မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Friday, October 29, 2010

computer ကိုစကားပြောခိုင်းမယ်

    ကိုယ်ကြိုက်တဲ့ စားသားထည့်ပြီး ကွန်ပျူတာကို စကားပြောခိုင်းမယ်ဗျာ..
    ဘယ်လိုပေးပြောမလဲ? ဒီအောက်က အတိုင်းလုပ်ကြည့်ပါ..

    Notepad ကိုဖွင့်ပါ.ပြီးရင် ဒီအောက်က code ကို copy ယူပြီး notepad မှာ
    paste ထည့်လိုက်ပါ..

    Do
    Dim msg, sapi
    msg="1437 = I Love You"
    Set sapi=CreateObject("sapi.spvoice")
    sapi.Speak msg
    loop

    ပြီးရင် Talker.vbs လိုနာမည်ပေးပြီး Save လိုက်ပါ..
    နောက် ကိုယ် save ထားတဲ့Talker.vbs ကို ဖွင့်လိုက်ပါ..
     1437 = I Love You ဆိုပြီး ထပ်ခါထပ်ခါ
    ပြောလာပါလိမ့်မယ်..အနီရောင်နဲ့ ပြထားတဲ့စာသားကိုကိုယ်ကြိုက်တဲ့
   စားသားနဲ့ပြောင်းလို.ရပါတယ်..

    စကားပြောတာကိုရပ်ချင်ရင် CTRL + ALT + DEL >>
  ကိုနိုပ်ပြီး task manager ကိုဖွင့်လိုက်ပါ..နောက် Processes TAB
   ထဲကိုဝင်ပြီး wbscript.exe ကိုရှာပါ ..
    တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..
   အဲဒါပါပဲခင်ဗျာ.. :) ။
လုပ်ကြည့်ကြမယ်နော် အဆင်ပြေရင် ကျွန်တော်ကိုလည်း

သင်ပေးကြပါဗျာ..

ပန်းပျိုးသူ

လေညှင်းတိုက်ခက်၊ ယိမ်းနွဲ့တတ်တဲ့
အော်..ပန်းကလေးရယ်...
လောကအလှ၊ဆင့်သမျှပန်း
များလွန့်ရင်လည်း၊ တစ်ပင်ပျိုးရင့်
တစ်ပွင့်ချစ်သူ
   ဥယဉ်မှုအပူ၊ ပန်းကလေးခမျာမသိလေရှာ။
ပွင့်လွှာဝတ်မှုံ၊ ညှိုးမှာစိုးထိုက်
မေတ္တာရေစမ်း၊ ဖျန့်ပတ်တိုက်တခိုး
သည်အချစ်မျိုး ၊ဖွင့်ဟမဖြစ်
မျိုသိမ်းရင်မှာ၊တံလျှပ်ဖြစ်၏။
ပန်းရှိရာသို့၊ လိပ်ပြာလာတာ
ထူးဆန်းခြင်းမဟုတ်။
  သိုလေသော်လည်း
သဝန်တိုတာ၊ ဝမ်းတိုတာ
  အော်..ပန်းပျိုးသူတို့
အလင်္ကာ..ကာရံမဲ့နေခဲ့...
                       ခံစားတတ်ကြပါစေ
                          အားလုံးအတွက် R, J..

Gtalk chat box ကနေ Youtube ကြည့်မယ်..

ဒီတခါကတော့ ကျနော်တို့ ချက်နေကျတဲ့ gtalk chatbox လေးမှာ ကိုနဲ့ ချက်တဲ့ လူကို youtube က သီချင်း များ ရုပ်သံများကို တိုက်ရိုက်ပို့ပေးလို့ရအောင်လုပ်တာပါပဲ..ကွန်နက်ရှင်ကတော့ Youtube ကြည့်နိုင်လောက် တဲ့ နက်လောက်ဆိုရပါတယ်..ဒီတော့ ကျနော်တို့ စစချင်း Gtheme ဆိုတာလေးကိုဒေါင်းရပါ့မယ်..file size ကတော့ ၇မက်လောက်ရှိပါတယ်..ဖိုင်လေးကိုဒေါင်းပြီး ပုံမှန်အတိုင်းပဲ install လုပ်ပေးပါ..ပြီးရင် ဂျီတော့ ကို ပိတ်လိုက်ပါ.နစ်ကို အစကနေပြန်ဖွင့်ပြီ..Settings ကနေ Appearance ကိုသွားပါ.အဲ့ထဲကနေ ခုနကျနော်တို့ အင်စတောလုပ်ထားတဲ့ sravi ဆိုတာလေးကို slect ပေးပြီး အိုကေပေးလိုက်ပါ..ဒီကောင်မဟုတ်ပဲ တခြား Sarvi-bubbyတို့ sarvi-starwars တို့ ကိုယ်နှစ်သက်ရာကိုရွေးချယ်သံးနိုင်ပါတယ်..background ပုံကိုလဲ ကိုနှစ်သက်ရာကို ရွေးချယ်သုံးခွင့်ရှိပါတယ်..statr menu ကိုဖွင့်လိုက်တာနဲ့ change background ဆိုတာ လေးကိုတွေ့ရမှာပါ.အဲ့ကနေ ကိုယ်သုံးချင်းတဲ့ Gtalk background လေးကိုရွေးချယ်ပေးလိုက်ပါ..အဓိက ကတော့ကိုချက်နေတဲ့ ချက်ဘောက်ထဲကနေ တခြားဘက်ကို Youtube ရုပ်သံ သီချင်းကို တိုက်ရိုက်ပို့ပေး နားဆင်နိုင်တာပါပဲ..ဒီတွက် ကို ပို့ပေးချင်တဲ့ သီချင်းရုပ်သံ URL လေးကိုယူပါ ပြီးရင် Sravi:utube: ဒီတိုင်းလေးကို တဘက်လူ ချက်ဘောက် ထဲကို ပို့ပေးလိုက်ပါ..enter ခေါက်လိုက်တာနဲ့ မက်ဆေ့ တွေပို့သလို youtube ရုပ်သံလေးကို ဂျီတော့ ထဲမှာ မြင်နေရမှာဖြစ်ပါတယ်..ဟိုဘက်ကလူကော ကိုယ်တိုင်တော့ တိုက်ရိုက်ကြည့်နိုင်ပါတယ်..ဒီအောက်က ပုံလေး ကိုကြည့်ရင် နားလည်မယ်ထင်ပါတယ်..
ဒီအောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ
7 မက်ပဲရှိပါတယ်.


ဒီပို့တွက် PDF ဒေါင်းယူရန်.

ကောင်းလေးငယ်လုပ်ထားတာကို youtube ကနေကြည့်ချင်တယ်ဆိုရင် အောက်မှာကလစ်ပြီးကြည့်လိုက်ပါ

Gmail ထဲမှာ All Contacts ကိုခေါ်ယူခြင်း

ကျနော်တို့ တခါတလေ Gmail ထဲကနေ ချက်ကိုသုံးရ ရင် ကိုယ့်ထဲမှာ ရှိတဲ့ လူတွေကို most popular
ကလွဲပြီး မမြင်ရတာတွေရှိပါတယ်၊၊မသိရင် ပြန်ခေါ်ရတာ တော်တော်ခက်ပါတယ်၊၊နာမည်ကိုပဲရိုက်ပြီး
ရှာရမလိုလိုဖြစ်တတ်ပါတယ်၊၊ခုကျနော် ကိုယ့်ထဲက လူတွေကို အကုန်မြင်ရအောင် all contacts ခေါ်
တာလေးကို ပြပါမယ် မသိသေးတဲ့ ညီကိုများတွက်လဲ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်၊၊
ပုံ (၁) ကတော့ Most popular တွေကိုပဲ ပြနေတာဖြစ်ပါတယ်


ပုံ (၂) ကတော့  chat ဆိုတဲ့ စာလုံးလေးဘေးနားကနေ contacts ကို အမှတ်ခြစ်လေး ပေးပုံပါ

ပုံ(၃) မှာတော့ ကျနော်တို့ နစ်ထဲက လူအားလုံးကို scroll လေးကိုဆွဲပြီးကြည့်နိုင်ပါပြီ
 
စမ်းကြည့်ကြပါနော် ကျွန်တော်လည်း မလုပ်ဖူးသေလို့ပါ
ဘလေဖတ်ရင့်နဲ့ စိတ်ဝင်စားလို့စုထားလိုက်တာပါဗျာ။


Thursday, October 28, 2010

com ရိုက်စရာမလို

1. Internet Explorer ကိုဖွင့်ဗျာ။
2. Alt+D ( Move Cursor to Address Bar)
3. Microsoft ကိုရိုက်ပါ။ (http တွေ , // တွေ ,www တွေဘာမှာရိုက်စရာမလို)
4. Ctrl+Enter တွဲနှိပ်ပါ။

အလိုလျောက် .Com ကိုနောက်ကနေတွဲထည့်ပေးလိမ့်မယ်။ .net တို့ .org တို့ ရလိုရငြား ctrl+enter.Com တမျိုးပဲရတာ.
အတကုန် မခေါက်နဲ့နော်

Sunday, October 24, 2010

Virus အတုပြုလုပ်နည်း .......

