မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Tuesday, July 29, 2014
အိချောပိုကို ဟိန်းဝေယံခိုးပြေးသည် ဆိုသည့် သတင်း ပြန်ဖြေရှင်းပြီ
Saturday, July 5, 2014
ရုံတင်တော့မယ့် လူရွှင်တော်အိပ်မက်ကို မင်းအုပ်စိုး စိတ်နာနေတယ်
Monday, June 23, 2014
ထူးအိမ်သင်ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲ ပြုလုပ်မည်
Thursday, June 5, 2014
ကိုရီးယားမှာ ရုပ်ရှင်သရုပ်ဆောင်ခွင့် ရတဲ့ မေမြတ်နိုး
Monday, May 12, 2014
လေယာဉ်အပိုင်စီးသည့် ရုပ်ရှင်ရိုက်ကူးစဉ် M-16 သေနတ်များ ထည့်ရိုက်ထားခြင်းမရှိဟု အဏ်ထော်ဏီငြင်း
Wednesday, April 30, 2014
ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်လိုက်ပါပြီ
အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ
ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ
Monday, April 28, 2014
နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား
Monday, April 7, 2014
မျောက်များ၏ ဗက္လာယ ပြုမူမှုကြောင့် ကမ္ဘာကျော်တစ်ဦးဖြစ်လာခဲ့သူ
မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က
သူမသည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး
လက်ရှိတွင်ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေး
များကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။
အဆိုပါ မျောက်များသည် သူမ၏ အင်္ကျီကို ဆွဲချွတ်ရန် ကြိုးစားရာချန်းခမျာ အသည်းအသန် ကာ
ကွယ်နေရပြီး အဆိုပါမြင်ကွင်းကို ဓာတ်ပုံရိုက်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ သွားရောက်လည်
ပတ်စဉ် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံကို ပြန်ကြည့်စဉ်က ချန်းသည် ရယ်ရွှင်စရာ အဖြစ်သာ သဘော
ထားခဲ့သည်။
သို့သော်လည်း ထိုပုံသည် အင်တာနက်မှတစ်ဆင့် အာရှတိုက်တစ်ဝှမ်းကို ကျော်လွန်ကာ အမေရိကန်၊
ဥရောပနှင့် ဗြိတိန်တို့ထိ ပျံ့နှံ့သွားခဲ့သည်။ ချန်းတစ်ယောက် ထိုင်ဝမ်သို့ ပြန်ရောက်ချိန်တွင် ယင်းကိစ္စကို သိရှိ
ပြီးနောက် မျက်လုံးပြူးခဲ့ရသည်။ “တော်တော် ထူးဆန်းတယ်။ ကျွန်မ ပြန်ရောက်တော့ Facebookထဲမှာ ကျွန်မကို
Friend အဖြစ် လာ Add ထားတဲ့လူတွေ မနည်းဘူး။ နောက်ပြီးတော့ ရုပ်မြင်သံကြား ဌာနတွေကလည်း ကျွန်မ
ကို ဖုန်းဆက်ကြတယ်။ ဒုက္ခပါလားနော်။ ကျွန်မ ဘာလီကို အလည်သွားတာက ကျွန်မဘဝကို ဒီလောက် ပြောင်း
လဲသွားစေမယ်လို့ မထင်မိဘူး။ ကျွန်မက လောလောဆယ် ပညာသင် နေတုန်းပါ။ ကျွန်မရဲ့ မလုံမလဲဖြစ်သွားတဲ့
ဓာတ်ပုံကြောင့် ဒီလောက်ကြီး နာမည်ကြီးသွားတာတော့ မကြိုက်ဘူး”ဟု ချန်းက ညည်းညူပြောဆိုသွားခဲ့သည်။
Credit: Myawady News
မျက်နှာခွဲစိတ်ပြုပြင်တာမျိုး မရှိခဲ့ဘူးလို့ ငြင်းဆိုလိုက်တဲ့ အဆိုတော် Park Ji Yoon
Monday, April 7, 2014
ကိုရီးယားနိုင်ငံမှာ အလှအပအတွက် ခွဲစိတ်ပြုပြင်တယ်ဆိုတာ အထူးအဆန်းမဟုတ်တော့သလို ဆယ်ကျော်
သက်တွေရော၊ သက်လတ်ပိုင်းတွေအထိ ခွဲစိတ်ပြုပြင်တာကို ခုံခုံမင်မင်ကို ပြုလုပ်လာကြတာပါ။ အဲ့ဒီ မျက်နှာခွဲ
စိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီး Mnet ရဲ့ Beatles Code 3D မှာ အဆိုတော် Park Ji Yoon ကို တွေ့ဆုံမေးမြန်းခဲ့ပြီး
သူမက ဒါဟာ ကောလာဟလပါလို့ ငြင်းဆိုလိုက်ပါတယ်။
ပွဲရဲ့ MC ဖြစ်တဲ့ Shin Dong Yup က သူမကို ကျောင်းတုန်းက မျက်နှာနဲ့ ခုတော်တော်လေး ကွဲပြားသွား
တာကြောင့် မျက်နှာကို ခွဲစိတ်မှုများ လုပ်ခဲ့သေးလားဆိုပြီး မေးမြန်းလိုက်တဲ့အခါမှာတော့ Park Ji Yoon က ‘အဲ့ဒါ
