Thursday, May 29, 2014

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး လုံခြုံမှုရှိစေရေးအတွက် ကင်းပုန်းစနစ် ( သို့ ) စစ်မျက်နှာဖွင့်၍ ကာကွယ်သွားမည်ဟုဆို



            မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး မောင်တောမြို့ နယ်နမိတ်အတွင်း တစ်ဘက်နိုင်ငံမှ
 RSO ဘင်္ဂလလီသောင်းကျန်းသူများ သီတင်းတစ်ပတ်ခြားတစ်ခါလောက်မှာ ဝင်ရောက်လာလေ့ရှိ
နေသည့်အတွက် ၎င်းမှာလည်း နယ်စပ်မှတ်တိုင်အားဖြင့် ( ၅၁ / ၅၂ / ၅၃ ) အနီး စပ်ကြားတွင်းသာ
 ဝင်ရောက်ခြုံခိုတိုက်ခိုက်သည်က အလေ့အထတစ်ခုလိုဖြစ်နေသည့်အတွက် နယ်စပ်ခြံစည်းရိုးလုံခြုံရေး
တာဝန်ယူ ဆောင်ရွက်နေကြသော နယ်ခြားစောင့်တပ်ဖွဲ့အနေဖြင့်စစ်မျက်နှာတစ်ခုအဖြစ် ဖွင့်လှစ်တော့
မည်ဖြစ်ကြောင်း သိရှိရသည် ။
              နယ်ခြားစောင့်တပ်၏ အဆင့်မြင့်အရာရှိတစ်ဦးက ""ကျွန်တော်တို့ စေ့စပ်လုပ်ဆောင်သွားကြ
မှာပါ ။ အခုဟာကအဲဒီကောင်တွေ ဝင်ပေါက်ဖြစ်နေတာကိုခန့်မှန်းနိုင်ပါပြီ ။ တစ်ဘက်ရန်သူက ခြုံခိုလို့ရတဲ့ 
လမ်းကြောင်းကနေ တိုက်ခိုက်တာပါ ။ ဒီဘက်က လှည့်ကင်းသမားကလည်း ဗြုန်းစားကြီးဆိုတော့ အငိုက်မိ
တဲ့အဖြစ်အပျက်နဲ့တိုးသွားတာပေါ့လေ ။
              အခု စစ်ရေးစီမံချက်နဲ့ နယ်စပ်ဒေသ လုံခြုံရေးကို နယ်ခြားစောင့်တပ်ဖွဲ့ကရောအနီးစပ်ဆုံး ရခိုင်
ကျေးရွာတွေကိုရောစိတ်ချနိုင်လောက်တဲ့ လုံခြုံမှုရရှိစေရေးကို ရခိုင်ကျေးရွာသားတွေကို ပြည်သူ့စစ်အဖြစ် 
လက်နက်တွေတပ်ဆင်ပေးထားပါပြီ ။ ကျွမ်းကျင်မှု / စစ်ရေးနည်းပရိယာယ်နဲ့ တိုက်ခိုက်မှုအပိုင်းတွေကိုလည်း
သင်တန်းပို့ချပေးနေပါတယ် "" ဟု ပြောဆိုလိုက်သည် ။
             RSO အမည်ရှိ ဘင်္ဂလီအကြမ်းဖက်သမားများ၏ တစ်ဘက်နိုင်ငံအတွင်းက ဝင်ရောက်လာမည့်လမ်း
ကြောင်းနှင့်ဝင်ရောက်လာနိုင်သည့် ခြံစည်းရိုးနယ်နမိတ်မှတ်တိုင်များကိုလည်း တပ်အင်အားလက်နက်အင်
အားနဲ့ စစ်ရေးနည်းပရိယာယ်ဗျူဟာများ စနစ်တကျဖြန့်ချထားသည့်အကြောင်းနှင့် တစ်ဘက်နိုင်ငံ၌ခိုလှုံခွင့်ရ
ရှိနေကြသော RSO ဘင်္ဂလီအကြမ်းဖက်သမားတို့ရဲ့ ခြေကုတ်စခန်းကိုလည်း ဒုက္ခသည်ကယ်ဆယ်ရေးစခန်း
အသွင်ဖြင့် တစ်ဘက်လှည့်လှုပ်ရှားနေကြခြင်းသာဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်သည် ။

နန်းတွင်းမိညို
အင်တာဗျူးသတင်းမှ ကောက်နှုတ်ဖေါ်
ပြပါသည် ။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More