Monday, March 31, 2014

ရှူးတိုးတိုး ကျယ်ကျယ်ပြောမယ်

 သမ္မတကြီးကြောင့် နှစ်ဦးနှစ်ဖက်မျက်နှာ ပျက်စရာတွေဖြစ်ကုန်တော့မှာပဲကိုင်းသမ္မတကြီးကတော့
ပြောလိုက် ပြန်ပါပြီ။ ၀န်ကြီးဌာနများသည် လက် ဆောင်ပစ္စည်းလက်ခံရာတွင် ကျပ်သုံး သိန်းထက်
ကျော်လွန်သည့် ပစ္စည်းများ လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်တဲ့ခင်ဗျ။ အဆို
ပါသတ်မှတ် မှုတွင် ၀န်ကြီးဌာနကိုလာတွေ့တဲ့သူတွေ ထံက လုပ်ငန်းသဘောအရပဲဖြစ်ဖြစ်၊ ခင်လို့ပဲ
ဖြစ်ဖြစ် ပေးလာတဲ့လက်ဆောင်ကို လက်မခံဖို့နဲ့ သုံးသိန်းကျပ်ထက်ကျော်ရင် လာဘ်ပေးလာဘ်ယူတယ်
လို့သတ်မှတ် မယ်ဆိုပြီး အကြောင်းကြားစာအနေဖြင့် ၀န်ကြီးဌာနအသီးသီးကိုလည်းပေးပို့ထား ပြီးပါပြီ
တဲ့။ ကဲနိုင်ငံတော်သမ္မတကြီးရဲ့ ကျပ်သုံးသိန်းထက်ကျော်လွန်တဲ့လာဘ်ပေး လာဘ်ယူသတ်မှတ်မှုက
ဝန်ကြီးဌာနတွေ အတွက် ကလိကလိနဲ့အသည်းယားဖို့ ကောင်းနေမှာတော့အမှန်ပါပဲ။
            အဲဒီလိုပါပဲ။ ၀န်ကြီးဌာနကို မိမိ အကျိုးစီးပွားအတွက် လာဘ်ပေးတဲ့လူ တွေအဖို့လည်း အတော်
လေးခေါင်းကိုက် သွားမှာပါပဲ။ ဟုတ်တယ်လေ။ လာဘ် လာပေးတဲ့လူက အဲဒီဝန်ကြီးက လက် ဆောင်ပစ္စည်း
ပေးပါပြီတဲ့။ ကဲဆိုကြပါစို့။ နိုင်ငံခြားဖြစ် အရက်တစ်ပုလင်းပေါ့။ ကဲ အဲဒီမှာတင် သုံးသိန်းမကျော်တဲ့ အရက်
 ပုလင်းပေးမယ်ဗျာ။ ကဲခက်ပြီ။ ခါတိုင်း အရက်တစ်ပုလင်းကို သိန်းဆယ်ချီပြီး မှီဝဲနေကျဂုဏ်သရေရှိလူကြီး
တစ်ယောက် က အဲဒီလို သုံးသိန်းမကျော်တဲ့ အရက်ကို မှီဝဲနိုင်ပါ့မလား။ လာဘ်ပေးတဲ့လူကလည်း သမ္မတကြီးရဲ့
အမိန့်ကြောင့် အပြစ် ရှိမှာကလည်းစိုး။ တစ်ဖက်က ၀န်ကြီးက လည်း လာဘ်ပေးခံရတဲ့အချိန်လေးတော့ ပြုံးပြီး
လက်ဆောင်ထုပ်ကိုလည်း ဖွင့် ဖောက်တဲ့အခိုက်မှာ သမ္မတကြီးရဲ့သတ် မှတ်ချက်တွေဘာတွေကိုမေ့သွားပြီး
 ““ဟ ကောင်တွေ ငါ့အဆင့်နဲ့ဒီလိုအပေါစား အရက်၊ ဒီလိုအပေါစားဂေါက်အိတ်၊ ဒီလိုအပေါစားတိုက်၊ ဒီလိုအ
ပေါစားကား၊ ဒီလိုအပေါစားတွေလက်ခံတဲ့အဆင့်မဟုတ် ဘူးကွ။ နိုင်ငံတော်ဝန်ကြီးအဆင့်ကွ။ နိုင်ငံတော်ဝန်ကြီး။