Type your summary here.
ပထမဆုံး notepad ကိုဖွင့်ပြီး အောက်က ကုတ်လေးတွေကို ကူးယူလိုက်ပါ။
LOL=msgbox("The virus have beeb detecten! Press YES to format your hard disc now, or press NO to format your hard disc after the system

reboot", 20, "VIRUS WARNING")
ပြီးရင် virus.VBS နဲ့ save လိုက်ပါ။ ရလာတဲ့ .VBS ဖိုင်လေးကို စချင်တဲ့ သူငယ်ချင်းရဲ့ ကွန်ပျူတာထဲကို ကူးယူပြီး
start -> All programs -> Startup ဆိုတဲ့ ဖိုင်လေးထဲ သွားထည့်ပေးလိုက်ပါ။ ပြီးရင်တော့ နေသားတကျ ပြန်ပိတ်ထားလိုက်ပါ။
သူငယ်ချင်း ကွန်ပျူတာ စဖွင့်တဲ့ အချိန်မှာ .VBS ဖိုင်လေး အလုပ်လုပ်ပြီး warning စာတမ်းလေး တတ်လာပါလိမ့်မယ်။
ဒါဆိုရင်တော့ သူငယ်ချင်း လန့်ဖြန်သွားလိမ့်မယ်....
မှတ်ချက်... တကယ့် virus မဟုတ်ပါ။
ထိုအတွက် မည်သည့် အန်တီဗိုင်းရက်စ်နဲ့ စစ်စစ်မပေါ်နိုင်ပါ။
ကွန်ပျူတာအတွက် မည်သည့် အန္တာရာယ်မှ မရှိကြောင်း အာမခံပါတယ်။
ပြန်ဖြုတ်ချင်ရင်တော့ Startup ထဲက .vbs ဖိုင်လေးကို ပြန်ထုတ်လိုက်ရုံ၊ ဒါမှမဟုတ် delete လုပ်လိုက်ရုံပါပဲ..

Type the rest of your post here.

Saturday, October 23, 2010

Gtalk တွင် Music Name ဖော်နည်း

မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်ချင်တယ်လို့ မေးလာတဲ့ စာဖတ်သူအတွက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ သီချင်းကို Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ Window Media Player ဘယ် Version နဲ့ အဆင်ပြေမလဲတော့ သေချာမသိပါဘူး။

မိမိ အသုံးပြုနေတဲ့ Window Media Player က Version 11 ပါ။ ကျန်တဲ့ Version တွေမှာ လုပ်လို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကြိုတင်ပြောကြားထားခြင်း ဖြစ်ပါတယ်။ လုပ်နည်းကတော့

(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။

မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာပါလိမ့်မည်။ အဆင်ပြေပါစေ။

မောင်စေတနာဘလောမှ ကူးယူတင်ပေးလိုက်ပါသည်
Type the rest of your post here.

အဖေနှင့် သားဘဝ

ရောင်နီပျော်စ ၊ အဖေထ၍
အိမ်မှခြေကျင် ၊ ခရီနှင်သည်။
ကုန်တင်ကုန်ချ ၊ လုပ်ငန်းစသည်
နေကျမှုန်ရီ ၊ ပြန်သတည့်……..
အဖေနှုတ်မှ ၊ ဖွင့်ဆိုဟသည့်
သားလှသေချာ ၊ မှတ်ထားပါတဲ့
ပညာရွှေအိုး ၊ လူမခိုးရွှံစိုမဲ့လမ်း
သားမလှမ့်နဲ့ ၊ လူရွှန်ဖြစ်စေ
ရှေ့မှာနေတဲ့…….
အဖေအိပ်ခိုက် ၊ ယောင်ယမ်း
စိတ်နှင့်မောဟိုက် ၊ ပင်ပန်းဖေဖေ
လမ်းသည်မှန်း၍ ၊ ကြင်နာသနားတယ်။
ကြမ်းချင်တိုင်းကြမ်း ၊ ခရီးကြမ်းလမ်းကို
ကြမ်းမှန်းသိလျှက် ၊ တိုး၍တက်သည်
သားအတွက်ပညာတတ်ချင်သည်တဲ့……

                                ကျိန်းရိပ်မြေ..ကိုမဲထွန်း

ဘာမှန်းလဲမသိဘူး


 ပျင်းလာတာနဲ့ အပြင်တွက်မယ်လုပ်တော့ အမေကပြောတယ်။နင်ငါ့သားမဟုတ်ဘူးတဲ့
ဖအေးလို့ဘဲ ခြေဗွေပါလားတဲ့ ပြီးရော့…..
ရိုက်ပွဲပြီးတာနဲ့ ဆေးရုံးသွားချုပ်တော့ ကြီးကြီးကစ္စတာကပြောတယ် ၊ နင်နာမည်
ကိုပေါက်မဟုတ်ဘူးတဲ့ ကိုထောင်တဲ့ ငါ မွေးချီပေးတုန့်က
 နင်ကိုယ်ပေါ်မှာ ခြစ်ရာတောင်မရှိဘူးတဲ့ ပြီးရော့ ..။
အနောက်ဘက်က သူငယ်ချင်းတွေ့နဲ့ သဘောထားမတိုက်ဆိုင်တာလေးတွေပြောမိတော့
သူတော့ကပြောတယ်မင်းရခိုင်မဟုတ်ဘူးတဲ့ ၊ ရခိုင်စကားကို ဗမာသံဝဲဝဲနဲ့ပြောလို့တဲ့
 ပြီးရော့..။
ကော်လာလည်ကတုံးဝတ်ပြီးတို့ အရေးလို့အော်မိတော့ မော်ကွန်းထိန်းကပြောတယ်
 မင်းကျောင်းသားမဟုတ်တော့ဘူးတဲ့ ခွပ်ဒေါင်းမှန်ရင် ငါကျောင်းပြန်မလာနဲ့တော့တဲ့
 ပြီးရော့..။
လူလည်ကောင် ထ ကန်မိတော့ ရည်းစားကပြောတယ် ရှင်ယောက်ျားမဟုတ်ဘူးတဲ့
 မိန်ကလေးတစ်ယောက်ကို စာအုပ်တစ်အုတ်လောက်တန်ဖိုးမထားလို့တဲ့ ပြီးရော့..။
အလုပ်သမား အခွင့်အရေးပြောပြတော့ အလုပ်ရှင်းကပြောတယ် မင်းယို့ဒယားမဟုတ်ဘူးတဲ့
ဒို့နိုင်ငံမှာ ဒီမိုကရေးစီဆိုတာ စာရွက်ပေါ်ကနေ မြေကြီးပေါ်ရောက်အောင်
မလုပ်နိုင်သေးဘူးတဲ့ ပြီးရော့…
 
Type the rest of your post here.

Friday, October 22, 2010

မောင်စေတနာ ဘလောမှ ကူးယူ၍ ဖြန့်ဝေလိုက်ပါသည်

အသဲပုံလေးလား


လက်ဆောင်ကဒ်နဲ့အတူ တွဲပြီး ပုံဖော်ထားတဲ့ ရုပ်ကြွအသဲပုံလေး လုပ်နည်းလေး ဖြစ်ပါတယ်။ စက္ကူခေါက် နည်းလမ်းများဟာ ဂျပန်နိုင်ငံက ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံက စက္ကူကို သုံးစွဲတဲ့ နေရာမှာ လွန်ကဲတဲ့ နိုင်ငံဖြစ်သလို စက္ကူနဲ့ ပုံဖော်ရာတွင်လဲ သူမတူအောင် လက်ရာမြောက်ဆုံး ဖြစ်ပါတယ်။

မိမိရဲ့ ချစ်သူလေးဆီ လက်ဆောင်ကဒ်နဲ့ အတူ အသဲပုံရုပ်ကြွလေးကို လုပ်ပြီး မေတ္တာပိုတိုးအောင် လုပ်နိုင်ပါပြီ။ မိမိကိုယ်တိုင် လုပ်ပြီး ပေးပို့တယ် ဆိုရင် ချစ်သူပျော်ရွှင်မည် ဖြစ်ပါတယ်။ ပြောရင်းနဲ့ စာရှည်သွားပြီ။ ဒီမှာ လုပ်နည်းစာအုပ် နှစ်အုပ်ကို Download(1), Download(2)
လုပ်ယူပါ။                                                                                                                                      

