Sunday, May 18, 2014

ယနေ့ နံနက် တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဒဏ်ရာရှိခဲ့သော ဒုရဲအုပ် နွေဦးမောင်မှာ မောင်တော ဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသခံယူလျှက်ရှိကြောင်း

၁၇.၅.၂၀၁၄
     မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင် (၅၁/၅၂)တွင် နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေးကင်းလှည့်နေစဉ် 
ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသော ဒုရဲအုပ် နွေဦးမောင်မှာ မောင်တောမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိ
ပါသည်။ ဒုရဲအုပ် နွေဦးမောင်၏ ပြောပြချက်အရ အကြမ်းဖက်သမားများသည် သေချာစွာစီစဉ်လျှက် သူတို့သွားရောက်
မည့် လမ်းကြောင်းတွင် အသင့်စောင့်ဆိုင်းပြီး သတ်ကွင်းအဖြစ် စီစဉ်ထားခဲ့ကြောင်း၊ မိမိတပ်ဖွဲ့ဝင် (၄)ဦးမှာ ထိုနေ့ရာ
တွင် သေဆုံးခဲ့ရကြောင်း၊ မိမိမှာလည်း ရန်သူပစ်ခတ်သော ကျည်ဆံမှာ ခါးအထက် ၀မ်းဗိုက်သားမှ ဖောက်ထွက်ခံခဲ့ရ
ကြောင်းသိရှိရပါသည်။
              ထပ်မံသိရှိရသည်မှာ အကြမ်းဖက်သောင်းကျန်းသူများသည် သေဆုံးသူများကိုယ်ပေါ်တွင် မိုင်းများထောင်
ထား ခဲ့ကြောင်း၊ နယ်ခြားစောင်တပ်မှလည်း နယ်စပ်တစ်ဖက်သို့တိုင်အောင် ချေမှုန်းလျှက် ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ထူးခြားမှုများအား အချိန်နှင့်တပြေးညီတင်ပြပေးပါမည်။

Credit @ Western Gate Guard

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More