May 27, 2014 7daydaily
ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 နှင့် ဂြိုဟ်တုများအကြား ဆက်သွယ်ခဲ့
မှုအချက်အလက်များကို ယနေ့ထုတ်ပြန်လိုက်သည်။ ပျောက်ဆုံးသွားသော မလေးရှားလေယာဉ် ခရီးစဉ်မှာ
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု အပြီးသတ်ဆုံးဖြတ်မှုတွင် အသုံးပြုခဲ့သော မူရင်း
ဂြိုဟ်တုအချက်အလက် ၄၇ မျက်နှာကို မလေးရှားအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။
ဂြိုဟ်တုအချက်အလက်များတွင် ဗြိတိန်ဂြိုလ်တုကွန်ရက် အင်မာဆက်နှင့် မလေးရှားလေယာဉ်ကြား
ဆက်သွယ်ခဲ့သော အီလက်ထရွန်နစ် အချက်ပြပုံများပါဝင်သည်။ ယင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာ၍ လေယာဉ်
ပြန်လည်ရှာဖွေ တွေ့ရှိရေးအတွက် အသုံးချခဲ့သည်။
---------------
Update
ယခု သတင်းအချက်အလက်များကို ခရီးသည်များ၏ ဆွေမျိုးသားချင်းများထံ ဦးစွာပေးပို့ခဲ့ပြီးနောက်
မီဒီယာများသို့ ထုတ်ပြန်ပေးခဲ့သည်။ လေယာဉ်ခရီးသည်များ၏ မိသားစုများကမူ သတင်းအချက်အလက်များကို
ကျွမ်းကျင်သူ အများအပြားထံ ဖွင့်ချပြ၍ ခွဲခြမ်း စိတ်ဖြာလေ့လာနိုင်ခဲ့ပါက လေယာဉ်၏ နောက်ဆုံးတည်နေရာကို
ကူညီဖော်ထုတ်နိုင်မည်ဟု မျှော်လင့်နေကြသည်။
အချက်အလက်များ ထုတ်ပြန်ရေးမှာ မိသားစု၏ တစ်ခဲနက် တောင်းဆိုမှုဖြစ်ပြီး မလေးရှားအစိုးရက
သတင်းအချက်အလက် များကို ထိမ်ချန်ထားသည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြသည်။‘‘လွန်ခဲ့တဲ့ နှစ်လကျော်လောက်က
ကျွန်မတို့ ပထမဆုံး အချက်အလက်တွေစပြီး တောင်းဆိုခဲ့တဲ့အချိန်က ဒီကိစ္စဟာ ဒါလောက် အခက်အခဲအတားအ
ဆီးတွေ ကျော်ဖြတ်ရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဘူး’’ ဟု ခရီးသည်တစ်ဦး၏ အမေရိကန် လက်တွဲဖော်က ရိုက်
တာသတင်းဌာနအား ပြောသည်။
အချက်အလက်များအရ ဝေးလံသော အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဖြစ်သည့် သြစတြေးလျနိုင်ငံ အနောက်
ပိုင်းတွင် အာ ရုံစိုက်ရှာဖွေခဲ့သော်လည်း အောင် မြင်မှု မရရှိခဲ့ပေ။ မလေးရှားလေကြောင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည်
မတ်လ ၈ ရက်က ခရီးသည်ပေါင်း ၂၃၉ ဦး တင်ဆောင်၍ ကွာလာလမ်ပူမှ ဘေဂျင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွား
ခဲ့သည်။ ပျောက်ဆုံးသွားသော ခရီးသည်များ၏ မိသားစုဝင်အချို့ကလည်း ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန်ရန်
မလေးရှားအစိုးရကို တောင်းဆိုခဲ့သည်။





0 ထင်မြင်ချက်ပေးရန်:
Post a Comment