မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Wednesday, December 31, 2014

၂၀၁၅ နိုဝင်ဘာ လဆန်းပိုင်မှာ အထွေထွေရွေးကောက်ပွဲကျင့်ပမည်


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ရက်အတိအကျ မပါဘဲ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆန်းတွင် ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

မဲပေးရမယ့် မဲဆန္ဒရှင် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြုစုနေပြီး နိုင်ငံသားတိုင်း မဲပေးရွေးကောက် တင်မြှောက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီ အခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းမှာ ပါဝင်လိုကြောင်းနဲ့ မဲပေးနိုင်ရေးအတွက် မဲစာရင်း ကြေညာတဲ့အခါ သွားရောက်ကြည့်ရှုဖို့လည်း တိုက်တွန်းထားပါတယ်။
BY: DVB

Tuesday, December 30, 2014

ပျောက်ဆုံး အဲအေးရှား လေယာဉ်မှ ရုပ်အလောင်း ၄၀ ကျော် ပင်လယ်ပြင်တွင် တွေ့ရှိ


BY: ဧရာဝတီ
        ပျောက်ဆုံးနေသော အဲအေးရှား လေကြောင်းလိုင်း (Air Asia QZ 8501 – A 300 / 200)
 လေယာဉ်ပေါ် ပါသွားသူများထဲမှ ရုပ်အလောင်း ၄၀ ကျော်နှင့် လေယာဉ် အစိတ်အပိုင်းများကို 
အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း၊ ကာလီမန်တန် အနောက်ဘက် ပင်လယ်ပြင်တွင် တွေ့ရှိရပြီဟု 
အင်ဒိုနီးရှားရေတပ်က အတည်ပြု ကြေညာကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။
        “ကျနော်တို့ရေတပ် ရေဒီယို အခြေစိုက် စခန်းကို Bung Tomo စစ်သင်္ဘောဆီကို ပင်လယ်ပြင်မှာ 
ရုပ်အလောင်း ၄၀ ကျော် တွေ့ထားပြီး အရေအတွက် ပိုများလာနေတယ်ဆိုတဲ့ သတင်း လက်ခံရရှိတယ် ”
 ဟု အင်ဒိုနီးရှား ရေတပ် ပြောခွင့်ရသူ၏ စကားကို ကိုးကားပြီး Jakarta Globe သတင်းတွင် ဖော်ပြထားသည်။
အဲအေးရှားလေယာဉ် ရှာဖွေရေး လုပ်ဆောင်နေသည့် ပင်လယ်ပြင် တနေရာတွင် လေယာဉ်၏ 
အရေးပေါ် ထွက်ပေါက် တံခါးတချပ်၊ လေယာဉ်တခါး တခုတို့ကို တွေ့ရကြောင်း၊ အသက်ကယ် 
ဝတ်စုံများ၊ ခရီးဆောင် အိတ်များလည်း တွေ့ရှိရပြီး ပျောက်ဆုံး အဲအေးရှား လေယာဉ်၏ အစိတ်
အပိုင်းများ ဖြစ်မည်ဟု ၉၅ ရာခိုင်နှုန်း ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံ လေယာဉ်ရှာဖွေရေး 
အေဂျင်စီ အကြီးအကဲက ပြောဆိုသည်။
         ပင်လယ်ကြမ်းပြင်တွင် ပျောက်ဆုံး အဲအေးရှား ဂျက်လေယာဉ်ဟု ယူဆရသည့် လေယာဉ်ကိုယ်
ထည် အရိပ်ကိုလည်း အင်ဒိုနီးရှားလေတပ် လေယာဉ်တစီးက တွေ့ရှိထားသည်ဟု အဆိုပါ သတင်းတွင် 
ဆက်ဖော်ပြထားသည်။ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီများက အဆိုးဆုံး အခြေအနေကို ပြင်
ဆင်သည့် အနေဖြင့် လူသေအလောင်း သယ်ယူ ထုပ်ပိုးသည့် အိပ်များကိုပါ အဆိုပါ နေရာသို့ ယူ
ဆောင်သွားရန် စီစဉ်နေဟု ဆိုသည်။
            ပျောက်ဆုံးအဲအေးရှား လေယာဉ် အပိုင်းအစများ တွေ့ရှိရာ ကာလီမန်တန် အနောက်ဘက်ကမ်း
 ပင်လယ်ပြင်သို့ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လေယာဉ်၊ သင်္ဘောများကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း 
အင်ဒိုနီးရှား အရာရှိက ပြောဆိုကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။
          နောက်ဆုံး ရရှိသော သတင်းများအရ လေယာဉ်အပျက်အစီး အပိုင်းအစများသည် ဖန်ကလန်ဘန်းကျွန်း၊
 ကာလီမန်တန် အနောက်ဘက်ကမ်း ပင်လယ်ပြင်တွင် ပျံ့ကျဲနေသည်ကို တွေ့ရသည်ဟု အင်ဒိုနီးရှား တာဝန်ရှိ
သူများက ပြောဆိုထားသည်။ပျောက်ဆုံးလေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ အတွက် အင်ဒိုနီးရှားနိုင်ငံ
 အသက်အာမခံ ဥပဒေ စည်းမျည်းများ အရ လျော်ကြေးငွေပေးရန် ပြင်ဆင်နေကြောင်း အဲအေးရှား လေကြောင်း
လိုင်း အင်ဒိုနီးရှားနိုင်ငံ ဌာနခွဲ CEO က ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို
ထားသည်။
           အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုသည် ယနေ့ ညနေပိုင်းတွင် ပျောက်ဆုံးလေယာဉ် စတင်ထွက်ခွာခဲ့ရာ 
ဆုရာဗယာကျွန်းသို့ သွားရောက်ပြီး မိန့်ခွန်း ပြောကြားရန် ရှိကြောင်း သတင်းများက ဆိုသည်။
အဲအေးရှား (Air Asia- QZ 8501) ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၁၅၅ ဦး၊ လေယာဉ် အမှုထမ်း ၇ ဦး 
တင်ဆောင်လာပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်မှ စင်ကာပူနိုင်ငံ 
ချန်ဂီလေဆိပ်သို့ ဦးတည် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
              လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အင်ဒိုနီးရှား၊ စင်ကာပူ၊
 သြစတြေးလျ အပါအ၀င် အမေရိကန်၊ ဗြိတိန်စသည့် နိုင်ငံပေါင်းစုံတို့မှ အားဖြည့် ရှာဖွေနေခြင်း ဖြစ်သည်။

