Friday, October 22, 2010

ဒို့တို့ရွာက သဇင်ညှာ

                         မိန်မများအတွက်
သင်ယောက်ျား၏ အလုပ်တွင် ဝင်မစွပ်ဘဲ သီသန့်နေပါရဲ့လား။
သူအပေါင်းအသင်းများကို ဘယ်သူနဲ့ မပေါင်းနဲ့ ဘယ်သူကလူရုပ်ဘဲ အစရှိသည်ဖြင့် အပြစ်ပြောခြင်း
သူအလုပ်လက်ထောက်ကို ခန့်ထားရာ၌ ဝင်ရောက်ပြောဆိုခြင်း သူသွားလာလည်ပတ်ရာ၌ ဆူပူခြင်း
များမှကင်းလွတ်ပါရဲ့လား။ သင့်နေအိမ်နှင့်တကွ သင့်အပေါ်တွင် သင့်ယောက်ျားသည် စိတ်ဝင်စားနေ
အောင်သင့်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား၊ ယနေ့တော့ ဟိုဟင်းကြီးကို စားရအုံးတော့မှာဘဲဟု
စိတ်ထဲမှာမတွေးတော့နှိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင်ကိုယ်တိုင်စီမံ၍ သင့်ယောက်ျား
အားချက်ပြုတ်ကျွေးမွေးပါရဲ့လား။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှာ အကူအညီ လို
ချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အကြောင်းကို သင် လေ့လာပါရဲ့လား။
စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာဘဲ သူလုပ်ပုံကြီးက ဒီလိုဖြစ်
မှာပေါ့ အစရှိသည့်ဖြင့် သင့်ယောက်ျားကို ဆူပူခြင်းမလုပ်ဘဲ အေးအတူပူအမျှ ခံနိုင်သောသတ္တိ သင့်မှာ
ရှိပါရဲ့လား။ သင့်ယောက်ျား၏ မိခင်နှင့်သော်၎င်း ဆွေမျိုးများနှင့်သော်၎င်း သင့်တင့်ညီညွတ်စွာ
ပေါင်းသင်းဆက်ဆံနိုင်အောင်ကြိုးစားပါရဲ့လား။ အဝတ်အစားဝတ်ရာ၌လည်း သင့်ယောက်ျား မကြိုက်
သောအဝတ်အစားကိုရှောင်ရှားပြီးလျှင် သင့်ယောက်ျားကြိုက်သော အဆင်နှင့် အဝတ်အစားကိုဝတ်
ဆင်ပါရဲ့လား။ လင်မယားချင်း သင့်မြတ်စွာပေါင်းသင်းဆက်ဆံနိုင်ရန်အတွက် အနည်းငယ်သဘော
ကွဲလွဲးချက်များကို သင်သည်လျှော့ပေးပါရဲ့လား။ သင့်ယောက်ျားနှင့်အားလပ်ချိန်းများတွင် အတူနေနိုင်
ရန် သင့်ယောက်ျားဝါသနာပါသောအားကစားများကို သင်ကိုယ်တိုင်သင်ကြားထားပါရဲ့လား။ သင့်
ယောက်ျား၏ပညာပါရမိကို ကူညီသောအားဖြင့် နေစဉ်သတင်းထူးများ စာအုပ်သစ်များ အကြံစည်များ
ကို သင်ကိုယ်တိုင်စုဆောင်းထားပါရဲ့လား။  





 Type the rest of your post here.

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More