 သွားစမ်းကွာ။ ဒင်းတို့ အလုပ်ကို ငါမလုပ်ပေးနိုင်ဘူးဆိုပြီး စားပွဲ ခုံကြီးကို ဒုန်းခနဲဒိုင်းခနဲထုပစ်မှာ မြင် ယောင်
သေးသဗျို့။
             ကဲအဲဒီမှာတင် လာဘ်ပေးတဲ့ လူ ကော၊ လာဘ်ပေးခံရတဲ့လူတွေရော နှစ်ဦး နှစ်ဖက်ကြားမျက်နှာပျက်စ
ရာပါပဲဗျို့။ ကဲပါသမ္မတကြီးလည်းသူတို့တွေအတွက် စိတ်မကောင်းမဖြစ်နေပါနဲ့တော့။ သူတို့ တွေအတွက်ကတော့
 မကြာခင်အဆင် ပြေမယ့်နည်းလမ်းကို ပြန်လည်တွေ့ရှိသွား ကြမှာပါ။ သမ္မတကြီးရဲ့ ၀န်ကြီးဌာန အသီးသီးကိုပို့
လိုက်တဲ့စာဟာလည်း ၎င်းတို့ရဲ့ ဖိုင်တွဲတွေထဲ မကြာခင်မှာပဲအိပ် စက်သွားကြမှာပါ။ ဒါကြောင့်မို့ပြောတာ ပေါ့။ ပြုပြင်
ရမယ့်နည်းလမ်းအသစ်တွေ ဘယ်လောက်ပေါ်ပေါ် လမ်းဟောင်းကြီး ပေါ်မှာပဲလျှောက်ရတာ အဆင်ပြေပါ တယ်လို့ဆို။
ဆရာပြောမှပဲ အဲဒီလောက်လွယ်မှန်းသိ တော့တယ်။
                    ကဲ ဒီကိစ္စဘယ်လိုရှင်းကြမလဲရယ်လို့ လွှတ်တော်ထဲမှာမေးတဲ့လူကမေးပြီ။ ကိစ္စ ကတော့ ဒီလိုပါ။
 အိနိ္ဒယကုမ္ပဏီတစ်ခုရဲ့ ထမံသီရေအားလျှပ်စစ်စီမံကိန်းမှာ ၎င်းစီမံကိန်းကိုဆက်လက်အကောင်အထည် မဖော်ဘဲ
 ဆည်ရေရဲ့ဧရိယာဧကသုံးသိန်း ကျော်အတွင်းမှာရှိတဲ့ သစ်တောများကို အပြောင်ရှင်းအမြတ်ထုတ်သွားတယ်ဆိုတဲ့
 ဖြစ်စဉ်ပါခင်ဗျ။ ၎င်းဖြစ်စဉ်ကို မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်က လွှတ်တော်
မှာ ဒီလိုလေးမေးမြန်းထားပါတယ်။ ““စီမံကိန်း ကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက စတင်ခဲ့တယ်။ ခုထိတည်
ဆောက်ခြင်း အဆင့်ကိုမရောက်နိုင်ခဲ့ဘူး။ ဆည်တည် ဆောက်တဲ့အခါမှာ ရေစပ်ဧရိယာမှာပါ ရှိတဲ့ သစ်တောဧရိယာဧက
သုံးသိန်းကျော် ကို အပြောင်ရှင်းစနစ်နဲ့ ခုတ်ထွင်ခဲ့တာ သိရတယ်။ အမှန်တကယ် ဆည်တည် ဆောက်ခဲ့တဲ့ နှစ်နှစ်
လောက်ကျမှသာလျှင် သစ်တောတွေရှင်းလို့ရရဲ့သားနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ အမြတ် ထုတ်မှုဖြစ်
သွားသလို ဖြစ်စဉ်အပေါ် သံသယရှိဖွယ်ဖြစ်ခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့သဘာဝဘေးအန္တရာယ်ကို ထိပါးစေနိုင်တဲ့
