Monday, March 31, 2014

NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ အဂတိလိုက်စားနေ ဟု ပြင်းပြင်းထန်ထန် ဝေဖန်



Monday, March 31, 2014

      ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ပြည်တွင်း ပြည်ပမှ
အလှူငွေအမည်ခံ၍ လာဘ်လာဘများ ရယူလျက် ရှိကြောင်း ယနေ့ထုတ် Weekly Eleven သ
တင်းဂျာနယ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။
      ၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲတွင် ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က
တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သိုး
မွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း NLD ကပြုလုပ်သည့်
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲများကို ရွှေသံလွင်ပိုင်သည့် ရွှေထွဋ်တင်ကွင်းတွင် ပြု လုပ်ခဲ့ကြောင်း၊ ၂၀၁၂
ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲတွင်လည်း
 ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့သည့် ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီက
လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ ကြောင်း၊ ၂၀၁၃ တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီ
အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေးဧည့်ခံစရိတ်ကို
ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ကြောင်း၊ ၄င်းတို့မှာ ထင်သာမြင်သာရှိသည့် ထောက်ပံ့မှု
တွေ ဖြစ်ပြီး နောက်ကွယ်တွင် ထင်သာမြင်သာမရှိသည့် ထောက်ပံ့မှုများလည်း ရှိနေနိုင်ကြောင်း ဖော်ပြ
ထားသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းနှင့် ပတ်သက်၍လည်း ၈၈ မျိုးဆက်
 ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ အမည်ရှိ ဆောင်း
ပါးရှည်တစ်ပုဒ်ကို ရေးသားခဲ့ပြီး News Watch ဂျာနယ်တွင် ဖော်ပြခဲ့ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်
လင်းလူ့အဖွဲ့အစည်းအတွင်းစည်းမှ ငွေကြေးအရှုပ်အရှင်းများကို ဖွင့်ထုတ်ခဲ့ကြောင်း၊ (Open Society
Foundations-OSF) ၏ ပဲ့ကိုင်ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာသည့်အခါ ၈၈ ကျောင်းသားများနှင့် တွေ့
ခဲ့ပါကြောင်း၊ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီး
ကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့ကြောင်း၊ ယင်းသို့ ပေးအပ်ခဲ့သည်ကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့
ဝင်များကို မပြောဘဲ ထိန်ချန်ထားသည့်အတွက် ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသော်လည်း နောက်ဆုံး စည်းလုံး
ညီညွတ်ရေး ခေါင်းစဉ်အောက်တွင် အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရသည် ဟု ဦးဇော်ဝင်းက
ရေးသားထားကြောင်း ဖော်ပြထား သည်။
            ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားများနှင့် ငွေကြေးကိစ္စမှာ မီဒီယာထက်ကို ကျယ်ကျယ်ပြန့်ပြန့်
ရောက်မလာခဲ့သော်လည်း အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နှင့် ဆင်တူသည့် ၈၈ မျိုး
ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း၊ ဦးကိုကိုကြီး၏
ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်ပြီး ပုံမှန်အ
ခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးသည့် လာဘ်ထိုးမှု ဖြစ်ကြောင်း၊
မကြာသေးခင်က ထွက်ရှိလာသည့် ဒီမိုကရေစီတူဒေး၏ နောက်ကွယ်တွင် ရွှေသံလွင်ကုမ္ပဏီ ရှိနေကြောင်း
ဖော်ပြထားသည်။
       NLD ပါတီရုံးချုပ် ဆောက်လုပ်ရာတွင်လည်း ခရိုနီသူဌေးကြီးတစ်ဦး ဖြစ်သူ ဦးတေဇက ငွေကြေးကျခံရန်
စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သဖြင့် ပြည်သူများထံမှ အလှူငွေကောက်ခံကာ
 တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း လုံလောက်သည့် ငွေကြေးမပြည့်မီ၍ ဦးတေဇကပင် AGD Bank
အမည်ခံ၍ တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ အလားတူ ဒေါ်အောင် ဆန်းစုကြည်၏ ပြည်တွင်း ပြည်ပခရီးစဉ်
များအတွက် သယ်ယူပို့ဆောင်ရေးမှ အစ အသုံးစရိတ်အဆုံး ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးတိုးနိုင်မန်း၊ ဦးခင်ရွှေ၊
 ဦးမိုက်ကယ်မိုးမြင့် စသည့် ခရိုနီများက ငွေကြေး ကျခံပေးလျက် ရှိကြောင်း၊ နေပြည်တော်တွင်
           ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျက် ရှိသည့် နေအိမ်ကိုလည်း ခရိုနီများက ထောက်ပံ့ပေးထားခြင်း
 ဖြစ်ကြောင်း၊ ထို့အပြင် စုဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဦးဝင်းတင်ဖောင်ဒေးရှင်းတို့ကိုလည်း
ခရိုနီများက ငွေကြေးထောက်ပံ့ပေးလျက် ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ မဲဆန္ဒနယ်မြေ ဖြစ်သော
