Monday, March 24, 2014

MH370 အဆုံးသတ်အဖြေ ( သို့မဟုတ် ) လက်ခံရန်ခက်ခဲသော အမှန်တရား


                 ဒီမနက်တော့ ၀မ်းနည်းစရာ စိတ်မကောင်းစရာ သတင်းနဲ့အတူ ၈ ရက်နေ့ကတည်းက
 ပျောက်ဆုံးနေတဲ့ MH370 အတွက် အဖြေတစ်ခုထွက်လာပြီဆိုတဲ့အကြောင်းပါပဲ ။မနေ့ညကတည်း
က Malaysia Prime Minister ဆီကနေ “ လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ဖက်ခြမ်းမှာ ပျက်ကျ
သွားတာဖြစ်တဲ့အကြောင်း ” အတည်ပြုပြောကြားပြီးနောက် လေယာဉ်ပေါ်လိုက်ပါသွားတဲ့ခရီးသည်
အားလုံးအသက်ရှင်နိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ် ။
         လေယာဉ်တည်နေရာကို သိရပြီဆိုတော့ Black box ကသာလျှင် ဒီ ထူးဆန်းစွာ ပျောက်ဆုံးမှုကို
အဖြေရှာပေးနိုင်တော့မှာပါ ။ ဒီသတင်းကို အတည်ပြု ကြေငြာသူကတော့ PM Najib Razak ဖြစ်ပါတယ် ။
ကြေငြာပြီးနောက်မှာတော့ ဆိုင်ရာ ဆွေမျိုးတွေထံကို text message နဲ့ ၀မ်းနည်းကြောင်းစာပေးပို့ခဲ့ကြပါတယ် ။
လေကြောင်းတာဝန်ရှိသူတွေကြေငြာချက်ကတော့ “ လေယာဉ်ပေါ်ပါသွားတဲ့ခရီးသည် ၂၃၉ ယောက်စလုံး
သေဆုံးသွားပြီဟု ယူဆကြောင်း ” ဖြစ်ပါတယ် ။ အမှန်တကယ်လည်း Hijack လို့ မှီရောက်ကောက်ရိုးမျှင်ဆွဲ
ထားသလို မျှော်လင့်ခဲ့ကြပေမယ့် Hijack မဟုတ်ခဲ့၇င် အားလုံး အသက်ရှင်နိုင်ဖွယ်မရှိဘူးဆိုတာ ကျွန်တော်
တို့အားလုံးလက်ခံရမှာပါ ။
        အမှန်တရားဆိုတာ ခါးသီးလှပါတယ် ။ နေ့နေ့ညည တစ်ကမ္ဘာလုံးကြိုးစားရှာဖွေပြီးထွက်လာတဲ့ရလာဒ်
က လေယာဉ် နစ်မြုပ်ပျက်ဆီးသွားတယ်ဆိုတဲ့သတင်းဖြစ်လို့နေခဲ့တယ် ။Daily Telegraph ကတော့ ဒီအဖြစ်က
ို Suicide mission ဆိုပြီး ပြောထားပါတယ် ။ လေယာဉ်မှုးတွေအကြောင်းတစုံတရာကြောင့် လေယာဉ်ကို
အိန္ဒိယသမုဒ္ဒရာတောင်ဖက်ခြမ်းမှာ ပျက်ကျခဲ့ခြင်းဖြစ်တယ်ပေါ့ ။ “ ဒီလိုဖြစ်ရပ်မျိုးဟာ လေယာဉ်ပေါ်မှာပါရှိတဲ့
အသေးစိတ် ဗဟုသုတရှိတဲ့ လူတစ်ယောက်က လုပ်ဆောင်ခဲ့ဖွယ်ရာဖြစ်တယ်လို့ ” သတင်းအချက်အလက်
source တွေကထောက်ပြခဲ့ကြပါတယ် ။ အခု ထိသံသယရှိတာကတော့ လေယာဉ်ဟာ မီးလောင်ပြီး ပေါက်ကွဲ
မှုဖြစ်မယ် ဖြစ်နိုင်ခြေရှိတာကတော့ ဗုံး ကြောင့်လို့ ဒီသတင်းစာကဆိုထားပါတယ် ။ ဒီပေါက်ကွဲမှုလေးက
လေယာဉ်ကြီးတစ်ခုလုံး ပျက်စီးသွားအောင် မပြင်းထန်ဘူးဆိုရင်တော့ ရုတ်တရက် အောက်ဆီဂျင်ပြတ်လပ်ပြီး
 လေယာဉ်ပေါ်ပါလာတဲ့လူတွေအားလုံးကို သတိလစ်သွားစေမယ် အဲဒီနောက်မှာ လေယာဉ်ဟာ ဆီကုန်တဲ့အထိ
သွားနေပြီး နောက်ဆုံးမှာ ရေထဲ နစ်မြုပ်သွားတာ ဖြစ်တယ်လို့ ယူဆထားကြပါတယ် ။ အခုထိတော့ ဒီလိုဖြစ်ရပ်
