Thursday, March 27, 2014

အီဂျစ် စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အဗ္ဗဒူ ဖာတာ အဲစီစီ သမ္မတ ဝင်အရွေးခံဖို့ ရာထူးတွေက နှုတ်ထွက်



အီဂျစ် စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အဗ္ဗဒူ ဖာတာ အဲစီစီ Abdul Fattah al-Sisiဟာ သမ္မတ
ဝင်အရွေးခံဖို့ ရာထူးတွေက နှုတ်ထွက်လိုက်ပါတယ်။လူအတော်မျာများက မျှော်လင့်ထားပြီးသားဖြစ်
တဲ့ သူ ရာထူးကနေ နှုတ်ထွက်တာကို ရုပ်မြင်သံကြားကနေ ကြေညာခဲ့တာပါ။ပြီးခဲ့တဲ့နှစ်က အီဂျစ်မှာ
 အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ဇူလိုင်လမှာ သူ ဦးဆောင်ပြီး သမ္မတမော်စီကို ဖယ်ရှား
ခဲ့တာ ဖြစ်ပါတယ်။
           အီဂျစ်မှာ သူ့ကို ယှဉ်ပြိုင် အရွေးခံနိုင်မယ့်လူ မရှိသလောက် နည်းတာနဲ့ သူ့ကို လူကြိုက်များ
တာရယ်တို့ကြောင့် သူသာ သမ္မတ အဖြစ် အရွေးခံရမယ့်ပုံ ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
သူ့ကို လူထုရှေ့ စစ်ယူနီဖောင်းနဲ့ မြင်ရတာ ဒီတစ်ခါ နောက်ဆုံးဖြစ်တယ်လို့ စစ်ဦးစီးချုပ် စီစီက သူ့ရဲ့ မိန့်ခွန်း
ထဲမှာ ပြောခဲ့ပါတယ်။ အီဂျစ်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့လည်း သူက
 သတိပေးခဲ့ပြီး အဲဒီလို ကြောက်လန့်စရာတွေက ကင်းဝေးတဲ့နိုင်ငံ ဖြစ်အောင် သူလုပ်မယ်လို့ ဆိုပါတယ်။
သူ့ကို သမ္မတအဖြစ် ဝင်အရွေးခံဖို့ တောင်းဆိုကြတဲ့ အီဂျစ်ပြည်သူ အများစုရဲ့ ဆန္ဒကို သူ လျစ်လျူရှု မနေနိုင်
ဘူးလို့ အခုလမှာ အသက် ၅၉ နှစ်ပြည့်တဲ့ စစ်သေနာပတိချုပ် စီစီက ပြောခဲ့တယ်လို့ အစိုးရ မီဒီယာတွေမှာ
ကိုးကား ဖော်ပြကြပါတယ်။
        အီဂျစ်နိုင်ငံကို တည်ငြိမ်အောင် သူပဲ ထိန်းနိုင်လိမ့်မယ်လို့ ယူဆကြတဲ့ ထောင်သောင်းချီတဲ့ ထောက်ခံသူ
တွေက လမ်းမပေါ်ထွက်ပြီး သူ့ကို သမ္မတ အရွေးခံဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ဒါပေမယ့် သူ့ကို ဆန့်ကျင်
သူတွေကတော့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေ ပြောသလို အနှံ့အပြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်
သူ့မှာ တာဝန်ရှိတယ်လို့ ပြောကြပါတယ်။ နောက်ပြီး အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးစနစ်ကို သူ ပြန်အသက်သွင်း
မှာကို စိုးရိမ်နေကြပါတယ်။
         သမ္မတလောင်း အမည်စာရင်း တင်သွင်းရမယ့် ရက်ကို လာမယ့် တနင်္ဂနွေနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။
ဇူလိုင် ၂၇ ရက်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြားဖြတ် သမ္မတက စောစောပိုင်းက ပြောထားခဲ့ပေမယ့်
အခုထိ တရာဝင် မသတ်မှတ်သေးပါဘူး။အီဂျစ်နိုင်ငံမှာ အရင်သမ္မတဟောင်း မော်စီကို ထောက်ခံသူ ၅၂၈ ဦးကို
 ပြီးတဲ့နှစ် သြဂုတ်လက ရဲစခန်းတခုကို တိုက်ခိုက်ခဲ့မှုနဲ့ တနင်္လာနေ့က သေဒဏ်စီရင်ချက် ချခဲ့တာကြောင့် လော
လောဆယ် နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေကို ခံနေရပါတယ်။
BBC

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More