Friday, February 28, 2014

ရေဒီယိုသီချင်းတွေကို ပြန်ဆိုထားတဲ့ သီချင်းအယ်လ်ဘမ် ပတ္တမြား FM စီစဉ်ဖြန့်ချိ



တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ရေဒီယိုသီချင်းတွေ ဒီကနေ့ခေတ် နာမည်ကျော် အဆိုတော် ၁၅ယောက်နဲ့
ပြန်ဆိုထားတဲ့ သီချင်းအယ်လ်ဘမ်တစ်ခုကို ပတ္တမြား FM က မိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။ ဘာဖြစ်လို့ သီချင်း
ဟောင်းတွေကို စုစည်းထုတ်ဝေတာလဲ။
               ပတ္တမြား FM ရဲ့ Senior Programmer ကတော့ အရင်က နာမည်ကျော်ခဲ့တဲ့ သီချင်းကောင်းတွေကို
အရသာသစ်နဲ့ ပြန်နားထောင်စေချင်လို့ပါလို့ဆိုပါတယ်။ နောက်တစ်ခုက ပတ္တမြား FM ကို ထုတ်လွှင့်နေကျ 91 MHz
ကနေ လိုင်းသစ်ဖြစ်တဲ့ 88.2 MHz နဲ့ပြောင်းလဲမှာကို ကြေညာတဲ့အနေနဲ့လည်း အခုလို မိတ်ဆက်တာလို့ ဆိုပါတယ်။
အဆိုတော် နီနီခင်ဇော်က အင်းလေးမှာ ရွာတဲ့မိုးသီချင်းကို ဒီအယ်လမ်ဘမ်အတွက် သီဆိုထားပြီး ပရိသတ်တွေ
ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
         ပတ္တမြား FM Radio to Live လို့ခေါင်းစဉ်ပေးထားတဲ့ ဒီအယ်လ်ဘမ်သစ်ထဲမှာ သီချင်း ၁၄ပုဒ်ပါဝင်ပြီး စည်သူလွင်၊
 ထူးအယ်လင်း၊ L လွန်းဝါ၊ ရဲရင့်အောင်၊ အေသင်ချိုဆွေ၊ အိမ့်ချစ်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ နေနေ စတဲ့ အဆိုတော် ၁၅ယောက်
 ပါဝင်ပါတယ်။ ဒီသီချင်းခွေမှာ ပါဝင်တဲ့သီချင်းတွေနဲ့ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၉ရက်နေ့မှာ ကျင်းပဖို့ရှိတာကြောင့်
ပထမဆုံး သီချင်ေးခွဝယ်တဲ့ ပရိသတ် ၅ဝကို ဂီတပွဲအတွက် အခမဲ့လက်မှတ်တွေပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
by Kamayut Media

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More