မီးနဂါးလုပ်နည်း စာအုပ်


ယခု ဖော်ပြပေးလိုက်တာကတော့ မိမိတို့ရဲ့ မောင်လေး၊ ညီမလေးတွေ စိတ်ပျော်ရွှင် စေမယ့် စက္ကူခေါက် မီးနဂါးလုပ်နည်းလေး ဖြစ်ပါတယ်။ လုပ်နည်းအတိုင်း ပြုလုပ်မယ်ဆိုရင် တော်တော် ရုပ်လုံးကြွပြီး ကြည့်ကောင်းတဲ့ အရုပ်လေး ဖြစ်ပါတယ်။ လုပ်နည်းစာအုပ်ကို ဒီမှာ Download လုပ်ယူပါ။ နောက်များလဲ ဂျပန်ရဲ့ အဓိကထား လုပ်နေကြတဲ့ ရှားပါးတဲ့ အရုပ်လုပ်နည်းများ ဖော်ပြပေးသွားပါ့မယ်။

Command Key စာအုပ်ဖြန့်ဝေခြင်း


ကွန်ပျူတာ သုံးစွဲရာတွင် Command Key များဖြင့် သုံးစွဲခြင်းဟာ မြန်ဆန်လှပါတယ်။ Run Box ထဲမှ မိမိဖွင့်ချင်သည့် ဖိုင်အထိ ဖွင့်လိုရပါတယ်။ ယခု ဖော်ပြမည့် စာအုပ်သည် Run Box ထဲမှ အသုံးပြုရန်အတွက် Command Key များ ဖြစ်ပါသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း အသုံးဝင်မည့် စာအုပ် ဖြစ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။  

         

ကိုယ်တိုင် Window တင်ပါ

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။                                         

Network စာအုပ် ဖြန့်ဝေခြင်း

Network ကို လေ့လာချင်သူများ အတွက်ပါ။ မြန်မာလို ရေးသားထားသော စာအုပ် ဖြစ်ပါတယ်။ စာရွက် (၂၀၀)ကျော် ပါရှိပါတယ်။ ယနေ့ ခေတ်ကြီးထဲမှာ International လို့ ပြောရမယ့် Network နည်းပညာကို အနည်း အကျဉ်းမျှ မသိပါက Global ခေတ်ကြီးထဲ နေရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ (စကားကြီး စကားကျယ်နဲ့ ဟီး) အပြောကို လျော့ပြီး စာအုပ်ကို ဒီမှာ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူနိုင်ပါတယ်။                                                                                     

HTML စာအုပ် ဖြန့်ဝေခြင်း

မိမိဘလော့ Cbox တွင် လာရောက် တောင်းဆိုထားသော ဤစာအုပ်ကို ရှာဖွေပြုစု ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြသော စာအုပ်တွင် ရေးသားထားသော စာရေးသူသည် HTML ကို အသေးစိတ် ဖော်ပြထားသလို ရေးသားရာတွင်လည်း စနစ်ကျ လှပါတယ်။ HTML ကို အပိုင်း(၇)ပိုင်း ဖြင့် ရေးသား ဖော်ပြထားပါတယ်။ အဆိုပါ ရေးသားချက်များအား ပြုစု၍ စာအုပ်ပြုလုပ်ကာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ Cbox တွင် လာရောက်တောင်းဆိုသော ကိုရဲလည်း အတိုင်းအတာ တစ်ခုအထိ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Java, Css တို့ကိုတော့ ဆက်လက် ရှာဖွေပြီး ဖော်ပြပေးသွားပါ့မယ်။ စာအုပ်ကို ဒီတွင် Download လုပ်ယူပါ။                                                                        


        

Computer Shortcut စာအုပ် ဖြန့်ဝေခြင်း

စာအုပ်လို့သာ ပြောရပါတယ် .. စာရွက်က နှစ်ရွက်ထဲသာ ပါပါတယ်။ ဒီစာအုပ်လေးထဲမှာ Basic ShortCut Key, Window ShortCut, WinKey, Word Key,Excel Key, Outlook key တို့ပါဝင်ပါတယ်။ မသိသူများအတွက် အမြင်ကျယ် အသိတိုးစေဖို့ ဖော်ပြလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

        

Photoshop 7.0 ဖြန့်ဝေခြင်း

Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ပညာရပ်ဆိုင်ရာတွေသာ ရေးစေချင်တဲ့ ကိုမောင်လှိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။
   
           

Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း

Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ Program ဆိုတာဘာလဲ၊ Java ဆိုတာ ဘာလဲ စသဖြင့်ပေါ့။ စာအုပ်ကို ဖတ်ကြည့်ရင် သိမှာပါ။ ကျွန်တော် ရေးသားထားတာ မဟုတ်ပါ။ ဟိုက ကူး၊ ဒီက ကူးနဲ့ စာအုပ်ဖြစ်အောင် ပြန်လုပ်ထားတာပါ။ လေ့လာသူများအတွက် စာအုပ်လေးနဲ့ဆိုရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ပြုစုထားတာပါ။ အဆင်မပြေလဲ ကြိတ်မှိတ်ပြီးသာ အဆင်ပြေကြပါ။ Program အကြောင်းကို ကျွန်တော်လဲ လေ့လာဆဲမို့ ဒီစာအုပ်ထဲကထက် ပိုပြီး မရှင်းနိုင်ပါဘူး။ စာအုပ်လေးကို Click လုပ်ယူပါ။
        
         

Window Installing စာအုပ် ဖြန့်ဝေခြင်း

ကွန်ပျူတာ Hardware တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြထားပါတယ်။ Software ပိုင်းဖြစ်တဲ့ Window Formatting ပြုလုပ်ခြင်း နည်းပါ ထည့်သွင်း ရှင်းပြထားပါတယ်။ ကွန်ပျူတာကို စပြီး လေ့လာသူများနဲ့ ကျွမ်းကျင်သူများ အတွက်ပါ အသုံးဝင်မယ့် စာအုပ်လေး တစ်အုပ်ပါ။ ကွန်ပျူတာ ကိုင်တွယ်သူတိုင်းတွင် ရှိသင့်သော စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။
          
          

စာစီစာရိုက် Excel စာအုပ် ဖြန့်ဝေခြင်း

ဇယားကွက်တွေနဲ့ စာရိုက်မယ်ဆိုရင် Microsoft Office Excel က အကောင်းဆုံးပါပဲ။ လျှင်မြန်ပြီး လုပ်ငန်းကို အမြန်ပြီးစေပါတယ်။ စာစီစာရိုက်သင်တန်းများတွင်လဲ Excel ကို ထည့်သွင်းသင်ကြားထားပါတယ်။ မိမိဘာသာ မိမိလေ့လာ သင်ယူသူများအတွက် Microsoft Office Excel စာအုပ်ကို တင်ပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ အသုံးဝင် နိုင်ကြပါစေ။
       

စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း

စာစီစာရိုက်တဲ့ နေရာမှာ သုံးတဲ့ Microsoft office word ကို လူတိုင်းသိကြမှာပါ။ လူတိုင်းလဲ သုံးနေကြမှာပါ။ ကွန်ပျူတာ သင်တန်းတက်တဲ့ လူတွေလဲ ဒီ application ကို ကောင်းကောင်း သိကြမှာပါ။ သို့ပေမယ့် ယခုမှ လေ့လာဆဲ၊ သင်ယူဆဲ လူများအတွက် Microsoft office word စာစီစာရိုက် လက်စွဲစာအုပ်ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့ကျမှ Microsoft Office Excel စာအုပ်ကို တင်ပေးပါမယ်။ အသုံးဝင်နိုင်ကြပါစေ။

ကျွန်တော်အကြိုက်ဆုံး ကာတွန်းရေးဆရာ၊ စာရေးဆရာ

ကျွန်တော် စာဖတ်ဝါသနာကို ဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်က ဆွေမင်း(ဓနုဖြူ) ရေးဆွဲတဲ့ တွတ်ပီကာတွန်း စာအုပ်ပါ။ အဖေက ကာတွန်းစာအုပ် ငှားဖတ်ရင် တွတ်ပီ စာအုပ်ပဲ ငှားတတ်ပါတယ်။ အဖေ ဖတ်တော့ လိုက်ဖတ် ဖြစ်ပါတယ်။ ဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး တွေ့ရပါတယ်။ တော်ရုံ တန်ရုံ ကလေးတွေအနေနဲ့တော့ အေးစက်စက်နိုင်တဲ့ ကာတွန်းစာအုပ်ပါ။ ကျွန်တော်အတွက်တော့ ကြုံတိုင်းရွာလေးရယ်၊ တောထဲက သားရဲတိရိစ္ဆာလေး တွေရယ်၊ တောတွင်း သဘာဝ မြင်ကွင်း ရှုခင်းတွေက ကျွန်တော်ကို စွဲလမ်းစေခဲ့ပါတယ်။ ကျွန်တော် စွဲလမ်းခဲ့တဲ့ ကာတွန်းရေးဆရာက အခုတော့ ကွယ်လွန်ခဲ့ပါပြီ။ ကျွန်တော် အင်မတန်မှ နှမျှောမိပါတယ်။ တန်ဖိုးရှိလှတဲ့ ကာတွန်းရေးဆရာ၊ စာရေးဆရာ တစ်ယောက် အတွက်ပါ။ အခုလဲ ကာတွန်းဆရာ၊ စာရေးဆရာ ဆွေမင်း(ဓနုဖြူ)ရေးသားတဲ့ စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ ဖတ်ချင်သူများအတွက်ပါ။ စာအုပ်လေးက ဘ၀တစ်ခု အမှတ်တရ စာအုပ်လေးပါ။

