မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Saturday, September 27, 2014
မန္တလေးတွင် တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချပြီး တန်းစီစောင့်ဆိုင်းဝယ်ယူသူ များပြား
Tuesday, August 19, 2014
ရန်ကုန်မြို့တွင်း လူနေထူထပ်သောမြို့နယ်အချို့၌ပါ လိုင်းမမိခြင်းဖြင် သုံးစွဲသူများဝေဖန်နေတဲ့အူရီဒူး
Wednesday, August 13, 2014
Telenor က 2G နှင့် 3G အတွက် ဆင်းမ်ကတ် တစ်မျိုးတည်း ရောင်းချမည်
Tuesday, June 24, 2014
ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ
အခမဲ့ cloud သိုလှောင်မှုပမာဏကို နှစ်ဆတိုးပေးခဲ့သည့် Microsoft
အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက်
Friday, June 20, 2014
၁၅ စက္ကန့် အားသွင်းပြီး မောင်းနှင်နိုင်သည့် လျှပ်စစ်ဘတ်စ်ကားကို ဆွစ်ဇာလန်တွင် စမ်းသပ်နေ
Thursday, June 19, 2014
Facebook လူမှုကွန်ရက် အချိန်ပိုင်းပြတ်တောက်မှုဖြစ်ပွား
Monday, June 16, 2014
ပထမဆုံး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့် Goal Line နည်းပညာ
Saturday, May 3, 2014
Samsung ကုမ္ပဏီမှ Apple ကုမ္ပဏီသို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန် တရားရုံး စီရင်ချက်ချ
Friday, May 2, 2014
မြန်မာ့ဆက်သွယ်ရေး အင်တာနက်သုံးစွဲမှု မြင့်မားရန် Bandwidth (၁ဝဝ) အထိ တိုးချဲ့ဆောင်ရွက်မည်ဟု ဆို
Saturday, April 26, 2014
IPhone အားကြိုးမဲ့အားသွင်းနိုင်သော Wireless Charger အားဝယ်ယူရရှိနိုင်
Thursday, April 3, 2014
ရန်ကုန်မှာ Empire State Building ဆောက်မယ် ဆိုရင်
Empire State Building ဆိုတာ ကမ္ဘာ ပေါ်မှာ အမြင့်ဆုံး တာဝါ ထိပ်တန်း စာရင်းထဲမှာ ပါဝင်
နေပါတယ်။ King Kong ရုပ်ရှင်ထဲက လူဝံကြီး တက်တဲ့ တိုက်ကို သိကြမယ် ထင်ပါတယ်။ အဲ့ဒါက
ရုပ်ရှင်ထဲမှာတင် မဟုတ်ပဲ အပြင်မှာပါ တကယ် ရှိပါတယ်။
၁၉၂၉ ခုနှစ်က အမေရိကန် နယူးယောက်မှာ စတင် တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ
သန်း ၄၀ ပဲ ကုန်ကျခဲ့ ပါတယ်။ ယနေ့မှာ သူ့တန်ကြေး ကတော့ ကန်ဒေါ်လာ ၆၃၅ သန်း ရှိပါတယ်။
သူ့ရဲ့ အငှားစရိတ်က တစ်လကို အမေရိကန်ဒေါ်လာ ၁၀ သန်း ရှိပါတယ်။ အကယ်၍ အဲ့ဒီ တိုက်သာ
အခြား နိုင်ငံ အသီးသီးက မြို့တွေမှာ ရှိရင် အငှားစရိတ် တစ်လကို ဘယ်လောက်ရှိတယ် ဆိုတာကို
ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ တာဝါ အကြောင်းကို wiki မှာ http://en.wikipedia.org/wiki/Empire_
State_Building ဝင်ရောက် ဖတ်ရှု ကြည့်နိုင် ပါတယ်။
