မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Monday, June 9, 2014
သူငယ်ချင်းထံ ပေးစာ
Sunday, March 16, 2014
လေယာဉ်ပျံပျောက်ဆုံးမှုမြန်မာပြည်မှ တာဝန်ယူလိုက်ပြီ
စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အချိန်တွင်မြန်မာအစိုးရမှ ဒီအခက်အခဲကိုတာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း
သမ္မတရုံး wetsite မှ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါသည်။
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်စာမျက်နှာတွင်မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်းသွားမည်ဟု သိရှိရပြီး အခုအခါ
မသင်္ကာဖွယ်ရာ ၃၇ ပါးသောနတ်များကိုခေါ်ယူစစ်ဆေးလျှက်ရှိပါသည်။ ကိုကြီးကျော် အား ခေါ်ယူစစ်ဆေးရာတွင်
ထိုနေ့က မိမိမှာ အမူးလွန်နေ၍လေယာဉ်ပျံ မပြောနဲ့ ပုစဉ်းတောင်မှမမြင်နိုင်လောက်အောင် မူးပြီးမှောက်နေကြောင်း
ထွက်ဆိုပါသည်။ မောင်တင့်တယ်ကို ခေါ်စစ်ရာတွင်မိမိမှာ ထိုနေ့က အချုပ်ခန်းထဲရောက်နေကြောင်း
မိမိအဖမ်းခံရသည်မှာ အဝတ်ချုပ်အပ်ပြုလုပ်နေစဉ် မသင်္ကာဖွယ်လက်နက်ဟုပြောဆိုပြီး အဖမ်းခံနေရကြောင်း
ထွက်ဆိုသွားပါသည်။ ရေငံပိုင်ဦးရှင်ကြီးအား စစ်ဆေးရာတွင်မိမိမှာ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း
ရာထူးမှ အနားယူလိုက်ပြီဖြစ်ပါသည်ယခင်က မိမိသည် မြန်မာပြည်တခွင်၌ရေငံပိုင်ဟု လူသိများကြောင်း ယခုအခါ
ရေငံပိုင် ဆိုင်းဘုတ်မှာ တပ်မတော်ပိုင်ဆိုင်းဘုတ်ဖြစ်သွားပြီ ဖြစ်သဖြင့် တပ်မတော်ကိုသာဆက်လက်မေးမြန်းသင့်ကြောင်း
ပြောဆိုသွားပါသည်။
အမေဂျမ်းကိုစစ်ဆေးရာတွင်လွန်ခဲ့သောတလခန့်မှ တရုတ်ပြည်သို့အိမ်ဖော်လုပ်ကိုင်ရန် အစိုးရမှ တရားဝင်
စေလွှတ်လိုက်ပြီဖြစ်၍ လိုအပ်ပါကပြန်လည်ခေါ်ယူစစ်ဆေးရန် စီစဉ်ထားပါသည်။ ဘိုးဘိုးကြီးအားစစ်ဆေးရာတွင်
ဘိုးဘိုးကြီးမှာ လေယာဉ်ပျံပြန်ပေးဆွဲဖို့နေနေသာသာ စီးထားသောဖိနပ်ကိုပင်မစီးနိုင်တော့ဘဲ အိပ်ယာထဲလဲနေကြောင်း
ယင်းသို့ အိပ်ယာထဲ လဲရသည့် အကြောင်းမှာတောင်တွေ တလုံးပြီး တလုံး မြေပြင်ဖြစ်နေသည့်
သတင်းကို facebook တွင် တွေ့နေရသဖြင့်မိမိနေထိုင်ရာ မန္တလေးတောင်သည်လည်းအခြေအနေမကောင်းတော့သည်ကို