ကော့မှူးမြို့နယ်အတွက် ဦးခင်ရွှေက အစစ တာဝန်ယူထားပြီး ဖြစ်ကြောင်း သိရှိရသည်။
             ဒေါ်အောင်ဆန်းစုကြည် စီးရန်အတွက် နောက်ဆုံးပေါ် အနက်ရောင် ဇိမ်ခံကားတစ်စီးကိုလည်း
 ဦးတိုးနိုင်မန်း၊ ဦးအောင်သက်မန်းတို့က ပေးကမ်းထားရာ ခြံအမှတ်(၅၄)အတွင်း သိမ်းဆည်းထားကြောင်း၊
 ထိုသို့ ထောက်ပံ့ကူညီပေးထားမှုများအရ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်ပကုမ္ပဏီများအား လိုင်စင်ချထား
ပေးရာတွင် လွှတ်တော်မှ ကန့်ကွက်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ NLD ပါတီမှ လွှတ်တော်
အမတ် ဦးဝင်းမြင့်(ပုသိမ်)က တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဦးတိုးနိုင်မန်းနှင့် ဦးအောင်သက်မန်းတို့၏ အကျိုးစီး
ပွားကို ကာကွယ်ပေးရန် ကြိုးစားခဲ့ကြောင်း၊ ထိုသို့ ကန့်ကွက်ပြောကြားပေးခြင်းကြောင့် ဦးဝင်းမြင့်၏ စာားသောက်
မှုစရိတ်နှင့် သွားလာမှုစရိတ်များကို Red Link ကုမ္ပဏီမှတစ်ဆင့် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရှိရသည်။
“နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေရဲ့
နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကို
 ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ကိစ္စမှာ
စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေကြေးတွေ
ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေရဲ့ ငွေကြေး၊ ပြည်သူတွေဆီကရတဲ့ ငွေကြေးတွေဟာ
ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ
ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊
 ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေးနဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူ
တွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ
မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။ ခရိုနီတွေပေး
တဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့
အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ။ တိုက်ရိုက်အားဖြင့်၊
 သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။ ဒါကြောင့် ဒီအချိန်မှာ NLD
ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်း
ခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ
ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်” ဟု Weekly Eleven
 သတင်းဂျာနယ်က ဖော်ပြထားသည်။
           “ခရိုနီတွေက ပေးကမ်းထားတော့ ပြည်သူ့အတွက် ဆိုတဲ့ နိုင်ငံရေးသမားတွေ အပေါက်တွေ ပိတ်သွားတာပေါ့။
ဒေါ်စုလည်း လူထဲက လူဆိုတာ အသိသာကြီးပဲ။ D-Wave ဂျာနယ်ကို ငွေကြေး စိုက်ထုတ်ပေးထားတာ ဦးတေဇ လို့ သိ
ရတယ်။ NLD ပါတီရဲ့ ငွေစာရင်း ဘယ်တုန်းက ရှုင်းတာ တွေ့ဖူးသလဲ။ ဒေါ်စု ဘယ်သွားသွား ခရိုနီတွေက ငွေကြေး အပြိုင်
အဆိုင် ပံ့ပိုးပေးနေတာ။ သူတို့က လာဘ်ပေးတယ် ဆိုတာ အကျိုးစီးပွား အတွက်။ ဒီတော့ ဒေါ်စုလည်း ခရိုနီတွေကို အခွင့်
အရေး ပေးသင့်တယ် ဆိုတဲ့ စကားမျိုးတွေ ထွက်လာတယ်။ ရှင်းရှင်းပြောရရင် ဒါက လာဘ်စားတာဗျ။ ဗိုလ်ချုပ်အောင်ဆန်း
ဆိုရင် ဆန်တစ်ပြည် တောင် မယူဖို့ ဒေါ်ခင်ကြည်ကို တားခဲ့တာ။ ဒေါ်စုကတော့ သူ့အဖေနဲ့ မတူနိုင်ဘူးလေ။ သူက သမီးပဲ။
 ဗိုလ်ချုပ်အောင်ဆန်းမှ မဟုတ်တာ။ ဒေါ်စု အပါအ၀င် NLD ထဲက ဘယ်သူကများ ခရိုနီတွေ မကောင်းကြောင်း တစ်ခွန်းတစ်
လေ ပြောဖူးတာ ရှိခဲ့လဲ။ အရင်တုန်းက ပြောခဲ့ဘူးတဲ့ ဦးဝင်းတင်လည်း ဖောင်ဒေးရှင်းထောင်ပေးလိုက်တော့ ငြိမ်သွားတာပဲ။
 အကုန်လုံး ဒီပုပ်ထဲက ဒီပဲတွေပဲလေ။ ဦးရွှေမန်းဆိုရင် သူ့သားတွေကတစ်ဆင့် ငွေကြေး ပုံပေးထားတာ ဒေါ်စုက အခုဆိုရင်
ဦးရွှေမန်းနောက်လိုက် ဖြစ်နေပြီ" ဟု နေ့စဉ်သတင်းစာတစ်စောင်မှ သတင်းထောက်ချုပ် တစ်ဦးက ပြောဆိုသည်။
ဤသည်မှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းသာ ဖြစ်ပြီး နိုင်ငံရေးသမားများမှာ ငွေကြေး ချမ်းသာသူ ပြည်တွင်း ပြည်ပ
 ခရိုနီသူဌေးကြီးများ၏ အိတ်ကပ်ခဲမှ ရုပ်သေးရုပ်များသာ ဖြစ်ကြောင်း၊ ရုပ်သေးရုပ် ဆိုသည်မှာ နောက်ကွယ်မှ ငွေကြေး
ထောက်ပံ့ပေးထားသည့် ခရိုနီများ၏ အမိန့်ကို လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိနိုင်ကြောင်း၊ အမှန်တစ်ကယ်တွင်
နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများမှ စည်းရုံး၍ အလွယ်ကူဆုံး သတ္တ၀ါများသာ ဖြစ်ကြောင်း၊ သည်းခြေကြိုက်ဖြစ်သော
 ငွေကြေးကို ငမ်းငမ်းတက်နေသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေ့ဆုံးမှ ငမ်းငမ်းတက် ပါနေသည်မှာ NLD နှင့် ၈၈
မျိုးဆက်များဖြစ်ကြောင်း ၄င်းက သုံးသပ် ပြောကြားသည်။
ပြည်သူ့အာဏာ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More