မြန်မာပြည်မှသာ ရှိနေရင် ယင်း အဆောက်အအုံရဲ့ တစ်လ အငှားစရိတ်က အမေရိကန်ဒေါ်လာ
၃.၈ သန်းသာ ကုန်ကျမှာ ဖြစ်ကြောင်း ဖော်ပြ ထားပါ တယ်။ မြန်မာငွေ နဲ့ တွက်လိုက်ရင် တွက်လို့
မရလောက်အောင်ကို အင်မတန် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ ရန်ကုန်က ဆာကူရာ တာဝါ တို့
ထက်တောင် နှိုင်း ယှဉ် လို့ မရလောက်အောင် ကြီးမားတဲ့ ငွေကြေး ပမာဏ ဖြစ်ပါတယ်။
ဒီတော့ မြန်မာပြည်မှာ အဲ့လို မြင့်တဲ့ အဆောက်အအုံ ရှိလာ မရှိလာ ကတော့ မသိ ပါဘူး။
ဒါကတော့ အကြမ်းအားဖြင့် တွက်ချက် ထားတဲ့ ဈေးနှုန်း ဖြစ်ပါတယ်။
အောင်ခမ်း (smart.com.mm)
စီးပွါးရေးဆန်လာသော Facebook
Facebook ဟာ အခုနောက်ပိုင်း တဖြေးဖြေးနဲ့ စီးပွါးရေး အရမ်းဆန်လာပါပြီ။ အရင်ကတော့
အသုံးပြုသူများအားလုံးကို အလကားအခမဲ့ ပေးသုံးထားပြီး သူတို့သုံးသမျှကိုလည်း အားလုံးမြင်အောင်၊
အားလုံးကို သွားပေါ်နေအောင် လုပ်ပေးခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ News Feed မှာ သွားပေါ်ပေးတဲ့ ရာခိုင်နှုန်းကို တဖြေးဖြေးနဲ့ လျှော့ချလာ
လိုက်တာ ပြီးခဲ့ပတ်အထိ Page တစ်ခုကနေ တင်ပေးလိုက်တဲ့ ပို့စ်တစ်ခုကို ၁၇ ရာခိုင်နှုန်းအထိသာ ပေးခဲ့ပါ
တယ်။ ဆိုလိုတာက လူပေါင်း ၁၀၀၀ ရှိနေတဲ့ Page ဆိုရင် ၁၇၀ ကိုသာ အလိုလို သွားပေါ်အောင် လုပ်ပေး
တယ်။ အဲဒီကနေ စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်ဖြစ်နေရင် လူတွေကနေ အဆင့်ဆင့် ပြန် Share ပေးကြမှသာ
အဲဒီထက် ပိုမြင်သွားကြပါတယ်။ Page တစ်ခုတည်းတင် မကပဲ အကောင့်တွေကိုလည်း ဒီလိုပဲ ရာခိုင်နှုန်းတွေ
လျှော့ချလာခဲ့ပါတယ်။
ဟော အခုဆို ပိုဆိုးလာပါပြီ။ မနေ့က နိုင်ငံခြားသတင်းအများစုတွေကနေ အသံတွေကြားလာရပါတယ်။
အဲဒါကတော့ အလကားသုံးနေတဲ့ အကောင့်တွေကို ၁ ရာခိုင်နှုန်းပဲ ပေးပြီးပေါ်အောင်လုပ်ပေးနိုင်တော့မယ်တဲ့။
ဒီထက် ပိုမြင်စေချင်ရင် Promote လုပ်ပြီး ပိုက်ဆံထည့်ပေးရမယ်တဲ့။ Page များကိုလည်း 5% အထိသာ အလ
ကားပေးတော့မယ်တဲ့။
အဲဒီသတင်းက အမှန်အကန်ပါပဲ။ ဒီနေ့ တင်ခဲ့တဲ့ ပို့စ်တွေအားလုံးဟာ ခါတိုင်း လူပေါင်း ထောင်ချီကြည့်နေတဲ့
အကောင်းစားပို့စ်နေပေမယ့် ဒီနေ့မှာတော့ ၂၀၀ နဲ့ ၃၀၀ ဂဏန်းလောက်သာ မြင်ခဲ့ကြပါတယ်။ အဲဒါ Facebook က
စပြီးလျှော့ချလိုက်တာပါပဲ။ Page အက်ဒမင်လုပ်နေသူများအားလုံး သတိထားမိကြပါတယ်။
Facebook ဟာ လူတွေအားလုံးရဲ့ သည်းခြေခိုက် ဖြစ်လာတာနဲ့အညီ စီးပွါးရေးသများတွေ၊ အနုပညာရှင်တွေ၊
နိုင်ငံရေးသမား၊ ဘာသာရေးသမားအားလုံးတို့ကလည်း Facebook ကနေ ဟောပြောစည်းရုံးကြတယ်။ နာမည်ကြီး
