိနိုင်ငံနယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာခဲ့သဖြင့် လုံခြုံရေး
 ဆောင်ရွက်နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အ၀ါရောက်ပြောက်ကျား ယူနီ
ဖောင်းဝတ် အလောင်း(၁)လောင်း၊ ၄င်းကိုင်ဆောင်သောလက်နက်(၁)လက်နှင့် ခံယမ်းအချို့တို့အား သိမ်း
ဆည်းရမိခဲ့သည်။ မေလ(၂၉)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်စစ်သံရုံး(ရန်ကုန်)မှ အကြောင်းကြားချက်အရ ၄င်း
တို့နယ်ခြားစောင့်တပ်ဖွဲ့မှ အဖွဲ့(၁)ဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ၄င်းတို့တပ်ဖွဲ့ဝင်(၁)ဦး 
ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ 
ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် 
မလိုလားအပ်သော နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေးတို့ အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်
နိုင်ရန် နှစ်နိုင်ငံအလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်း အတွင်း ကျင်းပပြုလုပ်သွားဖြစ်ကြောင်းသိရသည်။

MRTV

Sunday, May 18, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ (မန္တလေး) တိုက်ရိုက် ထုတ်လွှင့်မှု


     မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်းတွင် မေ ၁၈ ရက် နံနက်ပိုင်းမှ စတင်ပြီး ကျင်းပပြုလုပ်နေသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း
ဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲကို အခမ်းအနားကို Eleven Web TV 
တွင် နံနက် ၈ နာရီမှစတင်ပြီးတိုက်ရိုက်ထုတ်လွှင့်လျက်ရှိပါသည်။

Tuesday, May 13, 2014

ထိုင်းနဲ့မလေးရှားရောက် ရွှေ့ပြောင်းလုပ်သမားများအတွက် မြန်မာကာကွယ်မည်

Posted by Kamayut Media
            ထိုင်းနဲ့ မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးဖို့ ကြိုး
စားသွားမယ်လို့ မြန်မာအလုပ်သမား ဒုတိယဝန်ကြီးက ကတိပေးလိုက်ပါတယ်။ နှစ်ပေါင်းများစွာ လျစ်လျူ
ရှုခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဘယ်လိုလုပ်ပေးကြမှာလဲ။
            မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နိုင်ငံကူးလက်မှတ်ပေးနိုင်ရေး၊ အိမ်ရှင်နိုင်ငံတွေက အလုပ်
သမားတွေ နည်းတူ တန်းတူခံစားခွင့်ရရေး၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်မှုမရှိနိုင်အောင် တားဆီးနိုင်ရေးနဲ့ မိခင်နိုင်
ငံကို တရားဝင်ငွေလွှဲနိုင်ရေး စတဲ့အချက်တွေအတွက် ထိုင်းနဲ့ မလေးရှားအစိုးရတွေနဲ့ ညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆို
ပါတယ်။
          ရန်ကုန်မြို့မှာ မေလ ၁၁ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်
ရေး၊ ဗဟိုဘဏ်နဲ့ နိုင်ငံတကာရွှေ့ပြောင်းမှုဆိုင်ရာရုံး IOM က အရာရှိတွေလည်း တက်ရောက်ခဲ့ကြပြီး မေလ ၃
ရက်ကနေ ၁ဝအတွင်း တွေ့ဆုံညှိနှိုင်းမှုတွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။
            အလုပ်သမား ဒုဝန်ကြီးနဲ့ အဖွဲ့ဟာ ထိုင်းနဲ့ မလေးရှားအာဏာပိုင်တွေနဲ့တင်မဟုတ်ဘဲ မြန်မာရွှေ့ပြောင်း 
အလုပ်သမားတွေရှိရာ စက်ရုံအလုပ်ရုံတွေအထိ သွားရောက်တွေ့ဆွုခဲ့ပြီး အရင်က ဘာတစ်ခုမှ မလုပ်ပေးနိုင်တဲ့ 
အနေအထားကနေ အခုတော့ တာဝန်ယူဆောင်ရွက်ပေးနိုင်မယ့် အခြေအနေကို ရောက်ခဲ့ပြီလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်ပေး
နိုင်ဖို့ မြဝတီ-မဲဆောက်နဲ့ ကော့သောင်းတို့မှာ ရုံးတွေဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။
          

