Saturday, March 29, 2014

မြောက်ဦးမြို့၌ ဗုဒ္ဓဆင်းတုတော်နှင့်ရခိုင့်ပညာရှိ ဦးမြဝါရုပ်တုကို အမည်မသိ လူတစ်စုက ဖျက်ဆီးခဲ့



          မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းမြို့ဦးခေါင်းဘုရားအား လည်ဂုတ်တော်ကို
သံတူရွင်းဖြင့်ကန့်ကာ ဖျက်ဆီးလိုက်သောကြောင့် ဆင်းတုတော်မှာ ကိုယ်ထည်တော်တစ်ခြား
ဦးခေါင်းတော်တစ်ခြားဖြစ်သွားခဲ့ရကြောင်း သိရှိရသည် ။
          အဆိုပါကိစ္စသည် 29 . 3 . 2014နေ့ အာရုံတက်အချိန်တွင် ဖျက်ဆီးခဲ့တာဖြစ်ကြောင်းနှင့်
ထိုနည်းတူစွာ ရွှေဂူတောင်၌ထားရှိသော ရခိုင့်ပညာရှိ ဦးမြဝါရုပ်တုကိုလည်း ၎င်းညဥ့်တွင်ပင် ဝမ်း
ဗိုက်ကို ဖေါက်ထွင်းဖျက်ဆီးလိုက်ပြီးယာဘက်လက် လက်မကိုလည်းဖြတ်ထားသည်ကို တွေ့ရှိရသည် ။
၎င်းကိစ္စနဲ့စပ်လျဉ်း၍ မြို့ဦးခေါင်းဘုရားကို ပြန်လည်မွမ်းမံ အနေကဇာတင်လှူနေကြပါသည် ။
             ရခိုင်တို့၏ အသဲနှလုံးကို ဖောက်ထွင်းဖျက်ဆီးလိုက်သည်နှင့် တူနေပါသည် ။ တရားခံ မည်
သူမည်ဝါကိုတော့ စုံစမ်းနေဆဲဖြစ်ပြီးမြောက်ဦးမြို့ပေါ်အခြေအနေကတော့ဒေါသအိုး ပေါက်ကွဲနေကြပါသည် ။

Arakan Thu Chay

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More