Monday, March 31, 2014

ရခိုင် ပြည့်နယ် ယနေ့ သတင်းတိုးများ

မတ်လ(၃၁)ရက်နေ့ မောင်တောနယ်စပ် နူရူလာဘင်္ဂလီကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
မောင်တော၊ မတ် (၃၁) ရက်
(ကနဦးသတင်း)
သန်းခေါင်စာရင်းကောက်ယူသည့် ဒုတိယနေ့ဖြစ်သော ယနေ့ မတ်လ (၃၁) ရက်နေ့ ညနေ(၇)နာရီကျော်ခန့်တွင်
 မောင်တောမြို့နယ် နူရူလာဘင်္ဂလီကျေးရွာတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် အဆိုပါကျေးရွာမှ တဲသာသာနေအိမ် (၃)အိမ်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
စစ်တွေ အရေးပေါ်သတင်း
★★★★★★★★★★★★★
စစ်တွေမြို့ ဓည၀တီ (ခ) ရပ်ကွက်နေ ဦးမောင်သိန်း (ANP - အရံဗဟိုကော်မတီဝင်၊ စစ်တွေလူမှုကွန်ယက်အဖွဲ့ဝင်)
အား 31/3/2014 ည 12 နာရီတိတိအချိန်တွင် စစ်တွေမြို့ ရဲတပ်ဖွဲ့မှ မြို့နယ်မှူး၊ စခန်းမှူးအပါအ၀င် အင်အား 50 ခန့်ဖြင့်
၎င်း၏ နေအိမ်အားဝိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ ဦးမောင်သိန်း၏ မိသားစုဝင်များကိုလည်း
မည်သည့်အကြောင်းကြောင့် ဖမ်းဆီးရသည်ဆိုသည်ကို ပြောကြားခြင်းမပြုခဲ့ကြောင်းကိုလည်း သိရှိရပြီး ၄င်း၏ မိသားစု
ဝင်များမှာ ရဲတပ်ဖွဲ့၏လုပ်ရပ်ကို နားမလည်နိုင်ဘဲ စိုးရိမ်ထိတ်လန့်နေကြသည်။ ထို စစ်တွေမြို့ ဓည၀တီ (ခ) ရပ်ကွက်အ
တွင်းရှိ ရခိုင်တချို့အားလည်း ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားနေကြောင်း။ ထို့ကြောင့် ရခိုင်များ သတိ၊ အသိရှိကြပါ။
Chit Thu Sky

သံဃာတော်နှင့်လူပုဂ္ဂိုလ် မဘသ အဖွဲ့ချီတက်မည်
******************************
သံတွဲမြို့တွင်ဘင်္ဂလီများမှကမန်ဟုသန်းခေါင်စာရင်းတွင်ထည့်သွင်းရေးသားနေမှုကိုအစိုးရမှခွင့်ပြုနေခြင်း
အားဥပဒေအရအရေးယူခြင်းမပြုဘဲတားဆီးမပေးလျှင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးရဟန်းတော်
များအဖွဲ့နှင့်လူပုဂ္ဂိုလ်များအဖွဲ့မှခရိုင်အုပ်ချုပ်ရေးမှုးရုံးသို့ချီတက်တောင်းဆိုမည်ဖြစ်ပြီးမလိုက်
လျှောပါကရခိုင်တစ်ပြည်နယ်လုံးသပိတ်မှောက်သွားသည်အထိဆောင်ရွက်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်

Credit To >>Thiha Gyi

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More