Monday, March 24, 2014

Android အတွက် notification bar အသစ်ကို Facebook စမ်းသပ်နေ


Monday, March 24, 2014
       Facebook သည်သုံးစွဲသူများ၏ profile picture ထည့်သွင်းထားသည့် notification bar
တစ်ခုကို Android OS အတွက် စမ်းသပ်ခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် နှစ်လယ်ကတည်းက
 Android  Facebook app တွင် OS ၏ notification bar တွင်ထည့်သွင်းရန် မကြာခဏစမ်းသပ်
 ဖြန့်ချိခဲ့သည်။ ဗားရှင်းသစ်သည် ယခင်ဗားရှင်းထက် ပိုမိုကြည့်ကောင်းပြီး သုံးစွဲသူများအနေဖြင့်
 News feed များကြည့်ရှုတိုင်း မိမိပုံပါဝင်သည့် notification bar ကိုတွေ့မြင်ရမည်ဖြစ်သည်။
Facebook ၏ပြောရေးဆိုခွင့်ရှိသူက Android တွင် စမ်းသပ်ခဲ့ခြင်းကို အတည်ပြုသွားခဲ့ပြီး အလွန်
နည်းပါးသည့် သုံးစွဲသူများအပေါ်တွင်သာ စမ်းသပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အသုံးပြုသူများအ
နေဖြင့် notification bar ကိုပိတ်လိုပါက notification bar ညာဘက်ထောင့်တွင် "I" icon ကိုနှိပ်နိုင်
သလို setting ထဲသို့ဝင်ရောက်၍ လည်းပြောင်းလဲနိုင်သည်။

စိုးထက်
Ref: Thenextweb
Internet Journal

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More