Monday, March 31, 2014

ထိရှလွယ်သည့်ဒေသများတွင် INGO များ ဆင်ဆင်ခြင်ခြင်လုပ်ကိုင်ရန် ဦးရဲထွဋ်တိုက်တွန်း

ရခိုင်ပြည်နယ်ကဲ့သို့ သော ထိရှလွယ်သည့်ဒေသများတွင် INGO များအနေဖြင့်သတိထား၍ ဆင်ခြင်
ဆောင် ရွက်သင့်သည်ဟု နိုင်ငံတော်သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တိုက်တွန်းပြော ကြား
ခဲ့သည်။ မတ် ၂၉ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံး၌ ဦးရဲထွဋ်နှင့် တွေ့ဆုံ စဉ် သတင်းထောက်
များက ရခိုင်ပြည်နယ် တွင် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်သည်များကို မေးမြန်းရာ'
'INGO တွေအနေနဲ့ ထိခိုက်ရှလွယ်တဲ့ ဒေသတွေ မှာ ဆင်ဆင်ခြင်ခြင်လုပ်ဖို့လိုတယ်။ှုINGO တွေရဲ့မူအရ
အဖွဲ့အစည်းတစ်ခုရဲ့သင်္ကေတ ကို ထားလို့မရဘူးဆိုတာ မှန်ပါတယ်။
         ဒါ ပေမယ့် ဒေသရဲ့ထိခိုက်ရှလွယ်မှုကို သိရ မယ်။ သူကိုယ်တိုင်သွားလုပ်တော့ နားလည် မှု လွဲတာပေါ့။
အမှန်က အိမ်ရှင်ကို ပြောရ မယ်။ သာသနာရေးအရ တာဝန်ရှိသူတွေ ကို နားလည် အောင်ရှင်းပြပြီးမှ လုပ်မယ်ဆို
ရင် ဒီလိုမဖြစ်ဘူး''ဟု ဦးရဲထွဋ်က ပြောကြား ခဲ့သည်။
       INGO အားလုံးသည် ဘက်မ လိုက်မှုနှင့် လူသားချင်းစာနာမှုကို မူဝါဒ အ တိုင်း ဆောင်ရွက်နေသော်လည်း
ဝန်ထမ်း တချို့တွင် အားနည်းချက်ရှိနေကြောင်း၊ ယင်း ကိစ္စကိုဖြေရှင်းရန် နည်းလမ်းများလည်း ရှိ ကြောင်း၊ သို့
သော်ဖြေရှင်းနည်း မမှန်ကန် သောကြောင့် မိမိတို့လူမျိုး၏ပုံရိပ်ကို ထိခိုက် စေနိုင်ကြောင်း၊ တစ်ဖက်ကျူးလွန်သူ၏ပုံ
ရိပ်က ပျောက်ကာ ကိုယ်ကအပြစ်ဖြစ်သွား ကြောင်းတို့ကိုလည်း ထောက်ပြပြောဆိုခဲ့ သည်။
            ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရ ခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးခိုင်ပြည်စိုးက ''ဒီကိစ္စကို တစ်စုံ
တစ်ယောက် ရဲ့ ပယောဂများလားဆိုပြီး ကျွန်တော် သံသ ယဖြစ်မိတယ်။ သန်းခေါင်စာရင်း သပိတ် မှောက်ဖို့ လုပ်နေ
တဲ့အချိန်မှာ ဒီပြဿနာက ဗြုန်းကနဲ ထဖြစ်တာဆိုတော့ ပိုပြီးသံသယ ဝင်တယ်''ဟု ယင်း၏ထင်မြင်ချက်ကို ပြော ကြား
ခဲ့သည်။ရခိုင်ပြည်နယ် စစ်တွေမြို့၌ မတ် ၂၆ ရက်တွင်ြေူအနမျနမ ဝန်ထမ်း အမျိုး သမီးတစ်ဦးက သာသနာ့အလံဖြုတ်
သည့် ကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Yangon Media Group


0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More