ဟာ Hijacked သို့မဟုတ် Terrorist attack လို့ ယူဆထားကြတုန်းပါပဲ ။ ဒီကြေငြာချက်ကို British satellite မှ
analysis အသစ် ၊ UK's Air Accidents Investigation Branch ( AAIB ) တို့မှ ပေပိုးတဲ့ ဂြိုလ်တုအချက်အလက်
တွေကို အခြေခံပြီး ကြေငြာခဲ့တာဖြစ်ပါတယ် ။ “ အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ MH370 ဟာ southern
corridor တလျှောက်ပျံသန်းသွားတယ် ပြီးတော့နောက်ဆုံး သိရတဲ့တည်နေရာကတော့ အိန္ဒိသမုဒ္ဒရာ အလယ်
တည့်တည် Perth ရဲ့ အနောက်ဖက်မှာဖြစ်တယ် ” လို့ Mr Najib ကဆိုပါတယ် ။ “ ဒီနေရာဟာ ဖြစ်နိုင်ခြေရှိတဲ့
လေယာဉ်ဆင်းဆက်ဖို့နေရာတွေနဲ့ အလှမ်းဝေးတဲ့နေရာဖြစ်ပါတယ် ၀မ်းနည်းဖို့အကောင်းဆုံးက new data
တွေအရ MH370 ဟာ အိန္ဒိယသမုဒ္ဒရာတောင်ဖက်ခြမ်းမှာ အဆုံးသတ်သွားပါပြီ ” လို့ထပ်ပြောခဲ့ပါတယ် ။
BBC မှာ ဖော်ပြထားတာကတော့ လေယာဉ်ကျပြီး မည်သူမျှ အသက်မရှင်ဆိုတဲ့ စာသားဖြစ်ပါတယ် ။ ဒီကြေငြာ
ချက်ကို Prime Minister Najab Razak က နောက်ကျပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ကွာလာလမ်ပူမှာ
 ကြေငြာခဲ့တာဖြစ်ပါတယ် ။ အဲဒီမတိုင်းခင်ကလည်း သြစတေးလျ နဲ့ တရုတ်ဂြိုလ်တုတွေကပေးပို့တဲ့အပိုင်းအ
စပုံရိပ်တွေကို အင်အားသုံးရှာဖွေခဲ့ကြတာ ကျွန်တော်တို့သိခဲ့ကြပြီးဖြစ်ပါတယ် ။
=========================
           ကျွန်တော်တို့ တွေတောင် ရုတ်တရက်ဒီအဖြစ်ကြီးကို လက်ခံဖို့ ခက်ခဲနေကြတဲ့ဟာ .. ကာယကံရှင် တွေ
အနေနဲ့ဘယ်လောက်ထိ ခက်ခဲမလဲဆိုတာတွေးမကြည့်ရဲစရာပါပဲ ။ ဘာပဲပြောပြော MH370 ဟာ အဆုံးသတ်သွားခဲ့ပါပြီ ။
အခုချိန်စဉ်းစားမိတာက အထက်မှာ ထောက်ပြထားတဲ့အချက်တွေလို လေယာဉ် မပျက်စီးခင်အချိန် မှာ လူတွေအားလုံး
 အိပ်ပျော်နေပါစေ ... ပြီးတော့ အောက်ဆီဂျင်နည်းလာပြီး အိပ်မက်မက်နေသလို သတိလစ်သွားပါစေ .. ဒါဆိုရင်တော့
သူတို့အားလုံး နာကျင်မှု အနည်းဆုံးနဲ့ ဘေးဆိုးကြီးကို အကြောက်အလန့်နည်းနည်းရင်ဆိုင်ခဲ့ရမှာပါ ။
         အဲဒီလိုမဟုတ်ပဲ ၇ နာရီကျော်လေယာဉ်ပျံသန်းမှုမှာ လူတွေအားလုံး ဘယ်တော့ပျက်ကျမလဲဆိုပြီးရင်ထဲပူလောင်
နေရတဲ့အဖြစ်ကို တွေးမိရင်တော့ စိတ်ထဲအတော်လေး ၀မ်းနည်းမိတာအမှန်ပါပဲ ။
             RIP ... အခုချိန်မှာ အားလုံးကောင်းရာ ဘုံဘ၀ရောက်ပြီးမသေဆုံးခင်အချိန်လေးမှာ နာကျင်မှုအနည်းဆုံး
ကြောက်လန့်မှုအနည်းဆုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါစေလို့ ဆုတောင်းယုံမှတပါး ... ။

သက်တန့်ချို

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More