အပြောင်ရှင်းမှုကြီးဖြစ် ပြီးတော့ သယံဇာတတွေလည်းဆုံးရှုံးခဲ့ ပါတယ်။ အခုစီမံကိန်းကလည်း မအောင် မြင်ပါဘူး။
ဒါကြောင့် အပြောင်ရှင်းထုတ် မှုကို ဘယ်သူကတာဝန်ယူမလဲဆိုတာ သိချင်ပါတယ်””တဲ့ ခင်ဗျ။ ကိုင်း အမေးရှိ မှတော့
အဖြေဆိုတာလာပြီပေါ့ ခင်ဗျ။ ကဲ ၎င်းအဖြေကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက
ဘယ်လိုလေးဖြေကြားလိမ့်မလဲဆိုတာ ရှုစားလိုက်ကြပါဦးစို့။
                   ““အိနိ္ဒယကုမ္ပဏီ NHPC နှင့် စာချုပ် ချုပ်ဆိုခဲ့သော အဆိုပါစီမံကိန်းကြီးအတွင်း ရှိ ဧရိယာသုံးသိန်း
ကျော်တွင် ၂၀၀၅-၀၆ ခုနှစ်မှစတင်ကာ ၂၀၁၂-၁၃ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကြောင်း၊ ထမံသီရေအားလျှပ် စစ်စီမံကိန်း
ကိုလည်း စီးပွားရေးအရ ရလဒ်အားနည်းပြီး သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်သော စီမံကိန်း
ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နိုင်ငံတော်သမ္မတက ၁၉.၂.၂၀၁၃ ရက် တွင် ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်ကို
 လည်း သိရှိရကြောင်း၊ စီမံကိန်းဆက်လက် အကောင်အထည်ဖော်ဖို့ အစီအစဉ်မရှိရင် လက်ရှိဧရိယာမှာ သစ်ထုတ်ခဲ့
ဖူးတဲ့ ကုမ္ပဏီတွေကိုပြန်ခေါ်ပြီး ပုဂ္ဂလိကသစ် တောစိုက်ခင်းတွေ၊ တန်ဖိုးမြင့်သစ်စိုက် ခင်းတွေပြန်စိုက်ခိုင်းမှာဖြစ်သလို၊
အခြား သော စိတ်ပါဝင်စားတဲ့ နိုင်ငံသားတွေကို လည်း ဖိတ်ခေါ်သွားမှာပါ””တဲ့ ခင်ဗျ။ ကိုင်း ရှင်းကရောပဲ။
                   မြန်မာစာကို မြန်မာဘာသာနဲ့ လိုတိုရှင်းဘာသာပြန်ပေးရရင် ဒါလား လွယ်ပါတယ်တဲ့။ ပြောင်သွားတဲ့
သစ် တောတွေကို ပြန်စိုက်ခိုင်းလိုက်ပါ့မယ်တဲ့။ စိုက်ကြဦးပေါ့ဗျာ။ စိုက်ကြပေဦးပေါ့။ တိုင်းပြည်ရဲ့သဘာဝဘေးအန္တရာယ်
ကို ထိပါးစေနိုင်တဲ့ အပြောင်ရှင်းမှုကြီးမှာ နိုင်ငံကသယံဇာတတွေလည်း ဆုံးရှုံးခဲ့ တယ်ဆိုတော့။ အင်းကလေးငယ်တစ်ဦး
