Monday, March 31, 2014

သန်းခေါင်စားရင်းကောက်ရာ၌ရိုးသားမှုမရှိဟု ဒေသခံများကဆို

 မြန်မာ အစိုးရမှ ကောက်ခံလျှက်ရှိသော ပြည်လုံးကျွတ် သန်းခေါင်စားရင်း ကောက်ခံ
မှုသည် ရိုးသားမှုမရှိကြောင်း ဒေသခံများထံမှ သိရှိရပါသည်။သန်းခေါင်စားရင်းကောက်ခံသူများ
သည် ယနေ့ ၂၀၁၄၊မတ်လ (၃၁ ) ရက်နေ့ သောကြာနေ့ တွင် ကချင် ပြည်နယ် မြို့တော် မြစ်ကြီး
နားမြို့တွင် လိုက်လံ ကောက်ခံ သူများမှ ကချင် ၊(101) ဟု လာရောက် စားရင်းပေးသွင်းသူများ၏
အမည် စားရင်းများအား (သန်းခေါင်စားရင်း စာရွက်ထဲတွင်) မှတ်သားရာ၌ ဘောပင်ဖြင့် ရေးမှတ်ခြင်း
မပြုဘဲ ၊ ခဲတံ ဖြင့်သာ ရေးမှတ် ထားကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
       ယနေ့ မြန်မာ အစိုးရ၏ သန်းခေါင်စားရင်းကောက်ခံသူများထံတွင် ကချင် (101)ဟု ကိုယ်တိုင်
 စရင်းပေးသွင်းခဲ့ သည့် မြစ်ကြီးနားမြို့ခံ တစ်ဦးက '' ကျနော် တို့ မိသားစုက ကချင်တိုင်းရင်းသား
လောင်ဝေါ် မျိုးနွယ်ပါ ဒါပေမဲ့ ကျနော်တို့ မိသားစု အားလုံး သန်းခေါင်စားရင်း မှာ လောင်ဝေါ်လို့ မရေး
ဘဲ ကချင် ၊(101) လို့ဘဲ စားရင်းထည့် ကြတယ် စားရင်းလာကောက်တဲ့ သူတွေက မေးပါတယ် ခင်များတို့
ဘာလူမျိုးလဲတဲ့ ကျနော်က ကချင်တိုင်းရင်းသား လောင်ဝေါ်မျိုးနွယ်ပါ ကျနော်တို့ ကချင် (101)မှာ ဘဲ
ထည့်မှာ ဖြစ်တယ်လို့ ပြောလိုက်တော့ စားရင်းကောက်တဲ့သူက သူ့လက်ထဲက ဘောပင်ကို ပြန်သိမ်းပြီး
အိတ်ထဲမှာ အသင့်ပါလာတဲ့ ခဲတံကိုထုတ်ပြီး ကျနော်တို့ မိသားစုရဲ့ စားရင်းကို ကချင် (101) ဇယားမှာ
အဲဒီခဲတံ နဲ့ဘဲ ရေးမှတ်သွားတယ် ဘာသဘောလဲတော့ ကျနော်လည်းနားမလည်ဘူးသူ့လက်မှာကိုင်ထား
ပြီးသားဘာပင်ကိုပြန်သိမ်းလိုက်တယ်ဆိုတော့ သေခြာတာတော့ သဘောရိုးတော့ မဖြစ်နိုင်ဘူး တစ်ခုခု
တော့ တခုခုဘဲ" ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးမှ ၄င်း၏ ယနေ့ သန်းခေါင်းစားရင်းပေးသွင်းခဲ့ပုံအား ပြောပြ
သွားပါတယ်။
(photo-ယနေ့ မြစ်ကြီးနားမြို့ ၌ သန်းခေါင်စားရင်းကောက်ခံသူများမှခဲတံဖြင့် မှတ်သားနေစဉ်။)

(by-lachid Kachin)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More