Monday, December 29, 2014

အဲအေးရှားလေယာဉ် ပျောက်ဆုံးမှုကို MH370 ဖြစ်ရပ်နှင့် မနှိုင်းယှဉ်သင့်ဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား



            အဲအေးရှားလေယာဉ် ပျောက်ဆုံးနေသော အခြေအနေသည် မလေးရှား လေကြောင်းလိုင်းပိုင် MH370 
ပျောက်ဆုံးမှုကဲ့သို့ ပဟေဠိဆန်ဆန် အခြေအနေမျိုး မဟုတ်နိုင်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်
က ပြောကြားခဲ့သည်။
        ဩစတြေးလျသည် ယခုနှစ် မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်း
မသိရဘဲ ပျောက်ကွယ်သွားသည့် MH370 လေယာဉ်ကို လိုက်လံရှာဖွေရာတွင် ဦးဆောင်ဦးရွက် ပြုနေသည့် နိုင်ငံဖြစ်
သည်။ MH370 လေယာဉ်သည် လူပေါင်း (၂၃၈)ဦးနှင့်အတူ အဆက်အသွယ် ပြတ်တောက်သွားပြီး ယနေ့အချိန်ထိ 
ယင်း၏ ကံကြမ္မာကို တိတိကျကျ မသိရချေ။
           ဒီဇင်ဘာ ၂၈ ရက်က စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဂျာဗားပင်လယ်ပြင်ထက် အဆက်အသွယ်ပြတ်တောက် 
ပျောက်ဆုံးသွားသည့် အဲအေးရှား လေယာဉ်မှာမူ MH370 ကဲ့သို့ ပဟေဠိဆန်သော ကိစ္စများကို ဖြစ်လာစေနိုင်မည် 
မဟုတ်ဟု အက်ဘော့တ်က ယူဆထားသည်။
           “တချို့က ဒီဖြစ်ရပ်ကို MH370နဲ့ ချိန်ထိုးခိုင်းနှိုင်း ပြောဆိုနေကြတယ်။ ဒါကတော့ တကယ့် အမှားကြီးတစ်ခုပဲလို့ 
ကျွန်တော် ထင်ပါတယ်”ဟု ဩစတြေးလျ ဝန်ကြီးချုပ်က 2GB ရေဒီယိုသို့ ပြောကြားခဲ့သည်။ ၎င်းက “MH370 ဟာ
 ကျွန်တော်တို့ ကြုံဖူးသမျှ အကြီးကျယ်ဆုံး ပဟေဠိကြီးတစ်ခု ဖြစ်နေခဲ့တယ်။ အဲအေးရှား လေယာဉ်ပျောက်ဆုံးမှုက
တော့ ဒီလို လျှို့ဝှက်ဆန်းကျယ် မဆန်နိုင်ပါဘူး။ လေယာဉ်က ပုံမှန် သတ်မှတ်လမ်းကြောင်းအတိုင်း၊ ပုံမှန် အစီအစဉ်
အတိုင်း ပျံသန်းနေရာကနေ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံသွားတာပါ။ MH370 ဖြစ်ရပ်လို ဆန်းကျယ်နက်နဲ
တာမျိုး မရှိပါဘူး”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
             အဲအေးရှား၏ ခရီးစဉ်အမှတ် QZ8601၊ Airbus A320-200 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် 
လူပေါင်း (၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဆိုးရွားသော ရာသီဥတုကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ပြုရန် 
လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် အကြောင်းကြားခဲ့ပြီး မကြာမီတွင် အဆက်အသွယ် ပြတ်တောက် 
ပျောက်ဆုံးသွားခဲ့သည်။