ဘလော့ပြုလုပ်နည်း စာအုပ် ဖြန့်ဝေ

မြန်မာ့နည်းပညာ တိုးတက်ရေးအတွက် မြန်မာနိုင်ငံသား အားလုံးက ကိုယ်တတ်သည့် ပညာများဖြင့် မြန်မာလူမျိုးများ အသိအမြင်၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်နေကြသည်မှာ အားကျစရာပါ။ အင်တာနက်မှာလဲ မိမိရဲ့ ခံစားချက်၊ အတွေးအခေါ်၊ နည်းပညာ၊ ဗဟုသုတ စတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ ဆင်ဆာမရှိ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရသော ဘလော့ဆိုတာကို မြန်မာတွေ တွင်တွင် ကျယ်ကျယ် အသုံးပြုနေပါပြီ။ မသုံးတတ်လို့ သုံးချင်တဲ့ သူတွေအတွက်လဲ ဘလော့ဆရာများ ဖြစ်သော ကိုစေတန်ဂေါ့ကိုညီလင်းဆက် တို့ဟာ ဘလော့ပြုလုပ်နည်း စာအုပ်များကို ပြုစုရေးသားထားပါတယ်။

ဘလော့လုပ်မယ် စာအုပ်ကို ပြုစုသူကတော့ ကိုစေတန်ဂေါ့ ဖြစ်ပါတယ်။ စာအုပ်ဟာ ပြည့်စုံလွန်းလို့ ဘလော့လုပ်ရာမှာ ဆရာတစ်ယောက် ဘေးမှာ ရှိနေသလို ခံစားရမှာပါ။ အဲဒီလောက် ကောင်းမွန်ပြည့်စုံတဲ့ စာအုပ်ဖြစ်ပါတယ်။ ဘလော့တစ်ခု ဘယ်သို့ ဘယ်ပုံ စလုပ်ရမည်၊ ဇော်ဂျီဖောင့် ဘယ်လို ထည့်သွင်းရမယ်၊ တန်ပလိပ် အပြင်အဆင်၊ ဘလော့ လိုအပ်ချက် မှန်သမျှကို ပြည့်စုံအောင် ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။ Blog လုပ်မယ် စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။ ဘလော့ စလုပ်မယ်ဆို အောက်က စာအုပ်ကို အရင် လေ့လာပါ။ ပြီးမှ ဒီစာအုပ်ကို လေ့လာပါ။

ဒါကတော့ ဘလော့ အခြေခံလုပ်နည်း စာအုပ်ပါ။ စာအုပ်ပြုလုပ်သူက ကိုညီလင်းဆက် ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ တကယ်အခြေခံပါပဲ။ ဘလော့ စလုပ်သူတွေအတွက်ပါ။ ဒီစာအုပ်တွင် ဘလော့မှာ ထည့်ရမယ့် တန်ဆာပလာ သိပ်မပါပါဘူး။ How to Make Myanmar Blog စာအုပ်ကို ဒီမှာ Click
လုပ်ယူပါ။


ဘလော့အချက်အလက်စာအုပ် ဖြန့်ဝေ

ဘလော့ဂါ ဆရာကြီးများဖြစ်သော ကိုရန်အောင်မောင်လှလင်းထက်၊ မှော်ဆရာညီညီသံလွင်ချမ်းမြစိုးဝဏ္ဏကိုမောင်သင်္ကြန်ဝေယံလင်းကိုဖိုးဇင် တို့က မြန်မာဘလော့ လောကတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာဘလော့ အကူအညီ ဆိုက်တစ်ခုကို တည်ဆောက်ထားပါတယ်။ မြန်မာဘလော့ လောကမှာ အဲဒီဆိုက်နဲ့ ကင်းတဲ့ လူမရှိပါဘူး။ ဘလော့လုပ်ချင်သူ အားလုံး ထိုဆိုက်က လမ်းညွှန်ချက်တွေ၊ ဗဟုသုတတွေ၊ လုပ်နည်းတွေ စတာတွေနဲ့ တည်ဆောက် နေကြ ရတာပါ။ မြန်မာဘလော့အကူအညီ ဘလော့ထဲမှ အမြဲဖော်ပြနေသော အချက်အလက်များကို ကျွန်တော် အပင်ပန်းခံ၍ စာအုပ်တစ်အုပ် အဖြစ် ပြုစုထားပါတယ်။ Update မဖြစ်ပေမယ့် တော်တော်များများ စုံလင်လှပါတယ်။ အချိန်မပေးနိုင်တာကြောင့် စာအုပ်တွင် အားနည်းချက် များရှိပါတယ်။ ဒါကိုတော့ ခွင့်လွှတ်ပေးကြပါ။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။
 here. Type the rest of your post here.

Type your summary he
                   အိပ်မက်ပုံပြင်
ရောင်စုံစုန်ချက်တွေနဲ့ ရေးဖြစ်ခဲ့တဲ့ ပန်ချီးကားတစ်ချက်
ရယ်လားမင်းရဲ့မျက်နှာပေါ်မှာ ရောင်စုံပန်းတွေဖူးပွင့်နေတယ် 
တွေ့တိုင်းခဏမှာ ရသစုံကဗျာ တစ်ပုဒ် ဖတ်ရသလိုပဲ ဆွဲငမ်း
အားကောင်းတဲ့ မင်းအပြုံ့တွေက အိမ်စက်နားခိုနေဆဲငါရဲ့
ရင်ခုန်သံကို နိုးထစေတယ် တရေးနိုး အိပ်မက်ထဲက နိုးထ
လာတဲ ငါရဲ့ရင်ခုန်သံတွေနဲ့ ဖြစ်ပေါ်လာတဲ့ချစ်ခြင်းအရာတွေကို
တကယ် လက်တွေဘဝမှာ ပြောင်းလွှဲခံစားကြည့်ရင်ဖြင့် အရာ
ရာအားလုံးဟာ လွဲလျှိုနေခဲ့တယ် တကယ်ဖြစ်လာဖို့ဆိုတာ
မင်းလေးရဲ့ အဆုံးအဖြတ်တစ်ခုသာ လိုလားနေတယ်....
                 
       ကောင်မလေး    
ကောင်မလေး ရေ......
                ဘယ်သူမှမသိနှိုင်တဲ့ ကိုတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းကသတိရခြင်း
ပေါ့ ကလေးရယ်။
အရာရာကိုရင်ဆိုင်ဖို့ ညာဖက်လက်မောင်းကို အားတင်းထားချိန်မှာ မင်းရဲ့လက်ချောင်း သေးသေးလေး ဟာ ကိုယ်ရဲ့ ဘယ်ဖက်လက်မောင်းဘေးမှာ ရှိနေစေချင်တယ် ပြောပြချင်သေးတယ် အငယ်ရယ်
ဒါပေမဲ့ ပျော်စရာ မဟုတ်တော့ မျှဝေမခံစားစေချင်ဘူး
“ဒုက္ခနဲ့ တခါကြုံတိုင်း ချစ်သူ့လက်ကလေးကို တခါကိုင်ပါရစေတဲ့” အိုမာခရမ် ရဲ့ ကဗျာလေးပါ      ကိုယ်နဲ့ အိုမာခရမ်  ဒီနေရာမှာ
သဘေားထားကွဲတယ် ကိုကတော့ ပျော်စရာတွေကို မျှဝေခံစား ဒုက္ခတွေကို
ကိုယ်တစ်ယောက်တည်းပဲ သိမ်းထားလိုက်ချင်တယ်။
နောက်တပုဒ်ကျတော့ အိုမာခရမ် ဆိုတဲ့ ပါရှား ကဗျာဆရာကြီးကိုအကြွင်းမဲ့ ထောက်ခံတယ်
        သူက ဘာပြောလဲဆိုတာ အငယ်သိလား ?
ချစ်သူရဲ့ လက်တဖက်ကို ဆုပ်ကိုင်ထားရတာဟာကမ္ဘာတခြမ်းကိုပိုင်ဆိုင်ထားရတာ နဲ့အတူတူပါပဲ … တဲ့

                                                                                                    
                  နှောင်း
      
မာန်မာနတင်ပေမယ့် အားနည် ညှိုးရော်နေတဲ့ မျက်ဝန်ရှေ့မှာအရပ် တစ်ဒဿမ ရှစ်မိတာ ကျော်ကျော်နဲ့ကြံခိုင်နေတဲ့ယောက်ျားတစ်ယောက် ဟောဒီလို! ဒူးထောက်နေပါတယ်။ ချစ်သူရဲ့ လက်တဖက်ကို
“-ကောင်းတာပဲလာလာ”ဆိတာပဲဖြစ်ဖြစ် မျက်ဝန်းလေးစီရင်တဲ့ အတိုင် အသင့်ပါပဲတဲ့။ နောက်ပြီသူကပြောပါသေးတယ် နည်းနည်းတော့ကဗျာဆန်မယ်နော်တဲ့ ချစ်သူရဲ့လက်တစ်ဘက်ကို
ဆုပ်ကိုင်ထားရတာဟာကမ္ဘာတခြမ်းကိုပိုင်ဆိုင်ထားရတာ နဲ့အတူတူပါပဲ … တဲ့
                                                                                       
                                                                                                 မောင်ယောင်း.. 

