Sunday, March 30, 2014

တပ်မတော် ပန်းခြံ တွင် အပန်းဖြေ လေ့လာ သူများဖြင့် စည်ကား




     (၆၉)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြု သော အားဖြင့် မည်သူ မဆို အခမဲ့ ဝင်ရောက်
လေ့လာ ခွင့်ပြု ထားသော နေပြည်တော် စစ်ရေး ပြကွင်းကြီး ရှေ့ရှိ တပ်မတော် ပန်းခြံ ၌ ယနေ့
ညပိုင်း တွင် အပန်းဖြေ လေ့လာ သူများ ဖြင့် အထူး စည်ကား လျက် ရှိသည်။ ထို အပန်းဖြေ လေ့
လာ သူများ အထဲမှ ကျောက်ဆည် မြို့ မင်းရပ် တွင် နေထိုင် သူ ကိုသက်မျိုးလွင် က ''ခေတ်မီ
ရေပန်း ရေ ရဲ့ အလှ၊ မီး အလှ ဆင် ထားမှု တွေက တီးလုံး သံစဉ် တွေနဲ့ လိုက်ဖက် အောင် ဖန်တီး
ထားတော့ တီဗွီ ထဲမှာ ထက်တောင် ပိုကြည့် လို့ ကောင်းနေ တယ်။ တပ်မတော် နေ့ ကျင်းပ တဲ့ စစ်
ရေး ပြကွင်း မုခ်ဦး နဲ့ မင်းသုံးပါး ရုပ်တုကြီး တွေ ကို မြင်ရတော့ ဇာတိ သွေး၊ ဇာတိမာန် တွေ တက်ကြွ
သလို စိတ်ထဲမှာ ခံစား ခဲ့ရ တယ်'' ဟု ဆိုသည်။ ပုဗ္ဗသီရိ မြို့နယ် ရွာတော် ကျေးရွာ မှ ကိုတိုးဝေလင်း
က''ကျွန်တော် တို့ မိသားစု လိုက် လာရောက် အပန်းဖြေ တာပါ။ ညနေ ပိုင်းမှာ ဇေယျာသီရိ ကုန်တိုက်
 မှာ လိုအပ် တဲ့ ပစ္စည်း လေးတွေ ဝယ်ရင်း ကလေး တွေ ကို ဇေ ယျာသီရိ ကုန်တိုက် ရှေ့က ကလေး
ကစား ကွင်းမှာ ကစား ကြပြီး ညပိုင်း မှာ ဒီ ရေပန်း ဘက်ကို လာပြီး အပန်းဖြေ ကြ တာပါ'' ဟုဆိုသည်။
လုံခြုံရေး တာဝန် ထမ်းဆောင် နေသူ အရာရှိ တစ်ဦး က''ကျွန်တော်တို့ ပြုစု ထားတဲ့ ဝင်၊ ထွက် စာရင်း
အရ မနေ့က ညပိုင်း မှာ ဝင်ရောက် လေ့လာ အပန်းဖြေ သူ ၂၂၂ဝ ဦး ရှိပြီး ဒီည မှာ တော့ ၂၁၁၆ ဦး
ဝင်ရောက် လေ့လာ အပန်းဖြေ ကြ ပါတယ်'' ဟု ပြောပြ သည်။ အဆိုပါ တပ်မတော် ပန်းခြံ အား ဧပြီ ၁
 ရက် အ ထိ ညနေ ၄ နာရီမှ ည ၈ နာရီ အထိ မည်သူ မဆို အခမဲ့ ဝင်ရောက် လေ့လာ နိုင်ကြောင်း
သိရသည်။
Golden Land Myanmar

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More