_Ref: Asiaone News

Wednesday, December 17, 2014

လိပ်ကျွန်းအမှု သက်သေထွက်ဆိုမည့် မြန်မာများ လုံခြုံရေးကြောင့် အခက်တွေ့နေ



        ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်းတောင်ပိုင်း စူရဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံအဖြစ် 
စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးဖက်မှသက်သေထွက်ဆိုမည့် အခြားသော မြန်မာနိုင်ငံသား ၈ ဦးက 
၎င်းတို့၏ လုံခြုံရေးအာမခံချက် မရှိ၍ အခက်တွေ့နေသည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အ
ထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။
        "သူတို့ဆီက ပြောပြချက်တွေ အားလုံးကြားပြီးသွားပြီဆိုပေမယ့် တရားရုံးမှာ ထွက်ဆိုဖို့ကို
 မလိုက်ရဲကြဘူး ဖြစ်နေတယ်။ ဘယ်သူကကျည်ဆံထဲ ခေါင်းဝင်တိုးရဲမလဲ။ အဲဒီကိစ္စအတွက် 
သံအမတ်ကြီးနဲ့ တိုင်ပင်ပြီး အစိုးရချင်း လုပ်ပေးဖို့ ပြောမယ်"ဟု ၎င်းကဆိုသည်။
           ကော့တောင် (ခိုတောင်) ကျွန်းနေ သက်သေ ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်
မှုများရှိနေခြင်း၊ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက် လုပ်ကိုင်နေရခြင်းတို့ကြောင့် တရားရုံးတွင် သက်
သေအဖြစ် လိုက်ပါထွက်ဆိုရန် ခက်ခဲနေခြင်းဖြစ်သည် ဟုပြောသည်။
         လူသတ်မှုအတွက် ချေပနိုင်ရန် ကော့တောင်မှ မြန်မာ ၈ဦးနှင့် ထားဝယ်သို့ ပြန်လည်ရောက်ရှိနေ
သည့် မြန်မာ ၇ဦးတို့၏ ထွက်ဆိုချက်များကိုစုဆောင်းထားပြီး ယင်းတို့၏ အမည်များကိုမူ အတိအကျ 
ထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ဟု ဦးအောင်မျိုးသန့်က ဆိုသည်။ လူသက်သေအပြင်အခြား ပစ္စည်း
သက်သေများကိုလည်း မြန်မာသံရုံးအဖွဲ့က စုဆောင်းထားပြီးဖြစ်သည်ဟု မဇ္ဈိမကို အသိပေးသည်။
ထိုသို့သော အခက်အခဲများကို နှစ်နိုင်ငံ အစိုးရအချင်းချင်း ဆက်သွယ်မှုမှတစ်ဆင့် သက်သေများ၏ 
လုံခြုံရေးကို အာမခံနိုင်သည်အထိဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ဦးအောင်မျိုးသန့်က သုံးသပ်သည်။
ကော့တောင်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ဒေးဗစ်နှင့် ဟန်နာတို့၏ မိသားစုင်များကလည်း 
လူသတ်မှုနှင့် ပက်သက်ပြီး ကျူးလွန်ခဲ့သည့် အထောက်အထားများကို အခိုင်အမာရရှိထားသည်ဟု 
ထုတ်ပြန်ထားသည်။
           အဆိုပါ လူသတ်မှုကို ကျူးလွန်သူများအဖြစ် ကြေညာကာ ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုခံထားရသော
 ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ကတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ 
ဒေါ်အောင်ဆန်းစုကြည်သို့ စာပေးပို့အကူအညီတောင်းထားသော်လည်း သက်သေ အထောက်အထား အချက်
အလက်များ ပါဝင်ခြင်းမရှိသည့်အတွက် ကူညီဆောင်ရွက်ပေးရန် အခက်အခဲရှိသည်ဟု ကော်မတီ အတွင်း
ရေးမှူး ဦးဝင်းမြင့်က ပြောသည်။
            "အဲဒီကို အထောက်အထားတွေ ပို့တာတို့ ဘာတို့တော့ လုပ်ဦးမှာ မဟုတ်ပါဘူး။ ဒီဖက်ကနေပဲ လုပ်
သင့်တာတွေကို ဆက်လုပ်မှာပါ" ဟု ဦးအောင်မျိုးသန့် က ဆိုသည်။ ကော့တောင်ကျွန်း လူသတ်မှုကို စစ်ဆေးရန် 
ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းတရားရုံးက လက်ခံခဲ့ပြီး ပထမဆုံး အမှုရုံးချိန်းကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ခဲ့ကာ
 ဒုတိယရုံးချိန်း အဖြစ် တရားလိုပြသက်သေများ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

