Thursday, March 20, 2014

၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ


Thursday, March 20, 2014
               တလောက အသက် ၄၁ နှစ်အရွယ် တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား
ခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။ အခုကိစ္စက အသက် ၈ နှစ်သာ ရှိ
သေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။
             အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်အောက်
လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့် စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံး
က ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။
                     လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက အသက် ၈ နှစ်အရွယ် လူငယ်ကလေးနဲ့ အတူ အိပ်ပြီး
 ၂ နှစ်ကျော် ကာလအတွင်း အကြိမ် ၅၀ ကျော် လိင် ဆက်ဆံခဲ့တယ်လို့ The Mirror သတင်းတပုဒ် မှာ တွေ့ပါတယ်။
တရားရုံးကတော့သူ့ကို ထောင်ဒဏ်နဲ့ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါပြီ။ ဒါပေမယ့် သူက တရားရုံး မှာ ပြန်လျှောက်ထား
 ရာမှာတော့ သူ ၁၆ နှစ် သမီးတုန်းက အသက် ၈ နှစ်သားနဲ့ အတူအိပ်ပြီး လိင်ဆက် ဆံခဲ့တာကို မှားမှန်းသိလို့ သူ ဆက်မ
လုပ်တော့ပဲ ရပ်ပစ်ခဲ့တယ်လို့ သူက တရားသူကြီးကို တင်ပြတယ်။
               တရားသူကြီး Robert Juckes QC က ဒါဟာ ရှက်ဖွယ်လိလိဖြစ်တယ်လို့ သူ့ကို ပြောလိုက်ပြီး ပြစ်မှုမြောက် လို့
ထောင် ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။ ထောင်ဒဏ်အပြင် လော်ရင်း မောရစ်ကို အသက် ၁၆ နှစ်အောက် ယောက်ျားလေးတွေနဲ့
အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်လည်း အမိန့်ချမှတ်ပါတယ်။
             အသက် ၁၆ နှစ်အောက် ယောက်ျားလေး မိဘတွေရဲ့ ခွင့်ပြုချက် မရှိရင် ဆက်သွယ်ခွင့်တောင် မရှိပါဘူး တဲ့။
အိမ့်သံစဉ် ~
ဧရာဝတီ Facebook

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More