Friday, May 9, 2014

မြန်မာနိုင်ငံရဲ့ အန္တရာယ်ရှိသူ တဦးအကြောင်း


        Serge Pun (ခေါ်) သိမ်းဝေ (သို့မဟုတ်) အောင်သောင်း ကို နောက်ကွယ်က တိတ်တိတ်ကူညီပြီး 
မြန်မာနိုင်ငံကို အားရပါးရ ဖျက်ဆီးခဲ့သူတစ်ယောက်။ အာဏာရူးသန်းရွှေ နဲ့ သူ့ တပည့်တစ်သိုက် အတော်
ကြာကြာ ရပ်တည်နိုင်ခဲ့ပြီး တိုင်းပြည်က သံယံဇာတတွေ ခိုးထုတ် ဗြောင်ထုတ်ပြီး လူချမ်းသာ ကြီးတွေ ဖြစ်
သွားအောင် နောက်ကွယ်က တိတ်တိတ် ကူခဲ့တဲ့သူတွေ အများကြီး ရှိခဲ့ပါတယ် ၊ အဲဒီအထဲမှာ ရှေ့ဆုံးက ပါခဲ့
တဲ့သူတစ်ယောက်ကတော့ Serge Pun (ခေါ်) သိမ်းဝေ ပဲဖြစ်ပါတယ် ၊ 
        သိမ်းဝေဟာ အောင်သောင်းနဲ့ ပေါင်းပြီး နောက်ကွယ်ကနေ ပါဝင်လှုပ်ရှားခဲ့သူပါ ၊ အပြည်ပြည်ဆိုင်ရာ 
ရာဇဝတ်မှုဥပဒေတွေကို သန်းရွှေ နဲ့ အဖွဲ့ မပါနိုင်အောင် လိမ်မာပါးနပ်စွာရှောင်ရှားနိုင်အောင် ကူညီနိုင်ခဲ့ သူပါ ၊ 
အမေရိကန် လွှတ်တော်ထဲအထိ သန်းရွှေ တို့ အုပ်စု အတွက် လော်ဘီလုပ်ပေးမယ့်သူတွေ ထွက် လာအောင်
 ချိန်းချက်လုပ်ပေးခဲ့တာလည်း သိမ်းဝေ ရဲ့ လက်ချက်ပါပဲ ၊ 
           ဆိုင်ကယ်တွေ မော်တော်ကားတွေ ဖုန်းတွေ အဆမတန်ဈေးတက်တာတွေ ကအစ ထုတ်လုပ်ခွင့် လိုင်စင်
တွေ ကို တစ်နှစ်တစ်ကြိမ် စက်မှု(၁) ကို လာဘ်ငွေအများကြီးထိုးပြီး လုပ်ခဲ့ရတဲ့ လမ်းကြောင်းတွေ ကို ထွင်ပေးခဲ့
တာလည်း အဲဒီ သိမ်းဝေ ရဲ့ အကြံတွေပါပဲ ၊ 
            Suzuki Motor ကို အယုံသွင်းပြီး မြန်မာနိုင်ငံ ထဲခေါ်လာပြီး ဒီကျမှ စက်မှု(၁) ကနေ ကန့်သတ်ထားလို့ 
တစ်နှစ်မှ အစီ ၁၀၀ လောက်ပဲ ထုတ်ရသယောင်ယောင် အောင်သောင်း နဲ့ပေါင်းပြီး Suzuki Motor ကို နောက်
ကျောက ဓါးနဲ့ ထိုးခဲ့တာလည်း အဲဒီ သိမ်းဝေ ပါပဲ နိုင်ငံတကာမျက်နှာစာမှတော့ ဂျပန်နိုင်ငံက အထင်ကရ ကုမ္ပဏီ
ကြီးတစ်ခုဖြစ်တဲ့ Suzuki Motor ရဲ့ Partner တစ်ယောက် အဖြစ် ထွန်းသစ်စ မြန်မာနိုင်ငံမှာ အနစ်နာခံ ဝင်ရောက် 
ရင်းနှီးမျြုတ်နှံတဲ့ သူတစ်ယောက်လို့ နာမည်ကောင်းယူခဲ့ပါသေးတယ် ၊ 
            တရုတ်နိုင်ငံ ထဲမှာ သိမ်းဝေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေလည်း အများကြီးရှိပါတယ် ၊ အကျင့်ပျက်ခြစားတဲ့ 
တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လည်း သိမ်းဝေ နဲ့ ရင်းနှီမှုတွေရှိနေပါတယ် ၊မြန်မာနိုင်ငံထဲမှာ မြေကွက်တွေ ဈေး
တက်လာအောင်လုပ်တဲ့တဲ့ အဓိက တရားခံ လက်သည် တစ်ယောက် လည်းဖြစ်ပါတယ် ၊ 
            တချိန်က လေယာဉ်ပျံပေး ဆွဲခဲ့ဖူးတဲ့ ဒီမိုကရေစီဘက်တော်သား ကိုစိုးမြင့် ဦးဆောင် တည်ထောင်ထားတဲ့ 
ပြည်ပ အခြေစိုက် မစ္ဈိမ သတင်းဌာနကိုလည်း မကြာခင်က ဝယ်ယူခဲ့ပြီး Exile Media တခု ကျဆုံးခန်းကို ဖန် တီးခဲ့သူ 
တစ်ယောက်၊ ဦးသိမ်းဝေ ခေါ် Serge Pun ။  FMI လုပ်ငန်းစု၊ YOMA ဘဏ်လုပ်ငန်းတွေနဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများရဲ့ 
မတရားရယူထားတဲ့ ပိုင်ဆိုင် မှုတွေနဲ့ ငွေမည်းတွေကို ဖြူစင်အောင် ငွေကြေးခဝါချပေးနေသူ၊ အကာအကွယ်ပေးနေသူ
 Serge ခေါ် သိမ်းဝေ။ 
              ခေတ်မကောင်းစဉ်က မြန်မာနိုင်ငံသား ဘဝကို စွန့်ပစ်ခါ ခေတ်ကောင်းလို့ ဗိုလ်ချုပ်တွေနဲ့ ပေါင်းစားလို့ ရတဲ့ 
အခါ မြန်မာပြည်ပြန်လာပြီး ဂုတ်သွေးစုတ် ခေါင်းပုံဖြတ် အမြတ်ကြီးစား Serge Pun။ 
မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံး Serge Pun (ခေါ်) သိမ်းဝေ ကို စောင့်ကြည့်ကြဖို့ လိုမယ်လို့ ပြောချင် ပါတယ် ။ 
mmplayboys.




0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More