ရန်ကုန်ကို ၂ဝ၃၅မှာ Mega City ဖြစ်ဖို့ ဒေါ်လာ ၂၅ ဘီလီယံကုန်မယ်၊ တကယ်ဖြစ်ပါ့မလား


Posted by Kamayut Media
           ရန်ကုန်ကို Mega City အဖြစ် ဂျပန်နိုင်ငံက JICA အဖွဲ့ရဲ့ ကူညီမှုနဲ့ ရေးဆွဲခဲ့တဲ့ Yangon 2035 နှစ်
ရှည်စီမံကိန်းကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါပြီ။ နှစ် ၂ဝကြာမြင့်မယ့် ဒီ Master Plan ဟာ အမေရိကန်ဒေါ်လာ
 ၂၅ဘီလီယံ ကုန်ကျမှာမို့ လက်တွေ့မှာ တကယ်ပဲ ဖြစ်လာနိုင်ပါ့မလား။
            ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ ရေးဆွဲထားတဲ့ Yangon Mega City 2035 စီမံကိန်းကို အကောင်အထည်
ဖော်ဖို့ ဆိုရင်တော့ မြန်မာအစိုးရအနေနဲ့ ကိုယ်ပိုင်ငွေစိုက်ထုတ်သုံးစွဲတာနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့တွေ၊ အလှူရှင်
တွေဆီက ချေးယူဖို့ JICA ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။
            ရန်ကုန် Mega City ဟာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံကို တည်ဆောက်ရမှာဖြစ်တာကြောင့် နှစ်
ပေါင်းများစွာ အကောင်အထည်ဖော်ရတာဖြစ်ပြီး မြန်မာပြည်သူတွေ ယုံကြည်မှု ထောက်ခံမှုရှိအောင်လည်း မြန်မာ
အစိုးရအနေနဲ့ မဟာဗျူဟာတွေ ပြောင်းလဲရမယ်လို့ ဆိုပါတယ်။
            ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA အဖွဲ့ရဲ့ ကွင်းဆင်းလေ့လာပြီး ရေးဆွဲထားတဲ့ 
ရန်ကုန်မြို့တော်ရဲ့ Master Plan နောက်ဆုံးအဆင့် ရှင်းလင်းပွဲကို မေလ ၁၂ရက်နေ့က Asia Plaza ဟိုတယ်မှာ
 ကျင်းပခဲ့ပြီး ရန်ကုန်စည်ပင်၊ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
          ရန်ကုန်မြို့တော် နှစ်ရှည်စီမံကိန်းကို ၂ဝ၁၂ခုနှစ် ဒီဇင်ဘာမှာ ရန်ကုန်တိုင်းအစိုးရနဲ့ JICA တို့ပူးပေါင်းပြီး 
ကော်မတီဖွဲ့စည်း ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ကားအစင်းရေ တစ်သိန်းကျော်လာပြီး မြို့နေပြည်သူတွေ စည်းကမ်းမဲ့
မှုကြောင့် သယ်ယူပို့ဆောင်ရေးမှာ ပြဿနာတွေရှိနေတယ်လို့ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ဒုတိယဝန်
ကြီးက ဆိုပါတယ်။
             ၂ဝ၁၅ကနေ ၂ဝ၂၅အထိ ပထမအဆင့်၊ ၂ဝ၂၅ကနေ ၂ဝ၃၅အထိ ဒုတိယအဆင့် ရန်ကုန်မြို့ရဲ့ အခြေခံ 
အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေနဲ့ ကူးသန်းရောင်းဝယ်ရေး၊ မြို့ပြစင်တာတွေ၊
 ရေပေးဝေရေးနဲ့ လျှပ်စစ်မီး စတဲ့ကဏ္ဍအစုံပါဝင်တဲ့ ဒီစီမံကိန်းဟာ အခုအထိ မရေမရာ မသေမချာ ဖြစ်နေဆဲပါ။

အစ္စလမ်အစွန်းရောက်အဖွဲ့က ဖမ်းဆီးထားတ နိုက်ဂျီးရီးယား ကျောင်းသူတွေရဲ့ ဗွီဒီယို ထုတ်ပြန်ပြီ


