Sunday, May 11, 2014

လူးဝစ်ဆွာရတ်ဇ်ဟာ PFA Player of the year ဆုနဲ့ မတန်ပါဘူး


 (မော်ရင်ဟို)
           ချဲလ်ဆီး အသင်းမန်နေဂျာ ဂျိုဆေးမော်ရင်ဟို,က လူးဝစ်ဆွာရတ်ဇ်,အား PFA ဆုနှင့် မတန်ဟု 
ဝေဖန်လိုက်ပြီး ထိုဆုသည် ချန်ပီယံအသင်းဆီက ကစားသမားသာ ရသင့်ကြောင်း၊ မိမိအနေဖြင့် မန်စီး
တီး၏ ဇစ်ကို,ကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ လီဗာပူလ်း ဖလားရခဲ့လျှင်လည်း စတီဗင်ဂျာရတ်,သာ 
ထိုက်တန်ကြောင်း ပြောဆိုလိုက်ပါတယ်။
          “လူးဝစ်ဆွာရတ်ဇ်ဟာ အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက်ပါ၊ အရည်အချင်းမရှိပဲ နဲ့တော့
 သူ့ကို PFA ဆုအတွက် ဘယ်သူမှ Vote ပေးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ Player of the year ဆုကို 
ရရှိတဲ့ ကစားသမားဟာ အင်္ဂလန်မှာ လွန်ခဲ့တဲ့ (6)နှစ်,(8)နှစ်, (10)နှစ်ကျော် လောက်ကသာ ဖလားရဖူးတဲ့ 
အသင်းဆီက ဖြစ်နေတယ်”
           “သူ,ချဲလ်ဆီးက အီဗန်နိုဗစ်,ကို ကိုက်ခဲ့တယ်။ ဒီရာသီမှာတော့ မဟုတ်ဘူး၊ ပြီးခဲ့တဲ့ရာသီက။ ကျုပ်က 
လူတစ်ယောက်ရဲ့ အမှားကို အပစ်တခုအဖြစ် ထပ်ပြောနေတာ မဟုတ်ဘူးနော်။ ဘောလုံးကွင်းထဲက အမှားဟာ
 တသက်လုံး အပစ်ဒဏ်ခံရမယ့် ကိတ်စမှ မဟုတ်တာ။ ဒါပေမယ့် Player of the year ပိုင်ရှင်ဟာ ဘယ်တော့မ
ဆို ချန်ပီယံအသင်းဆီကသာ ဖြစ်သင့်တယ်”
         “တကယ်လို့ ဒီနေ့မှာသာ မန်စီးတီးအသင်း ချန်ပီယံဖြစ်သွားမယ် ဆိုရင် သေချာတယ် ကျွန်တော်က အီဒင်
ဒီဇစ်ကို, ကိုပဲ ရွေးမှာပဲ။ သူဟာ ဂိုးသွင်းမုဆိုးကြီးတော့ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ Assists တေ 
အများကြီး လုပ်ခဲ့တယ်၊ ကစားတာ သန့်ရှင်းတယ်၊ မျှတမှု့ရှိတယ်၊ ကတ်တွေ ပလူပျံနေတဲ့ ကစားသမားလည်း 
မဟုတ်ဘူး။ နောက်ပြီး သူက ဒိုက်မထိုးဘူး”
           “သူဟာ အသင်းမှာတောင် တတိယဦးစားပေး အဖြစ်သာ ကစားရလေ့ရှိတာပါ။ ဒါပေမယ့် အသင်းက တ
ကယ်လိုအပ်လာတဲ့ အချိန်တိုင်း အဖိုးတန်တဲ့ ရလဒ်တွေ ထုတ်ပေးလေ့ရှိတယ်။ ကျွန်တော်ထင်တယ် သူသွင်းယူခဲ့
တာ (16) ဂိုးလားမသိဘူး။ တတိယ ဦးစားပေးသာ ကစားရတဲ့ ကစားသမားဟာ (16)ဂိုးတောင် သွင်းယူခဲ့တယ်တဲ့၊
 သိပ်ပြီးခမ်းနား မနေဘူးလားဗျာ”ဟု ဂျိုဆေးမော်ရင်ဟိုက ပြောဆိုသွားခဲ့ကြောင်းပါ။ ။
‪#‎မောရစ်‬

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More