               ဘာတွေကိုလုပ်ကြမှာလဲ

 တစ်နေမှာကျွန်တော်ဆီသို့ mail တစ်စောင်ရောက်လာပါတယ်
ဘယ်သူမေးလ် လဲလို့လှမ်းကြည်လိုက်တဲ့ခါ ကျွန်တော်သူငယ်ချင်းမလေး
 ဆီကဖြစ်နေပါတယ် ကျွန်တော်ဖွင့်ဖတ်လိုက်တဲ့အခါ..
          မင်းကိုငါပြောပြမယ်တဲ့ လောကမှာ လူနှစ်မျိုး နှစ်စားပဲ ရှိတယ်....
မင်းချမ်းသာချင်တယ် ဆိုရင်တော့ စီးပွားရေးလုပ်တဲ့....
လူမှုရေးတော့ ဘာမှမလုပ်နဲ့တဲ့...
ဘာဖြစ်လို့လည်းဆိုတော့ ငါတွေ့ဖူးတဲ့ သူဌေးတော်တော်များများဟာ
လူမှုရေးပတ်သက်ရင် ဘာမှမလုပ်ဘူးတဲ့...
သူတို့တွေဟာ သူတို့တိုးတက်ရာ တိုးတက်ကြောင်းကိုပဲ..
အချိန်ပြည့်စဉ်းစားနေကျတာတဲ့...
သူတို့မှာ သူများဆီကနေ ဘယ်လိုပိုက်ဆံရမလဲဆိုတာကိုပဲ..
စဉ်းစားနေတယ်လို့ ပြောပါတယ်.....
ကျွန်တော်တို့မြန်မာ လူမျိုးတွေကတော့ အများအားဖြင့် သနားတတ်ကြပါတယ်..
အဲလိုသူများကို သနားနေရင်ဘယ်တော့မှ အရမ်းကြီးပွားချမ်းသာမှာ မဟုတ်ဘူးလို့ပြောပါတယ်..
ဒီနေရာမှာ ပြောစရာ တစ်ခုရှိပါတယ်...ဘာလဲဆိုတော့ လူမှုရေးမလုပ်မှ သူဌေးဖြစ်တော့မှာလား ဆိုတာပါပဲ..ဟိုးရှေးခေတ်တုန်းကဆိုရင် တစ်နေ့တစ်နေ့ လှုနေတာတောင် မလျော့ပါးပဲ ထပ်ပြီးချမ်းသာလာတဲ့ သူဌေးကြီးတစ်ယောက်အကြောင်းကို စဉ်းစားမိပါတယ်..
ဘာပဲ ပြောပြောပါ... ကျွန်တော်ကတော့ လူမှုရေးသမားပဲ ဖြစ်ဖို့များပါတယ် ...
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက တောင်းတောင် မတောင်းရသေးဘူး
မျက်လုံးလေးနဲ ကြည့်တာနဲ့ တင်ပေးချင်ကမ်းချင်နေတာမျိုးပါ...
သူငယ်ချင်းတို့ရော ဘယ်လုပ်မှာလဲ ဆိုတာ ကျွန်တော်သိပါရစေ....
တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းဆိုတာကတော့ မတူကြပါဘူး..
သူငယ်ချင်းတို့ရော ဘယ်လိုမြင်လဲဆိုတာကို ကျွန်တော်တို့ ဒီ POSTလေးအောက်မှာ
ဆွေးနွေးကြည့်ကြမယ်ဗျာ....ကျွန်တော်ကတော့ မချမ်းသာရင်နေပါစေ
ဘဝကိုအေးအေးချမ်းချမ်းနဲ့ ပြည့်ပြည့်စုံစုံလေး ဖြတ်သန်းရရင်
ကျေနပ်ပါကြောင်း ဆန္ဒာပြုရင်း.....စာတစောင်ရောက်လာတယ်..ဆွေးနွေးတာပေါ့
 ဘယ်လိုမြင်လဲ တဲ့
      ဒါနဲဘဲနောက်တစ်နေ့ သူဆီးကိုကျွန်တော် mail ပြန်လိုက်ပါတယ်

   အမြင်တွေရေးဖြစ်ခဲ့ပါတယ်ဗျာ    
လောကမှာ လူတိုင်ဟာ ချမ်းသာချင်တဲ လူတွေပဲများပါတယ်
ဒါပေမယ့်အဲဒီလူတိုင်ဟာ လူမှုရေးမလုပ်ရင် ဘယ်ကလာပြီးဥစ္စာ ရမှာလည်းဗျာ
   ဒီနေရာမှာ နည်းနည်းလေး ရှင်းပြပါရစေ
ခဗျားလည်းစဉ်းစားကြည့်ပါ
အလုပ်သမား အများတွေကို ပိုင်ဆိုင်နိုင်ပြီးဖြစ်တဲ့ သူဌေးတစ်ဦဟာ
ဒီထက်ပိုပြီးချမ်းသာဖို့ အလုပ် လုပ်တာပဲမဟုတ်လား အဲဒီသူဌေးဟာ
ကိုယ့်အလုပ်သမားတွေအပေါ်လူမှုရေးကင်းမဲ့ရင် ဒီအလုပ်သမားတွေဟာ
သူု့အလုပ်တွေကို ကြိုးစားပြီး လုပ်ကြမှာမဟုတ်သလို ရေသာခိုပြီးအရှာင်
ယူသွားကြပါလိမ့်မယ်
သူု့ငွေတွေ အနည်းငယ်ဆုံးရှုံးသွားနိုင်သည်
နောက်တစ်ခုရေးပြပေးပါမယ်  
                   နိုင်ငံအုပ်စိုးတဲ့ သမ္မတတိုင်းဟာချမ်းသာကြပါတယ်
                   ဒီသမ္မတတိုင်းဟာလည်း လူမှုရေး မလုပ်လိုမရဘူးဗျာ
                   လူနှစ်မျိုးရှိတယ်ဆိုတာမမှားပါဘူး
                        အဲဒီလူတိုင်းဟာ မျှော်လင့်ချက်ကိုယ်စီရှိကြမှာပါ
                 မျှော်လင့်ချက်ကို အကောင်းအထည် ဖော်တဲနေရာမှာ
                လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ပဲ
                    ငါပိုင်တယ် ငါဆိုင်တယ် ဆိုပြီးကိုယ်ကျိုးစီးပွားကိုပဲ
              အဲဒီသမ္မတလုပ်မယ်ဆိုရင် သူ့နိုင်ငံတော်ကြီးဟာငြိမ်းချမ်းမှု
              ရှိမှာမဟုတ်သလို သူ့အကျိုးစီးပွားဟာ ပျက်စီးစေပြီး သမ္မတ
             ရာထူးမှနှုတ်ထွက်ရပါလိမ့်မယ်
                   သမ္မတရာထူးမရှိလျှင် သမ္မတလုပ်စဉ်က လူမှုရေးမလုပ်ခဲ့တဲ့
             သူ့ကို နိုင်ငံသူ နိုင်ငံသားတွေက ကျိန်ဆိုရိုက်သတ်ကြပါလိမ့်မယ်
             ဒီတော အဲဒီလူဟာ စိတ်ချမ်းသာမှာလား ဘယ်လိုနေမှာလည်း
             မြင်တဲ့သိတ့အတဲ့အတိုင်းပဲ ဒို့မြန်မာနိုင်ငံ ဘယ်တော့ခါများကြီး
             ပွားချမ်းသာမှာလည်း သမ္မတလုပ်ပြီး လူမှုရေးမလုပ်တဲ့လူတစ်စုကြောင့်
             စိတ်ဒုက္ခတွေရောက်ကြတာ ဆင်းရေးနေကြတာ
  ကျွန်တော်အတွေးတစ်ခုရေးပြပေးပါမယ် 
             ကိုယ့်ကိုချစ်လာတဲ့ လူတစ်ယောက်ကို ပြန်ချစ်ဖို့
            ကြိုးစားရပါမယ် ချစ်လို့မရရင်တောင်မှ မုန်းပစ်ဖို့ကိုစိတ်မကူးသင့်ပါဘူး
            လူဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နွေးနွေးထွေးထွေးနေနိုင်ဖို့ အလုပ် လုပ်ရ
           သလို လူမှုရေးလည်းလုပ်ရမယ်လေ ငါစိတ်ချမ်းသာရင်ပြီးရော့ ဆိုပြီး
           စွမ်ကြီးလုပ်မယ်ဆိုရင် လူတစ်ဘက်သားကိုအလျှင်ငေးကြည့်သင့်ပါတယ်
     သင့်အနေနဲဒီနေရာမှာတစ်ခုစဉ်းစားပေးစေချင်ပါတယ်၊   လူမှုရေးအရတောင်းဆို
           လာတဲ့အခွင်းအလင်း တစ်ခုကိုပေးသင့်ပါသလား (သို့) မပေးသင့်ဘူးလား
                                                  