          Boko Haram အစ္စလမ်အစွန်းရောက်အဖွဲ့က ဖမ်းဆီးထားတဲ့ နိုက်ဂျီးရီးယားနိုင်ငံက ကျောင်းသူ ၂၀၀
ကျော် နဲ့ ပတ်သက်ပြီး ဗွီဒီယိုကို အဲဒီအဖွဲ့က ထုတ်ပြန်လိုက်ပါပြီ။  နိုက်ဂျီးရီးယားအစိုးရ ထိန်းသိမ်းထားတဲ့ အစ္စ
လမ်အစွန်းရောက် စစ်သွေးကြွတွေကို ပြန်လွှတ်ပေး ရင် သူတို့ကလည်း ဒီကျောင်းသူ ၂၀၀ ကျော်ကို ပြန်လွှတ်
ပေးမယ် လို့ ပြောထား ပါတယ်။ 
           ဗွီဒီယိုထဲမှာ အဖွဲ့ခေါင်းဆောင်က မိန့်ခွန်းစကား ပြောနေပြီး နေရာတခုမှာ ခေါင်းမြီးခြုံထားတဲ့ အမျိုးသမီး 
တရာကျော်လောက်ကိုလည်း ပြ ထား ပါတယ်။ အဲဒီဗွီဒီယိုထဲမှာ နိုက်ဂျီးရီးယားကျောင်းသူ တရာကျော်ဟာ အခုဆို
 အစ္စလမ်ဘာသာ ကူးပြောင်းပြီး သွားပြီ လို့ လည်း ပြောထားပြီး ကျောင်းသူ ၂ ဦးက သူတို့ဟာ ခရစ်ယာန်ဘာသာ
ကနေ အစ္စလမ်ဘာသာကို ကူးပြောင်း ပြီးဖြစ်တယ်လို့ ပြောထားတာလည်း ပါဝင်ပါတယ်။ 
       အဲဒီ ခရစ်ယာန်ဘာသာဝင် နိုက်ဂျီးရီးယား ကျောင်းသူ တရာကျော်ဟာ အစ္စလမ်ဘာသာဝင် အမျိုးသမီးတွေ 
ဝတ်ဆင်ရသလို Hijabs လို့ ခေါ်တဲ့ ခေါင်းမြီးခြုံတွေ ဝတ်ဆင်ထားပြီး အစ္စလမ် ဘာသာလို ဝတ်ပြု ဆုတောင်း နေ
တာတွေလည်း ဗွီဒီယိုထဲမှာပြထားပါတယ်။ 
           ဘယ်ကိုရောက်နေမှန်း မသိရသေးတဲ့ အဲဒီ ကျောင်းသူတွေကို ပြန်လည် ကယ်တင်ဖို့ အမေရိကန်နဲ့ နိုင်ငံတ
ကာက ထောက်လှမ်းရေးတွေနဲ့ ကယ်ဆယ်ရေး စစ်ဘက်ကျွမ်းကျင်သူတွေ လည်း နိုက်ဂျီးရီးယားမှာ ရောက်နေကြပြီး
 အမြန်ဆုံး ကယ်တင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေကလည်း ဆိုပါတယ်။ 
           အခုဆို အဲဒီ ကျောင်းသူလေးများ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာတွေလည်း နေရာတော်တော် များများ
 မှာ လုပ်ဆောင်နေကြပါသေးတယ်။ Boko Haram အစ္စလမ်အစွန်းရောက်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုကို ဧရာဝတီက
 ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။
ဧရာဝတီ

Friday, May 2, 2014

တောင်ကိုရီးယားနိုင်ငံတွင် မြေအောက်မီးရထားနှစ်စင်းတိုက်မိ


MR TV 
          တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြေအောက်မီးရထား တစ်စင်းသည် ဘူတာရှိ အခြားမီးရထား 
တစ်စင်းနှင့် တိုက်မိခဲ့ရာ လူပေါင်း (၁၇၀)ခန့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ
ရရှိသူ တစ်ဦးမှ မရှိခဲ့ကြောင်း သိရပါသည်။

Sunday, April 27, 2014

ရခိုင် အမျိုးသားညီလာခံ (ကျောက်ဖြူ) သို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတက်ရောက်အမှာစကားပြော ရုပ်သံ

