Tuesday, March 25, 2014

ရုရှားကို G7 မူဘောင်အတိုင်း ကိုင်တွယ်သွားဖို့ရှိ


Tuesday, March 25, 2014
        ယူကရိန်း အရေးအခင်းနဲ့ပတ်သက်ပြီးတော့ စက်မှုထိပ်သီး ၇ နှစ်နိုင်ငံရဲ့ ဥပဒေဘောင်အတွင်းမှာ
ပူးပေါင်းကိုင်တွယ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က အမရိကန် နိုင်ငံခြားရေး
ဝန်ကြီး John Kerry ကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။ ဂျပန် နိုင်ငံ ခြားရေး ၀န် ကြီး ဟာ မြန်မာ
 နိုင်ငံကို ရောက်ရှိ နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို ဖုန်းဆက် ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ယူကရိန်း အရေးနဲ့ ပတ်သက်ပြီးတော့ စက်မှု ထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ အနေနဲ့ အကောင်းဆုံး
ဖြစ်အောင် ဘယ်လို ကိုင်တွယ် သွားကြမလဲ ဆိုတဲ့ အကြောင်းကို ဆွေးနွေးပြော ဆိုခဲ့ကြတာ ဖြစ်တယ်လို့
ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက သ တင်း ထောက် တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
တနင်္လာနေ့ ကစပြီးတော့ နယ်သာလန် နိုင်ငံ The Hague မြို့မှာ စက်မှုထိပ်သီး ၇နှစ်နိုင်ငံ ခေါင်းဆောင်တွေ
က နျူကလီးယား လုံခြုံရေးဆိုင်ရာ ညီလာခံကို ကျင်းပ နေကြတာဖြစ်ပြီး အဲဒီညီလာခံ ထဲမှာပဲ ယူကရိန်း အ
ရေးကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
        ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသကို ၀င်ရောက် သိမ်းပိုက်ခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို
 ဖိအားပေးမှု တွေလုပ်ဆောင် နိုင်ဖို့အတွက် စက်မှုထိပ်သီး ၇နိုင်ငံက ခေါင်းဆောင်တွေကို နယ်သာလန်နိုင်ငံမှာ
 အစည်းအဝေးပြုလုပ်ဖို့ အမေရိကန် သမ္မတ Barack Obama က အဆိုတင်သွင်း ခဲ့တာဖြစ်ပါတယ်။
စက်မှုထိပ်သီး ၇နှစ်နိုင်ငံထဲမှာ Britain, Canada, France, Germany, Italy, Japan နဲ့ အမေရိကန် ပြည်
ထောင်စုတို့ ပါဝင်ပါတယ်။

Today Myanmar


0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More