Sunday, March 30, 2014

ဘင်္ဂလီရွာဖြစ်သောသန်းခေါင်စာရင်းကောက်ယူရာတွင့်တပ်မတော်မှတာဝန်ယူဆောင်ရွက်



       စစ်တွေမြို့၊ စံပြ ( ပြည်တော်သာရပ်ကွက် ) ရခိုင်ရပ်ကွက်နှင့်ဘင်္ဂလီရွာဖြစ်
သော ဘာဆာရွာများသို့ သန်းခေါင်စာရင်းကောက်ယူရန် ယနေ့ နေ့လည် ၁နာရီ
ကျော်အချိန်တွင် ပညာရေးဌာနမှဆရာ / မများနှင့်လဝကများ ဒိုင်နာကားငါးစီးဖြင့်
ထွက်ခွာသွားပါတယ် ။သူတို့၏ လုံခြုံရေးအတွက် တပ်မတော်မှ စစ်သုံးကား ၃စီးဖြင့်
တာဝန်ယူဆောင်ရွက်ရန် လိုက်ပါသွားသည် ။အကယ်၍များ ဘင်္ဂလီများက ရုန်းရင်း
ဆန်ခတ်လုပ်လျှင် သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသော တပ်မတော်
အမိန့်အာဏာနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရှိရသည် ။
             ဘင်္ဂလီရွာများသို့ ကွင်းဆင်းကောက်ခံရာမှာ ၎င်းရွာအပြင်ဘက်ကိုပါ တပ်
မတော်မှ ဝိုင်းထားမည်ဖြစ်ကြောင်းနှင့်စာရင်းစစ် / စာရင်းကောက်များအားတစ်စုံတစ်ခု
မဖွယ်မရာပြုခဲ့လျှင် အာဏာဖီဆန်မှုဖြင့် လိုအပ်သလို လုပ်ဆောင်သွားမှာဖြစ်ကြောင်း
 ( ပြန် / ဆက် )သတင်းအရ သိရှိရသည် ။
                 ဘင်္ဂလီများမှ လက်တုန့်ပြန်မှုများရှိလာနိုင်သည်ကို ကြိုတင်တွက်ဆထား
ပါကြောင်းနှင့် အကယ်၍များ ယင်းသို့ဖြစ်ပေါ်လာပါက တပ်မတော်မှတာဝန်ယူဆောင်ရွက်
ရမည်ကိုလည်း ဗိုလ်မှူးကြီးထိန်လင်း၏ သန်းခေါင်စာရင်း လုံခြုံရေးစစ်ကြောင်း ထုတ်ပြန်
ချက်အရ သိရှိရသည် ။

ဒေါက်တာ မိုးပြည့်စုံလှိုင် ( ဆေး )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More