မျိုးတွေ ဘာဆိုဘာမှ မလုပ်ခဲ့ပါဘူး။ မျက်နှာခွဲစိတ်ဖို့မပြောနဲ့။ ကျွန်မ botox ထိုးတာမျိုးလောက်တောင် မလုပ်ဖူးပါ
ဘူး။’လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အနုပညာရှင်တော်တော်များများ ခွဲစိတ်ပြုပြင်လာကြတဲ့ ကိုရီးယားလို နိုင်ငံမျိုးမှာ ခုလို ပင်ကိုယ်သဘာဝ
အတိုင်း နေထိုင်ခြင်းမျိုးဟာ တော်တော်ကိုရှားပါးသွားပြီလို့ ပြောရမှာမို့ ဒါဟာ အားလုံးအတွက် အံ့သြစရာနဲ့ ချီးမွမ်းစ
ရာပါပဲ။
Trend Myanmar
Tuesday, March 25, 2014
နိုင်ငံ့အတွက် အကျိုးရှိမယ့်စစ်ကားမျိုးဆိုရင် သရုပ်ဆောင်အဖြစ်ရိုက်ကူးမယ့် ဒါရိုက်တာ ဝိုင်း
Tuesday, March 25, 2014
သရုပ်ဆောင်လောကမှ ဒါရိုက်တာလောကသို့ အသွင် ကူးပြောင်းလာပြီး ရိုက်ကူးတီထွင်မှုပိုင်းမှာ
လူငယ်များကြိုက်နှစ် သက်သည့် ဒါရိုက်တာကတော့ ဝိုင်းပဲဖြစ်ပါတယ်။ ပရိ သတ်ကပေးတဲ့ အကယ်ဒမီ
ကို ခဏခဏရသော် လည်း နိုင်ငံတော်ကပေးတဲ့ အကယ်ဒမီကိုတော့ ခဏခဏလွဲခဲ့ရသူ လည်းဖြစ်သည်။
ဒါရိုက်တာဝိုင်းကို တပ်မတော် စစ် ကားနှ...င့်ပတ် သက်ပြီး ရိုက်ကူးချင်စိတ်ရှိပါသလားလို့ မေးကြည့်တော့…
” တပ်မတော်ရဲ့အကောင်းအဆိုးဒွန်တွဲပြတဲ့ကားဆိုရင်တော့စိတ်ဝင်စားပါတယ်။ပေါ်လစီကားမျိုးဆိုရင်တော့
စိတ်မဝင်စားပါဘူး။ ဆိုဒ်တစ်ဆိုဒ်ထဲကိုရိုက်ပြ တာထက် စာရင် အနုပညာကိုဘယ်နေရာ မှာပဲဖြစ်ဖြစ် တပ်မ
တော်ရယ်မှ မဟုတ်ဘူး။ ဘယ်နေရာ ဘယ်အဖွဲ့အစည်းမဆို ကောင်းခြင်းဆိုးခြင်းနှစ်မျိုး လူတန်း စားနှစ်ရပ်
ရှိတယ်။ လူ တန်းစားနှစ်ရပ်ကိုကိုယ်စားပြုတဲ့ တပ်မတော် ကားဆိုရင်တော့ စိတ်ဝင်စားပါတယ်” လို့ ဝိုင်းက
ပြောပြခဲ့ ပါတယ်။
ဝေလည်းမွှေးကြွေလည်းမွှေးဇာတ်ကားကို အခုအချိန်ထိ ပရိသတ်တွေ ကြိုက်နှစ်သက်ဆဲရှိနေတာ
ဘာကြောင့်ထင်လဲလို့ ဒါရိုက်တာဝိုင်း ကို မေးကြည့်တော့..ပရိသတ်ကြိုက်တယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ်
အောင်မြင် မှာပဲ။ ဝေလည်းမွှေးကြွေလည်းမွှေး ဇာတ်ကားက ရှင်းရှင်းပြောရရင် စစ်တပ်ကခိုင်းလို့လုပ်တာ
မဟုတ်ဘူး။ ကိုယ်တိုင်ကပါဝင်ချင်တဲ့ စိတ်နဲ့တပ်မှာ၂ ပတ်လောက်နေပြီးတော့ သေနတ်ပစ် တာ သွား လေ့
ကျင့်တယ်။ နေပူပူထဲမှာ သေနတ်သံတစ်ချက်ပစ်ရဖို့နေ့ တစ်ဝက်ထိ အမိန့် ကို စောင့်ရတယ်။ ဒါပေမဲ့ စိတ်
ပါလို့ ရိုက်ကူးရေးမှာ ပင်ပန်းတယ်လို့ မမြင်ကြဘူး။ စောင့်ကြတာပဲ။ တကယ်လို့သာ တယောက်ယောက်က
ခိုင်းတာဆို ရင်တော့ ကျိန်းသေ တယ်။ တော်တော်စိတ်ညစ်မယ့် ဇာတ်ကားမျိုးပါ။ အဓိကကတော့ ဘာလုပ်
လုပ်စိတ်ကအဓိကပါ” လို့ ပြောပြခဲ့ပါတယ်။
သရုပ်ဆောင်ဒါရိုက်တာဝိုင်းဘဝမှာ အကြိုက်နှစ်သက်ဆုံး စစ်ကားလို့မေးရင်ကောလို့ မေးကြည့်တော့…
စစ်ကားတွေထဲမှာ မှတ်မှတ်ရရစိတ်ပါလက်ပါ သရုပ်ဆောင်တဲ့ ဇာတ်ကားဆိုရင် ဝေလည်းမွှေးကြွေလည်းမွှေး
ဇာတ် ကား ကို တော်တော် ကြိုက်တယ်” လို့ ပြောပြခဲ့ပါ တယ်။ ခုနေမှာကော ဒါရိုက်တာဝိုင်းကို ဒါရိုက်တာအ
ဖြစ်လည်းကောင်း၊ သရုပ်ဆောင် အဖြစ်သော်လည်းကောင်း စစ်ကားရိုက်ဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘယ်လို
ဆုံးဖြတ်မှာလဲလို့မေးကြည့်တော့ ” အကယ်၍ ဒါရိုက်တာအဖြစ်လာမငှားဘဲ သရုပ်ဆောင်အနေနဲ့ လာကမ်းလှမ်း
ရင် ကျွန်တော်ကြိုက်တဲ့ စစ်ကားမျိုးဆို သရုပ်ဆောင်ဖို့ စဉ်းစား မယ်။ နိုင်ငံ့အတွက်လည်း အကျိုးရှိရမယ်။ ဒါရိုက်
တာလည်းလုပ်၊ သရုပ်ဆောင်လည်းဆိုရင်တော့ မလုပ်ဘူး” လို့ ပြောပြခဲ့ပါတယ်။
စစ်ကားရိုက်ကူးမှုပိုင်းမှာဆင်ဆာနဲ့ပတ်သက်ပြီး လွတ် လပ်ခွင့်ပေးထားမှု အပေါ်ကိုကော ဘယ်လိုသုံး
သပ်မိပါ သလဲလို့ မေးကြည့်တော့ ” လောလောဆယ် အထိပြောရရင် လွှတ်ပေးနေတုန်းကာလလို့ ပြောရမယ်လို့
နဲ့တူတယ်။ ကျန်တဲ့ဟာတွေကလည်း ဆင်ဆာလွတ်လပ်ပြီးသာ ပြောတာ ဒီဘက်မှာက ဇာတ်ကားတစ်ကားကို