အောင်လုပ်ကြတယ်။ ဈေးရောင်းကြတယ်။ ငွေရှာကြတယ်။ ဒါကို Facebook က သတိထားမိတာ ကြာပါပြီ။ လူတွေ
မျှားခေါ်နေတာပါ။
အခုတော့ ငွေထည့်ပြီး Promote လုပ်မှ အကုန်လုံးဆီကို မြင်အောင် သွားဖော်ပြပေးမယ်ဆိုတာ ဖြစ်လာပါပြီ။
စီးပွါးရေးဆန်လာတယ်လို့ ဆိုရတော့မယ်။ စီးပွါးရေးသမားများအတွက်ကတော့ အကျိုးစီးပွါးဖြစ်ထွန်းလို့ ငွေပေးပြဲီး
ရင်းနှီးရကျိုးနပ်ပေမယ့် အပျော်တမ်းအတွက် Page ထောင်ထားသူများအဖို့ကတော့ ပိုပြီး မလွယ်ကူတော့ပါဘူး။ Like
များများတက်ဖို့၊ လူများများသိလာဖို့ဆိုတာ အချိန်အများကြီးပေးရတော့မှာပါ။ အလကားရတိုင်း Page တွေကို မနိုင်မ
နင်းနဲ့ အများကြီးဖွင့်နေတဲ့သူတွေ လျှော့ချတဲ့သဘောလို့တောင် ယူဆမိပါတယ်။
ဒါကြောင့်ထင်တယ် ဟိုတစ်လောက ကျွန်တော့်ကို လူတော်တော်များများလာမေးကြပါတယ်။ သူတို့ကို block လုပ်
လိုက်တာလားတဲ့၊ သူတို့ဆီမှာ မတက်တော့ဘူးတဲ့။ ကျွန်တော်လည်း block မလုပ်ပါဘူးလို့ Facebook က ပြောင်းသွား
တာကြောင့်ဖြစ်မယ်လို့။ ကျွန်တော်တင်တဲ့ update တွေကို မလွတ်တမ်းဖတ်ချင်ရင် (https://www.facebook.com/
thantoeaungnote) လေးကို မှတ်ထားပါလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီလင့်အတိုင်းဝင်လာရင် ကျွန်တော့် page ကို
ရောက်လာမှာဖြစ်ပြီးတော့ ကျွန်တော်တင်သမျှ အကုန်ဖတ်နိုင်ပါလိမ့်မယ်။
www.thantoeaung.com ကိုမှတ်ထားရင်တော့ အကောင်းဆုံးပါပဲ။ အဲဒါမမှတ်နိုင်ဘူးဆိုရင်တော့ fb.com
သို့မဟုတ် facebook.com နောက်မှာ /thantoeaungnote လေးထည့်ပြီးဝင်လိုက်ရင်တော့ ကျွန်တော့် profile ကို
ရောက်ပါတယ်။(ဒါလေးကိုလည်း ကျွန်တော့်အကောင့်ထဲက လူတော်တော်များများသိအောင်လို့၊ သုံးလေးခါလောက်
ပြန်ရှဲပါမယ်၊ မြင်တဲ့သူက ခဏခဏမြင်နေမိရင် နားလည်ပေးပါလို့)
အားလုံးကို လေးစားလျှက်
ref:iblogger
www.thantoeaung.com မှကူယူဖော်ပြလိုက်ပါသည်။
Friday, March 28, 2014
Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်
Monday, March 24, 2014
Android အတွက် notification bar အသစ်ကို Facebook စမ်းသပ်နေ
Monday, March 24, 2014
Facebook သည်သုံးစွဲသူများ၏ profile picture ထည့်သွင်းထားသည့် notification bar
တစ်ခုကို Android OS အတွက် စမ်းသပ်ခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် နှစ်လယ်ကတည်းက
Android Facebook app တွင် OS ၏ notification bar တွင်ထည့်သွင်းရန် မကြာခဏစမ်းသပ်
ဖြန့်ချိခဲ့သည်။ ဗားရှင်းသစ်သည် ယခင်ဗားရှင်းထက် ပိုမိုကြည့်ကောင်းပြီး သုံးစွဲသူများအနေဖြင့်
