Monday, March 31, 2014

ရန်ကုန်မှာ ရိုဟင်ဂျာ အမည်ဖြင့် ဖြည့်ခွင်းပေး


M-Media မှ သန်းခေါင် စာရင်းကောက်ခံမှု တင်ပြချက်မှအချက် စုစည်းမှု
ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် (PCN) ရဲ့ သန်းခေါင်စာရင်းကောက်ယူရေး
အထောက်အကူပြုကော်မတီ ဆက်သွယ်မေးမြန်းမှုနှင့် ၄င်းတို့ သတင်းထုတ်ပြန်ချက်များ၊
ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြချက်များအရ ရခိုင်ပြည်နယ်မှ လွဲ၍ မြန်မာနိုင်ငံနေ
ရာအများစုတွင် ဖြေဆိုကောက်ခံမှု အဆင်ပြေခဲ့ကြောင်း၊ မြို့နယ်အချို့တွင် အစ္စလာမ်ဘာ
သာဝင်များကို ဗမာလူမျိုးဖြည့်စွက်ရာတွင် အဆင်ပြေပေမယ့် အခြား တိုင်းရင်းသားဖြည့်လို
သူများ 914 ကုဒ်အတွင်းသားဖြည့်ရန် ပြောကြာင်း ဖြေဆိုသူပြောကြားသည့်အတိုင်း စာရင်း
မသွင်းကြောင်း သိရှိပါတယ်။
ရန်ကုန်
မြို့နယ်အချို့တွင် လူမျိုးနေရာ ရိုဟင်ဂျာဖြည့်ရာ စာရင်းကောက်များမှာ ထည့်သွင်းပေးခဲ့
ကြောင်း သိရှိရ၊ရန်ကုန်တိုင်း မြို့နယ်အချို့မှ အစ္စလာမ်ဘာသာဝင်များ လူမျိုးဗမာ (501)
 ဖြေကြားရာ စာရင်းကောက်များ အသာတကြည်လက်ခံထည့်ပေးကြောင်းသိရှိရသည်။
ပဲခူးတိုင်း အုတ်တွင်း၊ ညောင်လေးပင်၊ ရှမ်းပြည် ဝ အထူးဒေသ၊ ၊ ချင်းပြည်နယ်၊ ဒေါပုံ၊
သာကေတ၊ သင်္ကန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ တိုက်ကြီး၊
မော်လမြိုင်၊ ဗိုလ်တထောင်၊ ညောင်တုန်း၊ ပန်းတနော်၊ မေမြို့ ၊ မန္တလေးတိုင်း ဒေသများမှ
အစ္စလာမ်ဘာဝင်များ သန်းခေါင် စာရင်း ဖြေဆိုရာတွင် အဆင်ပြေကြကြောင်းး လူမျိုးနေရာ
တွင် ကုဒ်နံပါတ် 914(ပသီ) ဟု ဖြေဆိုသူ ရာခိုင်နှုန်းများကြောင်း သိရှိရ သည်။
           ရခိုင်ပြည်နယ် ကျောက်နီမော်တွင် ကမန်-702 ကို အဆင်ပြေချောမွေ့စွာ ရေးသွင်း
ခဲ့ကြကြောင်းသတင်းရရှိပါတယ်။ မော်လမြိုင်။ မော်လမြိုင်မြို့ အနီးတဝိုက်မှ မွန် နှင့် ကရင်
လူမျိုး အစ္စလာမ်ဘာသာဝင်များမှ သက်ဆိုင်ရာ မွန် ၊ ကရင်လူမျိုးများ ထည့်ခွင့်မရကြောင်း
သိရှိရပါတယ်။ပျဉ်းမနား ။ ပျဉ်းမနား ဦးကျေးရွာ လူမျိုး ၉၁၄ သာ ရေးမှတ်သွားကြောင်း၊
 လူမျိုးနာမည်မရေးသွားကြောင်း သတင်းရရှိ

M-Media

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More