ငွေကြေးများစွာ စိုက်မထုတ်နိုင်တာရယ်၊ အခြေခံအဆောက် အအုံမ လုံလောက် တာရယ်၊ မူရင်း ဝတ္ထုဇာတ်လမ်း
ဖန်တီးတဲ့သူနည်းတာရယ် ဇာတ်ညွှန်းနည်းတာရယ် ပြဿနာတွေက အများကြီးရှိတဲ့အတွက် ဒီဆင်ဆာကမသိ
သာသေးဘူး။ အခု လောလောဆယ် ဒီနှစ်ထဲမှာ ကျွန်တော်သွေးတိုးစမ်းပြီး ဆင်ဆာကို ဇာတ်တင်စရာရှိတယ်”
လို့ ပြောပြခဲ့ပါတယ်။
Popular Journal
Monday, March 17, 2014
တင်ပါး မှာ ဂေါက်သီး တင်ပြီး သရုပ်ဆောင် ခဲ့ရခြင်း အတွက် တရား စွဲဆို မှုပြုလုပ်
ပလေးဘွိုင်း မော်ဒယ် အသက် (၂၈) နှစ် အရွယ်ရှိ အဲလိဇ ဘက်ဒစ် ဆင် ဟာထူးထူး ခြားခြား သရုပ်ဆောင်ခဲ့မှုနဲ့
ပတ်သက်ပြီး ထိ ခိုက် နစ်နာမှု တွေရှိခဲ့ တာမို့ တရား စွဲဆို ခဲ့တယ်လို့ သိရပါတယ်။ ဒစ်ဆင် ဟာ ၂၀၁၂ ဂေါက်သီးရိုက် ပြိုင်ပွဲ
တစ်ခုမှာ ထူးခြားစွာ သရုပ်ဆောင် ခဲ့တာပါ။ အဲဒီ ဂေါက်သီး ရိုက် ပြိုင်ပွဲကို ပလေး ဘွိုင်း မဂ္ဂဇင်းက ဦးစီး ကျင်းပ ခဲ့တာဖြစ်ပါ
တယ်။ ဒစ်ဆင် ဟာ ဂေါက်ကွင်း မှာ လဲလျောင်း တဲ့ အနေ အထားနဲ့ သရုပ်ဆောင်ခဲ့ ရပါတယ်။ အဲဒီလို လဲလျောင်းထား တဲ့အချိန်
သူ့ရဲ့တင်ပါးပေါ်မှာ ဂေါက်သီးတစ်လုံးကို တင် ရှိထားပါတယ်။ အဲဒီဂေါက်သီးကို ကီဗင်ကလင်း က ဂေါက်ရိုက်တံနဲ့ ရိုက်ထုတ်
ခဲ့ပါတယ်။ ဂေါက်သီး ကို တင်ပါး ပေါ် တင် ထားတာမို့ ပထမအကြိမ်ရိုက်ထုတ်မှုဟာ အောင်မြင်ခဲ့ ခြင်းမရှိပါ ဘူး။ ဒုတိယအကြိမ်
ရိုက်ထုတ် မှုမှာ တော့ ဂေါက်သီးဟာ အပြင်ကို လွင့်စင်သွား ပေမယ့် ဒစ်ဆင်အနေနဲ့ ထိခိုက်ဒဏ်ရာရမှု တွေရှိခဲ့ပါတယ်။
သရုပ်ဆောင်စဉ်မှာတော့ ဒစ်ဆင်ဟာ ရယ်ရယ်မောမောရှိခဲ့ပေမယ့် သူ့ရဲ့ သရုပ် ဆောင်မှုက ထိခိုက် နစ်နာမှု တွေရှိခဲ့တယ်လို့
ယူဆပြီး ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ဂေါက်သီး ရိုက်ခဲ့တဲ့ ကီဗင့်လင်းတို့ကို လျော်ကြေးငွေ ဒေါ်လာ(၅)သိန်း ရယူလိုမှုနဲ့ တရားစွဲဆို
ထားပါတယ်။ ၂၀၁၂မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာကို အခုချိန်မှ တ ရားစွဲဆိုခဲ့ တာမို့ အံ့အားသင့် စရာဖြစ်ခဲ့ရပါတယ်။ တရား
စွဲဆိုခြင်းခံထားရတဲ့ ကာယကံရှင်တွေက တော့ ဒီကိ စ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ပြောဆိုထားခြင်းမရှိသေးပါ ဘူး။
Messenger News Journal
Thursday, March 13, 2014
လိင်ဇာတ်ကား ရိုက်ကူးသည်မှာ မဟုတ်ကြောင်း ဇာဇာထက်နှင့် ဇွန်သင်ဇာ ငြင်းဆို
မြင့်မြင့်စိုး March 13, 2014
ယခုတစ်လော လူမှုကွန်ရက်စာမျက်နှာတွင် လူအများစိတ်ဝင်စားနေကြသည့် ဇွန်သင်ဇာ၊
ဇာဇာထက်နှင့် ရိုတ တို့သည် လိင်အသားပေး ချစ်ခန်းကြိုက်ခန်းများ ပါဝင်သည့် ဇာတ်ကား
ရိုက်ကူးမည့် သတင်းသည် မဟုတ်မှန်ကြောင်း မဇ္ဈိမ၏မေးမြန်းမှုကို ဇွန်သင်ဇာနှင့် ဇာဇာထက်
တို့က ငြင်းဆိုလိုက်သည်။ “မဟုတ်ပါဘူး။ ဇာဇာတို့က ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်နေ
ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ဇာတို့ တွဲလေ့တွဲထတောင် မရှိပါဘူး။ ပွဲတွေမှာပဲ ခင်ကြတာ။
အများထင်နေသလို မဟုတ်ပါဘူး။ ဒီလို ရိုက်ကူးမှု ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဇာဇာထက်က
ငြင်းဆိုခဲ့သလို “မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ပေါ်မှာ စသလို နောက်သလို ရေးတာကနေ ပွသွားတာ
နေပါလိမ့်မယ်။ ကိုရိုတ နဲ့ ရှိုးပွဲမှာ တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ ဆုံဖူးပါတယ်။ မောင်နှမလို ခဏ
တဖြုတ်ပါပဲ။ ဇာဇာထက် နဲ့ တော့ အရမ်းခင်တယ်။ ဒီလိုဇာတ်ကားတွေ ရိုက်ကူးဖို့ဆိုတာ ကျွန်မအ
နေနဲ့ မဖြစ်နိုင်ပါဘူး။ပြောနေကြတဲ့ ကောလာဟလတွေဆိုတာ မဟုတ်မမှန် ပါဘူး” ဟု ဇွန်သင်ဇာ
