Saturday, May 17, 2014

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်က လူအုပ်စုဖြင့် ပြည်သူလူထုကို နိုင့်ထက်စီးနင်း ပါးရိုက်



Friday, May 16, 2014
        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာ ပုံခရိုင်၊ ဒေးဒရဲ-ဖျာပုံ အဝေးပြေး လမ်းပေါ်ရှိမြို့ဝင်ကြေး ကောက် ခံသူအား
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက မြို့ဝင်ကြေး ကောက်
ခံမှုနှင့် ပတ်သက်၍ ပြဿနာဖြစ်ရာမှ ငွေကောက်ခံသူ သာမန်ပြည်သူတစ်ဦးအား ပါးကိုရိုက်နှက်ခြင်းအထိ အချင်းများ
 ခဲ့ ကြောင်း ငွေကောက် ခံသူက မေ၁၃ ရက်က ထုတ်ဖော် ပြောဆိုသည်။
           အခင်းဖြစ်ပွားပုံမှာ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ဖျာပုံ ဘက်မှ မောင်းနှင်လာသည့် ကား တစ်စီးအား ဘီးခွန်
 ကြေးကောက် ခံရာ၌ ဦးသိမ်းဆွေ ပြသည့်ဖြတ် ပိုင်းမှာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖြစ်နေကြောင်း၊ သို့သော် ၎င်း တို့ဘက်မှ 
ယင်းဖြတ်ပိုင်းမှာ ယနေ့ တွင် ဖြတ်ခဲ့သည့် ဖြတ်ပိုင်းဖြစ် ကြောင်းနှင့် ဂိတ်အား ဓာတ်ပုံ များ ရိုက်ယူ သည့်အတွက် မေးမြန်း
ခဲ့ရာမှ မည်သည့်အ တွက်ကြောင့် ရိုက်ယူပါသလဲ ဟု မေးမြန်းရာ ကတောက်ကဆ ဖြစ်ခဲ့ပြီး အဆိုပါကား ပြန်
လည်မောင်း ထွက်ခဲ့သည်။
            အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ရိုက်နှက်ခံရသူ မောင်ဖြိုးဝေ အောင်က““ကျွန်တော်တို့ ဂိတ် တဲကို ဓာတ်ပုံ တွေ
 ရိုက်တာနဲ့ ဘာကြောင့် ရိုက်တာလဲဆိုတော့ အဲဒီအမတ်က ကျွန်တော့်ကို ပါးရိုက်တယ်။ အမှတ်တမဲ့ဆိုတော့ ကျွန်တော်
လည်း မတတ်နိုင်လိုက်ဘူး။ သူက လွှတ်တော်အမတ်တစ်ဦး ဆိုတော့ ဒီလိုမျိုး နိုင့်ထက်စီးနင်း ပါးရိုက်တာမျိုးတွေ မလုပ်
လောက်ဘူး ထင်ထားတာကို။ အဲဒီမှာ ရှိနေတဲ့ ကျွန်တော့်အစ်ကို ရဲနိုင်က လူကြီးလူကောင်းမှန်ရင် လက်မပါရပါဘူး ပြော
လိုက်တော့ ကားနဲ့ မောင်းထွက်သွားတယ်””ဟု အခင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြသည်။
           အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကိုယ်တိုင်မြင်တွေ့ခဲ့ ရသူ၊ အဆိုပါ ကားဂိတ်ရှေ့တွင် နေထိုင်သူ ဒေသ
ခံဦးပုညိုက““အဲဒီနေ့က ဂိတ်တာဝန်ခံက ကျွန်တော့် အိမ်ကို ရောက်နေတယ်။ ခေါ်သံ ကြားလို့ ကျွန်တော်တို့ ထွက်လာ
တော့ ပြဿနာ ဖြစ်နေတာ သိတယ်။ ဘယ်သူမှန်းလဲ မသိ၊ ဘာဖြစ်မှန်းလဲ မသိဘူး။ အဲဒီ ပုဂ်္ဂိုလ်က ဓာတ်ပုံတွေရိုက်ပြီး ရဲ 
တိုင်မယ်ဆိုပြီး ထွက်သွားတာ။ နောက်တော့မှ လွှတ်တော်အမတ် ဦးသိမ်း ဆွေဆိုတာ သိရတယ်။ အဲဒီအချိန်မှာ ယူနီဖောင်း
ဝတ်ရဲ တွေရော၊ အရပ်ဝတ်ရဲတွေရော၊ ကျွန်တော်တို့လို ပတ်ဝန်းကျင်က လူတွေကော အများကြီးပဲ။ ရဲကို တိုင်မယ်ပြောပြီး
 ရဲရှေ့ရောက်မှ သူတို့ကိုရိုက်တာ။ ရဲတိုင်ပြီး ရင် ဥပဒေအတိုင်း လုပ်ပေါ့။ ဘာလို့ ဥပဒေမဲ့လုပ်တာလဲဗျာ””ဟု ပြည်သူ့အာဏာ 
သို့ ပြောသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD လွှတ်တော်ကိုယ်စား လှယ်ဦးသိမ်းဆွေအား ဆက်သွယ်ရာတွင် မအားသေး
ဘူး ဟုလည်းကောင်း၊ မီဒီယာများကို လက်ခံဖြေကြားခြင်း မပြုနိုင်သေး ဟု လည်းကောင်း ပြန်လည် ဖြေကြားခဲ့သည်။

From: ပြည်သူ့အာဏာ(P-098476532893)
Naing Min

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More