News feed များကြည့်ရှုတိုင်း မိမိပုံပါဝင်သည့် notification bar ကိုတွေ့မြင်ရမည်ဖြစ်သည်။
Facebook ၏ပြောရေးဆိုခွင့်ရှိသူက Android တွင် စမ်းသပ်ခဲ့ခြင်းကို အတည်ပြုသွားခဲ့ပြီး အလွန်
နည်းပါးသည့် သုံးစွဲသူများအပေါ်တွင်သာ စမ်းသပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အသုံးပြုသူများအ
နေဖြင့် notification bar ကိုပိတ်လိုပါက notification bar ညာဘက်ထောင့်တွင် "I" icon ကိုနှိပ်နိုင်
သလို setting ထဲသို့ဝင်ရောက်၍ လည်းပြောင်းလဲနိုင်သည်။
စိုးထက်
Ref: Thenextweb
Internet Journal
Saturday, March 22, 2014
LG နဲ့ Samsung ဖုန်းတွေကို အမေရိကန် အိမ်ဖြူတော် သုံးစွဲရန် စမ်းသပ်
US အစိုးရအနေနဲ့ Security ပိုင်းဖက်မှာ လုံခြုံစိတ်ချရတဲ့ Blackberry ဖုန်းတွေကို သုံးစွဲလာခဲ့တာဟာ
ဖြင့် အချိန်ကြာခဲ့ပါပြီ။အခု အခြား Android ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ တောင်ကိုးရီယားအခြေစိုက် LG နဲ့
Samsung ကို အေဂျင်စီက အတွင်းဖက် နည်းပညာ အသင်းက စမ်းသပ်လျက်ရှိပြီး ယခုသုံးစွဲလျက်ရှိသော
Blackberry ဖုန်းနေရာမှာ အစားထိုးမှာ ဖြစ်တယ်လို့ ယူဆရပါတယ်။
Blackberry ကုမ္ပဏီရဲ့ပြောကြားမူအရ US အစိုးအရအနေနဲ့ ဖုန်းလုံခြုံရေးပိုင်း၊ တန်ဖိုးသက်သာမူတွေ
အတွက် ဌင်းတို့၏ တံဆိပ်ကိုပဲဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Samsung နဲ့ LG တို့လိုအခြားပြိုင်ဘက် ကုမ္ပဏီတွေဟာ USအစိုးရအတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေနဲ့
တရားဝင် လက်မှတ်တွေ မရှိဘူးလို့ သိရပါတယ်။
Aung Heine ( www.smart.com.mm )
Sunday, March 16, 2014
မောင်းသူမဲ့ လေယာဉ်ဖြင့် အင်တာနက် WiFi ပေးနိုင်ရန် Facebook ကြံစည်
Sunday, March 16, 2014
Facebookအနေဖြင့် အင်တာနက် ချိတ်ဆက်မှုလိုင်း မရှိသော နေရာဒေသများတွင် Wi-Fi ကွန်ရက်
ဖြန့်ကျက်ပေးနိုင်မည့် ခြေလှမ်းသစ်ကို စတင်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ Googleက
လေဘောလုံးကြီးများ လွှတ်တင်ကာ Wi-Fiဖြန့်ကျက်ပေးရန် စိတ်ကူးနေချိန်တွင် Facebookက နေရောင်ခြည်
စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်များ သုတေသနပြု ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုကို ဝယ်ယူရန် စိုင်းပြင်း
လာခဲ့သည်။ Facebook၏ ခြေလှမ်းမှာ အာဖရိကကဲ့သို့ အင်တာနက် ချိတ်ဆက်မှုလိုင်း နည်းပါးသော ဒေသများ
တွင် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်များကို လွှတ်တင်ထားပြီး ယင်းမှတစ်ဆင့် Wi-Fiကွန်ရက်များ ထုတ်