မြန်မာနိုင်ငံပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတက်ရောက်အမှာစကားပြောကြားရာတွင်
ရခိုင်ပြည်သူများကိုအားပေး၊အကြံညဏ်စကားများပြောကြားခဲ့ပါတယ်။ဒီရခိုင်ညီလာခံကြီး
ဟာနုစ်ပေါင်း (၆၀ )အတွင်း သမိုင်းဝင်ဆွေးနွေးမူတစ်ခုဖြစ်ကြောင်း၊
       ရခိုင်ပြည်ပြသနာမပြေလည်သရွေ့ကာလပတ်လုံး မြန်မာနိုင်ငံပြုပြင်ပြောင်းလည်ရေး
 ဒီမိုကရေစီ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဘယ်တောမှရောက်ရိုလိမ်မည်မဟုတ်ကြောင့်
ပြောကြားခဲ့ပါသည်။...နောက်ပြီး ဒီသမိုင်းဝင်ညီလာခံကြီးကနေစည်းစည်းလုံးလုံး၊ညီညီညွတ်
ညွတ်နဲ့ ရခိုင်ပြည်အတွက်အကောင်းဆုံးမူဝဒသစ်တွေကိုချက်မှတ်ဖိုလိုကြောင်းအထူးတိုက်တွန်း
အပ်ပါသည်ရခိုင်ပြည်နယ်ဟာပြန်မာနိုင်ငံတွင်အလှပဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်းဒီလို့လှပတဲ့
ပြည်နယ်တစ်ခုကို ဖွံဖိုးတိုးတက်အောင်အစိုးရနဲ့ ရခိုင်ခေါင်းဆောင်းများအတူတကွက်လက်တွဲ
ပါဝင်ဆောင်ရွက်ဖိုလိုကြောင်းအထူးတိုက်တွန်းခဲ့ပြီးတော့နိဂုန်းချူပ်အေလေးအနက်ပြော
သွားခဲ့ပါတယ်။ ဒါဟာရခိုင်လူမျိုးတွေရဲအနာဂတ်ရုင်သန်နိုးကြားလာစေမည် ခွန်အားကြီး
မားသော စကားတွေဖြစ်ကြောင်းကိုလည်း ကျနော်ပြောကြားအပ်ပါသည်။
By Mayyu Tun ( မေယူထွန်း) 

Tuesday, April 1, 2014

ကိုရီးယား ၂ နိုင်ငံ အပြန်အလှန် ပစ်ခတ် ရုပ်သံကြည့်နိုင်ပါပြီ

  မြောက်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကို ရီးယား ရေပိုင်နက်ထဲ
ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာလို့ တောင်ကိုရီးယားဘက်က
ဆိုပါတယ်။သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက်လာလို့ တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့
တာ ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြောပါတယ်။
            အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြိုထား
တဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့
သိရပါတယ်။အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြု ထားခြင်း မရှိဘဲ
အဲဒီ နယ်စည်းအနီး အခုလို ဖြစ်ရပ်တွေ မကြာခဏဖြစ်ပေါ်လေ့ ရှိပါတယ်။
BBC TV

Monday, March 31, 2014

ခိုးဝင်လာသူတွေကို ထိန်းချုပ်ကိုင်တွယ်တဲ့ နည်းလမ်းတွေကို သုံးဖို့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး တိုက်တွန်း

  မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသူတွေနဲ့ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေကို လက်
ရှိကမ္ဘာပေါ်မှာ တရားမ၀င်ရွှေ့ပြောင်းသွားလာနေထိုင်သူတွေကို ကိုင်တွယ်တဲ့ နှုန်းစံတွေနဲ့အညီ ထိန်းချုပ်ကိုင်
တွယ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြား
လိုက်ပါတယ်။ မတ်လ ၃၀ ရက်နေ့က MCN TV NEWS နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ်မှာ
ဝန်ကြီးက အဲ့ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောကြားရာမှာတော့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးစံနှုန်း
တွေ အပြည့်အ၀ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ မက္ကဆီနိုင်ငံနဲ့ ဂျူးဘားနိုင်ငံတွေက ခိုးဝင်လာသူတွေကို ထိန်း
ချုပ်ကိုင်တွယ်တဲ့ နည်းလမ်းတွေကို နမူနာယူပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီ ပြည်ထောင်စု အစိုးရ
အဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN TV NEWS
ရဲ့ TV သတင်းပေးပို့ချက်မှာ အခုလို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Video By MCN TV News

Samsung Galaxy S5 ကို မြန်မာပြည်မှာ ၆ သိန်း၎သောင်းကျော်နဲ့ ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်းရောင်းချမည်



