Monday, March 31, 2014

ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် ရိုဟင်ဂျာဟုဆို

၃၁၊ မတ်လ၊ ၂၀၁၄။ Coral Arakan News (သတင်း)
            ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ကြံခိုင်ရေးပါတီအမတ် ဒေါက်တာ
ဘော်ရှီးအာမတ်၏ အိမ်ကို သန်းခေါင်စာရင်းကောက်ယူရန်လာသောအခါ ၄င်း၏ ဇနီးဖြစ်သူက ရိုဟင်ဂျာ
အိမ်ဟုဖြေဆိုခဲ့သဖြင့် သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမပြုခဲ့ရ ကြောင်းသိရသည်။
       ယနေ့နေ့လည်က သန်းခေါင်စာရင်းကောက်ယူခဲ့သူများသည် ဘူးသီးတောင်မြို့၊အမှတ် (၄) ရပ်ကွက်
တွင်ရှိသော ဒေါက်တာဘော်ရှီ၏ အိမ်ကို သန်းခေါင်စာရင်းကောက်ယူရန် သွားသော အခါ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် အားတာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်
စာရင်းကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်ပြည်နယ်တွင် အဖျက်အမှောက် လုပ်လိုသူအချို့မှ
နိုင်ငံတော်အစိုးရမှ လက်မခံထားသောလူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှန်းကို သုံးစွဲရန် လုပ်ဆောင်
နေသည် ဟုဖော်ပြထားပြီး ယင်းအဖျက်သမားများမှ ရိုဟင်ဂျာ အမည်သုံးစွဲခြင်းကို လက်မခံပါကြောင်းထုတ်ပြန်ထားသည်။
ဘူးသီးတောင်မြို့တွင် သန်းခေါင်စာရင်းကောက်ယူသောအခါ များသောအားဖြင့် ဘင်္ဂလီ များက ရိုဟင်ဂျာဟု ပြောဆိုခဲ့ကြ
သောကြောင့် သန်းခေါင်စာရင်းကောက်ယူမှု မလုပ်ခဲ့ကြသော်လည်း တစ်ချို့မိသားစုများကမူ မိမိတို့သည် ဘင်္ဂလီများသာ
ဖြစ်ကြကြောင်းအမှန်အတိုင်း ပြောဆိုခဲ့ကြသည်ဟုသိရသည်။
            ဘူးသီးတောင်မြို့တွင် ဒုတိယသမ္မတ ဦးညာဏ်ထွန်းနှင့် လ၀က ၀န်ကြီး ဦးခင်ရီတို့သန်းခေါင်စာရင်း ကောက်
ယူခြင်းကို ကြည့်ရှုအားပေးခဲ့သည်ဟု သိရသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More