Friday, February 21, 2014

ဧပြီလတွင်ဖြန့်မည့် Galaxy S5တွင် မျက်လုံးscanner ကိုထည့်သွင်းရန်လေ့လာလျက်ရှိ

Galaxy S5 အား ဧပြီလတွင် ဖြန့်ချီမည်ဖြစ်ပြီး မျက်လုံးစကင်ဖတ်သည့် နည်းပညာကို ပထမဆုံးအနေဖြင့် အသုံးပြုရန်
 လေ့လာလျက်ရှိသော Samsung သည် Apple၏ iPhone များကို ပြိုင်ဆိုင်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။
S5 ဖုန်းသည် Galaxy Gear နာရီနှင့်အတူ ပွဲထွက်လာမည် ဖြစ်ကြောင်း Samsung၏ ဖုန်းလုပ်ငန်းဆိုင်ရာ အမှုဆောင်
ဒုဥက္ကဌ လီယန်ဟီး က ဇန်နဝါရီ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော Bloomberg နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ကျွမ်းကျင်သူများ ခန့်မှန်းထားသလောက် အမြတ်မရရှိခဲ့သော Samsung သည် တက်ဘလက်ဈေးကွက်အား မြှင့်တင်ရန်
 ကြိုးစားရင်းဖြင့် ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်တော့မည် ဖြစ်သည်။
              “မတ်လနဲ့ဧပြီလလောက်လိုမျိုး နှစ်တိုင်းနှစ်တိုင်းရဲ့ ပထမနှစ်ဝက်ကာလမှာ ကျွန်တော်တို့ရဲ့အဓိကကျဆုံးဖုန်းကို
ကြေငြာလေ့ရှိပါတယ်။ အခုလည်း ဒီအချိန်လောက်မှာပဲဖြန့်ဖို့ ကျွန်တော်တို့မှန်းထားပါတယ်။ ကျွန်တော်တို့ S5ကို ဖြန့်တဲ့အချိန်မှာ
 ပိုပြီးမြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ Gear အသစ်ကိုလည်း မြင်ရမှာပါ။ ကြီးလွန်းတဲ့ဒီဇိုင်းကိုလည်း မွမ်းမံထားပါလိမ့်မယ်” ဟု လီ
က ပြောကြားခဲ့သည်။
         အဆင့်မြင့်ဖုန်းဈေးကွက်ရှိ Apple နှင့် ဒေါ်လာ၁၀၀အောက် ဖုန်းများ ပြုလုပ်နေသော တရုတ်ဖုန်းထုတ်လုပ်သူများကို
ကာကွယ်ရန် ကမ္ဘာပေါ်တွင်ရှိသော ဖုန်းသုံးလုံး၌ တစ်လုံးခန့်ရောင်းချနေရသော Samsung သည် မော်ဒယ်သစ်များနှင့် feature
သစ်များကို ပြုလုပ်လျက်ရှိသည်။
      ဖုန်းခေါ်ဆိုနိုင်ပြီး ဖုန်းအတွင်းရှိ အချက်အလက်များကို ပြသပေးနိုင်မည့် မျက်မှန်ဒီဇိုင်းတစ်ခုကို အောက်တိုဘာလ၌
တောင်ကိုရီးယားတွင် Samsung က မှတ်ပုံတင်ခဲ့သည်။

Credit : ဖိုးသူတော်phothutaw.com

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More