Tuesday, March 25, 2014

နိုင်ငံသားများသာ နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီ



         ယခင် နိုင်ငံတော်ေ...အးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် ( ၂ / ၂၀၁၀ ) ဖြင့်
 ပြဌာန်းခဲ့သောနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ( White Card ) ကိုင်ဆောင်ထားသူများကိုပါ
နိုင်ငံရေးပါတီတည်ထောင်ခွင့်ပေးထားခဲ့သောကြောင့် ယင်းနေရာ၌နိုင်ငံသားများသာ "" ဟု အစားထိုးခွင့်ကို
ယနေ့ အမျိုးသားလွှတ်တော်၌ အတည်ပြုပြဌာန်းလိုက်ခြင်းဖြစ်သည် ။အမျိုးသားလွှတ်တော် ဥပဒေကြမ်း
ကော်မတီက နိုင်ငံသားမဟုတ်သည့်ဧည့်နိုင်ငံသား / ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို
နိုင်ငံရေးပါတီတည်ထောင်ခွင့် ပြဌာန်းချက်ကို ပြင်ဆင်ရန် ကြားနာခဲ့ပြီးနောက် ယနေ့အမျိုးသားလွှတ်တော်က
အတည်ပြုပေးလိုက်ခြင်းဖြစ်သည် ။
           ( White Card ) နေရာကို ပါယ်ဖျက်ကာ " နိုင်ငံသား "ဟု အစားထိုးပြင်ဆင်လိုက်ပြီး နိုင်ငံသားဖြစ်သူ
များကိုသာ ပါတီတည်ထောင်ခွင့် အတည်ပြုလိုက်ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည် ။
၎င်းအပြင် နိုင်ငံရေးပါတီဝင်များစည်းရုံးခွင့်ကို နိုင်ငံသားဖြစ်မှသာဟု ပြောင်းလဲလိုက်ပြီး နိုင်ငံသားစီစစ်ရေးကဒ်
ပြားရှိသူ / နိုင်ငံသားဖြစ်ခွင့်ရသူစသည့် အချက်နှစ်ချက်နှင့် အစားထိုးလိုက်သည့်အ တွက် ဧည့်နိုင်ငံသားများ /
 ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများနိုင်ငံရေးပါတီဝင်အဖြစ် ရတော့မည် မဟုတ်ကြောင်း သိရှိရ
သည် ။White Card ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်ရှိနေသည့်အပေါ်တွင်လည်း ရွေးကောက်ပွဲဥပဒေကို ပြင်
ဆင်ရန် တင်ပြထားကြောင်း နိုင်ငံသားမဟုတ်သူများ မဲပေးပိုင်ခွင့်ရှိ/မရှိကို လွှတ်တော်က မကြာခင် ဆုံးဖြတ်ပေး
မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည် ။ နိုင်ငံသားမဟုတ်တဲ့သူ / ယာယီသက်သေခံလက်
မှတ် ( White Card )ကိုင်ဆောင်ထားတဲ့သူတွေကို မဲပေးပိုင်ခွင့်ပြုလိုက်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ "
" ဒို့တာဝန် အရေးသုံးပါးတို့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ဘယ်နေရာမှာ သွားထားကြမလဲ ""
         သူတို့ အလိုဆန္ဒတွေမပြည့်စုံတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးယူခဲ့တာတောင်မှမှားနေတယ်လို့ သူတို့ပြောကြ
လိမ့်မေ ။ဆက်ပြီး"" တည်ဆဲ နိုင်ငံရေးပါတီဥပဒေအရ အရင်ကမှတ်ပုံတင်ထားခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကိုလည်း
 ကာလတစ်ခု သတ်မှတ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးပါတယ် ။ အခုလက်ရှိ နိုင်ငံသား/
ဧည့်နိုင်ငံသား/ယာယီသက်သေခံလက်မှတ်နဲ့ ပါတီထောင်ထားတဲ့သူတွေ ရှိကောင်းရှိနေတယ်လေ ။ သုံးခေါက်ချိုးလို့
ခေါ်တဲ့အမျိုးသား မှတ်ပုံတင်ကလည်း အကျုံးမဝင်တော့တာမို့လို့ နိုင်ငံရေးစီစစ်ရေးကဒ်ပြားရအောင် လျှောက်ကြပေါ့ ။
 ပေးသင့်ပေးထိုက်တယ် လဝက ဥပဒေနဲ့လည်းညီတယ်ဆိုရင် လဝကဝန်ကြီးဌာနက ပေးပါလိမ့်မေ ။ ပေးသင့် / မပေး
သင့်ချိန်ဆတဲ့အပိုင်းကတော့ ဥပဒေနဲ့မညီညွတ်ဘဲပေးခဲ့ရင် ပေးတဲ့သူပါ အရေးယူခံရတော့မှာပါ ။
          ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရအရေးယူမှာပေါ့လေ ။ လိမ်လည်လျှောက်ထားတဲ့သူကိုလည်း မျိုးဆက်တွေ အ
ထိ စစ်ဆေးပြီးတော့ မမှန်မကန်တဲ့သက်သေခိုင်လုံခဲ့ရင် ထိထိရောက်ရောက် အရေးယူဖို့လည်း အတည်ပြုလိုက်ကြတာ
ဖြစ်ပါတယ် ""ဟု ဒေါက်တာအေးမောင်က ဖြေကြားခဲ့ခြင်းဖြစ်သည် ။

From / Htun Kham ( N.P.T )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More