Saturday, March 29, 2014

စစ်တွေ သန်းခေါင်စာရင်း သပိတ်လှန်လိုက်ပြီ


       ပြည်ထောင်စု အစိုးရက ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲ အပ်ချက်အရ ဟု ဆိုကာ
 သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို လက်မခံကြောင်း ထုတ်ပြန်တဲ့အတွက် စစ်တွေမှာတော့ ဒီနေ့ မနက်မှာ
 သပိတ်လှန်လိုက်ပြီလို့ သိရပါတယ်။
         မနေ့ကတော့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ ထည့်တဲ့ ဘင်္ဂါလီတွေကို စာရင်း မကောက် ဘူးလို့
လ.ဝ.က ဝန်ကြီး ဦးခင်ရီက ဆိုပေမယ့် ပ်ြည်ထောင်စုနဲ့ ဗဟို သန်းခေါင်စာရင်း ကော်မရှင်၊ ပြည်နယ် အစိုးရ
တို့က တရားဝင် သတင်း ထုတ်ပြန်တာ၊ စာထုတ်ပြန်တာ မလုပ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း
ကို ဆက်လက် သပိတ်မှောက်နေကြခဲ့ကြပါတယ်။
               ဒီနေ့ သဲချောင်း ဘင်္ဂါလီရွာ ဘက်မှာ သန်းခေါင်စာရင်း သွားကောက်တဲ့ နေရာမှာ ဘင်္ဂါလီတွေက
သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ မထည့် ရတဲ့အတွက် သန်းခေါင်စာရင်းအကောက်မခံပါတဲ့။ စာရင်းကောက်
တွေလည်း တပ်ခေါက်လာရပါတယ်။ သန်းခေါင်စာရင်းကောက်တာ ကို နေ့လယ်မှ ပြန်စမယ်လို့ သတင်းတွေ
ကတော့ ထွက်နေပါတယ်။အခုတော့ စစ်တွေမှာ လုံခြုံရေးတွေ ပြည့်ကျပ်နေတယ်လို့လည်း သိရပါတယ်။
Rakhine Citizen Journalists

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More