Tuesday, May 6, 2014

တပ်မတော်ဒုတပ်ကြပ်တစ်ဦးမှ ရဲတပ်ကြပ်ကြီးအား သေနတ်ဖြင့် ပစ်သတ်.

.(ဟာဂျူလီ-ကသာ)
          ၂၀၁၄ခုနှစ် မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)မိနစ်အချိန်က အင်းတော်မြို့နယ်အပိုင် 
နန်မကြိုင်းကျေးရွာအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့်ရဲတပ်ကြပ်ကြီးတစ်ဦးအား ဖျာပုံ
အခြေစိုက် ခလရ(၉၈)မှ ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးပစ်ခတ်ခံရသူ
 ရဲတပ်ကြပ်ကြီးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွား...ခဲ့ပါသည်။
              ဖြစ်ပွားပုံမှာ နဘားဓါတ်အားခွဲရုံတွင် လုံခြုံရေးတာဝန်ကျနေသူ ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်း 
(၄၂နှစ်)(လ ၁၅၃၃၂၄)သည်အရပ်ဝတ်ဖြင့်နန်မကြိုင်းရွာ ရွှေစကားဝါစားသောက်ဆိုင်တွင် နန်မကြိုင်းရွာသား
(၃)ဦးနှင့် နေ့လည်စာစားပြီး စကားထိုင်ပြောနေစဉ် ဒုတပ်ကြပ်စန်းနိုင်(တ/၇၇၉၁၆)ဆိုသူသည် အရပ်ဝတ်ဖြင့်
ဝင်ရောက်လာခဲ့ပါသည်၊
         ထိုသို့ဝင်ရောက်လာပြီး ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်းထံသို့ ဦးတည်သွားရောက်၍ “မင်း ငါ့တပည့်
ကို ဘာပြောတာလဲ”ဟု မေးခဲ့ပြီး ပါလာသည့် MA3သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ပါသည်၊သေနတ်ကျည်ဆန်
သည်  ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်း၏ ၀ဲလက်ရင်အုံကိုထိမှန်ခဲ့ပြီး နေရာတွင် သေဆုံးသွားခဲ့ပါသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More