Saturday, December 13, 2014

ဗုဒ္ဓဘား ဖမ်းဆီးခံ နယူးဇီလန်နိုင်ငံသားအမှုလိုက်ရန် ရှေ့နေများ ငြင်းပယ်



         ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, 
Buddha.bar ပါတီပွဲကြော်ငြာကြောင့် သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား
 Mr. Philip အတွက် ကမ်းလှမ်းခဲ့တဲ့ ရှေ့နေ ၄ ဦး အမှုလိုက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
          ဒီအမှုဟာ အရမ်းကို ထိခိုက်မခံတဲ့ ကိစ္စဖြစ်တာကြောင့် အခုလို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ် 
မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ထင်ရှားတဲ့ ရှေ့နေတဦးကို ချဉ်းကပ်ခဲ့ရာမှာ ကနဦး
လက်ခံထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမှုကို လိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူက ပြောပါတယ်။
         “ကြာသပတေးနေ့ ညမှာ အမှုလိုက်ဖို့ ရှေ့နေက သဘောတူခဲ့ပါတယ်၊ ဒါပေမယ့် သောကြာနေ့ မနက်မှာ
တော့ အရေးပေါ် တွေ့ဖို့ ခေါ်ပါတယ်။ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက် မပါသင့်ဘူးလို့ ရဲက ပြောတဲ့
အတွက် အမှုကို မလိုက်နိုင်တဲ့အကြောင်း သူက ပြောပါတယ်” လို့ ဖိလစ်မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
         ဒီမတိုင်ခင်ကလည်း ရှေ့နေ ၃ ဦးက အမှုလိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသက် 
၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တခြား ထိန်းသိမ်းထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ 
ထွဋ်ကိုကိုလွင်တို့နဲ့ သီးသန့် ထားထားသလို တဦးတယောက်နဲ့မှတွေ့ခွင့်မပေးဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက 
ပြောပါတယ်။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာ
မှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့သဏ္ဌာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတဲ့အတွက်  
သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။

By ဒီဗွီဘီ

ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ



      ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ
 ဖယ်ရှားခံလိုက်ရကြောင်း သတင်းရရှိသည်။ အိမ်ရှေ့မင်းသား မဟာဗာဂျာရာလွန်ကွန်၏ ကြင်
ရာတော် ဆရီရက်စ်မီ မင်းသမီးသည် သူမ၏ တော်ဝင် အဆောင်အယောင်များကို ပြန်လည် 
အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့သည်။
              ထိုင်းနိုင်ငံ၏ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ ကျန်းမာရေး 
အခြေအနေ ဆုတ်ယုတ် ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် တော်ဝင်မိသားစု၌ 
ယခုကဲ့သို့ အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုရင်မင်းမြတ် ဘူမိဘောက မင်းသမီး
 ဆရီရက်စ်မီ အနေဖြင့် သူမ၏ တော်ဝင် အဆောင်အယောင်များကို စွန့်လွှတ်ရန် ခွင့်ပြုမိန့်ကို လက်မှတ်
ရေးထိုး အတည်ပြုပေးခဲ့ကြောင်း နန်းတော်က တိုတိုတောင်းတောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်
ခဲ့သည်။ အဆိုပါ အခြေအနေက အိမ်ရှေ့မင်းသား အနေဖြင့် ကြင်ရာတော်ကို ကွာရှင်းရန် စီစဉ်နေကြောင်း 
ကောလာဟလများကို ပိုမိုခိုင်မာလာစေသည်။ မင်းသမီး ဆရီရက်စ်မီ၏ ဆွေမျိုးတော်စပ်သူ (၇)ဦးတို့သည်
 ရဲတပ်ဖွဲ့အတွင်း ခြစားနေမှုများနှင့် ပတ်သက်သည့် အမှုတစ်ခုတွင် ပါဝင်ဆက်နွှယ်ခဲ့ကြောင်း ဖော်ထုတ် 
တွေ့ရှိပြီးနောက် တော်ဝင် မိသားစုအတွက် သိက္ခာကျစရာ ဖြစ်ခဲ့သည်။
           အိမ်ရှေ့မင်းသားက မိမိကြင်ရာတော်၏ တော်ဝင်ဂုဏ်ပုဒ်များကို ရုပ်သိမ်းပေးပါရန် အစိုးရထံ 
တောင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ (၁၃)နှစ်ကြာ အိမ်ထောင်ရေးမှာ ဆုံးခန်းတိုင်ရန် အကြောင်းဖန်
လာခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံတို့သည် ၂၀၀၁ ခုနှစ်က လက်ထပ် ထိမ်းမြားခဲ့ခြင်းဖြစ်ပြီး 
၎င်းတို့တွင် သားတစ်ဦး ဖွားမြင်ထားသည်။
 
