Monday, March 31, 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် မောင်တောခရိုင်မှ ဘင်္ဂလီလွှတ်တော်ကိုယ်စားလှယ်များ ဖြေကြားသည့် လူမျိုးအဖြေကို မောင်တောမှ လူများစိတ်ဝင်စားနေ


   
မောင်တော၊ မတ် (၃၁) ၂၀၁၄
              မတ်လ (၃၀) ရက်နေ့မှ စတင်ကောက်ခံနေသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း
ကောက်ယူရေးလုပ်ငန်းတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မောင်တောခရိုင်မှ လွှတ်တော်သို့ တက်ရောက်
ခွင့်ရရှိသွားကြသည့် ဘင်္ဂလီလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော အဒူရော်ဇောက်(ခ) ရွှေမောင်၊ အောင်ဇော်ဝင်း
(ခ) ဇော်ကီရ်အာမတ်၊ ဌေးဝင်း(ခ) ဇာယာဒ် ရော်မန်၊ တို့မှာ သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေကြားသည့်
လူမျိုးအဖြေကို မောင်တောမှ လူအများစိတ်ဝင်စားနေကြကြောင်း သိရသည်။
              ယခုမောင်တောဒေသတွင် နေထိုင်နေကြသည့် ဘင်္ဂလီအများစုမှာ ဘင်္ဂလီလွှတ်တော်ကိုယ်စားလှယ်များ
 စွဲကိုင် ထားကြသည့် ရိုဟင်ဂျာအမည်လိမ်ကို သုံးစွဲနေကြပြီး သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ၄င်းအမည်
လိမ်ကိုသာ ထည့်သွင်းခွင့်ပြု ရရှိရေး၊ ၄င်းအမည်လိမ်အား ထည့်သွင်းခြင်းမပြုသည့်အတွက် ယခုအချိန်တွင် မောင်တော
ခရိုင် အတွင်းရှိ ဘင်္ဂလီလူမျိုးများအနေဖြင့် လက်ရှိလွှတ်တော်အသီးသီးတွင် ပါဝင်နေကြသည့် ဘင်္ဂလီလူမျိုးများမှ
သန်းခေါင်စာရင်း ကောက်ယူသည့်ပုံစံ လူမျိုးနေရာတွင် မည်သည့်လူမျိုးဟု ဖော်ပြသည်ကို ဘင်္ဂလီလူမျိုးများမှ သိလို
စိတ် ပြင်းပြနေပြီး တိုင်းရင်းသားဒေသခံများမှလည်း အဆိုပါ ဘင်္ဂလီလွှတ်တော်ကိုယ်စားလှယ်များ၏ အဖြေကို အလွန့်
အလွန် စိတ်ဝင်စားနေကြကြောင်း သိရသည်။ အလားတူ ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့် ရရှိနေကြသူများဖြစ်
သည့် ဇာဟင်ဂိရ်(ခ)အောင်မျိုးမင်း (မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေါက်တာဘော်ရှီးအာ
မတ်(ဘူးသီးတောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)များမှ သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေကြားသည့်
အဖြေများကိုလည်း စိတ်ဝင် စားနေကြောင်း သိရသည်။

Western Gate Guard

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More