Samsung Galaxy S5 ကို မြန်မာပြည်မှာ ၆ သိန်း၎သောင်းကျော်နဲ့ ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း
ကနေ စတင် ရောင်းချသွားမယ်လို့ တရားဝင် ကြေငြာလိုက်ပါတယ်။ ဦးစည်သူဇေယျ သတင်းပေး
ပို့ထားပါတယ်။

‪‎DVB TV‬ -

Saturday, March 29, 2014

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်နဲ့ ဖြည့်သွင်းခဲ့မယ်ဆိုရင် ဥပဒေနဲညိစွန်းနိုင်



  သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်နဲ့ ဖြည့်သွင်းခဲ့မယ်ဆိုရင် ဥပဒေနဲ့ ညိစွန်းမယ်လို့
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တရားဝင် ပြောကြားလိုက်တဲ့
ရုပ်သံကြည့်နိုင်ပါပြီ

Credit - MCN TV News

မလေးရှား လေယာဉ်ပျောက်ကို ရေးအောက်နည်းပညာသုံးပစ္စည်းနှင့်ရှာဖွေမည်..

မလေးရှား လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ နောက်ထပ် သဲလွန်စတခု ထပ်ရလို့ အဲဒီကို
အပြေးအလွှား သွားရှာနေကြပြန်ပါပြီ။ ရေဒါ အချက်အလက်တွေအရ လေယာဉ်ဟာ အရင်
မှန်းထားတာထက် ပိုမြန်မြန် မောင်းခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရင် ရှာနေတဲ့ နေ
ရာကနေ ကီလိုမီတာ ၁၁၀၀ လောက် အကွာမှာ ရှာဖွေရမယ်လို့ သြစတေးလျနဲ့ မလေးရှား
အစိုးရတွေက ဆိုပါတယ်။ အဲဒီနေရာမှာ ရှိတာ သေချာပြီ ဆိုရင်တော့ ဆိုနာ နည်းပညာ သုံး
ပြီး ရှာဖွေမှာ ဖြစ်ပါတယ်။အပြည့်အစုံကို ရှာဖွေပုံကို သတင်းဗီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်

Credit - BBC

သန်းခေါင်စာရင်းမှာရိုဟင်ဂျာမထည့်သွင်းဖို့ မန္တလေးမြိုဆန္ဒထုတ်ဖေါ်


  ကောက်ယူတော့မယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတာတွေ မထည့်သွင်းဖို့
မန္တလေးမြို့မှာ သံဃာတွေ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ခွန်ဘသာတင်ဆက်။
ရိုက်ကူး အောင်စိုးမိုး

Credit - DVB TV News

Tuesday, March 25, 2014

မျက်ရည် ငိုသံတွေနဲ့ ပီကင်းမြို့ရှိ မလေးရှားသံရုံးရှေ့ ဆန္ဒပြပွဲ

Tuesday, March 25, 2014
         ‎MH370‬ လေယာဉ်ပျက်ကျမှု မလေးရှားအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မကျေမနပ်
ဒေါသဖြစ်နေတဲ့ တရုတ်ခရီးသည်မိသားစုဝင်တွေဟာ ပီကင်းမြို့တော်မှာ ရှိတဲ့ မလေးရှားသံရုံးကို
အင်္ဂါနေ့မနက်က ဆန္ဒပြကြပါတယ်။ သံရုံးအသွားလမ်းကို ပိတ်ဆို့စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့
ဝင်တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရုတ်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ "...
             "ငါတို့တွေ အချိန်တွေကုန် စောင့်ခဲ့ရတာ ၁၈ရက်ရှိပြီ။ ငါတို့ ဘာကိုထပ်စောင့်ရမလဲ၊ အဲဒီ့
မလေးရှားလူကြီးတွေနဲ့ တွေ့ချင်တယ်၊ အခု ငါတို့စောင့်စားခဲ့ရတာ ဘာအဓိပ္ဗါယ်ရှိတော့မလဲ"လို့
လေယာဉ်ပေါ်ပါပျောက်ဆုံးနေတဲ့ ခရီးသည်တွေအတွက် ဆန္ဒပြသူတဦးက အော်ဟစ်ငိုယိုပြောဆိုပြီး
တားဆီးတဲ့ ရဲသားတွေကို တိုးထွက်သွားပါတယ်။
     ဆန္ဒပြအမျိုးသမီးတစ်ဦးက "ငါမင်းအတွက်စိန်လက်စွပ်ဝယ်ထားပြီ၊ မင်းရဲ့လက်မှာစွပ်ပေးချင်တယ်"
လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ ဆန္ဒပြသူအများစုဟာ "ကံကောင်းပါစေ MH370
အိမ်ကိုအမြန်ပြန်လာပါ" လို့စာတန်းပါ တီရှပ်တွေကို ၀တ်ဆင်ကြပါတယ်။
       ပျောက်ဆုံးလေယာဉ် MH370 မှာပါသွားတဲ့ ခရီးသည် ၃ပုံ၂ပုံကျော်လောက်ဟာ တရုတ်လူမျိုးတွေဖြစ်
ကြပြီး မလေးရှားအစိုးရရဲ့ ရှာဖွေမှု ၂ပတ်ကျော်အကြာမှာ လေယာဉ်ပျက်ကျကြောင်း သတင်းထုတ်ပြန်ချက်
ကို တရုတ်မိသားစုဝင်တွေက အခြေအမြစ်မပြနိုင်လို့ လက်သင့်မခံနိုင်ပဲ လိမ်ညာဖုံးကွယ်မှုလို့ စွပ်စွဲပြော
ဆိုကြပါတယ်။