လို အီးဟီး သားသားတို့ဆုံးရှုံးသွားတဲ့ သယံ ဇာတတွေကို ရှိတဲ့အရေအတွက်တိုင်း ပြန်ကောင်းအောင်အခုလုပ်ပေး။
အီးဟီး ပြောင်ရှင်းသွားတဲ့ သစ်တောတွေနေရာ မှာလည်း သူ့မူလရှိတဲ့ သစ်ပင်အရေ အတွက်အတိုင်း တစ်ပင်မှမရော့ဘဲ
ပြန် စိုက်ပေးဂျာ။ ပြန်စိုက်ပေး။ မရဘူး။ မရ ဘူး။ အခုပြန်လုပ်ပေးကြပါဂျာ ဆိုပြီး ကလေးတစ်ဦးလို ကတ်သီးကတ်ဖဲ့ငိုယို
အော်ပြောရင်ရော ကလေးများဆန်နေ ပါ့မလားနော်။ ကျွန်တော်တွေးကြည့် တာပါ။
                   လုပ်ကြပါဦး။ ပြည်ထောင်စုလွှတ်တော် နာယကကြီး မျက်နှာပူလို့တဲ့ဗျို့။ကဲကဲ မျက်နှာပူစရာတွေတော့ဖြစ်
ကုန်ပါပြီတဲ့နော်။ ဟုတ်ကဲ့ ဘယ်သူ မျက်နှာပူတာလည်းဆိုရင် ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေမန်းတဲ့ ခင်ဗျ။
 ဘာကြောင့် မျက်နှာပူရလဲဆိုရင် သိချင်ရင်ဆက်ဖတ်၊ ဆက်ဖတ်။ နာယက ကြီး သူရဦးရွှေမန်းဟာဆိုရင် ပြည်ခိုင်ဖြိုး ပါတီအ
နေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အလျှော့ပေးမည်မဟုတ်ကြောင်း၊ ထိပ်သီး ပါတီကြီးနှစ်ခုအကြား ပြောစကားများကို မျက်နှာ
ပူရကြောင်းနှင့် လွှတ်တော်မှ ပြဋ္ဌာန်းသောဥပဒေများကို လိုက်နာပါမှ တရားဥပဒေစိုးမိုးမှုရှိမည်ဆိုတဲ့အကြောင်း နောက်ပြီးတော့
လတ်တလောပါတီကြီး နှစ်ခုအကြား ဝေဖန်ပြောကြားမှုများနှင့် ပတ်သက်ပြီး သူရဦးရွှေမန်းက ““နှစ်ဖက် ပါတီဝင်တွေအကြား
 အပြန်အလှန် အတိုက်အခိုက်ပြောဆိုမှုတွေကြောင့် မိမိနဲ့ဒေါ်အောင်ဆန်းစုကြည်တို့အကြားမှာ မျက်နှာပူစရာတွေဖြစ်ရပါတယ်
””တဲ့။ ဟုတ် ပါ့ဗျာ။ မျက်နှာမပူလည်း ရင်ပူရမှာကိုဗျ။ နာယကကြီးသူရဦးရွှေမန်းက မျက်နှာသာ ပူတာပါ။ ကျွန်တော်တို့ပြည်သူ
တွေက ခရမ်းလွန်ရောင်ခြည်ဆိုလား ဘာဆိုလား နေပူရှိန်တွေမြင့်တက်နေလို့ မျက်နှာတင် မကပါဘူး။ တစ်ကိုယ်လုံးပူနေပါတယ်
ခင်ဗျ။ သနပ်ခါးရည်ကျဲလေးလိမ်းထားပြီး အပူဒဏ်ကိုကာကွယ်ပါတယ်တဲ့ခင်ဗျ။ ဒါ ကြောင့် နာယကကြီးလည်း မျက်နှာပူ
သက်သာအောင် အခုလိုမျက်နှာပြောင် ကြီးနဲ့ နေတာထက်စာရင် မိမိနှစ်သက် ရာတစ်ခုခုလေးလိမ်းပြီးမှ အပြင်ထွက်ပါ လား