_Ref: Channelnewsasia

ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး


By နော်နိုရင်း (ဒီဗွီဘီ)
      တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အောင်ရတနာ မှန်လုံခရီးသည် 
၎စ/၇၄၉၆ တင်ကားဟာ မိုင်တိုင် ၇၉ မလွှဲတောင် ရောက်ရှိချိန်မှာ ဓားပြတိုက်ခံ ခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ  ၆ နာရီခွဲမှာ အခင်းဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ခရီးသည်တင်ကား ဓားပြတိုက်
ခံရစဉ် ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ ဒု-တပ်ခွဲမှူး ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တဦး ကားနဲ့ အဲဒီ
နေရာကို ရောက်ရှိလာခဲ့တာပါ။ ကားရပ်ဖို့ ဓားပြအဖွဲ့ကပြောဆိုပြီး သူတို့ ကားပေါ်ကနေ ဆင်းတဲ့အချိန်
မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ကေအန်ယူ-မြိတ်ထားဝယ် ခရိုင်တွဲဘက် အတွင်းရေးမှူး ပဒိုစောအယ်
နာက ဒီဗွီဘီကို ပြောပါတယ်။
          “ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တယောက်က ကားတစီးနဲ့ အဲဒီကို ရောက်လာတော့ ဓားပြက ခေါ်ပြီး 
ဆင်းခိုင်းတယ်။ သူတို့ကတော့ ဓားပြတိုက်ခံရမှန်း မသိဘူး။ ဆင်းတော့ ဓားပြတွေက သူ့ကိုပစ်တာပေါ့။ 
သူ့တပည့်တယောက်က ထွက်ပြေးတော့ အနောက်ကနေ လှမ်းပစ်ခံရလို့ ဆုံးသွားတယ်။ ”
        ဗိုလ်ခင်ဝင်း ကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းမဆုံးသေးဘဲ နောက်မှ သူ့သူငယ်ချင်း တယောက်
က သူ့ ကို ရေးဆေးရုံကို သွားပို့ချိန် လမ်းမှာဆုံးသွားတာလို့ ပြောပါတယ်။ အစိုးရတာဝန်ရှိသူတွေရဲ့ စစ်ဆေး
ချက်အရ ဓားပြတိုက်သူတွေဟာ ၁၀ ဦးလောက်ရှိပြီး အဲဒီဒေသမှာ အရင်တုန်းက ဓားပြတွေ ရှိဖူးတယ်လို့ 
ပြောဆိုကြောင်း ပဒိုအယ်နာက ပြောပါတယ်။
          ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့ အောင်ရတနာ အဝေးပြေးကားဂိတ်နဲ့ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ကို
 မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားတာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုကြပေမယ့် အသေးစိတ် ပြော
ဆိုတာ မရှိပါဘူး။

Friday, December 5, 2014

ထိုင်းဘုရင်ကြီး ဘူမိဘော သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ ကျင်းပ


