Monday, March 31, 2014

မောင်တောမြို့နယ် သန်းခေါင်စာရင်းကောက်ယူရာတွင် ဆူပူမှုဖြစ်ပွား

၂၀၁၄ မတ် ၃၁
       ဖြစ်စဉ်မှာ ယနေ့ နံနက် (၉း၃၀)ခန့်တွင် မောင်တောမြို့၊ အမှတ်(၅)၊ ရွာသစ်ကေကျေး
ရွာအုပ်စုအား သန်းခေါင်စာရင်းကောက်ယူရန်သွားရောက်ခဲ့ရာ ကျေးရွာရှိ ဘင်္ဂလီများမှ သန်း
ခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟုထည့်သွင်း ရမည်ဟုပြောကြောင်း၊ စာရင်းကောက်
များမှ ရိုဟင်ဂျာကို သမ္မကြီးကိုယ်တိုင်က မရှိသောလူမျိုးဖြစ်၍ မထည့်သွင်းရဟု ထုတ်ပြန်ထား
ကြောင်းပြောဆိုရာ ၄င်းသူတို့မှ ရိုဟင်ဂျာမထည့်လျှင် သန်းခေါင်စာရင်းအစစ်မခံကြောင်း ဟု
ပြောဆိုကြပြီး သန်းခေါင်စာရင်းစစ်အဖွဲ့အား ကျေးရွာတစ်ခုလုံးရှိ ဘင်္ဂလီများမှ ၀ိုင်းအုံလာခဲ့ကြ
ကြောင်း၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့မှ သူတို့ လူများအား ထိန်း
သိမ်းနိုင်မှုမရှိခဲ့ကြောင်း၊ ၀ိုင်းအုံလာသော ဘင်္ဂလီများမှ တစ်ဖြည်းဖြည်းများပြားလာခဲ့ပြီး လူ၁၀၀၀
ကျော်ခန့်ထိ ရှိလာခဲ့ကြောင်း၊ နောက်ဆုံး သန်းခေါင်စာရင်းကောက်ယူမရဘဲ ပြန်လာခဲ့ရကြောင်း
သန်းခေါင်စာရင်း ကောက်တွင် ပါဝင်ခဲ့သော ကျောင်းအုပ်ဆရာတစ်ဦး၏ ပြောပြချက်အရ သိရှိရ
ပါသည်။

Western Gate Guard မှ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More