ရိပ်မိပြီး အိပ်ယာထဲ လဲသွားကြောင်းသိရှိရပါသည် ။နောက်ဆုံးတွင် မသင်္ကာဖွယ် ကျန်နေသူမှာကုလားညီနောင်ဟု လူသိများသည့်
ရွှေဖျဉ်းညီနောင် အပေါ်တွင် ကျရောက်သွားပါသည်။သို့သော် ရွှေဖျဉ်းညီနောင်မှာလွန်ခဲ့သော နှစ်ပတ်ခန့် ကတည်းက
ညီအကိုချင်း စကားများပြီး နတ်ညီလာခံမှာဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီဟုသိရှိရပြီးပြစ်မှုမှာ အကိုဖြစ်သူက သန်းခေါင်စာရင်းတွင်
ပသီထည့်မည်ဖြစ်ပြီး ညီဖြစ်သူကတော့မြန်မာမွတ်စလင်မ် ထည့်မည်ဟု ပြောဆို၍အချင်းများ ပြဿနာတက်ပြီး ထိန်းသိမ်းခံလိုက်ရကြောင်း
သိရှိရပါသည် ။အတွင်းနတ်များအားလုံးမှာယခုအခါ စောင့်ကြည့်ဆဲအခြေအနေတွင်ရှိနေပြီး နတ်ကတော်များနှင့် ကန္နားစီးများကို
ဆက်လက်ရှာဖွေဖော်ထုတ်နေကြောင်းသိရှိရပါသည်။
သတင်းပေးပို့သူ ခါလူကြီး
မှတ်ချက် ။ ။ စာဖတ်ပရိတ်သတ်များ အပန်းဖြေရယ်စရာ တစ်ခုရှာဖွေတင်ပေးလိုက်ခြင်းပါ
:) :)
Thursday, October 10, 2013
ကြီးကြီးကျယ်ကျယ် ပြောရရင်.
ပြင်ဆင်ခံရတာ မကြိုက်ဘူးဗျ
သတ်ပုံမှားလို့ပြင်တာ၊ စာလုံးကျပေါက်လို့ ပြင်တာက တမျိုးလေ
မိဘတွေလိုပေါ့ဗျာ... ကိုယ်မွေးထားတဲ့ သားသမီး မလိမ္မာရင် ကိုယ်ပဲ ရိုက်နှက်ဆုံးမမယ် သူများက ဝင်ပြီးဆုံးမတာမျိုး
ဘယ်မိဘကမှ လက်ခံမှာ မဟုတ်ဘူး
ဒါဟာ အတ္တမဟုတ်ဘူးဗျ
ဒါဟာ "ရင်နှစ်သည်းခြာပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ"
ခုရက်ပိုင်း ကျနော်လည်း ခံစားနေရတယ်ဗျာ
ကျနော် စာတွေ ပြင်ဆင်ဖျက်စီးခံနေရတယ်
အကြောင်းပြန်တိုက်ဆိုင်လို့ လွန်ခဲ့တဲ့လတွေက ရေးခဲ့တဲ့ စာလေးတပုဒ် ပြန်တင်လိုက်ပါတယ်ဗျာ... ....
(သန်၎ကို)
==========
သတ်ပုံမှားတဲ့ ဘဝ
==========
1.
ပြီးခဲ့တဲ့လထုတ် မဂ္ဂဇင်းတစ်စောင်မှာပါ
ကျနော်ရေးတဲ့စာကို မှားတယ်ထင်ပြီး ပြင်တာကို ခံလိုက်ရတာလေးနဲ့ ပတ်သက်လို့ ဆက်စပ်တွေးမိတာလေးတွေ
ပြောပြချင်လို့ပါ…
အယ်ဒီတာက ပြင်တာလား၊ စာစီစာရိုက်လုပ်သူကပဲ ပြင်တာလား ဆိုတာကိုတော့ မသိပါ
2.
ကျနော်ရေးတာက ဒီလိုပါ...
ဇာတ်ထဲမှာ ရာဇဝတ်သားကို မင်းချင်းစစ်သားတွေက လိုက်ဖမ်းနေတဲ့အခန်းကို ရေးတာ
ကျနော်က….
'တပ်တော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'... လို့ ရေးတာကို ဘာအောက်မေ့တယ် မသိဘူး 'မ' တစ်လုံးတိုးထည့်လိုက်ကြတယ်။
နောက်တစ်နေရာမှာလည်း ကျနော်က...