By ဒီဗွီဘီ 5 December 2014  
       နာမကျန်းဖြစ်ပြီး ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတဲ့   ထိုင်းဘုရင်ကြီး 
ဘူမိဘော အဒူလ်ယာဒက်ရဲ့ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ပွဲတွေကို  ထိုင်းနိုင်ငံတ၀န်း 
ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျင်းပပါတယ်။
            ထိုင်းဘုရင်ဘူမိဘောကို ခါတိုင်းလို အများပြည်သူရှေ့အဖူးမြော်ခံမယ့်အစီအစဉ်ကို 
ဖျက်သိမ်းဖို့  သူရဲ့သမားတော်တွေက အကြံပြုထားတဲ့အတွက် ဘုရင့်ကျန်းမာရေးအပေါ် စိုးရိမ်
မှုတွေ မြင့်တက်လာနေပါတယ်။
          ထောင်နဲ့ချီတဲ့ ပြည်သူတွေကတော့ ဘုရင်ကြီး ကျန်းမာစေဖို့ ဘန်ကောက်မြို့က စီရီရတ်ဂ်ျ
ဆေးရုံဆီကို စုပြုံသွားရောက်ခဲ့ကြပြီး ဆေးရုံအပြင်မှာလည်း ကမ္ဘာ့ နန်းသက်အရှည်ဆုံး ဘုရင်ကို 
ခဏ ဖူးမြော်ခွင့်ရဖို့  မျှော်လင့်နေတဲ့ ပြည်သူတွေ ထောင်သောင်းချီ စတည်းချ နေတာပါ။
       ထိုင်းဘုရင်ကြီးရဲ့ မွေးနေ့ကို ထိုင်းနိုင်ငံရဲ့ အဖေနေ့အဖြစ် သတ်မှတ်ထားပြီး အများပြည်သူ 
အလုပ်ပိတ်ရက်အဖြစ် ကြေညာထားပါတယ်။ ထိုင်းဘုရင်ကြီးဟာ  ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး
  သည်းခြေအိတ်ထုတ် ခွဲစိတ်ကုသမှု ခံယူဖို့ ဘန်ကောက်မြို့တော်ရှိ စီရီရတ်ဂ်ျဆေးရုံ တက်ခဲ့ရပြီး 
နောက်ဆုံးအကြိမ် လူထုမြင်ကွင်းကို ထွက်ခဲ့တာတော့  ပြီးခဲ့တဲ့ နိုဝင်ဘာလကပါ။
           ထိုင်းနိုင်ငံမှာ  နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေတဲ့  ဆယ်စုနှစ်တွေအတွင်း တိုင်းပြည်ရဲ့ 
စည်းလုံးညီညွတ်ရေးပုံရိပ်လို ဖြစ်နေတဲ့ ဘုရင်ကို ပြည်သူအများအပြားကလည်း ကြည်ညိုလေးစား
ကြပြီး နတ်တပါးလို ကိုးကွယ် ယုံကြည်ကြတာပါ။
            ဘုရင်ကြီးဟာ ၁၉၇၀နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက ထိုင်းနိုင်ငံ နိုင်ငံရေး မတည်ငြိမ်မှုတွေ
အတွင်း နိုင်ငံတော်တည်ငြိမ်ရေး ဆော်သြမှုတွေ အကြိမ် အတော်များများ ၀င်ရောက် ဆောင်ရွက်ခဲ့
ပါတယ်။ လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ ဘုရင့်မွေးနေ့အထိမ်းအမှတ်အဖြစ် 
ဒီဇင်ဘာတလလုံး ထိုင်းပြည်သူပြည်သားတွေအားလုံး အဝါရောင်ဝတ်ဆင်ကြဖို့ ဆော်သြထားပါတယ်။
ဘုရင့်မွေးနေ့ တရားဝင်အခမ်းအနားကို တဦးတည်းသောသားဖြစ်သူ အိမ်ရှေ့မင်းသား မဟာ ဗာဂျီရာ
လောင်ကွန်းက ဆောင်ရွက်မယ်လို့ မျှော်လင့်ထားပါတယ်။

Tuesday, December 2, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ၂ ဦးကို ဒီဇင်ဘာ ၄ ရက် စွဲချက်တင်မည်