လို့နော်လို့။ ကျွန်တော်ဝေဖန်ပေး တာပါ။ခေါင်းမာလိုက်တဲ့ ဒေါ်စုတဲ့ဗျာ။
               ကဲ လူအတော်အများများက ခေါ် နေကြတဲ့ အမေစုကတော့ ပုဒ်မ ၅၉(စ) ကိုဆက်လက်တိုက်ခိုက်နေခြင်းထက်
အိနိ္ဒယမှ ဆိုနီယာဂနီ်္ဒ၏ထုံးကို နှလုံးမူရန် လိုအပ်လာပြီဖြစ်ကြောင်း Gulf News သတင်းဌာနက သုံးသပ်ရေးသားလိုက်ပါ
ပြီတဲ့ခင်ဗျ။ Gulf News ကသတင်းဌာနက ဘယ်လိုဘယ်သုံးသပ်ရေးသားထားသလဲ ဆိုရင် ဒေါ်စုရဲ့ဖြစ်စဉ်ဟာ အိနိ္ဒယမှ
ဆိုနီယာဂနီ်္ဒဆိုသည့် အီတလီနိုင်ငံသား တစ်ယောက်ရဲ့အဖြစ်နဲ့သွားတိုက်ဆိုင်နေ ပါတယ်တဲ့ခင်ဗျ။
                          ဆိုနီယာဂနီ်္ဒက အီတလီတွင်မွေးဖွား သည့်အတွက် အိနိ္ဒယနိုင်ငံမှာ ၀န်ကြီးချုပ် ရာထူးလိုချင်ခဲ့ပေမဲ့လည်း
BJP (Bhara- tiya Janata) ပါတီကဝေဖန်တိုက်ခိုက်ပြီး ၀န်ကြီးချုပ်နေရာကိုပြိုင်ဆိုင်လုခဲ့သဖြင့် ဆိုနီယာဂနီ်္ဒကပြိုင်ဘက်ပါတီကို
ပါးစပ် ပိတ်နေစေရန်အတွက် ကိုယ်တိုင်ဝန်ကြီး ချုပ်ဖြစ်ရေး လမ်းကြောင်းကိုသွေဖည်ကာ ဆိုနီယာဂနီ်္ဒရဲ့အပေါ်မှာသစ္စာရှိသော
မန်မိုဟန်ဆင်းကို ၀န်ကြီးချုပ်ဖြစ်စေခဲ့ ကြောင်း၊ ၎င်းနောက် မန်မိုဟန်ဆင်းက ၀န်ကြီးချုပ်ဘ၀ကနေ ဆိုနီယာဂနီ်္ဒကို နေ့စဉ်အစီ
ရင်ခံတင်ပြရပြီး တိုင်းပြည်ကို ၂၀၀၄ ခုနှစ်ကတည်းက အုပ်ချုပ်လာ ကြောင်း အိနိ္ဒယတွင် ဆိုနီယာဂနီ်္ဒက ဖွဲ့စည်းပုံဥပဒေအရ
တားဆီးခံရခြင်းမျိုး မဟုတ်ဘဲ တိုက်ရိုက်ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်သည့် အနေအထားရှိသည့်တိုင် ပြိုင်ဘက်ပါတီကို သွယ်ဝိုက်
စွာအလဲထိုး ခဲ့ခြင်းဖြစ်ကြောင်း ယခုဒေါ်စုတွင်မူကား ရွေးကောက်ပွဲရောက်သည့်တိုင်အောင် ပြင်ဆင်ရန်ရာနှုန်းပြည့်နီးပါးမသေချာ
သည့် ပုဒ်မ ၅၉(စ)ကို လက်လွှတ်သင့်ပြီး ပြိုင် ဘက်ကို ဆိုနီယာဂနီ်္ဒထုံးနှလုံးမူပြီး ကြားခံ အုပ်ချုပ်မှုစနစ်သို့ လမ်းကြောင်းပြောင်း
သင့်ကြောင်းဟု အဆိုသတင်းမှာရေးသား ပြောကြားသွားခဲ့ပါတယ်ခင်ဗျ။
                        နောက်ထပ် ဒေါ်စုကိုလည်း လမ်း ကြောင်း ပြောင်းခြင်းထက် ဖွဲ့စည်းပုံပြင် ဆင်နိုင်ဖို့သာ ခေါင်းမာမည့်ပုံရှိတယ်ဟု