'တပ်တော်ဗိုလ်'... လို့ ရေးတာကို 'မ' တစ်လုံးထပ်ထည့်ပြန်တယ်
အဲဒီတော့ ဘယ်လို ဖြစ်သွားလဲဆိုတော့...
'တပ်မတော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'
'တပ်မတော်ဗိုလ်'.... အဲလိုမျိုးတွေ ဖြစ်ကုန်ရော
ကျနော်ရေးတာက ရှေးခေတ်က အကြောင်းပါ
ရှေးဘုရင်တွေခေတ်အခေါ် 'တပ်တော်' လို့ဘဲ သုံးချင်တာပါ။ 'တပ်မတော်' လို့ မသုံးချင်ဘူး
ဒါကို စာလုံးကျနေတယ်ထင်ပြီး ဖြည့်စွက်ပေးလိုက်ကြတယ်
အဆိုတော်ကြီး ပြည်လှဖေ ကွယ်လွန်သွားတာ ကံကောင်းတာပေါ့
နို့မို့ သူ့ခမျာ 'နတ်ရှင်နောင်သီချင်း' ဆိုတဲ့အခါ...
♫ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫ ... လို့ မဆိုရပဲ
♫ တပ်မတော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫… လို့ ဆိုနေရမယ်၊
ခက်ဘူးလားဗျာ
3.
ခုခေတ် facebook ပေါ်လာတော့ တစ်ချို့လူတွေက ညစ်ညစ်ညမ်းညမ်း ဆဲကြဆိုကြနဲ့၊ ဖတ်ရတာ ရင့်သီးလွန်းလို့
လန့်တောင်လန့်တယ်….
facebook အသုံးပြုသူ သန်းပေါင်းများစွာကို စောင့်ကြည့်ပြီး တည်းဖြတ်ပေးဖို့ရာလည်း ဖြစ်မှမဖြစ်နိုင်တာကိုး
ကျနော် အမြဲဝင်ရေးဖြစ်နေတဲ့ web site တစ်ခု ရှိပါတယ်
mmcybermedia တဲ့၊ အဖွဲ့ဝင် တစ်သောင်းကျော် နှစ်သောင်းလောက်ရှိမယ်
ဒီလောက် များပြားလှတဲ့ အဖွဲ့ဝင်တွေ ရေးတဲ့စာကို စောင့်ကြည့်တည်းဖြတ်နေဖို့ မဖြစ်နိုင်တော့ Admin တွေက
Auto Correction ကို ထည့်ထားလိုက်တယ်
ညစ်ညမ်းတဲ့ စကားလုံးတွေကိုရိုက်ရင် Auto Correction က အလိုအလျောက် ပြင်ပစ်လိုက်တယ်
ငါးခြောက်တောင် ချက်လို့ရတယ်၊ ကြော်လို့ရတယ်၊ ဖုတ်လို့ မရဘူး။
'ငါးခြောက်ချက်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ကြော်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ဖုတ်' လို့ ရိုက်၊ မရဘူး၊ ‘ဖုတ်’ ပါတာကိုး
'ဖုတ်' လို့ ရိုက်လိုက်တာနဲ့ အော်တိုမတစ် '-ုတ်' ဖြစ်သွားတော့တာ
တခြားစကားလုံးတွေလည်း ရှိသေးတယ်၊ ရေးပြလို့မကောင်းလို့ သိပ်မရိုင်းတာလေးတွေပဲ ဥပမာပြောပြချင်ပါတယ်...
mmcybermedia ထဲမှာ Member တွေက တပ်မတော်သားတွေလည်း ပါနေတယ်။
ဒီတော့ စာရေးတဲ့အခါ 'စစ်သား' လို့ ရေးတာကို ရင့်သီးတယ်လို့ သူတို့က ကွန်ပလိန်းတက်တာနဲ့
Auto correction က 'စစ်သား' လို့ ရိုက်တိုင်း 'တပ်မတော်သား' လို့ ပြင်ထည့်လိုက်တယ်။
အဲ... အဲဒီတော့
ပုဂံရာဇဝင်လို အကြောင်းလည်း ရေးရော ပြဿနာတက်တော့တာဘဲဗျို့...