BY: DVB

             ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ 
ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ကော်ဆမွီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းမှာ ဆဌမအကြိမ် ရမန်
ယူပြီး ချုပ်ရက် ထပ်တိုးလိုက်တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးထူးချစ်က 
ဒီဗွီဘီကို ပြောပါတယ်။
           Koa Toa“ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကော့ဆမွီခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ ရုံးထုတ်တဲ့ခါ အစိုး
ရရှေ့နေဘက်က နောက်ထပ် ၆ ကြိမ်မြောက် ရမန်ယူသွားပါတယ်ခင်ဗျ။ ရမန်ယူတာက အမှုကို တရားစွဲတဲ့
အခါမှာ သူတို့ဘက်က အချက်အလက်တွေ မပြည့်စုံတာရယ်၊ ထပ်ဖြည့်ချင်တဲ့ သဘောတွေ တွေ့ရပါတယ်။ 
သူတို့က ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွေ အတွင်း ရုံးတင်မယ်လို့ ပြောပါတယ်။”
နောက်ထပ် သက်သေ ၂၀ ဦးကို မေးမြန်းလို့ မပြီးသေးတာနဲ့ နိုင်ငံခြားသား သက်သေတစ်ဦးမှ ရောက်မလာသေး
တာကြောင့် နောက်ထပ် ချုပ်ရက်တိုးရကြောင်း အစိုးရရှေ့နေဘက်က ဖြေဆိုခဲ့ တယ်လို့ လည်း ဦးထူးချစ်က ပြောပါတယ်။
တရားစွဲဖို့ ပြင်ဆင်နေတဲ့ကာလအတွင်း မြန်မာသံရုံးအထူးအဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီဘက်ကလည်း စွပ်စွဲခံရသူ 
၂ ဦး ထောင်အပြင်ကနေ တရားရင်ဆိုင်ခွင့်ရဖို့ အာမခံရရေး ထပ်မံလျှောက်ထားဖို့ရှိပြီး အာမခံငွေ ဘတ်ငွေ ၂ သန်းကို
လည်း သံရုံးက အသင့် ထုတ်ထားပေးထားလို့ ခုရက်ပိုင်းအတွင်း အမြန်ဆုံးအာမခံ လျှောက်ထားမယ်လို့ ဆိုပါတယ်။
ဒီကနေ့ တရားရုံးထုတ်မှုကို သွားရောက်ကြားနာခဲ့သူတွေထဲမှာ ထိုင်းမြန်မာသံရုံးအထူးအဖွဲ့က ကိုယ်စားလှယ် ၃ ဦး၊
 စွပ်စွဲခံရသူဘက်က ချေပပေးမယ့် ထိုင်းရှေ့နေကောင်စီအဖွဲ့ဝင် ၂ ဦး၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ ကော်ဆမွီခရိုင်မှာရှိ
တဲ့ ရခိုင်လူမှုရေးအသင်း ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၃ ဦး ပါဝင်ပါတယ်။
           မြန်မာလူငယ် ၂ ဦးဟာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာ မတွေ့ရဘဲ အကျဉ်းစခန်းမှာ ကိုယ်လက်လှုပ်ရှားအား
ကစားတွေ လုပ်ခွင့်ရတယ်လို့သိရပါတယ်။ ထိုင်းသတင်းတွေမှာတော့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုတွဲကို 
ကော့ဆမွီခရိုင် အစိုးရရှေ့နေကောင်စီအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က လက်ခံရရှိပြီဖြစ်ပြီး၊ လူသက်သေရော၊ မှုခင်းဆေးသိပ္ပံ
ဆိုင်ရာအထောက်အထားတွေပါ ပြည့်စုံပြီဖြစ်လို့ ဒီဇင်ဘာလ ၄ ရက်နေ့ တရားရုံးမှာ စွဲချက်တင်မယ်လို့ အမှတ် ၈ တိုင်း
ဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက် ရဲ့ အပြောကို ကိုးကား ဖော်ပြထားပါတယ်။

