Friday, March 21, 2014

ပျောက်ဆုံးလေယာဉ် ‪‎MH370‬ နဲ့ဆက်စပ်နိုင်ဖွယ် အပိုင်းအစ(၂)ခုကို အတည်မပြုနိုင်သေး


သြစတြေးလျကမ်းခြေ အနောက်တောင်ဘက် ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ တွေ့ရှိထားတဲ့ ပျောက်ဆုံးလေယာဉ်
‪#‎MH370‬ နဲ့ဆက်စပ်နိုင်ဖွယ် အပိုင်းအစ(၂)ခုကို အတည်ပြုဖို့အတွက် ဒုတိယနေ့ အဖြစ် လေကြောင်းရှာဖွေရေးလုပ်ငန်းတွေ
စတင်နေပါပြီ။ဆက်သွယ်ရေးဂြိုလ်တုကနေ ဖမ်းယူတွေ့ရှိတဲ့ သြစတြေးလျ အနောက်တောင်ကမ်းခြေဘက် ရေပြင်ထဲက ၂၄
မီတာနဲ့ ၅မီတာလောက်စီ အရှည်ရှိတဲ့ အရာဝထ္ထု (၂)ခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် #MH370 နဲ့ ဆက်စပ်နိုင်
ခြေရှိတယ်လို့ သြဇီဝန်ကြီးချုပ် တိုနီအဘော့က ကြာသာပတေးနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။
      အဲဒီ့နေ့မှာပဲ သြစတြေးလျ စစ်လေယာဉ် ၂စင်း၊ အမေရိကန်နဲ့ နယူးဇီလန် လေယာဉ် တစ်စင်းစီနဲ့အတူ အဲဒီ့ဧရိယာလမ်း
ကြောင်းနားကို ရောက်နေတဲ့ နော်ဝေ ကာဂိုသင်္ဘော တစ်စီးတို့ဟာ ပထမတကြိမ် သွားရောက်ရှာဖွေခဲ့ပေမယ့် တိမ်ထူထပ်ကာ
 ဆိုးဝါးတဲ့ ပင်လယ်ပြင် ရာသီဥတုအခြေအနေတွေကြောင့် ရှာမရနိုင်သေးပဲ ကြာသာပတေးနေ့ ညနေပိုင်းက ပြန်လည်ရုတ်သိမ်း
ခဲ့ရပါတယ်။ကော်မစ်ရှယ်ဆက်တလိုက်တခုကနေ တနင်္ဂနွေနေ့က ဖမ်းယူရရှိခဲ့တဲ့ ပုံရိပ်တွေအရ MH370 လေယာဉ်နဲ့ ဆက်စပ်နိုင်
သလို တခြားသဘောင်္တွေ ပေါ်ကပြုတ်ကျကျန်ရစ်ခဲ့တဲ့အရာတွေလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဂြိုလ်တုပုံရိပ်ရရှိထားတာ ၄ရက်
ကြာခဲ့ပြီဖြစ်တာမို့လည်း မူလတွေ့ရှိထားတဲ့ နေရာနဲ့ အခုချိန်မှာ မိုင်အတော်ကွာဝေးပြီး ရှာဖွေမှု ဧရိယာ ပိုမိုကျယ်ပြန့်နိုင်ပါတယ်။
အခုလက်ရှိ နောက်ဆုံးအချိန်မှာတော့ ဒါဟာ အကောင်းဆုံးသဲလွန်စတစ်ခု ဖြစ်နေတာမို့ လေကြောင်းရော၊ ရေကြောင်းနဲ့ပါ ပိုက်
စိတ်တိုက် ရှာဖွေအတည်ပြုနိုင်ဖို့ကို ကြိုးစားနေကြပါတယ်။ ဒီနေ့ မတ်လ ၂၁ရက်နေ့ဆိုရင် လူပေါင်း ၂၃၉ ပါရှိတဲ့ မလေးရှားလေ
ယာဉ် MH370 အစအနမရပဲ ပျောက်ဆုံးနေတာ ၂ပတ်တိတိ ရှိနေပါပြီ။

DVB

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More