ပြန်လည်ဖြေကြားပေးစေချင်ပါတယ် လိ ဆန္ဒပြုရင် ဆွေးနွေးလာတဲ
  သူငယ်ချင်းမလေတစ်ယောက်အတွက် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်
                   ချမ်းမြေ့ကြပါစေ အားလုံးအတွက်  
            ဤဆောင်းပါးသည်ကျွန်တော်သူငယ်ချင်း မလေးတစ်ယောက် ဆွေးနွေးလာသည့်
ကိစ္စကိုရေရွည် ပြီးတင်လိုက်ရခြင်းဖြစ်သော်လည်း လူသားတို့အားလုံးနှင်သက်ဆိုင်
သော စဉ်စားဝေဖန်စရာတစ်ခု ဖြစ်နေပေလိမ့်မည် သို့ဖြစ်ပါ၍လူသားတို့သည်မိမိကိုယ်ကျိုးအတွက်
မလုပ်မည် ဘာကိုအလျှင်လုပ်ရမည် ဆိုတာကိုဝေဖန်ကြရင် ကျွန်တော်တင်ပြလိုက်သော ဤဆာင်းပါး
သည်မဆိုးဘူးလို့ယူဆ ရပေလိမ့်မည်။



ျည်းမဲ့ သရမဲ့

ပလဝကနဆမညကလခမရခ
စာဖတ်သူတို့သည် ဤအက္ခရာများကို မြင်တွေရရုံနဲ့ မျက်စိနောက်စရာ ခေါင်းရှုပ်စရာ ဖြစ်ပါလိမ့်မည် တကယ်လို့ခေါင်းရှုပ်စရာမလိုပါ တိုရင်းလိုရှင်းဆိုသလို ရှင်းသွားရင်ပျော် စရာလေးတစ်ခုဖြစ်ပြီး စာဖတ်သူရဲ့ ခေါင်းထဲမှာ အသိတစ်ခုရရှိသွားပေလိမ့်မည် ပလဝ ကနဆမညကလခမရခ ဟုသော အက္ခရာ ၁၄ လုံးတို့သည်ကား ပေါင်းဖက်လိုက်သောအခါ စကားသံတစ်မျိုးရရှိသွားသည်။ ထိုစကားသည်ကား ရခိုင်တိုင်းရင်းသားတို့၏စကားသံပင်ဖြစ်နေပါသည် မြန်မာဘာသာ၌ မမဝဝထထကအက ပထမ ဟူသော အက္ခရာ ပေါင်းဝါကျရှိနေသလို ရခိုင်ဘာသာ၌လည်းရှိနေပေသည်။     
      ယခု(ပလဝကနဆမညကလခမရခ) အက္ခရာပေါင်းဝါကျကို မြန်မာသို့ဘာသာ
ပြန်ပြ ရလျင် ပလက်ဝမှန(စ်)ဆမ မနေက လစာမရခဲ့ပါလို အဓိပ္ပါယ်ရပါသည်။ (ပလဝ)ဆိုသည်မှာ မြန်မာဘာသာ၌ ပလက်ဝ ဖြစ်သည်။ ရခိုင်ဘာသာ၌ကား ဝါးဟာရ စကားသံမှာ ပလဝ ပါ ပလက်ဝ ဆိုသည်ကား ရခိုင်ပြည်မြောက်ဖက် အစွန်းဖျား အိန္ဒိယ နယ်စပ်တည်နယ်ရာက ရခိုင်မြို့လေးတစ်မြို့ပါ။ (က)ဆိုသည်မှာ မြန်မာဘာသာ၌ (မှ) ဖြစ်ပါသည်။ (နဆမ) ဆိုသည်မှာ မြန်မာဘာသာ၌ သူနာပြုဆရာမကိုခေါ်ပါသည်။ (ညက) ဆိုသော နှစ်လုံးပေါင်းအက္ခရာ၏ အသံထွက်မှာ မြန်မာဘာသာ၌ မနေကလို့ ခေါ်ဆိုပါသည်။ (လခ)မှာ လစာ ပါ။ (မရခ)ဆိုသည်မှာကား မြန်မာဘာသာ၌ မရခဲ့ပါလို့ ပြောရပေလိမ့်မည်။ ပလဝကနဆမညကလခမရခ ဟုအက္ခရာပေါင်းဝါကျကို ကောင်းကောင်းနားလည်သွားပြီ ဆိုလျှင် ယခုစာဖတ်သူသည် ရခိုင်ဘာသာစကား တစ်ခွန်းတတ်မြောက်ပြီဟုဆိုနိုင်ပေပြီ။
     ဤဆောင်းပါကို တင်ပေးလိုက်ခြင်း ရွယ်ရည်ချက်ကား ကျွန်တော်တို့မြန်မာနိုင်ငံ သည် တိုင်းရင်းသားလူမျိုးများတို့ စုဝေးနေထိုင်ရာ အလွန်လှပသော နိုင်ငံတော်ကြီး တစ်နိုင်ငံဖြစ်သော်လည်း မဖွံ့ဖြိုးမတိုးတက်သေးသောကြောင်း တစ်ဦးနှင့်တစ်ဦး တစ်မျိုးနှင့်တစ်မျိုးထိတွေဆက်ဆံမှု အလွန်နှေးကွေးနေပါသည်။ ထို့ကြောင်း တိုင်းရင်းသားလူမျိုးများ၏စကားသံများသည် တစ်ဦးနှုတ်မှ တစ်ဦးနားသို့ မရောက်ဘဲ လေထဲမှာဘဲ ပျောက်ကွယ်သွားခဲ့လေသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါသို့လာရောက်ကြသော မိတ်ဆွေများသည် မည်သည့်တိုင်းရင်းသားမဆို ရခိုင်တိုင်းရင်းသားတို့၏ ဝါဟာရစကားသံ တစ်ချို့ကိုသိသွား မှတ်သားစေဖို့ရွယ်ရည်လိုက်ရပါသည်။

                               

           ပန်းခင်းထဲက လမင်းဒဏ္ဍာ
ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်ဘူး ငါ့ကိုနားလည်ပေးပါ ။ စိတ်ရည်ရှည်ထားဆက်ဆံပေးပါ အစာစားတဲ့အခါ ထမင်းတွေ ဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားရင် အင်္ကျီလုံချည်ဖို့သိဖတ်သိဖြစ်နေတဲ့ ငါ့ကို   မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ။   အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်း ပေးပါ။   ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီး ဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင် ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။  မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနှင့်။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက် တစ်လှည့် ရေချိုးပေးခဲ့တဲ့ ပုံရိပ်တွေကိုမြင်ယောင်ပေးပါ။ ခေတ်သစ်ပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။  ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရ ပေးပါ။  စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို    ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်းလှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊နားလည်ပေးပါ၊အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို   အခုချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက်  အဖော်ပြုပေးပါ။  ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို  ငါပြုံးပြုံးလေးလက်ခံပြီး  အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
        ဤဆောင်းပါးသည်သားသမီးများအတွက် ရယ်ရွည်၍တင်ပေးလိုက်ရပါသည်။
သားသမီးတရာကို ကျွေးမွေးစောင့်ရှောင့်ပေးခဲ့ပြီးသောမိဘများသည် အိုသွားသောအခါ၌ သားသမီးတရာကပြုစုစောင့်ရှောင့်ပေးကြပါမည်လား….?
 Type the rest of your post here.