Monday, December 1, 2014

ခရီးသည်တင် ဘတ်စ်ကားများအတွက် မြို့တွင်း၌ သီးသန့်ယာဉ်ကြော သတ်မှတ်


BY: 7daydaily
      မြို့တွင်းခရီးသည်တင် ဘတ်စ်ကားများ သီးသန့်ပြေးဆွဲ နိုင်ရန် ကွန်ကရစ်တုံးများ ကာရံမှု 
ကို မြို့တွင်း ခြောက်မြို့နယ်တွင် စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် 
သာယာရေးကော်မတီမှ သတင်း ရရှိသည်။
            ကွန်ကရစ်တုံးများ စတင် ကာရံမှုကို နိုဝင်ဘာ ၂၉ ရက်က စ၍ မဟာဗန္ဓုလလမ်းမ၊ ဗိုလ်ချုပ် 
လမ်းမနှင့် အနော်ရထာလမ်းမ ကြီးတို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကွန်ကရစ်တုံးများ မကာရံ
မီက မျဉ်းဝါများဆွဲခြင်းကို နိုဝင်ဘာ နောက်ဆုံးပတ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
          ကွန်ကရစ်တုံးများကို လမ်း ၏ ညာဘက်မျဉ်းဝါတစ်လျှောက် ဘတ်စ်ကား မှတ်တိုင်များရှိရာ 
ဘက်တွင် ချထားပေးခြင်းဖြစ်၍ယခုကာလမှာ စမ်းသပ်ကာလ ဖြစ်ပြီး အချိန်ကာလကိုမူ အ တည်ပြု 
ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။
         လက်ရှိတွင် အဆိုပါကွန်ကရစ်တုံးများ ကာရံထားသည့် လမ်း ကြောင်းတွင် ခရီးသည်တင်ဘတ်စ်
ကားများကို ပြေးဆွဲခွင့်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် BRT စနစ် ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများ ကိုပါ 
ယင်းလမ်းကြောင်းတွင် ပြေး ဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း
ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောသည်။
            ကွန်ကရစ်တုံးများ ကာရံ ထားသောကြောင့် ယာဉ်စက်ချို့ ယွင်းလျှင် ဖြစ်လာနိုင်သော အ ခက်
အခဲများကို ဖြေရှင်းရန် လမ်းနံဘေးတွင် ကားပါကင်အချို့ကို ဖျက်သိမ်း၍ ချို့ယွင်းသွားသောကားထားနိုင်
သည့် နေရာများကိုလည်း စီစဉ်သွားမည်ဖြစ်သည်။ ယင်းဘတ်စ်ကား သီးသန့် ယာဉ်ကြော အတွင်းသို့ အခြား
 ယာဉ်များ ၀င်ရောက်မောင်းနှင်ပါ က စည်ပင်သာယာဥပဒေဖြင့် အ ရေးယူမည်ဖြစ်ပြီး အနိမ့်ဆုံးဒဏ်ငွေ 
ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းထိ ချမှတ်နိုင်သည့်အပြင် ထောင်ဒဏ် သုံးလအထိပါ ချမှတ်နိုင်ကြောင်း 
သိရသည်။
              သို့သော် ယခုစနစ်အပေါ် ဘတ်စ်ကားယာဉ်မောင်းများက ကြိုက်နှစ်သက်မှု နည်းပါးနေပြီး တန်းစီ၍ 
မောင်းရမည့် စနစ်ဖြစ် သောကြောင့် နှောင့်နှေးနိုင်ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။ စည်းကမ်းဖောက်
ဖျက်သည့် ကားများထဲတွင် ဘတ်စ်ကားများက အများဆုံးဖြစ်ပြီး ကွန်ကရစ်တုံးများ မချသင့်ဘဲ ယာဉ် ထိန်းက
သာ အ၀ါစည်းကို ကျော် ၍ မောင်းနှင်ပါက ဖမ်းဆီးခြင်းပြု လုပ်သင့်ကြောင်း ယခုကဲ့သို့ ပြု လုပ်ခြင်းသည် အိမ်စီး
ကားများအ တွက် လမ်းကြောကျဉ်းသွားပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နိုင် ကြောင်း ကမာရွတ်မြို့နယ်မှ အငှား
ယာဉ်မောင်းဦးတင် ကိုကိုလေးက ပြောသည်။
            ‘‘ဘတ်စ်ကားတွေ သွားဖို့ သီး သန့်လမ်းကြောင်းတစ်ခုဖြစ်လာ တာ ကျွန်တော်တို့ယာဉ်လိုင်းပိုင် ရှင်တွေ
အနေနဲ့တော့ ကြိုဆိုပါ တယ်။ အထိုက်အလျောက်ကာ လအတွင်းမှာတော့ အဆင်မပြေ တာတွေရှိနိုင်တယ်’’ဟု ၄၈ 
အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး က ပြောသည်။
         လက်ရှိတွင် အဆိုပါကွန်က ရစ်တုံးများ စတင်ကာရံထားသည့်လမ်းကြောင်း၌ ယာဉ်နောက် လိုက်မပါဘဲ
 ပြေးဆွဲမည့် BRT စနစ်ကို လမ်းအူကြောင်းများ ရွေး ချယ်ပြီးပါက စမ်းသပ်ကာလအ ဖြစ် ကိုရီးယားကားများဖြင့် 
ပြေး ဆွဲသွားမည်ဖြစ်ပြီး ယာဉ်လမ်း ကြောင်းအတည်ပြုပြီးပါက မာစီ ဒီး (သို့မဟုတ်) Scania ကားကြီးများဖြင့် 
ပြေးဆွဲသွားမည်ဟု BRT စနစ်ကို လုပ်ကိုင်ခွင့်ရရှိထားသည့်ဘက်စုံမြင်ကွင်းကုမ္ပဏီက ထုတ် ပြန်ထားသည်။
          အဆိုပါ BRT စနစ် လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘက်စုံမြင်ကွင်း ကုမ္ပဏီအား 
ခွင့်ပြုလိုက်ပြီဖြစ်ကာ ထပ်မံပြီး ပူးပေါင်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူထား သော်လည်း လာရောက်
ဆွေးနွေး မှုမရှိသေးကြောင်း သိရသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More