Tuesday, May 13, 2014

ရန်ကုန်ကို ၂ဝ၃၅မှာ Mega City ဖြစ်ဖို့ ဒေါ်လာ ၂၅ ဘီလီယံကုန်မယ်၊ တကယ်ဖြစ်ပါ့မလား


Posted by Kamayut Media
           ရန်ကုန်ကို Mega City အဖြစ် ဂျပန်နိုင်ငံက JICA အဖွဲ့ရဲ့ ကူညီမှုနဲ့ ရေးဆွဲခဲ့တဲ့ Yangon 2035 နှစ်
ရှည်စီမံကိန်းကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါပြီ။ နှစ် ၂ဝကြာမြင့်မယ့် ဒီ Master Plan ဟာ အမေရိကန်ဒေါ်လာ
 ၂၅ဘီလီယံ ကုန်ကျမှာမို့ လက်တွေ့မှာ တကယ်ပဲ ဖြစ်လာနိုင်ပါ့မလား။
            ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ ရေးဆွဲထားတဲ့ Yangon Mega City 2035 စီမံကိန်းကို အကောင်အထည်
ဖော်ဖို့ ဆိုရင်တော့ မြန်မာအစိုးရအနေနဲ့ ကိုယ်ပိုင်ငွေစိုက်ထုတ်သုံးစွဲတာနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့တွေ၊ အလှူရှင်
တွေဆီက ချေးယူဖို့ JICA ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။
            ရန်ကုန် Mega City ဟာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံကို တည်ဆောက်ရမှာဖြစ်တာကြောင့် နှစ်
ပေါင်းများစွာ အကောင်အထည်ဖော်ရတာဖြစ်ပြီး မြန်မာပြည်သူတွေ ယုံကြည်မှု ထောက်ခံမှုရှိအောင်လည်း မြန်မာ
အစိုးရအနေနဲ့ မဟာဗျူဟာတွေ ပြောင်းလဲရမယ်လို့ ဆိုပါတယ်။
            ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA အဖွဲ့ရဲ့ ကွင်းဆင်းလေ့လာပြီး ရေးဆွဲထားတဲ့ 
ရန်ကုန်မြို့တော်ရဲ့ Master Plan နောက်ဆုံးအဆင့် ရှင်းလင်းပွဲကို မေလ ၁၂ရက်နေ့က Asia Plaza ဟိုတယ်မှာ
 ကျင်းပခဲ့ပြီး ရန်ကုန်စည်ပင်၊ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
          ရန်ကုန်မြို့တော် နှစ်ရှည်စီမံကိန်းကို ၂ဝ၁၂ခုနှစ် ဒီဇင်ဘာမှာ ရန်ကုန်တိုင်းအစိုးရနဲ့ JICA တို့ပူးပေါင်းပြီး 
ကော်မတီဖွဲ့စည်း ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ကားအစင်းရေ တစ်သိန်းကျော်လာပြီး မြို့နေပြည်သူတွေ စည်းကမ်းမဲ့
မှုကြောင့် သယ်ယူပို့ဆောင်ရေးမှာ ပြဿနာတွေရှိနေတယ်လို့ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ဒုတိယဝန်
ကြီးက ဆိုပါတယ်။
             ၂ဝ၁၅ကနေ ၂ဝ၂၅အထိ ပထမအဆင့်၊ ၂ဝ၂၅ကနေ ၂ဝ၃၅အထိ ဒုတိယအဆင့် ရန်ကုန်မြို့ရဲ့ အခြေခံ 
အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေနဲ့ ကူးသန်းရောင်းဝယ်ရေး၊ မြို့ပြစင်တာတွေ၊
 ရေပေးဝေရေးနဲ့ လျှပ်စစ်မီး စတဲ့ကဏ္ဍအစုံပါဝင်တဲ့ ဒီစီမံကိန်းဟာ အခုအထိ မရေမရာ မသေမချာ ဖြစ်နေဆဲပါ။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More