လွှင့်ပေးနေရန် ဖြစ်သည်။
Facebookသည် ယခုအခါ Titan Aerospace ကုမ္ပဏီကို ဒေါ်လာသန်း(၆၀) ဝန်းကျင်ဖြင့် သိမ်းသွင်းဝယ်
ယူရန် ဆွေးနွေး စကားပြောနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သတင်းများကို Facebookက
တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ လေ့လာသူများက အဆိုပါ ကောလာဟလသည် မှန်ကန်သည်ဟု
ယူဆရလောက်ပြီး Facebook၏ တစ်ကမ္ဘာလုံး အင်တာနက်သုံးစွဲသူ တိုးပွားပြီး ၎င်းတို့ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်မှု
များကို မြှင့်တင်သွားမည့် ရည်ရွယ်ချက်ကို အထောက်အပံ့ ပေးနိုင်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။ Titan Aerospace
သည် နေရောင်ခြည်ကို ခံယူကာ စွမ်းအင်ဖြည့်တင်းပြီး အမြင့်ပေပေါင်း မြောက်မြားစွာတွင် ပျံသန်းနိုင်သည့် လေယာဉ်
များကို သုတေသနပြု စမ်းသပ်လျှက် ရှိသည်။
အဆိုပါ နည်းပညာအရ နေရောင်ခြည် ပြည့်ဝစွာ ရရှိသော ဒေသများတွင် မောင်းသူမဲ့ လေယာဉ်ကို လွှတ်တင်
ထားပါက (၅)နှစ်မျှထိ ပြန်လည်အားဖြည့်စရာ မလိုဘဲ လေထဲဝဲပျံနေနိုင်မည် ဖြစ်သည်။ အကယ်၍ Facebookကသာ
Titan Aerospaceကို ဝယ်ယူဖြစ်ခဲ့သည် ဆိုပါက အာဖရိက တစ်တိုက်လုံးတွင် လွှမ်းခြုံပြီး Wi-Fi ကွန်ရက် ဖြန့်ကျက်ရန်
မောင်းသူမဲ့လေယာဉ် အနည်းဆုံး (၁၁၀၀၀)မျှ ထုတ်လုပ်ရမည် ဖြစ်သည်။ Titan Aerospaceကို (၂၀၁၂)ခုနှစ်ကမှ
စတင်တည်ထောင်ပြီး နယူးမက္ကစီကိုတွင် အခြေစိုက်ကြောင်း သိရှိရသည်။
Planet / http://www.myanmarcnn.com/
ဘာသာစကား ၃၂ မျိုးကို ဘာသာပြန် ပေးနိုင်သော အဘိဓာန် ထွက်ရှိ
နိုင်ငံခြားသို့ ပညာသင် သွားကြသော ကျောင်းသား ကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊
သင်္ဘော သားများ၊ နိုင်ငံခြားသို့ အလုပ် သွားရောက် လုပ်ကိုင်မည့် သူများ၊ နိုင်ငံတကာသို့ ခရီးသွား နေသူများ
အတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန် ပေးနိုင်သော အဘိဓာန် တစ်မျိုးကို
ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိ နေပြီ ဖြစ်ကြောင်း KMD Computer Group မှ သိရသည်။
အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ်
ဘာသာစကား၊ ရုရှား ဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊
ကိုရီးယား ဘာသာစကား၊ ဖိလစ်ပိုင် ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီ
ဘာသာစကား၊ ဆွီဒင် ဘာသာစကား၊ နော်ဝေ ဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊
တမိုင်းလ် ဘာသာစကား၊ ဗီယက်နမ် ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ်
ဘာသာစကား၊ ပေါ်တူဂီ ဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ် ဘာသာစကား၊
လာအို ဘာသာစကား၊ ခမာ ဘာသာစကား စသည့် ဘာသာစကား ၃၂ မျိုးကို ထည့်သွင်း ထားကြောင်း သိရသည်။
ထို့အပြင် အင်္ဂလိပ် ကြိယာ ၇၅၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊ နာမ် ၃၀၀၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊
နာမ ၀ိသေသန ၃၂၀၀၀ ကျော် ပုံစံပြောင်းလဲ အသုံးပြုပုံ တို့ပါဝင်သည်။ ဘာသာပြန် နည်းပညာ M32.IC ပါဝင်
သောကြောင့် ဘာသာစကား ၃၂ မျိုးနှင့် သက်ဆိုင်သော အချက် အလက်များကို စက်ထဲတွင် သိုလှောင် သိမ်းဆည်း
ထားပြီး ရှုပ်ထွေး ဆန်းပြားသော နည်းစနစ် (အယ်လ ဂိုရီသမ်) များကို အသုံးပြု ထားခြင်းကြောင့် ရှာလိုသော
စကားလုံး အတိအကျကို သွားရောက် ရှာဖွေ ပေးနိုင်သည်။ “ဘာသာစကား တစ်ခုစီကို စကားလုံးပေါင်း ၅၀၀,၀၀၀
ခန့် ပြန်ဆိုနိုင်တယ်။ ရှာဖွေတဲ့ ဘာသာစကားကို စက်ထဲမှာ သိမ်းဆည်းထားတဲ့ စကားလုံးနဲ့ တူညီလို့ရှိရင် သူနဲ့
သက်ဆိုင်သော အခြား စကားလုံး တွေနဲ့ အဲ့ဒီ စကားလုံးရဲ့ ဘာသာပြန်အတိအကျကို ဖော်ပြပေးတယ်။ မတူညီ
ရင်လည်း Text translate function ကိုအသုံးပြုပြီး ကြည့်နိုင်တယ်။ စက်ထဲမှာဆိုရင် အောက်စဖို့ဒ် အမေရိကန်
အဘိဓာန် စကားလုံး နှစ်သိန်းခွဲ လောက်ကို ထည့်ထားပေးတဲ့အ တွက် စကားလုံး အသုံးအနှုန်း တွေကို နက်နက်နဲနဲ
ရှာဖွေ ပေးနိုင်တယ်။ ယခုလ ၁၅ ရက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့တွေကို ဖြန့်ချိနေပါပြီ။
အီလက်ထရွန်းနစ်ဆိုင်တွေနဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ရရှိနိုင်မှာဖြစ်တယ်။ ဈေးနှုန်းက ၈ သောင်း ၉ ထောင်နဲ့
ဝယ်ယူနိုင်မှာဖြစ်တယ်။ ယခုလ ၁၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပရိုမိုးရှင်းအနေနဲ့ ၈ သောင်း ၄ ထောင်
ကျပ်နဲ့ ရရှိမှာပါ” ဟု KMD မှ ကိုရဲထူးမောင်ကပြောသည်။ ထို့အပြင် စက်ထဲတွင် Collins ဥပမာစာကြောင်းများ
ထည့်သွင်းထားသောကြောင့် American English နှင့် British English တို့ကို ခွဲခြားသိနိုင်မည်ဖြစ်သည်။ မိမိအသံနှင့်
စက်ထဲမှ အင်္ဂလိပ် လူမျိုး၏အ သံကို နှိုင်းယှဉ်သော စနစ်တို့လည်း ပါဝင်သည်။ ယူနစ်များ ပြောင်းလဲခြင်း၊
အသံသွင်းခြင်း၊ ဂိမ်း၊ ဖော်မြူလာ၊ အသံဖတ်ခြင်း၊ ဂဏန်းတွက်ချက်ခြင်း၊ သိပ္ပံဆိုင်ရာ တွက်ချက်ခြင်း၊ အချိန်ပြောင်း
လဲခြင်း၊ ငွေကြေးပြောင်းလဲခြင်းတို့ကိုပါ ထည့်သွင်းထားသည်။ အရွယ်အစားအားဖြင့် ၄.၅ x ၀.၈ လက်မ ၁၁.၄ x ၇.၆ x