ဒို့တို့ရွာက သဇင်ညှာ

                         မိန်မများအတွက်
သင်ယောက်ျား၏ အလုပ်တွင် ဝင်မစွပ်ဘဲ သီသန့်နေပါရဲ့လား။
သူအပေါင်းအသင်းများကို ဘယ်သူနဲ့ မပေါင်းနဲ့ ဘယ်သူကလူရုပ်ဘဲ အစရှိသည်ဖြင့် အပြစ်ပြောခြင်း
သူအလုပ်လက်ထောက်ကို ခန့်ထားရာ၌ ဝင်ရောက်ပြောဆိုခြင်း သူသွားလာလည်ပတ်ရာ၌ ဆူပူခြင်း
များမှကင်းလွတ်ပါရဲ့လား။ သင့်နေအိမ်နှင့်တကွ သင့်အပေါ်တွင် သင့်ယောက်ျားသည် စိတ်ဝင်စားနေ
အောင်သင့်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား၊ ယနေ့တော့ ဟိုဟင်းကြီးကို စားရအုံးတော့မှာဘဲဟု
စိတ်ထဲမှာမတွေးတော့နှိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင်ကိုယ်တိုင်စီမံ၍ သင့်ယောက်ျား
အားချက်ပြုတ်ကျွေးမွေးပါရဲ့လား။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှာ အကူအညီ လို
ချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အကြောင်းကို သင် လေ့လာပါရဲ့လား။
စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာဘဲ သူလုပ်ပုံကြီးက ဒီလိုဖြစ်
မှာပေါ့ အစရှိသည့်ဖြင့် သင့်ယောက်ျားကို ဆူပူခြင်းမလုပ်ဘဲ အေးအတူပူအမျှ ခံနိုင်သောသတ္တိ သင့်မှာ
ရှိပါရဲ့လား။ သင့်ယောက်ျား၏ မိခင်နှင့်သော်၎င်း ဆွေမျိုးများနှင့်သော်၎င်း သင့်တင့်ညီညွတ်စွာ
ပေါင်းသင်းဆက်ဆံနိုင်အောင်ကြိုးစားပါရဲ့လား။ အဝတ်အစားဝတ်ရာ၌လည်း သင့်ယောက်ျား မကြိုက်
သောအဝတ်အစားကိုရှောင်ရှားပြီးလျှင် သင့်ယောက်ျားကြိုက်သော အဆင်နှင့် အဝတ်အစားကိုဝတ်
ဆင်ပါရဲ့လား။ လင်မယားချင်း သင့်မြတ်စွာပေါင်းသင်းဆက်ဆံနိုင်ရန်အတွက် အနည်းငယ်သဘော
ကွဲလွဲးချက်များကို သင်သည်လျှော့ပေးပါရဲ့လား။ သင့်ယောက်ျားနှင့်အားလပ်ချိန်းများတွင် အတူနေနိုင်
ရန် သင့်ယောက်ျားဝါသနာပါသောအားကစားများကို သင်ကိုယ်တိုင်သင်ကြားထားပါရဲ့လား။ သင့်
ယောက်ျား၏ပညာပါရမိကို ကူညီသောအားဖြင့် နေစဉ်သတင်းထူးများ စာအုပ်သစ်များ အကြံစည်များ
ကို သင်ကိုယ်တိုင်စုဆောင်းထားပါရဲ့လား။  





 Type the rest of your post here.

                   အိမ်လွမ်းသူ
                   
ယနေ့မိုးရွာလိုက်တာ.
တိုက်လာတဲ့ လေတွေကလည်း
အေးလွန့်လို့...
 ကောင်ကင်ကြီးကကော့
ပြိုမလို လို့နဲ့..
တောင်းတန်းကြီးတွေကလည်း
အားငယ်သလို မျက်နှာထားနဲ့
သမီးကိုကြည့်နေလိုက်ကြတာ
   လွမ်းလိုက်တာ မေမေရယ်...
ဓနီးမိုးတဲ့ အိမ်းအိုအောက်မှာ
ဖေဖေရယ် မေမေရယ်
သမီးတို့ မောင်နှမတွေရယ်
အတူစားသောက်ခဲ့ကြတဲ့
မိသားစုထမင်းဝိုင်းလေး၊
ပြန်လိုချင်လိုက်တာ.
  အခုတောမေမေရယ်..
မေမေရှူမွေးခဲ့တဲ့
သမီးရဲ့ပါးနုနုပေါ်မှာ
လွမ်းမျက်ရည်းစိုလို အိမ်ပြန်ချင်တယ်.
လောကကြီးကများ
သမီးကိုဒဏ်ခတ်ထားတာလားအမေ
လူမျိုးခြား ဘာသာခြားတွေနဲ့
ဟို့ဒီ စက်ဝိုင်းကြီးထဲမှာ
သမီး ဘယ်လောက်ထိ
ကြာကြာနေရအုံ့မှာလည်း
ပြောပါအုံ့မေမေရယ်......
                                          
                အိမ်လွမ်းသူတိုင်းခံစားတတ်ကြပါစေ
                                                           ဒို့ရွာက သဇင်ညှာ

            နှလုံးသားဝယ် ဘုရားတည်

   ရေမြေတောတောင်၊ လျှိုမြောင်းအကြား
   ပြုတည်ထားသည့် ၊ ရုပ်ပွားတလီ
   စေတီပုထိုး ၊ အမျိုးမျိုးကား
  ဘေးဆိုးအန္တရာယ် ၊ အသွယ်သွယ်ကြောင်း
  ပျောက်ကွယ်ခဏ ၊ ပျက်စီရ၏။
  နှလုံးသားတွင် ၊ ဌာပနာသွန်း၍
  မယွင်တည်ထား ၊ မြတ်ဘုရားကား
 ဘေးဆိုးအန္တရာယ် ၊ အသွယ်သွယ်ကြောင့်
 ပျောက်ကွယ်မရှိ ၊ တည်တန့်ဘိ၏ ။
                                           ဒို့ရွာက ဖိုးထောင်

            “မိဘကျေးဇူး”

မိဘကျေးဇူး ၊ ဂုဏ်ပြုထိပ်တင်
စိတ်ကြည်လင်လည်း..
ဆပ်ရင်ချိန်ခါ ၊ မရောက်ပါ၍
နိုင်ငံရပ်ခြား ၊ တိုင်းတစ်ပါးမှာ
နေ့စားလုပ်ခါ ၊ စုဆောင်းမရ
သားဘဝကို ၊ နားလည်နိုင်စေ
မိဘတွေ....
                            ဒို့ရွာက ထွန်းလင်း (ရမ္မာဝတီ) 

ိပ်တန်းပြန် 

ဆည်ဆာနေညို ၊ ငှက်ငယ်ဖော်တို့
အိပ်တန်းပြန်တော့
ရွာအိုရိပ်ညို ၊ အမေ့အိမ်သို့
 လွမ်းစိတ်ပိုလည်း ၊ ငါမပြန်နိုင်
 ကံကြမ္မာဆိုး ၊ သင့်ဆိုကျိန်စာ
ထားခဲ့လေသလား ၊ တိုင်တပါးခြား
နိုင်ငံခြားမှာ ၊ ကျွန်စရစ်ဆိုး
ငါဖြစ်ရသည် ၊ နေ့စားအလုပ်
လုပ်ဖန်များလည်း ၊ ငွေသားတစ်ကျပ်
ငါစုမဖြစ် ၊ ဘယ်သောဘယ်ခါ
အိမ်ပြန်ရမည် ၊ အိပ်တန်းပြန်ငှက်
ဖော်ရွယ်များကို ၊ ကြည့်ကါငေးကါ
အားကျပါရဲ့......။ 
                               ဒို့ရွာက ငထောင်

       မငိုပါနဲ့ အမေ

့အမေ...သားချစ်စိတ်နဲ့
တမှိုင်မှိုင် အိမ်အိုအစုတ်
ဓနီးမိုးအောက်မှာ
အမေ ငို့နေပြီလား......
အမေအိမ်လေး ပြန်လုပ်ပေးဖို့
ရွယ်ရယ်ချက်တွေ ကြီးမားတဲ့သား
ပြန်မလာလို့ လွမ်းစိတ်ပိုလည်း
သားချစ်ဇောနဲ့ဖြေသိမ်းလိုက်ပါ  အမေ...
ရသမျှငွေ စုဆောင်းထားလဲ 
ရွယ်ရယ်ချက်တွေ မပြည်သေးတော့
အိမ်ပြန်လမ်းကို မမှန်းရေးသေးဘူး အမေ
အမေ......ကျားမှန်ရင်ရဲ မီးဆိုရင်လည်းရဲမို့
အမေ့ သားကြီးရဲတင့်ခဲ့တာ အမေနဲ့ညီလေးတွေ
အတွက်ပါ အမေ..
     ရဲတင့်လို့လည်း အမေသားကြီး
     နိုင်ငံခြားမှာ ကျွန်ဖြစ်ရတာ
    ကိုယ့်ကိုကိုယ် ကျွန်လို့သုံးလိုက်လို့
    မငိုလိုက်ပါနဲ့အမေ...
မြန်မာဆိုတာ သူတို့ဆီမှာ အိမ်မွေးကြောင်တစ်ကောင်း
လောက်တန်ဖို့မကြီးပါဘူး..
အမေပို့တဲ့မေတ္တာကြောင့်သာ အမေသားကြီး
ကျမ္မာနေတာပါ 
အကိုကြီးတော့ အဖေအရာမို့
သား...တစ်အိမ်လုံးအတွက် ကြိုးစားပါရစေ
အုံးအမေ...။                          
                                                  ဒို့ရွာက သာထူး