ကလည်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လိင်မှုဇာတ်ကား ရိုက်ကူးကြမည်ဆိုသည့် အကြောင်းအရာများကို လူမှုကွန်ရက်
စာမျက်နှာများ နှင့် လူငယ်တချို့၏ ပြောစကားများတွင် ရေပန်းစားပြောဆိုနေကြခြင်း ဖြစ်သည်။
၎င်းတို့သည် ယခုတလောတွင် လူမှုကွန်ရက်စာမျက်နှာထက်၌ လိင်အသားပေး ဓာတ်ပုံများဖြင့်
လူအများ စိတ်ဝင်စားခြင်းခံရစေရန် ရည်ရွယ်ပြီး အဖော်အချွတ် ဓာတ်ပုံများကို တင်လာခြင်းကြောင့်
ယခုလို စိတ်ဝင် စားခြင်းခံရသူများ ဖြစ်သည်။ ပွင့်လင်းလာသည့် ဒီမိုကရေစီခေတ်တွင် လူငယ်
အများအပြားသည် နည်း လမ်းလွဲမှားစွာ အသုံးပြုလာကြခြင်း ဖြစ်သည်ဟု အွန်လိုင်းအသုံးပြုကြသည့်
ခေတ်မီလူကြီးများကသုံးသပ် ပြောကြားကြသည်။
ဇာဇာထက်သည် ၂၀၁၀ ပြည့်နှစ်တွင် ဂျွန်လွင်၏ မော်ဒယ်သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်ပြီး
၂၀၁၁ ခုနှစ်တွင် အနုပညာ အလုပ်များကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ကာ ဇွန်သင်ဇာသည် အော်စကာသရုပ်
ဆောင် သင်တန်းတွင် သင်တန်း တက်ရောက်ခဲ့ပြီး အနုပညာလောကကို ၀င်ရောက်လာသူ ဖြစ်သည်။
http://www.oppositeyes.info
Sunday, March 9, 2014
ဖြိုးငွေစိုးနဲ့ ဇင်ဇင် ဧပြီ ၁ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲမယ်
Monday, March 10, 2014
၂ဝ၁၄ခုနှစ်ရဲ့ နှစ်စပိုင်းကစလို့ နာမည်ကျော်အနုပညာရှင်တွေ ရဲ့ မင်္ဂလာပွဲတွေ ဆက် တိုက်ဆင်နွှဲခဲ့ကြပါတယ်။
သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သူ့ရဲ့ချစ်သူမော်ဒယ်ဇင်ဇင်နဲ့ ဧပြီ လ ၁ ရက်(April Fool)နေ့မှာ မင်္ဂလာပွဲဆင်နွှဲတော့ မှာဖြစ်
ကြောင်းသိရပါတယ်။ ဧပြီ ၁ရက် နေ့မနက်ပိုင်းမှာ နှစ် ဖက်မိဘတွေနဲ့ မင်္ဂလာလက်မှတ်ရေးထိုး ပွဲ ပြုလုပ်မှာဖြစ်ပြီး ညပိုင်း မှာ
တော့ မင်္ဂလာညစာစားပွဲကို မြရိပ်ညိုမှာ ပြု လုပ်မှာဖြစ်ပါတယ်။ April Fool နေ့မှာ မင်္ဂလာပွဲကျင်းပဖြစ်ပုံကို ဖြိုးငွေစိုးက “ဧပြီ
၎ရက်နေ့မှာ ခရီးသွားရမှာတစ်လ လောက်ကြာမယ်။ နောက်ပိုင်းက အလုပ်တွေများတော့မယ်။ ပြီးတော့ နဂိုက တည်းကရူး
ပြီးသားဆိုတော့ အဲဒီနေ့မှာဆောင်ရင် ပြန်ကောင်းသွားလိမ့်မယ်” လို့ ရယ်ရင်း ပြောပြပါ တယ်။ ချစ်သူသက်တမ်း ၆နှစ်ရှိပြီဖြစ်
ကာ မင်္ဂလာပွဲ ကြို တင်စိတ်ကူးထားမှုနဲ့ပတ်သက်ပြီးလည်း ဖြိုးငွေစိုးက “သူများတွေကိုလည်း အား ကျတာပေါ့။
၂ဝ၁၄မှဆောင်မယ်လို့တမင်ရည်ရွယ်ထားတာတော့မရှိပါဘူး။ ကျွန်တော်ကစိတ်ကူးပေါက်ရင် ထလုပ်တာပဲလေ။
ငါတို့နှစ်ယောက်လည်း မင်္ဂ လာဆောင်ကြမယ်ဆိုပြီးဆောင်ကြတာ။ကျွန်တော်တို့ နှစ်ယောက်က လည်း အမြဲတမ်းအတူတူရှိ
နေကြတယ်။ လူကြီးတွေက မိန်းကလေးဘက်ကို စဉ်း စားပေးတာလည်းပါတယ်။ အချိန်သိပ်အကြာကြီးတွဲတာ မကောင်း ဘူး
လေ။ အခုဆိုရင် ကျွန် တော်တို့ချစ်သူသက်တမ်းက ၆ နှစ် ရှိပြီ။ ကျွန်တော်တို့နှစ်ယောက် မင်္ဂလာဆောင်မယ်ဆိုတော့ အားလုံး
က ဝမ်းသာပေးကြတယ်။ အားပေးကြတယ်။ မြှောက်ပေးကြ တယ်။ကျွန်တော့် အသက် အရွယ်နဲ့ကျတော့ အိမ်ထောင်ပြုဖို့က
နောက် တောင်ကျနေပါပြီ” လို့ ပြောပါတယ်။အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာ အလုပ် တွေကိုကြိုးစား လုပ်ဆောင်သွား
မှာဖြစ်ကြောင်းဖြိုးငွေစိုး ကပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
Monday, March 3, 2014
လော့စ်အိန်ဂျလိစ်မှာ လုပ်တဲ့ အော်စကာဆုပေးပွဲ Twelve Years a Slave ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဆုကို ရရှိ
လော့စ်အိန်ဂျလိစ် မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ၈၆ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ ဗြိတိသျှ လူမည်းဒါရိုက်တာ