'ကျန်စစ်သား' လေ၊ ဘယ်လိုမှ 'ကျန်စစ်သား' လို့ မရဘူး၊ 'ကျန်စစ်သား' လို့ ရိုက်လိုက်တိုင်း
'ကျန်တပ်မတော်သား' ချည့် ဖြစ်နေတော့တာ....
ပုဂံခေတ်က စစ်သည်တော် လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက်နာမည်လည်း
mmcybermedia ထဲရောက်မှ....
1. ညောင်ဦးဖီး
2. ငလုံးလက်ဖယ်
3. ငထွေရူး နဲ့
4. ကျန်တပ်မတော်သား.... ဖြစ်ရော
4.
နောက်တစ်ခုရှိပါသေးတယ်...
mmcybermedia မှာ ရိုင်းမှာစိုးလို့ ပြင်ထားတဲ့ စကားလုံးတွေ မိုလို့ သူတို့အကြောင်းပြောတော့ နည်းနည်းရိုင်းနေရင် ခွင့်လွှတ်ပါ
အဲဒီထဲမှာ 'ဖင်' ဆိုတဲ့ စကားလုံးလည်း ရိုက်မရဘူး၊
'ဖင်' လို့ ရိုက်လိုက်တာနဲ့ Auto correction က 'စအို' လို့ ပြင်လိုက်တယ်...
“ဒယ်အိုးဖင်ကို မီးပြင်းတိုက်ပါ”… လို့ ချက်နည်းပြုတ်နည်း အခန်းမှာ တစ်ယောက်ကရေးတယ်
ဒါကို Auto correction က ပြင်ထည့်လိုက်တယ်
“ဒယ်အိုးစအိုကို မီးပြင်းတိုက်ပါ”… တဲ့
သူ့ချက်နည်းပြုတ်နည်းကို အဟုတ်မှတ်လို့ လိုက်ချက်တဲ့လူ အဲဒီနေရာကျရင် ဘာဆက်လုပ်ရမှန်းကို သိမှာမဟုတ်တော့ဘူး
နောက်တခါ... သိပ္ပံပညာရှင် Stephen Hawking အကြောင်း ရေးပြန်တော့လည်း ပြဿနာရှိနေပြန်ရော...
ဘယ်လိုမှ 'စတီဖင်ဟော့ကင်း' လို့ ရိုက်မရဘူး၊ 'စတီစအို ဟော့ကင်း' ချည့် ဖြစ်နေတော့တာရယ်...
ဟိုကသိရင် သူ့နာမည်ဖျက်ရပ့ါမလားဆိုပြီး ထကန်ချင် ကန်နေမှာ၊ ခြေမသန်တာ ကံကောင်းတယ် မှတ်ရမယ်
5.
ဒီတော့ဗျာ...