၂ စင်တီမီတာခန့်ရှိပြီး၊ LCD backlight LCD အသုံးပြုထားပြီး မျက်နှာပြင်အစက်ပေါင်း ၃၂၀ x ၂၄၀ နှင့် စာကြောင်းရေ ၉
လိုင်း စာလုံးပေါင်း ၄၀ ရှိသည်။ ပါကင်တွင်ပါသော အခြားပစ္စည်းများအနေဖြင့် ဘက်ထရီ ၂ ခု x AAA၊ နားကြပ်တစ်ခု၊
ကွန်ပျူတာနှင့်ချိတ်ဆက်ရန် ကြိုး၊ အညွှန်းစာအုပ် (မြန်မာနှင့်အင်္ဂလိပ်)၊ တို့ကို ထည့်သွင်းထားသည်။
Ref : Myanmarinternetjournal
Saturday, March 15, 2014
နည်းပညာတော်လှန်ရေးနှင့်အတူ မြန်မာပြည်မှာ Hackathon မွေးဖွားလိုက်ပြီ
မြန်မာလူ့အဖွဲ့အစည်းအတွင်း လက်တွေ့ရင်ဆိုင်နေရာတဲ့ ပြဿနာနဲ့အခက်အခဲတွေထဲက NGO
၅ခုက တင်ပြလာတဲ့ လူမှုစီးပွားပြဿနာ ၈ခုကို နည်းပညာရှင် ၈ဝကျော်က ၄၈နာရီအတွင်း နည်းပညာ
နဲ့အဖြေရှာပေးမယ့် Hackathon လှုပ်ရှားမှုကြီး စတင်လိုက်ပါပြီ။မြန်မာလူငယ် နည်းပညာရှင်တွေ စုပေါင်းပြီး
Application တွေ၊ အင်တာနက်စာမျက်နှာတွေရေးဆွဲပြီး အဖြေရှာပေးမယ့်ပွဲဖြစ်တယ်လို့ Hackathon
ကိုဦးဆောင်တဲ့ David Madden က မတ်လ ၁၄ရက်နေ့မှာ ဆိုပါတယ်။
မြန်မာ့ဆက်သွယ်ရေးဟာ တော်လှန်ရေးတစ်ရပ်ကို ရင်ဆိုင်နေရတာဖြစ်ပြီး မြန်မာပြည်သူတွေအတွက်
Mobile Apps တွေနဲ့ နည်းပညာလိုအပ်ချက် ကြီးမားတာကြောင့် အားဖြည့်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။
လူ့အဖွဲ့အစည်းထဲက ပြဿနာတွေဟာ နည်းပညာနဲ့သီးခြားစီဖြစ်နေရာက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိပြီး
နည်းပညာနဲ့ဖြေရှင်းပေးမယ်ဆိုရင် မြန်မာပြည်အနာဂတ်ဟာ ပိုပြီးလှပမယ်လို့ မျှော်လင့်မိတဲ့အကြောင်း
Blogger နေဘုန်းလတ်က ဆိုပါတယ်။
ရန်ကုန်မြို့ MICT Park ထဲက Ooredoo အဆာက်အဦးမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး Hackathon
ပွဲမှာ တောင်သူလယ်သမားတွေ သတင်းအချက်အလက်တွေ ဘယ်လိုရနိုင်မလဲ၊ ရန်ကုန်ရှေးဟောင်း အဆောက်
အအုံတွေကို နည်းပညာအရ ထိန်းသိမ်းဖို့ ဘယ်လိုကူညီနိုင်မလဲ၊ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု
ရှိဖို့ စတဲ့ပြဿနာတွေပါဝင်တဲ့ ပြဿနာ ၈ခုကို အဖွဲ့၈ဖွဲ့ခွဲပြီး ဖြေရှင်းကြမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ Ooredoo တို့က ကူညီထောက်ပံ့တဲ့ ဒီလှုပ်ရှားမှုမှာ ပထမ၊ ဒုတိယ၊ တတိယဆု ၃မျိုး ချီးမြှင့်
သွားမှာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ထွက်လာမယ့် Solution ဟာ အချောသတ်မဟုတ်တောင်မှ အကြမ်းထည်အဖြစ်
ပေါ်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
Kamayut Media












.png)
