                               
                        အိမ်သူသို့
မရွှင်နှလုံး ပိတိဖုံးလျှက်၊ မောင့်လာလမ်းကို 
စောင့်မျှော်ရှာသူ၊ မျက်နှာငွေလရွှင်ပပကို
တိမ်လွှာဖုံးပမာ၊ ရင်တွင်းမီးလျှံ
လျှော်မျက်ရည်စီး၊ လင်မရှိမိန်းမ
လောကရင်ဆိုင်ခက်လှချေရဲ့ .....။
လခြမ်းသာစေ၊ ရွှေခိုင်သူခင်သက်ထားကို
မောင်မကြင်သည်မဟုတ်။
စစ်ထွက်ပမာ၊ ငါ ယောက်ျားသည်
ဘဝဝမ်းစာဟင်းလျာကို၊ ရှာကြံစုဆောင်း
လက်ဆောင်အသပြာ၊ ညီမအတွက်ရွယ်ရည်ရာတည်......။
ရာသီတစ်ဆယ့်နှစ်၊ အလွမ်းဖြစ်၍
တစ်တိုင်းတစ်ခြား၊ မျိုးမတူဘာသာခြားမှာ
မောင်မပျော်၊ ပန်းကြွေမျက်ရည်
စီးခဲ့ပေသည်၊ သမုဒ်ပြင်တောင်ပြာ
ကာဆီးဝေးလည်း၊ နီးနေသည်က
အချစ်နဲ့စိတ်၊ အရိပ်ဝဲလေ ရာသီခွင်ဝယ်
ရွှေလိပ်ပြာမောင်၊ ပန်းခူးလေသလား
အမှားမြင်စိတ်၊ မထားလေနှင့်
မင်းမျိုးသစ္စာ၊ လူတို့ကတိ
ငါ စောင့်ထိမ်းသည်၊ မျိုးဂုဏ်မထောက်
သစ္စာဖောက်လို့၊ မျိုးမတူဘာသာခြားကို
မောင့်ကြင်ဖော်၊ မပြုလို
တစ်သက်မှာတစ်ခါ၊ တစ်ကမ္ဘာမှာတစ်ချစ်
ညီမသည်သာမောင့်အချစ်သည်သာတည်.......။
                                                                  ဒို့ရွာက ကိုစိုး 

      ပန်းမခူးရ 
ပန်းဆိုသည်မှာ၊ ပင်ထက်သာတွင်
သူငါမြင်က ၊ လန့်ရွှင်မြင်၏။
ပန်းကိုမြတ်နိုး ၊ ခေါင်းမှာ
ထိုးလဲ ၊ ညှိုးချင်ခဏ
ပန်းဘဝသေ နွမ်းလျကြွေပြီ..
ထိုကြောင်း....
ပန်းခူးခဏ
သည်းခံကြလေ
အော်...အဆွေတို့......။ 
                                    ဒို့ရွာက မောင်ယောင်း 
 Type the rest of your post here.

ဆောဝဲလ်ဒေါင်းလုပ်

လာလည်သူများ အတွက် ဒါလေးတွေစုထားပါတယ်
  လိုချင်ရင်ယူသွားနော်

EM.Total Video Converter လေးပါ..


ဖော်မတ်မျိုးစုံပါတဲ့ Total Video Converter လေးပါခင်ဗျာ..
သူငယ်ချင်းတစ်ယောက်ကတင်ပေးပါဆိုတာနဲ့
Install လုပ်စရာမလိုတဲ့ Portable Software လေး
တင်ပေးလိုက်ပါတယ်..လွယ်ကူတယ်.ရှင်းလင်းတယ်
အရည်အသွေးကောင်းတယ်..
ပြောင်းလို့ရနိုင်သောဖော်မတ်များကတော့.
3GP,MP4,FLV,AVI,SWF,WMV,MOV,GIF
JPEG IMAGE,MPEG,TS,ASF,MKV
များဖြစ်ပါသည်..အောက်တွင်းဒေါင်းယူလိုက်ပါ
ကျေးဇူးတင်ပါသည်..




Gtalk Skin လှလှလေးနဲ့ချက်မယ်နော်..



ဒါလေးကတော့Gtalk Skin လှလှလေးပါ..ဂျီတော့ကိုပုံစံလှလှလေး
တွေနဲ့ချက်ချင်သူတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်..
မိမိကွန်ပျူတာမှာဂျီတော့ ဆော့ဖ်ဝဲကိုတင်ထားစရာတောင်မလိုပါဘူး
ဒီအိုင်ကွန်လေးကိုDesktop ပေါ်တင်ပြီးတန်းဖွင့်လိုက်ရုံပါပဲခင်ဗျား
ဒါပေမယ့်သူ့ရဲ့အားနည်းချက်ကတော့..ဂျီတော့ကိုClone လုပ်လို့
မရပါဘူးခင်ဗျာ.တစ်ခုတည်းနဲ့ပဲချက်ရမှာပါ..ဒါပေမယ့်မိတ်ဆွေတို့
ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်.အခြားတစ်ယောက်နဲ့ချက်နေ
စဉ်မှာကျွန်တော်တို့သုံးနေတဲ့ဂျီတော့တွေမှာတစ်ဘက်သူကမိမိဆီကို
လက်ကွက်ရိုက်နေရင်.ကီးဘုတ်ပုံစံလေးနဲ့အချက်ပြတာကိုတွေ့ဖူးမှာပါ.
ဒါလေးကတော့အဲဒီိလိုမဟုတ်ပဲ မြန်မာလိုဖော်ပြပေးပါလိမ့်မယ်.




အားလုံးပဲကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်..
အောက်မှာဒေါင်းလိုက်ပါနော်..


 

5.15

အင်တာနက်ဒေါင်းလုပ်မန်နေဂျာပါ..ဖိုင်းမျိုးစုံကိုဒေါင်းလုပ်လုပ်လို့ရပါတယ်..
သူ့ကိုdouble click နှိပ်ပေးလိုက်ရုံပါပဲ..ပြီးရင် Task bar ပေါ်တွင်
Icon အစိမ်းလေးတစ်ခုပေါ်နေပါပြီ..မိမိဒေါင်းလုပ်လုပ်ချင်တဲ့ဆိုဒ်ကိုသွားပါ
ဒေါင်းလုပ်လုပ်ချင်တဲ့ဖိုင်ကိုတစ်ချက်ကလစ်လိုက်တာနဲ့သူကဒေါင်းလုပ်လုပ်
ရန်ပြထားပြီးသားပါ..မိမိsave လုပ်ချင်တဲ့နေရာကိုရွေးလို့ရပါတယ်..
ပြီးရင် Start download ကိုနှိပ်လိုက်ရုံပါပဲ..လွယ်ကူပါတယ်..
မိတ်ဆွေတို့အတွက်အဆင်ပြေမှာပါ..မီးပျက်သွားလည်းအဆင်ပြေပါတယ်
ရောက်တဲ့နေရာကနေပြန်ဒေါင်းလို့ရပါတယ်..ခင်ဗျာ..
လိုချင်သူပါ့ဆိုရင်တော့..အောက်တွင်ဒေါင်းလိုက်ပါ..



WINAMP

Slick ReduX
        MP3သီချင်းတွေကို ဖွင်းမယ်ဆို
        ဒါလေးက အကောင်းဆုံးပါဘဲ
        လိုချင်ရင် အောက်မှာယူသွားပါ
Download Winamp 5.58 Media Player


Download PowerDVD free

  ဒီဗွီဒီ ပရိတ်သတ်များ    အတွက်                                                                                                         
                    
       အောက်မှာ ဒေါင်း ပြီး
        ယူသွားလိုက်နော် 
         ဟေ..ဟေ..
       ကျေးဇူး တင်ချင်လို့






  အခွေ တွေပြုပြင် ဖို့ NERO
 လေး ယူသွားပါ
လက်ဆောင် ပေးချင်လို့ပါ
          

Nero 6.0

           အောက်မှာနော်

   Click to Download 
    ကျေးဇူးပါနော်





 Type the rest of your post here.

Twitter Delicious Facebook Digg Stumbleupon Favorites More