Steve McQueen ရဲ့ လက်ရာ Twelve Years a Slave ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဆုကို ရရှိသွားပြီး
လူမည်း ဒါရိုက်တာ ရိုက်ကူးတဲ့ ပထမဆုံး အော်စကာဆုရ ရုပ်ရှင်အဖြစ် စာရင်းဝင်သွားပါတယ်။
ဒီဇာတ်ကားထဲက ကင်ညာလူမျိုး သရုပ်ဆောင် Lupita Nyong'o ကလည်း အကောင်းဆုံး အမျိုးသမီး
ဇာတ်ပို့ဆု ဆွတ်ခူးခဲ့သလို၊ John Ridley ဟာလည်းပဲ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ်။
အာကာသ သည်းထိတ်ရင်ဖိုကား Gravity ကတော့ မက္ကဆီကန်လူမျိုး ဒါရိုက်တာ Alfonso Cuaron ဆွတ်ခူးတဲ့
အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ၇ ဆု ရသွားပါတယ်။ Matthew McConaughey က အကောင်းဆုံး
အမျိုးသား သရုပ်ဆောင်ဆုနဲ့ Jared Leto က ဇာတ်ပို့အမျိုးသမီးဆုတို့ အသီးသီး ရရှိခဲ့တဲ့ Dallas Buyers Club
ဇာတ်ကားဟာလည်း အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ Blue Jasmine
ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ Cate Blanchett က ရရှိသွားပါတယ်။
Creditး BBC
Saturday, March 1, 2014
အော်စကာ အကယ် ဒမီ ထူးချွန်ဆု ပေး ပွဲ
မတ်လ ၂ ရက်နေ့  မှာ ၈၆ ကြိမ်မြောက် အော်စကာ ဆုပေး ပွဲ ကို ကာလီဖိုးနီးယား ပြည်နယ်
လောစ်ဇင်းဂျလိစ် က ဒိုလ်ဘီ ဇာတ်ရုံ မှာကျင်း ပတော့ မှာ ဖြစ် ပါတယ်။အကယ် ဒမီ ထူးချွန်ဆု
ပေး ပွဲ မတိုင်ခင် တစ်ရက် အလို မှာတော့ မိုးတွေ သည်းသည်းမဲမဲ ရွာ နေ ပြီး ကာလီဖိုနီးယား
ပြည်နယ် ရဲ့  နေရာ အချို့  မှာလည်း ရေး ကြီး နေပါတယ်။ ဆုပေး ပွဲ ကို ABC ရုပ် သံ က တိုက်ရိုက်
ထုတ် လွှင့် မှာ ဖြစ် ပါတယ်။ Dallas Buyers Club မှာ သရုပ် ဆောင်တဲ့ မက်သယူ မက်ကိုနော့ဟေး
နဲ့  Wolf of Wall Street က လီယိုနာဒို ဒီကာပယို လည်း အော်စကာ ဆု အတွက် ရေပန်း စား
နေ ပါတယ်။
အမေရိကန်ရောက် တေးဂီတပညာရှင် ချင်းတိုင်းရင်းသူ မီလာဒေါ့နှီယာန်း
သူမကို ၁၉၉၂ ခုနှစ်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး ပြည်တော်သာရပ်ကွက်မှာ နေထိုင်ခဲ့ပါ တယ်။
အသက် လေးနှစ်အရွယ်မှာတော့ ရန်ကုန်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ငယ်စဉ်က ကျောင်းမနေခဲ့
ရပေမယ့် အိမ်မှာ စာပေသင်ကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ၁၉၉၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို စတင်သွားရောက်
ခဲ့ပြီး၂၀၀၀ ပြည့်နှစ်မှာတော့ မိသားစုအားလုံး အမေရိ ကန်ပြည်ထောင်စုကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ လက်ရှိ မေရီလန်းပြည်
နယ် ကိုလမ်ဘီယာတွင် နေထိုင် လျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက Community College ကို နှစ်နှစ်ဆက်တက်ပြီး
ပညာဆည်းပူးခဲ့တယ်။ သီ ချင်းဆိုဝါသနာပါလွန်းတဲ့အတွက် မီလာဟာ ၂၀၀၉ ခုနှစ်ကစလို့ သူမနှစ်သက်တဲ့ တေးသီချင်းတွေ
ကို ကိုယ်တိုင် ဂစ်တာတီးခတ် cover သီဆိုကာ youtube ၀က်ဘ်ဆိုဒ်နဲ့ အခြား Social Network စာမျက် နှာတွေမှာ တင်လေ့ရှိ
ပါတယ်။ O’Crew Medicine Show ရဲ့Wagon Wheel သီချင်းကို လူကြိုက်များခဲ့ပြီး တေးထုတ်လုပ်ရေးကုမ္ပဏီ တွေက စာချုပ်
ဆိုဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီသီချင်းက Folk Country music အမျိုးအစား ဖြစ်ပါတယ်။
သူမရဲ့ music activities နဲ့ Profile ကို လေ့လာခဲ့ကြပြီး ကုမ္ပဏီကိုယ်စားလှယ်တွေက သူမကို ဆက် သွယ် ကမ်းလှမ်း
လာခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူတော်တွေက အများကြီးမို့ အခုလို ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်နိုင်တယ်ဆိုတာ