လည်းကောင်း၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ သမ္မတရာထူးကိုလည်း ဒေါ်စုနှင့်အပြိုင် နာမည်ကြီးသုံးဦးမှရဖို့အလားအလာရှိနေ ကြောင်း
လည်း အဆိုပါသတင်းဌာနက သုံးသပ်ထားပါသေးတယ်ခင်ဗျ။ ကဲ အမေစုကရော အဆိုပါသတင်းဌာနရဲ့ အကြုံပြုသုံးသပ်ချက်အ
တိုင်း ဆိုနီယာ ဂနီ်္ဒရဲ့ ထုံးကိုနှလုံးမူမလား။ ဆိုနီယာဂနီ်္ဒရဲ့ ထုံးကိုနှလုံးမူရင်တော့ အမေစုရဲ့ပါတီထဲ မှာ ဒေါ်စုရဲ့ညာလက်ရုံးသဖွယ်
ယုံကြည် စိတ်ချအရည်အချင်းပြည့်ဝတဲ့ ပုဂိ္ဂုလ် တစ်ဦးကတော့ သေချာပေါက်ရှိကိုရှိရပါ မယ်။ ဒါမှသာ အမေစုကမြန်မာနိုင်ငံကို နောက်
ကွယ်ကနေ ကြိုးကိုင်ပြီးအုပ်ချုပ် နိုင်မှာလေ။ မဟုတ်ရင်တော့ ၅၉(စ)နဲ့ ငြိနေတာကြောင့် အမေစုကြီးသမ္မတဖြစ်ဖို့ မလွယ်ပါဘူး။
Gulf News သတင်းဌာနရဲ့ သုံးသပ်ချက်အတိုင်း အမေစုက မိမိကိုယ် တိုင် သမ္မတကြီးဖြစ်မှဆိုတဲ့ အတွေးမျိုးနဲ့ ခေါင်းမာနေဦးမယ်
ဆိုရင်တော့ ဟိုလူကြီး ပြောသလိုNLD မှာ ဒေါ်စုကလွဲရင် ဘာမကျဘူး။ ညာမကျဘူးဆိုတာများ ဟုတ်သလိုလိုရှိလို့ အမေစုကတိုက်ကွက်
မပြောင်းတာလားဆိုပြီး လူအများရဲ့ဝေဖန် သုံးသပ်ချက်တွေများဖြစ်နေရောမလား။ အမျိုးမျိုးစဉ်းစားစရာပါပဲ။ ကဲဘာပဲဖြစ် ဖြစ် အမေစုရဲ့
အနားမှာ ညာလက်ရုံးသဖွယ် ယုံကြည်စိတ်ချအရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ သမ္မတရာထူးနဲ့ ရုပ်သေးရုပ်အဖြစ်ကပြ
ရမယ့် လူတစ်ဦး သို့မဟုတ် နှစ်ဦးသုံးဦးထက်ပိုပြီး ရှိနေဖို့ တော့ လိုအပ်နေပါပြီခင်ဗျ။ ကဲ ၂၀၁၅ ရွေးကောက်ပွဲကို အမေစုက ရှောင်လင်၊
 ကွန်ဖူး၊ ထိုက်ချိ၊ ဘယ်လိုတိုက်ကွက်တွေ သုံးပြီးဝင်ပြိုင်လိမ့်မလဲဆိုတာကတော့ အမေစုပဲသိပါလိမ့်မယ်ခင်ဗျ။ ကိုင်း သမ္မတဖြစ်ချင်တဲ့
လူများကတော့ အမေစု ရဲ့ ဘေးမှာ အရင်ကထက်ပိုချစ်ပြဖို့နဲ့ ပို ကပ်ဖို့ကိုတော့ မေ့မနေကြနဲ့နော်။ ကျွန်တော်ကြော်ငြာပေးတာပါ။

ဇာမဏီ


0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More