Sunday, May 11, 2014

ဒေါ်စုကိုလုပ်ကြံကြမယ်သူတွေ NLD အထဲမှာတောင် ရှိနေကြပြီလား




     10 . 5 . 2014 ရက်နေ့ မအူပင်မြို့မှာ ကျင်းပပြုလုပ်မယ့် 2008 ဖွဲ့စည်းပုံ.ဆိုင်ရာဟောပြောပွဲသို့ တက်ရောက်
ဟောပြောမယ့် NLD ပါတီဥက္ကဋ္ဌ ဒေါ်စုကြည်ကို ဂျင်ကလိနဲ့ ပစ်ခတ်လုပ်ကြံရန် ကြံစည်ခဲ့သူ မအူပင်မြို့ ( ၃ )
ရပ်ကွက်နေဦးမောင်မောင် ( ခ ) ရွှေသွေးမောင်( ၃၅ ) ဘ / ဦးဘပြူးအပါအဝင် ( ၃ ) ဦးကို၎င်းနေ့ညနေ 8 : 25
အချိန်က သတင်းပေးစုံစမ်းချက်အရ မအူပင်မြို့မ ရဲစခန်းမှူးဦးဆောင်တဲ့ ရဲတပ်ဖွဲဝင်များက ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့
ကြောင်းသိရှိရသည် ။ 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကထားဟောပြောမည့် ယခုပွဲကို
ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ NLD ပါတီဝင်များတက်ရောက်ကြရန် စီစဉ်နေတဲ့အချိန်မှာပဲ "" အမျိုးဖျက်တဲ့ စုကြည် ၊
သစ္စာမစောင့်တဲ့ စုကြည် ၊ပြည်သူတွေကို ဒုက္ခပေးမယ့် စုကြည် ""ဆိုပြီးတော့ မအူပင်မြို့သား သတ္တိခဲကြီးဦးမောင်မောင်
က ဂျင်ကလိနဲ့လုပ်ကြံရန်စီစဉ်ခဲ့ခြင်းဖြစ်တယ်ကြောင်း ဦးမောင်မောင်ရဲ့ ထွက်ဆိုချက်အရ သိရှိရသည် ။
                ဦးမောင်မောင်နဲ့အတူ နောက်ထပ်အပေါင်းပါ ( ၁၀ ) ဦးပါရှိကြောင်းနှင့် ၎င်းအထဲတွင် NLD ပါတီဝင် ၂ ဦး
လည်း သူတို့နဲ့အတူ ပူးပေါင်းလုပ်ကြံရန် ကြံစည်တဲ့အထဲမှာပါရှိကြောင်း ထွက်ဆိုထားပါတယ် ။မအူပင်မြို့မ ရဲစခန်းအနေ
နဲ့ အမှုနဲ့ပတ်သက်မှုရှိတဲ့ တရားခံတွေကို ထပ်မံဖမ်းဆီးရမိရေးနဲ့ စစ်ဆေးရေးများကိုတိတ်တဆိတ် လုပ်ဆောင်နေကြပေမယ့်
ဒီဖြစ်ရပ်သတင်းကြောင့် မအူပင်မြို့မှာတအုန်းအုန်းဖြစ်နေကြပါပြီ ။ ဒေါ်စုကြည်အတွက် လုံခြုံရေးကိုလည်း ထပ်မံတိုးမြှင့်သွား
ဖို့ စီစဉ်နေကြပြီဖြစ်ကြောင်း မအူပင်ဒေသခံ NLD ပါတီဝင်တစ်ဦးက ပြောဆိုလိုက်ပါတယ် ။
နောက်ဆက်တွဲသတင်းများကိုဆက်လက် တင်ပြပါဦးမယ် . . . . .

From : ဒီမို ပါပါကြီး

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More