Friday, February 28, 2014

ဒစ္စကိုကွင်းစ် နော်လီဇာ မြန်မာပရိသတ်ရှေ့မှောက် ပြန်လာပြီ

သီချင်းတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေခဲ့သူ၊ တစ်ချိန်က မြန်မာပြည်ရဲ့
ဒစ္စကိုကွင်းစ်လို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နော်လီဇာဟာ ၂၁ရာစုရဲ့ ဒစ္စကိုကွင်းစ်အဖြစ်
ဂီတစင်မြင့်ပေါ် ပြန်လာပြီလို့ ကြွေးကြော်လိုက်ပါပြီ။
       မလုပ်ဖြစ်လောက်တော့ဘူးလို့ သူထင်ခဲ့ပြီးမှ ဖြစ်အောင်လုပ်ခဲ့ရတဲ့ သူ့ရဲ့ Live Show
 မှာ အဆိုနဲ့ပတ်သက်လို့ ပြဿနာမရှိဘူးလို့ နော်လီဇာတစ်ယောက် ဘာ့ကြောင့်ယူဆခဲ့
တာလဲ။ ဘဝအတွေ့အကြုံရခဲ့ပြီမို့ အရင်လိုအောင်မြင်အောင် နော်လီဇာပြန်လာပြီလို့ ဆိုပါတယ်။
21st Century Disco ဘုရင်မ ပြန်လာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားဇာတ်ရုံမှာ မတ်လ ၂၂ရက်
နေ့ကျရင် ဖျော်ဖြေပွဲမှာ မေခလာ၊ ကော်နီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်နဲ့ ဘရိတ်ကီ
တို့က Lazy Club နဲ့အတူ သီဆိုဖျော်ဖြေကြမယ်လို့ ဆိုပါတယ်။
           နော်လီဇာဟာ သူ့ရဲ့သင်ဆရာ၊ ကြားဆရာလည်းဖြစ်ခဲ့တာမို့ အနုပညာလမ်းကြောင်းမှာ
ဆက်ပြီးလျှောက်လှမ်းနိုင်စေဖို့ မေခလာက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဒိုင်းနမိုက်၊ ရက်ရက်
စက်စက်၊ မာလာဆောင် မောင်မလာဘူး စတဲ့သီချင်းတွေအပါအဝင် မြန်မာပြည်ရဲ့ ၁၉၇ဝ၊ ၈ဝပြည့်
လွန်နှစ်တွေက ပေါ့ပ်ဂီတစီးကြောင်းထဲမှာ နာမည်ကျော်ခဲ့တဲ့ နော်လီဇာဟာ ၁၉၉ဝပြည့်လွန်နှောင်း
ပိုင်းကတည်းက ဂီတလောကကနေ ပျောက်ကွယ်ခဲ့ပါတယ်။
by Kamayut Media

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More