စာရေးသူတွေက တခါတလေ သူ့ခံစားချက်နဲ့သူရေးတာကို တည်းဖြတ်သူများက ကိုယ့်အထင်အမြင် အယူအဆတွေနဲ့
ပြင်ထည့်လိုက်တော့ လိုရင်းလေးတွေ ပျောက်ကြရတာပေါ့
ကဗျာမှာဆို အဲလို အပြင်ခံရရင် ပိုဆိုးမယ် ထင်ရဲ့
ကဗျာက စကားလုံး sensitive ပိုဖြစ်တာကိုးဗျ... နော်
သန်၎ကို-ပေါက်ကရရေးသည်
Wednesday, November 24, 2010
ဘယ်ရောက်နေလဲ အနိစ္စ
ဒို့တို့ရွာက ဒေါ် သာစိန် သည်အသက်အရွယ် ကြီလာသည်နဲ့အမျှ ဘုရား တရားကိုလည်း
အမြတ်တနိုး ယုံကြည် ကိုးကွယ်လာသည် အနိစ္စ အမြဲမရှိဟူသော တရားသည်သူ့နှုတ်ဖျား
တွင်အလွတ်ရနေပေပြီ သွားလေရာ လာလေရာ လမ်းခရီး၌ ခလုတ်တစ်ချက်ထိ မိရင်တောင်မှ
သူ့နှုတ်ဖျားက “အနိစ္စ...အနိစ္စ ”လို့ရွတ်ဆိုဖြစ်ပါသည် တစ်နေတွင် ဒေါ်သာစိန် တောထဲထမ်းခုတ်
သွားလေရာ ထမ်းချောင်းကို ဓားမ ဖြင့်ခုတ်နေရာ၌ သူ့ခြေထောက်ကို တောကင်းမ တစ်ကောင်း
လာပြီး ကိုက်လိုက်ပါသည် ဒေါ် သာစိန်အလွန်နာကြင်ပုံရပါသည် သူနှုတ်ဖျားက ထွက်ကျလာသည်
က အနိစ္စ မဟုတ်တော့ပါ ကိုယ်အင်္ဂါ အစိတ်ပိုင်း သာဖြစ်ရလေတောသည်..။
ဆရာမှား
တစ်နေ့တွင် ကျွန်တော်ဆီသို့ အသက် ၃၀ လောက်ရှိမည် လူတစ်ယောက်ရောက်လာ
ပြီးသူသားလေးအား ကျောင်းလာအပ်သည် ကျွန်တော်လက်ခံထားလိုက်ပါသည်
ကျောင်းတက်လ ရာသီ၏ တစ်ဝက် လောက်အချိန်ရောက်မှသာ ဒီကလေးကိုသူ့အဖေ
ကျောင်းလာအပ်တော့ ဒီကလေးကတခြားကလေးတွေထက် စာနောက်ကျနေပေပြီ
ဆရာကျင့်ဝတ်ငါးပါးနှင်အညီ ဒီကလေးကို ကျွန်တော်ပညာသင်ပေးရပါမည်
ဆရာတစ်ယောက်၏ စေတနာနဲ့ ဒီကလေး၏ရှေ့ရေးကိုကျွန်တော်ကြည့်လိုက်ပါသည်
တခြားကလေးတွေနဲ့ တန်းတူဖြစ်အောင်သင်ပေးချင်သည် အဲဒီတော့ကျွန်တော်
ကသူ့ကို တစ်ယောက်တည်းသတ်သတ် သီ်းခြားသင်ပေးရင် အတန်းရှေ့သို့ခေါ်လိုက်ပါသည်
“ကောင်းလေး မင်းနာမည်ဘယ်လို ခေါ်သလဲ ”လို့မေးလိုက်ရာ ကလေးက သွပ်လတ်ပါသည်
“ကျွန်တော် နာမည်း မောင်ဝင်း ပါဆရာ” ဟုဖြေပါသည် ကျွန်တော်ဆက် ပြောပါသည်
“မင်းကကျောင်းနောက်ကျနေပြီ မင်းကို ဆရာပညာ သင်ပေးရလိမ့်မည် ဆရာဆိုသလို
မင်းလိုက် ဆိုနော်” ဟုပြောလေရာ “ဟုတ်ကဲ့ ပါဆရာ” ဒီတော့ ကျွန်တော်က “ကောင်းလေး
ကကြီး ဆိုစမ်း” လို့ သင်လိုက်ရာ ကောင်းလေးက “ကောင်းလေး ကကြီးဆိုစမ်း”လို့ဆိုလိုက်ပါသည်
နောက်ထပ် ကျွန်တော်က သင်ပေးပါသည် “ကောင်းလေး ခခွေး ဆိုစမ်း ” ကောင်းလေးက