အရမ်းခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုပါ။ သီချင်းဆိုတာကို ငယ်စဉ်ကလေးဘ၀ ချင်းပြည်နယ်မှာနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး
သူမ ငယ်စဉ်ကလေးစားရတဲ့ တေးသံရှင်တွေ၊ ဂီတပညာရှင်တွေကတော့ လေးလေးဝါး၊ ကဗျာဘွဲ့မှူးနဲ့IRON CROSS တေးဂီတအဖွဲ့
တို့ ဖြစ်ပါတယ်။ သူမရဲ့ Gone တေးအယ်လ်ဘမ်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယအပတ်မှာ Tats Music Group ကနေ ဖြန့်ချိခဲ့ပါတယ်။
သူမရဲ့ ချိုမြတဲ့အသံကို သဘောကျပြီး ကုမ္ပဏီက စာချုပ်ချုပ် ၀ယ်ယူခဲ့တယ်လို့ သိရပါ တယ်။ သူမရဲ့တေးအယ်ဘမ်ကိုတော့ သူမရဲ့
ဖေ့စ်ဘွတ်မှာ သွားရောက်နားဆင်နိုင်ပါတယ်။ ဒီအယ်လ် ဘမ်မှာ သူမကိုယ်တိုင်ရေးထားတဲ့ တေးသီချင်း ရှစ်ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။
မီလာက သူရဲ့ပရိတ်သတ်တွေအတွက် သူမကိုယ်ပိုင် FaceBook စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ အတိုင်း ပြန်တင်ပြပေးလိုက်ပါတယ်။
“တစ်နှစ်ပြည့်ဘို့ သုံးရက်အလိုမှ ပိုလီယိုရောဂါဖြစ်နေကြောင်း သိလိုက်ရတာပါ။ ဆရာဝန်ကအစ ကျွန်မ ကို အသက်ရှင်လိမ့်မယ်လို့
မထင်ခဲ့ကြဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို အသက်ရှင်ဖို့ ဒုတိယအ ကြိမ် အခွင့်အရေးပေးခဲ့တဲ့အတွက် အလွန်ပဲ ၀မ်းမြောက်ကျေးဇူး
တင်မိပါတယ်။ ကျွန်မဘ၀က ဆေးရုံမှာ ကြီးပြင်းလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ အခြားကလေးတွေ ကျောင်းတက်နေတဲ့အချိန်မှာ
ကျွန်မက ခြံကြီးထဲမှာ တစ်ယောက်တည်း နေခဲ့ရတယ်။ အချိန်ပိုတွေအများကြီးရခဲ့လို့လဲ သီချင်းဆိုတဲ့အလုပ်ကို စိတ်ဝင်စားပြီး တစိုက်မတ်မတ်
လုပ်ခဲ့မိတာပါ။ လေးနှစ်သမီးအရွယ်မှာ ပရိတ်သတ်ရှေ့ကိုထွက်ပြီး ဆို တတ်နေပါပြီ။ လူတွေကိုဖျော်ဖြေရတာကိုလည်း ကျွန်မ နှစ်သက်ပါတယ်။
ကျွန်မတို့အိမ်မှာ တီဗီမရှိဘူး။ သူများတွေကို သီချင်းဆိုပြရင် သူတို့က အိမ်ကိုလိုက်ပြီး တီဗီကြည့်ဖို့ ကျွန်မကို ခေါ်ပါတယ်။ ကံအား လျော်စွာ
အသက်ရှစ်နှစ်မှာ အမေရိကန်ပြည်ထောင်စုကို အခြေချဖို့ ရောက်လာနိုင်ခဲ့ပါတယ်။ ဒါတင်မ က ကျွန်မဘ၀မှာ ဖြစ်ချင်တဲ့အရာတွေ၊ မက်ခဲ့တဲ့
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မရေမ တွက်နိုင်တဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။ တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်
တစ် ယောက် သေချာပေါက် ဖြစ်ရမယ်လို့ ကျွန်မ ရည်မှန်းထားခဲ့ပါတယ်။
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၊ ပညာသင်ကြားရေး စတဲ့ ကိစ္စတွေမှာ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ အသက် ၂၂ နှစ်အရွယ်မှာ
ပိုလီယိုရောဂါသည်တစ်ဦးအဖြစ် အသက်ရှင်ရတာ တကယ့်ကို အခက်အခဲပါ ပဲ။ အတိတ်ကလည်း ရင့်သီးတဲ့အတွေ့အကြုံတွေ များစွာဖြတ်
သန်းခဲ့ရဘူးပါတယ်။ ကျွန်မရှေ့မှာ လူ သားတစ်ယောက် အနိုင်အထက်ပြုခံရတာ၊ နှိမ့်ချပြောဆို ဆက်ဆံခံရတာတွေ့ရင် ကျွန်မ အော့နှလုံးနာ
ပါတယ်။ ဒါပေမဲ့ ကျွန်မသိထားတာတစ်ခုတော့ရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ဘယ်လောက်ကောင်း တဲ့အလုပ်ကိုလုပ်နေပါစေ သူ့ကို
နှိမ့်ချပြောဆို ဖျက်ဆီးမယ့်သူတွေတော့ ရှိနေဦးမယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချိန်မှာ အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ နည်းကတော့ ဘုရားသခင်ကို
အားကိုး ချဉ်းကပ်ဖို့ပါဘဲ။ ခေါင်း ကိုမော့ထား၊ ဘယ်သူ့ကိုမျှအမှုမထားဘဲ ဘုရားနဲ့သာဆက်လက်လျှောက်လှမ်းပါ။ လိုရာပန်းတိုင်ရောက်