    DVB

Sunday, March 16, 2014

ရိုဟင်ဂျာအမည်ကို လက်မခံဖို စစ်တွေမြို့လုံးကျွတ် ဆန္ဒထုတ်ဖော် ဗွီဒီယိုသတင်းကြည့်ရှုနိုင်ပါပြီး

မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၂ ရက်နေ့ထိ ကောက်မည့် သန်းခေါင်စာရင်း တွင် ၉၁၄ ဆိုသော
အခြားနေရာတွင် မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာအမည်ကို ထည့်သွင်းမှာကို ရခိုင်တိုင်းရင်းသား
များက သံသယများ စိုးရိမ်စိတ်များ ရှိနေကြသော ရိုဟင်ဂျာအမည်ကို လက်မခံဖို့၊ တစ်စုံတစ်ဦးက
ပြောဆိုသော်ငြားလည်း မှတ်တမ်းတင် အသိအမှတ်မပြုဖို့ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဗွီဒီယိုသတင်း BY/ Arakan Times

Saturday, March 15, 2014

ရခိုင်ပြည့်မှာ ရခိုင်ဖတ်စာ စတင်သင်ကြားနေပြီ

ရခိုင်ပြည်နယ် တွင်ရခိုင်ဖတ်စာ မူလတန်းအဆင့်ကို စတင်းသင်ကြားနေပြီ
ဖြစ်ကြောင်း RFA သတင်းဌာနက ယနေ့ထုတ်လွှမ့်

လေယဉ်ပျောက်ဆုံးမှုအတွက် 15-3-201 စနေနေ့ သတင်းစာ၇ှင်းလင်းပွဲက၀န်ကြီးချုပ်နာဂျစ်ရဲ့ ဗီဒီယိုဖိုင်ကြည့်ရှုနိုင်ပါပြီ

လေယဉ်ပျောက်ဆုံးမှုအတွက် 15-3-201 စနေနေ့ သတင်းစာ၇ှင်းလင်းပွဲက၀န်ကြီးချုပ်နာဂျစ်ရဲ့ ဗီဒီယိုဖိုင်
ပါ ။ နားထောင်ကြည့်ပါ ဘာပြောသွားလဲဆိုတာ တိုက်ရိုက်လွှင့်တာ မသိလိုက်သူများအတွက် English လိုရှင်းတာပါ.

Friday, March 14, 2014

ရခိုင်မြောက်ဦးနန်းတော်ရာရှိရှေးဟောင်းနန်းတော်ကို မူလပုံစံမပျက်ရန် ရခိုင်တိုင်ရင်းသားများဆန္ဒရှိ

ရခိုင်မြောက်ဦးနန်းတော်ရာရှိရှေးဟောင်းနန်းတော်ကို မူလပုံစံမပျက်...ရခိုင်မြောက်ဦးနန်းတော်ရာရှိရှေးဟောင်းနန်း
တော်ကို မူလပုံစံမပျက်ပြန်ဆောက်ရန်အဆို ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့
ပြည်နယ်အစိုးရမှပြည်ထောင်စုထံတင်ပြမည်ဟု ကတိပြုပြောဆို

By- Eleven Media Group

Twitter Delicious Facebook Digg Stumbleupon Favorites More