“ကောင်းလေး ခခွေး ဆိုစမ်း” လို့ဆိုလိုက်ပြန်သည် ကျွန်တော်လည်း စိတ်တို လာပြီး “မင်းအဖေက
အဲလို သင်ပေးလိုက်သလား ”မေးလိုက်ရာ ကောင်းလေးက “မင်းအဖေက အဲလိုသင်ပေးလိုက်သလား”
ပြန်ဆိုလိုက်ပါသည်..။
၅+၅ ၏ရလဒ်
တစ်နေ့တွင် ကျွန်တော် သင်္ချာ ဘာသာ ကိုသင်ပြပါသည်
အပေါင်း ကိန်းများကိုသင်ပြရာ အပြီးတွင် ထုံးစံအတိုင်
မေးခွန်းထုပ်ပါသည် ကျွန်တော်လည်း မေးစမ်း စမ်စုဖိုး
ဝါသနာပါ ပါသည် သင်္ချာဘာသာရပ်၌ အကျွမ်းကျင် ဆုံး
တပည်ဖြစ်သူ မောင်ဖြိုး ကိုမေးလိုက်ပါသည် “မောင်ဖြိုး ဖြေစမ်း
၆ နဲ့ ၄ ပေါင်း ပါလဲ ”ဟုမေးလိုက်ရာ မောင်းဖြိုးသည် သူလက်
ချောင်းတွေကိုရေတွက်ပြီးဖြေပါသည် “၁၀ ပါဆရာ”
ကျွန်တော်ထပ်မေးပါသည်“ ၇ နဲ့ ၃ ပေါင်းရင်ကော”
စိုးစိုးကလို လက်ချောင်းလေးတွေ ရေတွက်ပေါင်းပြီးဖြေပါသည်
“၁၀ ရပါသည်ဆရာ ” ဒါနဲ့ကျွန်တော်လည်း မောင်ဖြိုးရဲ့ အပြုအမှုတွေ
ကို မကြိုက် စိတ်လည်းတို လာပါသည် ကျွန်တော် ထပ်မေးလိုက်ပါ
သည် “ မင်းလက်တွေကို ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်စမ်း”
မောင်ဖြိုးထည့်ထားလိုက်ပါသည် “ ၅ နဲ့ ၅ ပေါင်းရင်ဘာလဲ ”
ကြောက်ကြောက်နဲ့မောင်ပြိုးဖြေလိုက်ပါသည်“၁၁ ပါဆရာ” တဲ
သူဘောင်းဘီအိတ်ထဲ ကလက်ချောင်းလေးတွေ ကို ရေတွက်ရာ
လက်ချောင်းကလေးပါ ပါသွားပုံရသည်..
ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်မသတ်ပါဆရာ
ကျွန်တော် ဒီရွာက ကျောင်းဆရာ ဖိုးတုတ်ပါ တနေ့တွင် ကျွန်တော် ကျောင်းစာသင်ခန့်
တွင် မြန်မာ သူရဲကောင်းများအကြောင်းကို သင်ပြရာ မြန်မာ လွတ်လပ်ရေး ခါင်းဆောင် ဗိုလ်
ချုပ်အောင်ဆန်း အကြောင်းကိုသင်ဖြစ်ပါသည်
သင်လို့အပြီမှာ တပည်များအား မေးခွန် ထုတ်ပြင်ပါသည် ။
ဒါနဲ့ဘဲ ညာဏ်ထက်မြတ်ဆုံး တပည်တစ်ယောက်ကို ကျွန်တော် စမေးလိုက်ပါသည်
ဆရာ ဖိုးတုတ်ဆို တစ်ကျောင်းလုံးက ကြောက်ကြပါသည် ကျွန်တော်ကလည်း မျက်နှာ
ထား တေပါသည် ကြောက်လည်းကြောက်ကြပါလိမ့်မည် ကျွန်တော်မေးလိုက်သော တပည်မှာလည်း
ကြောက်ပုံရသည် ကျွန်တော်မေးလိုက်ပါသည် “ဟေ့ သေရှာဖြေစမ်း ဗိုလ်ချုပ်အောင်ဆန်းကို
ဘယ်သူ သတ်သလဲ ”ဟုမေးလိုက်ရာ
ကြောက်ကြောက်လန့်လန့်နဲ့ ဖြေလိုက်သည်မှာ “ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်မသတ်
ပါဆရာ ” တဲ့
ဒါကြီးဘာကြီးလဲ




