သည်ထိပေါ့။ ကျွန်မက ကံ၊ ကံ၏အကျိုးကို ယုံသူတစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာကို ပြောရမှာကြောက်တဲ့ လူစား မျိုးမဟုတ်ဘူး။ ကိုယ့်ရှေ့မှာ
တစ်စုံတစ်ယောက်က စည်းကျော်နေတာတွေ့ရင် ကျွန်မ လက်ပိုက်ကြည့် မနေနိုင်ပါဘူး။ ကျွန်မ ကြောက်ရင်လည်း ကြောက်တယ်လို့ ၀န်ခံရမှာ
မရှက်ဘူး။ တစ်ဖက်မှာလည်း ကိုယ့်ခံစားချက်အယူအဆတွေကို ရင်ထဲမှာ လှောင်ပိတ်မြိုသိပ်ထားတာကိုလည်း မတရားဘူးလို့ ထင်ပါ တယ်။
အဓိက ကိုယ့်ကိုယ်ကိုယ် မတရားလုပ်ရာကျပါတယ်။
ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့စကားကို ပြောဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါ ကြောင့်လည်း ကျွန်မ သီချင်း
တွေကို တစိုက်မတ်မတ် ရေးဖွဲ့နေဖြစ်တာပါ။ အဲဒီလိုရေးရတာဟာ မဟာ လွတ်လပ်မှုကြီးတစ်ခုပါပဲ။ မိမိခံစားချက်တွေကို ဖော်ထုတ်ဖို့ ဘယ်
လောက်အရေးကြီးတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်ကတည်း ကစပြီး ကျွန်မ သီချင်းတွေရေးဖြစ်တာပါ။ကိုယ့်စာသားနဲ့ ကိုယ့်သံစဉ်ကို ကိုယ်
တိုင်သီဆိုခြင်းဟာ မိမိရဲ့ဘ၀ဒဿန၊ အချစ်ဒဿနတွေကို ကိုယ် တိုင်ကြေညာတာနဲ့ အတူတူပါပဲ။ရုပ်ပိုင်းအရ ကျွန်မကိုယ်တိုင်အတွက်ရော
သူတစ်ပါးအတွက်ပါ ကျွန်မ ဘာမှမလုပ်ပေးနိုင်သူပါ။ ဒါပေမဲ့ ဂီတ အနုပညာအားဖြင့် ကျွန်မ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အရာရာ
လုပ်ပေးနိုင်ပါတယ်။ တကယ်တော့ ဂီတဆိုတာ လူ့ဘ၀အတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ လူတိုင်းကို ပြုံးပျော်စေနိုင်တဲ့အရာ၊
အချိန်တိုင်း နေရာတိုင်းမှာ လူတွေကို ပျော်အောင်၊ ရီအောင် လုပ်ပေးနိုင်တဲ့အ ရာပါ။ ဘယ်လို ဂီတ အမျိုးအစား ဖြစ်ပါစေ။
ကာဗာဆိုဖြစ်တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ အမျိုးအစားစုံ၊ စတိုင်ပေါင်းစုံ ဆိုရတာကို သဘောကျတယ်။ ဒါ့ကြောင့်လည်း
၁၉၈၀ ပြည့်နှစ်က သီချင်းတွေ ၉၀ ကျော်ခုနှစ်က သီချင်းတွေအများကြီး ဆိုဖြစ်ခဲ့ပါတယ်။ဂီတတူရိယာနှင့်ပတ်သက်ရင်လည်း ဘင်ဂျိုတို့၊ တယောတို့၊
ဘာဂျာတို့၊ မယ်ဒလင်တို့ကို သဘောကျ တယ်။ အဲဒီအသံတွေကြားရရင် နတ်စောင်းသံကို ကြားရသလိုပါပဲ။
ကျွန်မလိုပဲ သိသိသာသာကြီးကို မသန်မစွမ်းဖြစ်နေတဲ့ ကောင်မလေးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတောင်
ကျွန်မဖြစ်ချင်တာကို ရအောင် လုပ်နိုင်ခဲ့သေးရင် သူတို့လည်း ဘ၀မှာ ရည်မှန်းတဲ့ပန်းတိုင်ကို ဆွတ်ခူးနိုင်တဲ့အခွင့်အရေး သူတို့မှာလည်း ရှိတယ်
ဆိုတာကို ကျွန်မ သတိရစေ ချင်ပါတယ်။ ကိုယ့် နှလုံးသားခံစားချက်၊ စေစားချက်ကို တစိုက်မတ်မတ် ပြုစုပျိုးထောင်ပေးဖို့ပဲ လိုပါ တယ်။ ဘ၀ဆိုတာ
တိုတောင်းလွန်းလို့ ကြောက်နေဖို့ အချိန်မရှိဘူး၊ ၀မ်းနည်းနေဖို့ အချိန်မရှိဘူး၊ စိတ် ပျက်အားငယ်နေဖို့ အချိန်မရှိဘူး၊ ရူးသွပ် (ဒေါသထွက်) နေဖို့
အချိန်မရှိဘူး။ ကိုယ် ဘယ်လိုဘ၀မျိုး ရောက်နေပါစေ ရင်ထဲမှာ ဘုရားကို ထာဝရထည့်ထားပြီး အကောင်းမြင်တတ် အောင် ကြိုးစားပါ။ နှလုံးသားစေ
စားတောင့်တရာကို တစိုက်မတ်မတ် နားထောင်ဖြည့်ဆည်းကြပါ။ အောင်မြင်ကြမှာပါ။
ကျွန်မကိုအားပေးကူညီကြတဲ့ ပရိသတ်ကြီးကို ဘယ်လိုကျေးဇူးတုံ့ပြန်ရမှန်းကို မပြောတတ်တော့ပါဘူး။ သူတို့ရဲ့ အားပေးထောက်ခံမှုကိုသာ
မရခဲ့ရင် ကျွန်မဘ၀မှာ artist music fan page တစ်ခုကိုတောင် ကျွန်မ လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ သုံးလေးစက္ကန့်လောက်လေးပဲဖြစ်ဖြစ် သူတို့ရဲ့တန်းဖိုး
ရှိတဲ့ အချိန်လေး တွေထဲက ကျွန်မရဲ့သီချင်းတွေကို အချိန်ပေးပြီး နားထောင်ခဲ့ကြလို့ ကျွန်မ ဒီဘ၀ရောက်လာရတာပါ။ ကျွန်မ ပရိသတ်အားလုံးကို
ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးရဲ့ ကရုဏာပါတဲ့လုပ်ရပ်တိုင်းဟာ ကျွန်မရဲ့ကမ္ဘာကြီးပါပဲ။
အဲဒီလောက်ကြီး ရှည်အောင်ရေးထားတဲ့ အတ္ထုပ္ပတ်္တိကို အချိန်ပေးပြီး ဖတ်ကြတဲ့ ပရိသတ်ကြီးကို အထူး ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ ပရိ သတ်ကြီးရဲ့မေတ္တာနဲ့ ပံ့ပိုးမှုအတွက် ပရိသတ်ကြီးကို ထာဝရချစ်နေ
ပါမယ်လို့ ပြောပါရစေလို့” မီလာက ဆိုထားပါတယ်။
Credit: Mizzima - News in Burmese
Friday, February 28, 2014
ရေဒီယိုသီချင်းတွေကို ပြန်ဆိုထားတဲ့ သီချင်းအယ်လ်ဘမ် ပတ္တမြား FM စီစဉ်ဖြန့်ချိ
တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ရေဒီယိုသီချင်းတွေ ဒီကနေ့ခေတ် နာမည်ကျော် အဆိုတော် ၁၅ယောက်နဲ့
ပြန်ဆိုထားတဲ့ သီချင်းအယ်လ်ဘမ်တစ်ခုကို ပတ္တမြား FM က မိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။ ဘာဖြစ်လို့ သီချင်း
ဟောင်းတွေကို စုစည်းထုတ်ဝေတာလဲ။
ပတ္တမြား FM ရဲ့ Senior Programmer ကတော့ အရင်က နာမည်ကျော်ခဲ့တဲ့ သီချင်းကောင်းတွေကို
အရသာသစ်နဲ့ ပြန်နားထောင်စေချင်လို့ပါလို့ဆိုပါတယ်။ နောက်တစ်ခုက ပတ္တမြား FM ကို ထုတ်လွှင့်နေကျ 91 MHz
ကနေ လိုင်းသစ်ဖြစ်တဲ့ 88.2 MHz နဲ့ပြောင်းလဲမှာကို ကြေညာတဲ့အနေနဲ့လည်း အခုလို မိတ်ဆက်တာလို့ ဆိုပါတယ်။
အဆိုတော် နီနီခင်ဇော်က အင်းလေးမှာ ရွာတဲ့မိုးသီချင်းကို ဒီအယ်လမ်ဘမ်အတွက် သီဆိုထားပြီး ပရိသတ်တွေ
ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
ပတ္တမြား FM Radio to Live လို့ခေါင်းစဉ်ပေးထားတဲ့ ဒီအယ်လ်ဘမ်သစ်ထဲမှာ သီချင်း ၁၄ပုဒ်ပါဝင်ပြီး စည်သူလွင်၊
ထူးအယ်လင်း၊ L လွန်းဝါ၊ ရဲရင့်အောင်၊ အေသင်ချိုဆွေ၊ အိမ့်ချစ်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ နေနေ စတဲ့ အဆိုတော် ၁၅ယောက်
ပါဝင်ပါတယ်။ ဒီသီချင်းခွေမှာ ပါဝင်တဲ့သီချင်းတွေနဲ့ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၉ရက်နေ့မှာ ကျင်းပဖို့ရှိတာကြောင့်
ပထမဆုံး သီချင်ေးခွဝယ်တဲ့ ပရိသတ် ၅ဝကို ဂီတပွဲအတွက် အခမဲ့လက်မှတ်တွေပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
by Kamayut Media
ဒစ္စကိုကွင်းစ် နော်လီဇာ မြန်မာပရိသတ်ရှေ့မှောက် ပြန်လာပြီ
ဒစ္စကိုကွင်းစ်လို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နော်လီဇာဟာ ၂၁ရာစုရဲ့ ဒစ္စကိုကွင်းစ်အဖြစ်
ဂီတစင်မြင့်ပေါ် ပြန်လာပြီလို့ ကြွေးကြော်လိုက်ပါပြီ။
မလုပ်ဖြစ်လောက်တော့ဘူးလို့ သူထင်ခဲ့ပြီးမှ ဖြစ်အောင်လုပ်ခဲ့ရတဲ့ သူ့ရဲ့ Live Show
မှာ အဆိုနဲ့ပတ်သက်လို့ ပြဿနာမရှိဘူးလို့ နော်လီဇာတစ်ယောက် ဘာ့ကြောင့်ယူဆခဲ့
တာလဲ။ ဘဝအတွေ့အကြုံရခဲ့ပြီမို့ အရင်လိုအောင်မြင်အောင် နော်လီဇာပြန်လာပြီလို့ ဆိုပါတယ်။
21st Century Disco ဘုရင်မ ပြန်လာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားဇာတ်ရုံမှာ မတ်လ ၂၂ရက်
နေ့ကျရင် ဖျော်ဖြေပွဲမှာ မေခလာ၊ ကော်နီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်နဲ့ ဘရိတ်ကီ
တို့က Lazy Club နဲ့အတူ သီဆိုဖျော်ဖြေကြမယ်လို့ ဆိုပါတယ်။
နော်လီဇာဟာ သူ့ရဲ့သင်ဆရာ၊ ကြားဆရာလည်းဖြစ်ခဲ့တာမို့ အနုပညာလမ်းကြောင်းမှာ
ဆက်ပြီးလျှောက်လှမ်းနိုင်စေဖို့ မေခလာက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဒိုင်းနမိုက်၊ ရက်ရက်
စက်စက်၊ မာလာဆောင် မောင်မလာဘူး စတဲ့သီချင်းတွေအပါအဝင် မြန်မာပြည်ရဲ့ ၁၉၇ဝ၊ ၈ဝပြည့်
လွန်နှစ်တွေက ပေါ့ပ်ဂီတစီးကြောင်းထဲမှာ နာမည်ကျော်ခဲ့တဲ့ နော်လီဇာဟာ ၁၉၉ဝပြည့်လွန်နှောင်း
ပိုင်းကတည်းက ဂီတလောကကနေ ပျောက်ကွယ်ခဲ့ပါတယ်။
by Kamayut Media

































